ဤဖြစ်စဉ်သည် မိသားစုဝင်ပေါင်း လူဦးရေ ၇၀၀ ကျော် ၏ ထမင်းအိုး ကို မခွဲပါ ဖွံ့ဖြိုးတိုးတက်ရေးပါဟု ဆင်ခြေ ပေးလိုလျှင် - နှလုံးသား ၊ တရားမျှတမှု ၊ ဖွံ့ဖြိုးတိုးတက်ရေး စသော ချိန်ကိုက်စရာများ ရှိနေပါ သည် ။ သို့ဖြစ်ပါ၍ နိုင်ငံရေး နှလုံးသား ပေါ်ပေါက်လာစေရန် အောက်ပါ စာကို ဖတ်ပါဟု မေတ်္တာရပ်ခံလိုပါ သည် ။
သင်ဘယ်ဘက်ကရပ်မလဲ
သို့မဟုတ်
အမေရိကန်မြေသိမ်းအမှု

တရားမျှတသော လျှော်ကြေးမပေးဘဲ
ကိုယ်ပိုင်ပစ်္စည်းဥစ်္စာကို
ပြည်သူများ သုံးစွဲရန် မသိမ်းယူရ ။
ဒုတိယကမ်္ဘာစစ်အပြီး စက်မှုမြို့တော်တစ်ခုအဖြစ် အရှိန်အဟုန်ကြီးစွာ တိုးတက်လာပြီး နောက်ပိုင်း စက်မှုလုပ်ငန်းများ မှေးမှိန်လာသည့် ၁၉၈၀ နှစ်များမှစ၍ ဒီးထရွိုက်မြို့နေလူထု ၄၀ ရာခိုင်နှုန်းသည်မြို့မှထွက်ခွါပြောင်းရွှေ့သွားကြလေ၏။
ထိုအချိန်က ဒီးထရွိုက်မြို့တွင်လမ်းသစ်ကြီး ၆ သွယ်ကို ဖောက်လုပ်ခဲ့သဖြင့် ရပ်ကွက်များလည်းကွဲပြဲသွားသည် ။ မြို့သူမြို့သားအများတို့သည် မြို့ပြင်သို့ ပြောင်းရွှေ့သွားကြသည် ။
၁၉၆၀ ပြည့်လွန် နောက်ပိုင်းတွင်စက်ရုံများ ပိတ်ခဲ့ရ၍ အလုပ်လက်မဲ့ ပြဿနာများ ကြီးထွားလာသည် ။ အမှုအခင်းများတိုးပွါးခဲ့သည် ။ လူမျိုးရေးခွဲခြားမှု ပြဿနာများ၊ အရေးအခင်းများဖြစ်ပွါးခဲ့သည်မှာ ၁၉၇၀ ပြည့်လွန် နှစ်များအထိပင်။
၂၀ရာစုအစောပိုင်းက တိုးတက်ကြီးပွါးခဲ့သော မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းပင်လျှင်အနုတ် လက်္ခဏာပြခဲ့သည် ။
၁၉၈၀ ပြည့်နှစ်တွင် ဂျင်နရာယ်မော်တော်စ် ကုမ်္ပဏီကြီးက မော်တော်ကားစက်ရုံ နှစ်ရုံပိတ်ထားရတော့မည်ဖြစ်ကြောင်းကြေညာသည် ။ ထိုစက်ရုံ နှစ်ရုံအတွက် အလုပ်သမား ၆၀၀၀ ကို အလုပ်ပေးနိုင်မည့် စက်မှုလုပ်ငန်းကြီးတစ်ရပ် ထူထောင်ရန် ဂျင်နရာယ်ကုမ်္ပဏီကစီစဉ်လေသည် ။ စက်ရုံတည်ဆောက်ရန်မြေနေရာကို ဒီးထရိုက်မြို့ ကောင်စီက ကူညီရှာဖွေသည် ။
လူဦးရေ ၃၅၀၀ ရှိသော ပိုလန်အမျိုးသားတို့ အခြေချနေထိုင်သည့် ပိုလ်တောင်း မြို့ကိုသင့်တော်သောနေရာဟု ဒီးထရိုက်မြို့ကောင်စီကရွေးချယ်လေသည်။
လူဦးရေ ၃၅၀၀ အနက် ဒီးထရိုက်မြို့တော်နှင့်အပေးအယူလုပ်ရန် ငြင်းဆန်သူ ၃၀၀ ခန့်သာ ရှိလေသည် ။
အမေရိကန်နိုင်ငံသားဖြစ်လာကြသော ပထမဦးဆုံးပိုလန်မျိုးနွယ်ဝင် အိုမင်းမစွမ်းများဖြစ်ကြ သည် ။
အစိုးရက သူတို့၏နေအိမ်များနှင့် ဘုရားရှိခိုကျောင်းများကိုဝယ်လိုပြီး သူတို့က ဘယ်ဈေး နှင့်မျှမရောင်းနိုင်ကြပေ ။ အစိုးရက ပိုးလ်တောင်းကို ဂျင်နရာယ်မော်တာစ် အတွက် စက်ရုံတည် ဆောက်ရန်စီစဉ်ပေးလိုခြင်းမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆင်အိပ်ရာ ဆိတ်နှိုးသလိုဖြစ်ခဲ့လေ သည် ။
ပုဂ်္ဂလိကပိုင်ပစ်္စည်းကို အများပြည်သူအကျိုးအတွက် သိမ်းဆည်းအသုံး ပြုနိုင်သော အာဏာသည် ပဉ်္စမပြင်ဆင်ချက် ဥပဒေတွင် ပါဝင်နေသည် ။ သို့သော် လူသိများသောအချက်တော့မဟုတ် ။
ပဉ်္စမပြင်ဆင်ချက် ဥပဒေအရ အစိုးရသည် ထိုနေရာကို အတင်းအကျပ်ပြု၍ ရောင်းချစေနိုင်သည် ။ လုပ်ငန်းဌာနများ၊ ကျောင်းမြေနေရာများ၊ အိမ်တို့ကို အစိုးရက၀ယ်ယူမည်ဆိုလျှင် လွှဲပြောင်းရောင်းချရမည်ဖြစ်သည် ။
ထိုအမိန့်အာဏာကိုအသုံးပြုလျှက် အစိုးရသည် လမ်းမကြီးများ ဖောက် လုပ်နိုင်မည် ။ဆေးရုံကြီးများဆောက်မည် ။ ဆည်ကြီးများတည်ဆောက်မည် ။ တောရပ်မြေရိုင်းဒေသများကို အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်မည် ။

သို့သော်ပဉ်္စမပြင်ဆင်ချက်ဥပဒေက သတ်မှတ်ချက်ရှိသည် ။
““ပုဂ်္ဂလိကပိုင်ပစ်္စည်းများကို
တရားမျှတသော
လျော်ကြေးငွေမပေးဘဲနှင့်
ပြည်သူများ သုံးစွဲရန် သိမ်းဆည်းယူငင်ခြင်းမပြုရ””

ပြဿနာ နှစ်ခုပေါ်လာလေသည် ။
(၁) တရားမျှတသော လျှော်ကြေးဟူသည်မှာ အဘယ်နည်း
(၂) ဂျင်နရာယ်မော်တာစ်ကဆောက်လုပ်မည့် စက်ရုံသည် ပြည်သူများသုံးစွဲရန်
ဖြစ်ပါသလား
(မှတ်ချက်။ ဤကဲ့သို့သော် အငြင်းပွါးမှုမျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
၏ အလုပ်ဖြစ်လေသည် ။ ပီဒီပီ )

ဤတွင် မစ်ရှီဂန်ပြည်နယ်အစိုးရက ၁၉၈၀ ပြည့်နှစ်တွင် စတက်ကျူ ဥပဒေ တစ်ရပ်ကို အလျင်အမြန်ရေးဆွဲအတည်ပြုလေသည် ။
ထိုဥပဒေအရ သိမ်းယူခြင်းကိစ်္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ ဆုံးဖြတ်ရမည် ။ လျော်ကြေးပေးဖို့ကိစ်္စကိုတော့ နောက်မှရှင်းလင်းမည် ။ ဤကဲ့သို့ ပြုသည့်အတွက် ရပ်ကွက်တစ်ခုကို အစိုးရက သိမ်းဖို့အတွက် နှစ်နှင့်ချီ မကြာတော့ဘဲ လပိုင်းအတွင်းသိမ်းယူနိုင်မည် ။
ထိုအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ အလုပ်လက်မဲ့ပြဿနာမှာ ကျယ်ပြန့် သော အမျိုးသားရေးပြဿနာဖြစ်နေလေသည် ။ ၁၉၈၀ပြည့်နှစ်တွင် -
မစ်ရှီဂန်ပြည်နယ်တွင် အလုပ်လက်မဲ့ပြဿနာမှာ ၁၄ ဒဿမ ၂ ရာခိုင်နှုန်း
ဒီးထရွိက်မြို့တော်တွင် ၁၈ ရာခိုင်နှုန်း
လူမည်းရပ်ကွက်တွင် ၃၀ ရာခိုင်နှုန်းထိရောက်နေသည် ။
မြို့ဝန် ကိုးလ်မန်ယန်းသည် ၁၉၇၄တွင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးလူမည်း မြို့ဝန်ဖြစ်သည် ။ ယန်း က -
““ ဂျင်နရာယ်မော်တာစ်က သူ့စက်ရုံကို တခြားပြည်နယ် ပြောင်းပြီးတည်မယ် ဆိုပါစို့။ ဒီးထရွိုက်မြို့မှာ အလုပ်သမား ၆၀၀၀ အတွက် အလုပ်များဆုံးရှုံးကုန်မှာ ဘဲ ””
အရှုံးကသည်မှာတင်မရပ် ။ မော်တာကားကုမ်္ပဏီနှင့်ဆက်နွယ် နေသောအခြား လုပ်ငန်းများနှင့်သန်းပေါင်းများစွာသော ဒေါ်လာငွေများရမည့် အမြတ်ခွန်များလည်း ဆုံးရှုံးရတော့မည် ။
အလုပ်သမားခေါင်းဆောင်တစ်ဦးအနေနှင့်လည်းကောင်း -
ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးအဖြစ်လည်းကောင်း -
မြို့ဝန်အဖြစ်လည်းကောင်း -
ကိုးလ်မန်ယန်းသည် ယင်းအခြေအနေများကို ကြိုတင်၍ မြင်ခဲ့ဖူးပြီးဖြစ်လေသည် ။
မစ်ရှီဂန်ပြည်နယ်အတွင်းရှိ မော်တော်ကားစက်ရုံသစ်များ ပိတ်ဆို့လိုက်သဖြင့် တမြို့လုံးဆုံးရှုံးနစ်နာမှုများရကြသဖြင့် မော်တားလုပ်ငန်းရှင်များနှင့် ဒေသခံနိုင်ငံရေး ခေါင်းဆောင်များအပြစ်တင်ခံနေကြရချိန်လည်းဖြစ်သည် ။
မြို့ဝန် ကိုးလ်မန်ယန်းက ဤအဖြစ်မျိုး မဖြစ်ပေါ်စေရန် တာဆီးရန်အသင့် ဖြစ်နေသည် ။
ဖို့ဒ် ၊ ဂျင်နရယ်မော်တာစ်နှင့် ခရိုင်စလာ ကုမ်္ပဏီတွေကို စက်မှုလုပ်ငန်းတိုးချဲ့ရင် ဒီးထရွိုက်မြို့ကို တိုးချဲ့ဖို့ မြို့ဝန်ယန်းက ဖိတ်ခေါ်ထားဖူးလေသည် ။
ဂျင်နရယ်မော်တာစ်၏ စီမံကိန်းသစ်အတွက် လိုအပ်သော မြေဧက ၄၀၀ / ၅၀၀ ကို ဒီးထရွိုက်မြို့တော် ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်လေသည် ။
ဇူလိုင်လတွင် ဒီးထရွိုက်စီးပွါးရေးတိုးတက်မှု ကော်ပိုရေးရှင်းကို ခေါင်းဆောင်သူ အင်းမက်မိုတင် က ပိုးလ်တောင်းနယ်မြေကို ဗဟိုစက်မှုဒေသအဖြစ် သတ်မှတ်ခဲ့ သည် ။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဒီးထရွိုက်အုပ်ချုပ်ရေးကောင်စီသည် စာမျက်နှာ ၅၀၀ ပါသော စာတမ်းတစ်စောင်ကို ပြုစုပြီး ဗဟိုစက်မှုဒေသကိစ်္စကို ဆွေးနွေးကြသည် ။ ထို့နောက် ၅ မဲ ၁ မဲ ဖြင့် အတည်ပြုကြသည် ။
နောက်သုံးရက်အကြာ - ၁၉၈၀ ခုနှစ် နိုဝင်ဘာ ၃ ရက် နေ့တွင် ပိုးလ်တောင်း မြို့ကို သိမ်းလိုက်ပြီး ယင်းကို ဂျင်နရယ်မော်တာစ်သို့လွှဲပြောင်းပေးအပ်ကြောင်း အမိန့်ကို မြို့ဝန် ကိုးလ်မန်ယန်းက လက်မှတ်ရေးထိုးထုတ်ပြန်လေသည် ။
--------------------------------
ဒီးထရွိုက်မြို့တော်က စက်ရုံစီမံကိန်းကို ကြေညာသောအခါ ပိုးလ်တောင်း မြို့သူမြို့သားများကို စုရုံးစည်းဝေးကြရန် ဒေသခေါင်းဆောင်များက စီစဉ်သည် ။ထိုအစည်းအဝေးက ပိုးလ်တောင်း အနီးအနား ဒေသကောင်စီကိုဖွဲ့စည်းကြသည် ။
ကောင်စီက ရှေ့နေ ရော်န်ရီရော့စတီးကို ငှားရမ်း၍ တရားရင်ဆိုင်ရန် ဆုံးဖြတ်သည် ။ မြို့နေလူထုသည် ၀ါရှင်တန်မြို့တော်မှ (ျွေူစ့ြေိနမ ) ရက်လ်ပ်နေဒါ အသင်းဝင်များကိုလည်းအကူအညီရရန်ဖိတ်ခေါ်သည် ။ ထိုအသင်းသည် စားသုံးသူ လူထုများဘက်မှ အစဉ်အမြဲရပ်တည်ပြီး အစိုးရနှင့် ကုမ်္ပဏီကြီးများကို ရင်ဆိုင် ဆန့်ကျင်သောအသင်းဖြစ်လေသည် ။
ရက်လ်ပ်နေဒါ အသင်းက ပိုးလ်တောင်းမြို့တွင် ရုံးတစ်ရုံးဖွင့်လှစ်ထားရှိပြီး မြို့လူထုအရေးကို ဆောင်ရွက်ရန်စီစဉ်လေသည် ။
အသက်အရွယ် ၇၀ ကျော်ပြီဖြစ်သော ဝေါ်လ်တာ နှင့် ဂျိုစဖင်းဂျာကူဘိုးစကီး
တို့ သက်ကြီးရွယ်အို ဇနီးမောင်နှံသည် ပိုးလ်တောင်းမြို့တွင် ရာသက်ပန်နေထိုင် ခဲ့ကြသူများဖြစ်သည် ။၁၉၀၀ ပြည့်လွန် နှစ်များကစ၍ ထိုရပ်ကွက်မှာ ပိုလန်အမျိုးသားတို့ အခြေချ နေထိုင်လာခဲ့ခြင်းဖြစ်သည် ။ မြို့မှာ အလုပ်သမားလူတန်းစာရပ်ကွက်ဖြစ်သဖြင့် သစ်သားအိမ်များဖြင့် ချို့ငဲ့စွာနေထိုင်ကြရသည် ။
ထိုအရပ်နေလူထု ဂုဏ်ယူအားတက် ရှိနေကြသည်မှာ ထိုမြို့ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းပင်ဖြစ်သည် ။ ထိုဘုရားရှိခိုးကျောင်းကို မိမိတို့ချွေးနည်းစာများ ဖြင့်တစ် ယောက်တစ်လက်စုပေါင်းတည်ဆောက်ခဲ့ကြသည့် အင်မဲ့ကယူလိတ် ကောန်စက်ပ်ရှင်း ဘုရားရှိခိုးကျောင်းလည်းဖြစ်လေသည် ။
အဘိုးအိုဝေါ်လ်တာမှ ထိုကျောင်း၏ ပထမဆုံးကျောင်းသားကြီးဖြစ်ပြီး အဘွားအိုဂျိုးစဖင်းမှာ ဘုရားကျောင်းနှင့်အနည်းငယ်သာကွာလှမ်းသောအရပ်၌ မွေးဖွားခဲ့လေသည် ။
၁၉၃၄ ခုနှစ် ဝေါ်လ်တာနှင့် ဂျိုးစဖင်းတို့လက်ထပ်ပြီးသောအခါ မှစ၍ဘုရား ရှိခိုးကျောင်းရှိရာလမ်းရှိ ဝေါ်လ်တာတို့မိဘအိမ်တွင်ပင်နေထိုင်ခဲ့ကြလေသည် ။ ဤအိမ်တွင်ပင် ဝေါ်လ်တာ၏ မိခင်ဖခင်နှင့်ညီများကွယ်လွန်ခဲ့ကြသည် ။
ဤအိမ်တွင်ပင် အဘွားအိုဂျိုးစဖင်းက သားသမီး ၄ ယောက်မွေးဖွားခဲ့ပြီး ထိုဘုရားရှိခိုးကျောင်းတွင်ပင် နှစ်ခြင်းခံခဲ့ ၊ ထိုရပ်ကွက်ကျောင်းတွင် ပင်ကျောင်း တက်ခဲ့ကြလေသည် ။

အဖိုးအိုဝေါ်လ်တာကပြောသည် -
““ ၁၉၆၃ ခုနှစ်မှာ အလုပ်က ကျုပ်အနားယူခွင့်ရတဲ့အခါ မြို့အနောက်ဖက် ဆင်ခြေဖုံးဒေသမှာ ဧက၀က်လောက်ရှိတဲ့ မြေကွက်တစ်ကွက်ရခဲ့တယ် ၊ ကျုပ်က အဲဒီကိုသိပ်ပြောင်းသွားချင်တာပေါ့ ။ ဒါပေမဲ့ဂျိုးစဖင်းကြောင့် မသွားဖြစ်ခဲ့ဘူး။ သူက ဒီမြေ၊ ဒီရေ ၊ ဒီဘုရားရှိခိုးကျောင်းကိုဘဲ သံယောဇဉ်တွယ်နေတာကိုး ။ ကမ်္ဘာပေါ်မှာ ပိုက်ဆံဘယ်လောက်များများရတဲ့ဒေသဖြစ်ဖြစ်မသွားနိုင်ပါဘူးဗျာ ””

ဂျိုးစဖင်းက -
““ အိုကျမကတော့ဘယ်ကိုမှပြောင်းဖို့စိတ်မကူးပေါင်ရှင် ””

ရပ်ကွက်လူထုသည်အရေးကြုံလာလျှင်လုပ်နေကျအတိုင်းဘုရားရှိခိုးကျောင်းသို့ပြေးသွား လေသည် ။ ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇက်ကရာစေးဗစ်ခ်ျသည် အသက် ၅၈ နှစ်ရှိပြီး မြို့ခံဘုန်းကြီးများတွင် အသက်ကြီးဆုံးဖြစ်လေသည် ။
လူအေးတစ်ယောက်ဖြစ်သော ဖားသားဂျိုးသည် သူရပ်တည်နေသော ရာထူး ကိုဘယ်တော့မှမတွေး သို့သော် ယခုပိုးလ်တောင်း အရေးပေါ်လာသောအခါ ခရစ်ယာန် ဂိုဏ်းအုပ်ကိုလည်းကောင်း၊ ဂျင်နရယ်မော်တာစ်ကိုလည်းကောင်း ၊ ဒီးထရွိုက်မြို့တော် ကိုလည်းကောင်းဝေဖန်ပြောဆိုခဲ့သည် ။
ပိုးလ်တောင်းမြို့ကိုသိမ်းယူရန်ပြဌာန်းခဲ့သော စတက်ကျူ ဥပဒေကိုလည်း မကောင်းဆိုးဝါးဥပဒေဟု အမည်ပေးလေသည် ။
ဖားသားဂျိုးက -
““ပြည်သူတွေရဲ့ ယုံကြည်ချက်နဲ့ ပြည်သူ့အခွင့်အရေးကိုရဖို့ပြည်သူတွေ တိုက်ပွဲဝင် ရမှာဘဲ ”” ဤသို့ဖြင့် ဖားသားဂျိုးသည် သံမဏိခေါင်းဆောင်ဖြစ်လာလေသည် ။
အဘွားအိုဂျိုးစဖင်းနှင့် မြို့သူမြို့သားများ မိုးရွာထဲတွင် ပလပ်စတစ်စများဖြင့် မိုးကာပြီး ဆန်္ဒပြကြလေ သည် ။ သူမသည်မည်သူ့ကိုမျှမကြောက် ဂိုဏ်းအုပ်ကြီး ကိုလည်းမဖြုံ - ”” ဂိုဏ်းအုပ်ကြီးမမွေးခင်ကတည်းက ကျမ ကက်သလစ်ဘာသာ ၀င်ဖြစ်နေတာပါ”” သူမကို သတင်းထောက်များလွန်စွာချစ်ကြလေသည် ။

မည်သို့ပင်ဖြစ်စေ ပိုးလ်တောင်းမြို့သူမြို့သားများနှင့် ဒီးထရွိုက်မြို့ဝန် ကိုးလ်မန်ယန်းတို့ တရားရုံးတွင် အဆုံးအဖြတ်ခံယူရမည်ဖြစ်လေသည် ။

၁၉၈၁ ခု နှစ် မတ်လ ၁၄ ရက်နေ့တွင် မစ်ရှီဂန်ပြည်နယ်တရား လွှတ်တော် ချုပ်က အမှုကိုကြားနာဆုံးဖြတ်သည် ။
ဒီးထရွိုက်မြို့တော်က အထူးပြဌာန်းထားသော စတက်ကျူ ဥပဒေကို ကိုးကား၍တင်ပြသည် ။
တရားရုံးက ဆုံးဖြတ်ရမည့်အချက်မှာ ပိုးလ်တောင်းမြို့ပြောင်းရွှေ့ရေး စီမံချက် သည် ““ အများပြည်သူအကျိုးဖြစ်ထွန်းစေရေးအတွက် ဖြစ်သလားမဖြစ်ဘူးလား ”” ဆိုတာဖြစ်သည် ။
တရားရုံးက ၅ မဲ ၂ မဲ နှင့် အဆုံးအဖြတ်ပေးလိုက်သည် ။
““ အများပြည်သူ အကျိုးဖြစ်ထွန်းစေရေးဖြစ်သည် ”” တဲ့ ။
““ ဤစီမံချက်သည် ဒေသခံပြည်သူများ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးနိုင် လိမ့်မည် ဒေသစီးပွါးရေး တိုးတက်မှုကိုလည်းဖြစ်ထွန်းစေမည်ဟုယုံကြည်သည်””
ဟု ဖော်ပြလေသည် ။
လပိုင်းအတွင်း ဘုရားရှိခိုးကျောင်း ၁၆ ကျောင်း ၊ စာသင်ကျောင်း ၂ ကျောင်း ဆေးရုံတစ်ရုံ ၊ စီးပွါးရေးလုပ်ငန်းငယ် ၁၁၄ ခု ၊ အိမ်အလုံးပေါင်း ၁၃၀၀ တို့ကို ဘူလ်ဒိုဇာနှင့် ထိုးဖြိုပြီး လူဦးရေ ၃၅၀၀ ကိုရွှေ့ပြောင်းဖို့ စီစဉ်ပြီးဖြစ်လေသည် ။ အဖျက်ခံရခြင်းအတွက် ငွေကြေးလျှော်ကြေးပေးမည်ဖြစ်သည် ။
ရှေ့နေရီရော့စတီးက မစ်ရှိဂန်တရားလွှတ်တော်ချုပ်သို့ ဦးတိုက်လျှောက်လဲ အသနား ခံစာတင်ရာ ၁၉၈၁ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင်တရားလွှတ်တော်ချုပ်က ပိုးလ်တောင်းမြို့ဖြိုဖျက်ခြင်းကို ခေတ်္တရပ်စဲရန် အမိန့်ချမှတ်လေသည် ။
ထိုအတောအတွင်း ဂိုဏ်းချုပ် ဒီရားဒင်းက အင်မဲ့ကယူးလိတ်ကောန်စက်ပ်ရှင်း
ဘုရားရှိခိုးကျောင်းကို ဒီးထရွိုက်မြို့အားဒေါ်လာ ၁ ဒဿမ ၂ သန်းဖြင့်ရောင်းရန် သဘောတူလိုက်လေ သည် ။
၁၉၈၁ ခုနှစ်မတ်လ ၁၄ ရက်နေ့တွင် မစ်ရှီဂန် တရားလွှတ်တော်ချုပ်က ၅ မဲ ၂ မဲ ဖြင့် ပိုးလ်တောင်းစီမံကိန်းသည် ပြည်သူများအသုံးပြုရန် အတွက် သတ်မှတ်ချက် ဘောင်အတွင်း၌ရှိသည်ဟု အမိန့်ချလိုက်လေသည် ။
ဒီမိုကရေစီအခင်းအကျင်းသည် အများကောင်းကျိုးအတွက် အနည်းစုက အလျော့ပေးရမည်။ လူတစ်ဦးတစ်ယောက်၏အခွင့်အရေးနှင့် အများစု၏ ကောင်းကျိုးကို ယှဉ်လျှင် အများစုဘက်က အသာရစေမည်ဟု၍သဘောသက်ရောက်သည် ။
ပိုးလ်တောင်းဧရိယာရှိမိသားစုများ၏ သုံးပုံတစ်ပုံမှာ ထိုက်တန်သောလျှော်ကြေး ငွေများကိုတပျော်တစ်ပါးယူပြီးပြောင်းရွှေ့သွားကြလေသည် ။
ပိုးလ်တောင်းအမှုသည် တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်လာပြီး လူအများစု တို့က ဂျိုးစဖင်းတို့ဘက်ကရပ်တည်လာလေသည် ။ဂျင်နရယ်မော်တာစ် လည်း မနေသာတော့ဘဲ ဘုရားရှိခိုးကျောင်းကိုပိုးလ်တောင်းအပြင်သို့ရွှေ့ပြောင်းပေးမည်ဟုကမ်း လှမ်းလာသည် ။ ဖားသားဂျိုးက လုံးလုံးကြီးမဖြစ်နိုင်တဲ့ကိစ်္စပါဘဲ ။
ပိုးလ်တောင်းတွင်ဖြစ်နေကြသည်မှာ စစ်ပွဲတစ်ပွဲမျှပင် ။ ဖြိုချထားသောအိမ်အချို့ ရေပိုက်တန်းလန်း၊ ၀ါယာကြိုးတန်းလန်းအိမ်ပြိုအိမ်ပျက်များဖရိုဖရဲ၊မြို့နေလူထု ရင်ထဲမီးဟုန်းဟုန်းတောက်လျှက် ၊ ရေလည်းပြက်၊ မီးလည်းပြတ်၊ ဘုရားရှိခိုးကျောင်းမှ ဖယောင်းတိုင်မှိတ်တုတ်တုတ်သာအလင်းရောင်ပေးနေတော့သည် ။ဖားသားဂျိုးကိုတော့ ဘုရားရှိခိုးကျောင်းပုရ၀ုဏ်ထဲထိဝင်ခွင့်မပေးတော့ ။
ဇူလိုင် ၁၄ ရက်နေ့ အဘွားအိုဂျိုးစဖင်းအိပ်နေစဉ် တယ်လီဖုန်းနှင့်အကြောင်း ကြားသဖြင့် ဘုရားရှိခိုးကျောင်းသို့ပြေးကြသည် ။ အခြားဘက်တော်သားများနှင့် စုရုံးပြီး ဓမ်္မသီချင်းများဆိုကြ၊ ခေါင်းလောင်းများထိုးကြ - ဂျိုးစဖင်းကပြောသည် -

““မနက်စောစောမှာ ဒီးထရွိုက်မြို့တော်က ပုလိပ်တွေ ဘုရားရှိခိုးကျောင်းထဲဝင်လာ ကြတယ်။ သူတို့ကယဉ်ကျေးပါတယ် ။ကျမတို့ကဓမ်္မသီချင်းဆိုပြီးဆုတောင်း နေတာမြင်တော့ မေးတယ် - ခင်ဗျားတို့ပြီးပြီလားတဲ့ ။ ကျမတို့က ဟုတ်ကဲ့ပြီးပါပြီ လို့ ””
ဘုရားရှိခိုးကျောင်းထဲရှိဆန်္ဒပြသူများကို ဒီးထရွိုက်မြို့ပုလိပ်အရာရှိက ခေါင်းဆောင်၍ဖမ်းဆီးခဲ့သည် ။နာရီအနည်းငယ်ကြာပြီးနောက်ပြန်လွှတ်ခဲ့သည် ။ ထိုနေ့ မွန်းလွဲချိန်တွင် ဘုရားရှိခိုးကျောင်းတော်ရှေ့တွင် ဒူးထောက်ဆုတောင်းငိုယိုနေသော ဒေသခံများ၏ရှေ့တွင် ဘုရားရှိခိုးကျောင်းကိုဖြိုချလိုက်လေတော့သည် ။
မြို့ဝန် ကိုးလ်မန်ယန်းသည် ပဉ်္စမမြောက်မြို့ဝန်ရာထူးကိုထမ်းဆောင်နေရင်းမြို့ တော်ကိုတည်ဆောက်နေဆဲဖြစ်သည် ။ သည်တစ်ကြီမ်တွင် အခြားမြို့နေလူထုထံသို့
မျှားဦးလှည့်ပြီး ခရိုက်စလာ မော်တော်ကား ကော်ပိုရေးရှင်းသို့ပေးရန်လျာထား သည် ။
မြေနေရာများပေးအပ်ခြင်းမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သည် ၊ သို့မဟုတ်မမှန် ဆိုခြင်းကို မည်သူကမျှ စောဒကတက်ကြတော့မည်မဟုတ် ။ အကြောင်းမှာ ဤမြို့တော်ရှိ အမြင့်ဆုံးတရားရုံးတော်က ဤအချိန်ကာလ၌ တရားဥပဒေနှင့် ညီညွတ်သည်ဟု ဆုံးဖြတ်ခဲ့ပြီးပြီမဟုတ်ပါလား ။

စိမ့်မောင် ဘာသာပြန်သည် ။
( စာဖတ်သူမိတ်ဆွေများခင်ဗျား အထက်ပါ အငြင်းပွါးမှုမျိုးတွင် သင်မည်ကဲ့သို့ ရပ်တည်ပါ မည်နည်း ။ သင် ရွေးချယ်ပေါင်းစပ်အချိုးချရ ပါလိမ့်မည် ။ )
- ဖွံ့ဖြိုးမှု - တည်တံ့မှု - ပြောင်းလဲမှု
- မျှတမှု - နစ်နာမှု - ပေးလျှော်မှု
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment