အခန်း(၅) မည်သို့ဆုံးဖြတ်မည်နည်း
ယခု တောင်သူတွေထွန်နေသည် ၊ စိုက်နေသည် ၊ ဇေကမ်္ဘာက လမ်းတွေဖြတ်ဖောက်နေသည် ။ မီးတိုင်တွေစိုက်နေသည် ။ ပိုနေမြဲကျားနေမြဲ ( မောင်ပိုနေမြဲ ကျားနေမြဲ ) ခေတ်္တရှိနေလိုပါသည် ။ ဤကိစ်္စသည် အလျင်စလို ဆုံးဖြတ်ရန်မသင့် ။ အသက် ၊ ဘ၀ ၊ မိသားစု ၊ လူသား ၊ သူဌေး ။ နိုင်ငံရေး ဖြစ်ပါသည် ။
ကုမ်္ပဏီအကျိုးစီးပွါးဆိုလျှင်ဖြင့် ပီဒီပီအနေဖြင့် လုံးဝကန့်ကွက်လေသည် ။ ကုမ်္ပဏီအား တရားဥပဒေ နှင့်အညီ ဆန်္ဒပြရန်အထိ စီစဉ်လေမည် ။ နိုင်ငံအကျိုးစီးပွါးဆိုလျှင်ဖြင့် တရားမျှတသော လျော်ကြေးပေးပါရန် မေတ်္တာရပ်ခံရလေမည် ။ နိုင်ငံတော်အစိုးရ လူကြီးတွေ အိပ်ကပ်ထဲမှ စိုက်ထုတ်ပေးရသည်မဟုတ် ကျွန်ုပ်တို့ နိုင်ငံသားများအိပ်ကပ်ထဲမှ အခွန်အခကို ပိုမိုကောက်ယူပါလေ ။ နိုင်ငံလုံးအကျိုးအတွက် ဖြစ်သမျှဒဏ် ရွှေနံ့သာ တောသားတွေခံရန်မလို ကျွန်ုပ်တို့ပါ ကျခံမည် ကျွန်ုပ်တို့ ထံ အခွန်ကောက်ပါလေ ။ ထိုက်တန်စွာ လျော်ပါလေ ဟုသာ မေတ်္တာရပ်ခံလိုပါသည် ။ အရှည်သဖြင့် မျှတသောမြေယာပေါ်လစီဖြစ်လာရန် လွှတ်တော်မှာ အားထုတ်ပါရန် မေတ်္တာရပ်ခံလိုပါသည် ။
အခန်း(၆) ခေတ်မမီလျှင်ပြင်ရန်လို
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလိုသည့် ၂၀၁၁ ခုနှစ် မြေယာ ဥပဒေကြမ်း ““ ကျွန်ုပ်တို့၏ စိတ်ကူးပုံရိပ် မြေယာဥပဒေကြမ်း”” ဟူ၍ရေးသားဖြန့်ဝေ ထားခဲ့ပါသည် လေ့လာပါရန် -
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာသော်မျှအရွေးချယ်ခံရခြင်းမ ရှိပါ ။ ပြည်သူ လူထု ထောက်ခံမှု မရရှိခြင်း ကြောင့် ဟုသာ ခံယူပါသည် ။
သို့သော်ကျွန်ုပ်တို့တည်ဆောက်လိုသော နိုင်ငံတော်ကို မည်သို့ ပုံဖော်မည်ဆို သည်ကို ဖော်ထုတ်ခွင့်ရှိပါပေ သည် ။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ငြား -
လွှတ်တော်ထဲရှိ အမတ်မင်းများ နှင့် အခြားနိုင်ငံရေး ပါတီများ ကို အကူအညီ တောင်းခံပိုင်ခွင့် ရှိလေသည်။
ထို့အပြင်မိဘပြည်သူများကိုလည်း တင်ပြခွင့်ရှိလေသည် ။
ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်ကူးပုံရိပ်ဖြစ်သော -
ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းလိုသည့် မြေယာဥပဒေကြမ်းကို ခံစား၍ စိတ်ကူးရုပ်လုံးဖော်ကြည့်လိုက်ပါသ တည်း ။
မည်သူမဆို ကူညီဆောင်ရွက် ဖြေရှင်းပေးနိုင်ပါကြောင်း-

ပီဒီပီ
Tags:
လယ်သမားအရေး
Leave a comment