ပီဒီပီသည် မလိုအပ်ဘဲရွေးကောက်ပွဲဝင်မည့်ပါတီမဟုတ် ။ ပီဒီပီကလူတွေသည် ထမင်းကိုစား သည် အစား စားရန်ငွေလိုသည် ။ အမြင်မတော်သောကိစ်္စများကိုလည်း ဝေဖန်ထောက်ပြချင်သည် ဘယ်အလုပ်က ခွင်ကျဉ်းသနည်း ဟုဆင်ခြင်သော် - ထမင်းစားရန် ငွေရှာခြင်းက ခွင်သိပ်မကျဉ်း သည်ကိုတွေ့ရသည် ။ ကြုံရာလုပ်ပြီး ထမင်းဖိုးရှာနိုင်သည် ။
အမြင်မတော်သောကိစ်္စတွေကို ဝေဖန်ထောက်ပြလိုလျှင်ဖြင့် တရားဝင်ရန်လိုသည် ။ ဒီနိုင်ငံ မှာ စကားပြောဖို့ ရေးဖို့ ခွင်က နဲနဲ ကျဉ်းနေသေးသည် ။ ဒီတော့ ပီဒီပီ - က တစ်ခုခုကို ရွေးရလေ ပြီ ။ ပြောခွင့်လည်းရ ငွေလည်းရသည့် တရားဝင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော် ကောင်းလေစွ ။ သို့သော် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့က အပြိုင်အဆိုင်လုပ်ရသည် ။ မိမိနှင့် သူတစ်ပါး ယှဉ်ပြိုင်ရသည် ။ ဒီတော့ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောကောင်းပြောရမည် ။ ထိုသို့မပြောပါကလည်း သူများ မကောင်း ကြောင်း ဝေဖန်ထောက်ပြဖို့လိုအပ်လာလျှင် မဲလု လိုသဖြင့် မဲဆွယ်လိုသဖြင့် သူများ မကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေသည်ဟု ကောက်ယူကြပါမူ အခက် ။
ထို့ကြောင့် ပီဒီပီ လွတ်နေသော ခွင်ကလေးမှာ အသာကပ်ပြီး မည်သူ့အားမျှ မထောက်မညှာ ဝေဖန်ဖို့ နေရာကို ရှာတွေ့ထားလေသည် ။ ထိုနေရာကားအခြားမဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ရန် လိုသည့် ကာလမဟုတ်မခြင်း ရွေးကောက်ပွဲသည် ပီဒီပီအတွက် အဓိကမဟုတ် လွန်ရောကျွံရော အလုပ်သဘောသာဖြစ်စေရမည် ။
သို့မှသာ ပီဒီပီ ဝေဖန်ထောက်ပြ ပြော ဆိုနေခြင်းသည် မဲဆွယ်နေခြင်းမဟုတ်ကြောင်း ပေါ်လာမည် ။ သို့မှသာ ပီဒီပီ ၏ အမျိုးသားအကျိုးစီးပွါးကို ကြည့်ခြင်းတည်းဟူသော စေတနာကို ပီပီပြင်ပြင်မြင်ကြမည် ။ သို့ဆိုသဖြင့် ရွေးကောက်ပွဲဝင်နေသူများ ၀င်ကြသူများကို ပုတ်ခတ်ချင် သည်မဟုတ် တာဝန်ယူရန် လူရှိနေရမည်ကား အမှန် မည်သူမျှ တာဝန်မယူလျှင်ပီဒီပီ ၀င်ယူပါမည် ။ ယခု မူ လူများလွန်းနေသည် လူတွေ ထပ်ပင်ထပ်နေသေးတော့သည် ဒီတော့ ပီဒီပီအလွတ်နေပါရစေ ။
ဘယ်ချောင်ကလာသည်အဘယ်ကောင်းကင် လာသည့်သူဖြစ်စေ ထိုသူ၏ နိုင်ငံရေးအမြင် နှင့် လုပ်ဆောင်ချက်ကို ပီဒီပီ မထောက်မညာ ဝေဖန်ရပေလိမ့်မည် ။ ပီဒီပီတွင် ဘက်မရှိ ။
ပီဒီပီသည် ရန်ပုံငွေလုံးဝမရှိ သို့သော် လစဉ်ထုတ်စာအုပ်များ လစဉ်ထုတ်နိုင်သည် ။ ပြည်သူလူထု အချို့က ကူညီသည် ။ စာအုပ်ဝယ်ယူပေးသူ နှင့် စာအုပ်ကို တဆင့်ပြန်ဖြန့်ဝေပေးသူနှင့် သက်တမ်း တစ်နှစ်အတွင်း ဒိုင်ဗားစတီးတွေ ကမ်္ဘာပတ်ကုန်ပြီ ။ လွှတ်တော်ထဲလဲ ပလူပျံနေနိုင်သည် ။ ပြည်သူ လူထုထဲ ပလူ မပျံနိုင်သေးခြင်းသည် ပီဒီပီ အပျင်းထူသောကြောင့်သာဟု ဆိုပါရစေ ။ မိဘပြည်သူအပေါင်းတို့ခင်ဗျား - ပီဒီပီ နှင့် လက်တွဲ နိုင်သည် ။ နက်တွဲနိုင်သည် ။ ပီဒီပီသည် လွတ်လပ်သော အသင်းအဖွဲ့ဖြစ်လေသည် ။ ပါတီ၏ ရာထူးနေရာသည် အစိုးရဆက်ဆံရေး သာဖြစ်ကြောင်း ပြောပါရစေ။ လုပ်နိုင်သူ မည်သူမဆို မည်သည့်ရာထူး နေရာမှမဆို သင့်တော်ရာ မိမိဘာသာရွေးချယ်တည်ဆောက်ပြီး နိုင်ငံ့ရေးရာကိစ်္စများအတွက် အမျိုးသားရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်ဖိတ်ခေါ်လိုက်ပါသည် ။
ပီဒီပီတွင်လုပ်စရာတွေတပုံကြီးရှိနေသည် ။ ပီဒီပီက လူတွေသည် မိမိထမင်း မိမိစားဖို့ ကြိုးစားနေရင်း အားလပ်နေသည့် အချိန်ကလေးတွင်သာ အားကစားတစ်ရပ်လို အပျင်းပြေသဘောလို သဘောထားကာ နိုင်ငံရေးကို လုပ်နေကြခြင်းဖြစ်လေသည် ။ သို့သော် မြင်ဘူးကြားဘူးသမျှထဲတွင် ပီဒီပီသတင်းသည် မွှေးသည်ဟု ယူဆသော် နိုင်ငံရေးကို သာသာကလေးလုပ်နေနိုင်ခြင်းအတွက် ပီဒီပီကို ချီးမွှမ်းတော်မူကြပါ ကုန် ။
ပီဒီပီသည် သာသာကလေး လုပ်နေပါသည်ခင်ဗျား - သို့သော် ပီဒီပီသည် ကိစ်္စတစ်ခုကို နှိုက်ပြီဆိုလျှင်ဖြင့် နက်နက်နှိုက်မည် ။ စိတ်ပါမှ နှိုက်မည် ။ ပီဒီပီသည် အရှုံးအနိုင် မမျှော်ကိုးသော စိတ်ဖြင့်နှိုက်မည် ။ မည်သူမဆို အခမဲ့ ရယူဖော်ထုတ် အသုံးချပါစေဟူသော စေတနာဖြင့် ဖွမည် ။
ဖွမည် ဆိုသည်ကို အချို့က အသုံးအနှုန်းကို မကြိုက်ကြ ။ ကြိုက်ပါဟု အတင်း တိုက်တွန်း လိုက်ပါရစေ ။ ပီဒီပီသည် မည်သူ့နောက်လိုက်မှမဟုတ် မည်သူ့ရှေ့ဆောင်မှမဟုတ် ဒီတော့ ပီဒီသိသမျှ မည်သူသာ သိစေ မည်သူမသိစေ ဟု သဘောပိုက်မည်မဟုတ် ။ မည်သူမဆို စိတ်ဝင်စား လျှင်ပီးရော ဟု သဘောထားကာ အလျားလိုက်ဖြန့်ဝေလိမ့်မည် ။ မည်သူက လုပ်မည် မည်သူကမလုပ်ဟု မည်သူ့အားမျှလည်းမယုံ ရ ။ ဒီတော့ လုပ်ချင်သူလုပ်နိုင်စေရန် ပီဒီပီသည် ““ ဖွ ”” ခြင်းတည်းဟူသော နည်းဗျူဟာကိုသာ ယခုဆက်လက်ကျင့်သုံးလိမ့်ဦးမည်ဖြစ်ကြောင်း မိဘပြည်သူများအား အကြောင်း ကြားပါသည် ။
ပီဒီပီ တာဝန်ခံပါသည် ။ ဖွသည် ဆိုသော်ငြား ပီဒီပီသည် တာဝန်ခံ တာဝန်ယူ၍ ရေးသားဖော်ထုတ်ဖြန့်ဝေနေခြင်းသာ ဖြစ်ပါသည် ။ တိတ်တိတ် မလုပ် ယူဂျီမလုပ် ။ ပီဒီပီ ကို စုံစမ်းစစ်ဆေးသော် ၀မ်းသာပါသည် ။ တရားဝင် ဆွေးနွေးခွင့်ရသည်ဟု ယူဆပါမည် ။ ပီဒီပီကို ဖမ်းဆီးစစ်ဆေးနေသည်ဟု မြင်လိမ့်မည်မဟုတ် ။ ပီဒီပီ၏ သိရှိထားသော အချက်အလက်များကို တိတိကျကျသိရန် မေးမြန်းစုံစမ်းနေသည်ဟု သဘောပိုက်ကာ ၀မ်းသာအားရ မချွင်းမချန် ဖော်ထုတ်ပြောဆို ဖွင့်ဟသွားပါမည်ဖြစ်ကြောင်း ထိန်းကြောင်းသည့် ယန်္တရားများအားလည်း အကြောင်းကြားလိုက်ပါသည် ။
ပီဒီပီကို အခမဲ့ အသုံးချမည့်သူများ အလိုရှိသည် ။ ပီဒပီလုပ်နိုင်သောကိစ်္စတွေ ရှိနေပါသည်။ ဘာတွေပါဟု ထုတ်ဖော်ပြောဆိုတော့မည်မဟုတ်ပါ ။ ပီဒီပီ ၏ ယခင်လက်ကွက်ခြေကွက်များကို တီးမိခေါက်မိလျှင်ဖြင့် ပီဒီပီ၏ အင်နာဂျီကို တွေ့မည် ။ ပီဒီပီ၏ ဦးတည်ရာကိုတွေ့မည် ။ သို့ဆိုလျှင် ပီဒီပီ ကို အခမဲ့ အသုံးချနိုင်သည့် နေရာမျိုးတွေ့သော် အားနာနေရန်မလို ။
ဘွန်တော - သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ ဆွမ်းချက်ရန် ထတော်မူကြပါကုန် - -
ဌာနချုပ်
Tags:
ပါတီ အကြောင်း
Leave a comment