၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ၁၉၆၃ ခု နှစ်သီးစားချထားရေး ဥပဒေ တွေ ကို တောင် သူတွေနားမလည် ကြားပင်မကြားဘူး ။ နိုင်ငံတော်က လယ်သိမ်းလျင် လျော်ကြေးမဆိုစလောက် သာရ သည်ကိုသိသည် ။ ပုဂ္ဂလိကအချင်းချင်း လက်လွှဲပြောင်းဖို့ဟူသော ရည်ရွယ်ချက်ဖြင့် သိမ်းမရ ။ သိမ်းခွင့်မ ရှိတာကို တောင်သူတွေမသိ ။ ရွှေ့သည် ။
ပထမအဆင့် ခြောက်၍ လျော်ကြေးပေးတာကို နာခံရန် စက်မှုဇုံ အကောင်အထည်မပေါ် မချင်းလယ် စိုက်ခွင့်ပေးမည်လို့ ရွှေ့သည် ။
လန - ၃၉ သည် လယ်ကောမှထုတ်သည်ကို တောင်သူတွေမသိ ။ ရွေ့သည် ။ လယ်ကောဟု စစ်ဆေးသူ မြင်ရန် စိမ်းစိုနေသော စပါးခင် မမြင်ရန် ရွှေ့သည် ။
ဒါသည် အရေးကြီးသော ပြဿနာဖြစ်သည် ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတာဖြစ်သည် ။ ဥာဏ်ကောင်းသူက ဥာဏ်မကောင်းသူကို ၊ စာဖတ်သူကစာမဖတ်သူကို ၊ စာတတ်သူက စာမတတ်သူကို ၊ ငွေများသူက ငွေနည်းသူကို တည်ဆဲဥပဒေ နဲ့ ညီရန် တဖြည်းဖြည်းရွေ့နေသည်လား ။ ထိုနေရာတွေ လမ်းဖောက်ပြီး အကွက်ဖော်ကာ စက်ရုံသမားတွေကို ရောင်းစားလိုက်လျှင် ရွှေဖြစ်မည့်နေရာတွေ ။ လမ်းဖောက်ခ ။ တောင်သူတွေ ပေးလျော်ခ ထက် အဆ ပေါင်း ၁၀၀ လောက်မြတ်မည် ။ ခြောက်သိန်း ကုန်လျင် သိန်း ၆၀၀ ပြန်ရမည် အလွန်သေခြာသော ရင်း နှီးမြုပ်နှံမှုဖြစ်သည် ။ လွယ်လွယ်နဲ့မရ ။ တော သား ထမင်းအိုးကို ခွဲရဲရမည် ။ ဥာဏ်ကောင်းစာတတ် စာဖတ်ပြီး ဥပဒေနဲ့ ဘောင်ဝင်ရန် တဖြည်း ဖြည်း ရွှေ့တတ်ဖို့လိုသည် ။ ဒါသည် အရွှေ့ နှင့် လက်တလုံးခြား ဥာဏ်ကစားသော ပြဿနာဖြစ်သည် ။
Tags:
လယ်သမားအရေး
Leave a comment