AK ကုမ္ပဏီရဲ့ ကော့ကရိတ်မြို့ကနေထွက်ပြီး မြ၀တီကိုတက်တဲ့ စစ်တပ်ဂိတ်ရဲ့ အလွန်မှာ ရှိတဲ့လမ်းရဲ့အခြေအနေကို ဗွီဒီယို မှတ်တမ်းများ ရိုက်ကူးလာပါတယ်။
ဒီလမ်းကို AK ကုမ္ပဏီက BOT စနစ်နဲ့ ပြုပြင် လုပ်ကိုင်ခွင့်နှင့် အခွန်ကောက်ယူခွင့်ရရှိ ထားသော်လည်း လမ်းအနေထားမှာ ယခင်လမ်းဟောင်းအတိုင်းသာ ရှိနေပြီး ပြုပြင်ထားခြင်း မရှိကြောင်းကို လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရပါ တယ်။ ဆိုင်ကယ်ဖြင့် လမ်းတစ်လျှောက်မှတ်တမ်းတင် ရိုက်ကူးလာခဲ့ရာ တောင်ပတ်လမ်း အန္တရာယ်ရှိသော နေရာများ တွင် ဆိုးဆိုးရွားရွားပျက်စီးနေပြီး ဖာထေးပြုပြင်ခြင်း မရှိကြောင်း သက်သေအထောက်အထားတွေ တွေ့ရပါတယ်။ လမ်းတစ်လျှောက် လမ်းကြိတ်စက်အပျက် တစီးကိုသာတွေ့ရပြီး ပြုပြင်ခြင်း တစုံတရာဆောင် ရွက်ခြင်း မတွေ့ခဲ့ရပါ။
ကျွန်တော်တို့သည် ပုဂ္ဂလိက လုပ်ကိုင်ခွင့် BOT စနစ်ကို ကြိုက်နှစ်သက်ပါသည်။ BOT စနစ်ရယူလုပ်ကိုင်နေ သောကုမ္ပဏီများ၏ တာဝန်ယူမှု ပျက်ကွက်ခြင်းကို စည်ပင်သာယား အဖွဲ့က ကြပ်မက် ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း တင်ပြလိုသည်။
Tags:
သတင်း
Leave a comment