မင်္ဂလာဒုံမြို့နယ် ၊ ရွှေနံ့သာကျေးရွာအုပ်စု ၊ ပေါင်းကူ ရွှေနံ့သာ - ဗားလားကွင်း ၊ ကွင်းအမှတ် ၅၃၁ / ၅၃၃ စုစုပေါင်း လယ်မြေဧက ၈၀၀ ကျော် ။ ဦးပိုင်အမည်ပေါက် တောင်သူ ၇၁ ဦး ။ ဦးပိုင်အမည်ပေါက် ဆိုသည် မှာ နိုင်ငံတော် အစိုးရထံမှ ၁၉၆၃ ခု နှစ် သီးစားချထားရေး ဥပဒေနှင့် အညီ မြေရှင် နိုင်ငံတော်ထံမှ သီးစား ခံထားသော/ သီးစားခံထားခွင့်အမည်ပေါက်သော တောင်သူ ၇၁ ဦး ၊ ၅၃ ဦးသည် အမျိုးသားများဖြစ်ကြပြီး ၁၈ ဦးသည် တောင်သူအမျိုးသမီးအိမ်ထောင်ဦးစီးများဖြစ်ကြသည် ။
ဦးပိုင်အမည်ပေါက်ဟူသည်ကို တောင်သူဦးရေဟု နားလည်မှု မလွဲရန် ဖြစ်သည် ။ တောင်သူ လယ်သမား များသည် သားဆက်ခြားခြင်းအကြောင်း ဗဟုသုတ သိပ်မရှိ သားသမီး အတော်များများမွေးကြသည်မှာ ဓလေ့ ။ သိစေချင်သည်မှာ ၇၁ ဦး သော ဦးစီးများ၏ နောက်ကွယ်တွင် အနီးစပ်ဆုံး ၁၀ ယောက်ခန့် မှီခို သည် ဖြစ်ကြောင်း ။
ထို လယ်မြေဧက ၈၀၀ ကျော်သည် လယ်သမားမိသားစုဝင် လူဦးရေ ၇၀၀ ကျော်၏ ထမင်းအိုး ဖြစ်ကြောင်း ရှေးဦးစွာ သိမြင်ရန်လိုသည် ။
ဇာတ်လမ်းအစ ကား - ၂၀၁၀ ခု နှစ် နှစ်ဦးပိုင်း ( ၄ ) လပိုင်းကတည်းကဖြစ်သည် ။ ပေါင်းကူ ရ.ယ.က ရုံး မှာ တောင်သူများကို ခေါ်ယူဆွေးနွေးသည် ။ ခေါင်းစဉ်မပါသော စာတွင်လက်မှတ်ထိုးရမည့်ကိစ္စပါ သည် ။
စာတွင်ခေါင်းစဉ်အကြောင်းအရာမပါသည်မှာ တမင်လုပ်ကြံမှု ဟု စောလျင်စွာ မဆုံးဖြတ်စေချင်သေး ပါ ။ အခြေခံအဆင့် ရ.ယ.က များ၏ စနစ်မကျမှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။
ဆွေးနွေးသော အကြောင်းအရာများကတော့ ထိုဒေသ လယ်ဧက ၈၀၀ ကျော်ကို ဇေကမ္ဘာ ကုမ္ပဏီက လွှဲပြောင်းရယူမည် ။ စက်မှုဇုံထောင်မည် ။ တောင်သူတွေကို လျော်ကြေငွေပေးမည် ။ တစ်ဧက ငါးသောင်းကျပ် တစ်သိန်းကျပ် ၊ တစ်သိန်းခွဲ စသဖြင့် တိုးတိုးလာသည် ။ အမှန်က ထိုနေရာတွေ လိုချင်လို့ တရားမ၀င်ဝယ်လျှင် ထိုစဉ်က ပင်လျင် တစ်ဧက သိန်း နှစ်ဆယ် / သုံးဆယ် နီးပါးတန်နေသည် ။
ရလာဒ်ကား - ခေါင်းစဉ်မပါသော စာကို တောင်သူတွေ လက်မှတ်မထိုးကြ
- သူဌေးဆိုသူကို ကိုယ်တိုင်တွေ့ချင်သည်ဟု အဆိုပြုလာသည် ။
ဇေကမ်္ဘာကုမ်္ပဏီ သူဌေး ဦးခင်ရွှေ နှင့် တောင်သူတွေ တွေ့ ကြလေပြီ ။ နေရာကား ဇေကမ္ဘာ ရုံးခန်း ယခု အောင်မင်္ဂလာ အဝေးပြေးဝင်း အနီးရှိ အိမ်ယာ -
သူဌေး ဦးခင်ရွှေက ပြောသည် - ““ နိုင်ငံတော်က သိမ်းလျှင် သောင်းဂဏန်းထက်ပိုရမည်မဟုတ် ကျွန်တော် က ခင်ဗျားတို့ကို ကူညီသည့်သဘောသာဖြစ်တယ် ”” ။ ဥပဒေရှိသည်ဟုဆိုသည် ။ မှန်လည်း မှန်နေ သည် ။ ဥပဒေက ရှိနေသည် လျော်ကြေးငွေသည် မြေခွန်တော်၏ တယ်ဆယ့် နှစ်ဆ သည် အများဆုံး ၁၉၅၃ လောက်ကတည်းကသတ်မှတ်ထားတာဖြစ်သည် ထိုစဉ် ကတည်းက တခါမှ မပြုပြင်ခဲ့ ။မြေခွန်က လည်း ကျပ်ဂဏန်းသာရှိသည် ။ ထိုစဉ်က ၁၉၅၃ ဥပဒေထဲမှာ နောက်တစ်ခုပါသေးသည် ။ လယ်သိမ်း လို့ရသည် ပုဂ္ဂလိကအခွင့်အရေး ပေါ်ပေါက်လို့တော့မရ ။ ဇေကမ်္ဘာကုမ်္ပဏီကိုပေးလို့မရ ။ နိုင်ငံတော်လုပ် ငန်းသာပေါ် ရမည် ။ ဒါကို တော့ ထဲ့မပြောခဲ့တာတွေ့ရသည် ။
နောက်တစ်ခုပြောသေးသည် ““ ကျနော်တို့ စက်မှုဇုံ အကောင်အထည်မပေါ်မချင်း ခင်ဗျားတို့ လယ်စိုက်ပေါ့ ”” တဲ့ ။ ““နိုင်ငံတော်အစိုးရကို အသနားခံစာတင်လျင် အမှိုက်ပုံးထဲသာရောက်သည်”” ဟုပြောသေးသည် ။
နောက်ဆုံးတောင်သူတွေ တစ်ဧက သုံးသိန်း နှင့် လျော်သည်ကို လက်ခံရန်သဘောတူသည် ။ အမှန်က သဘောမတူရဲလောက်အောင် သတ်္တိတော့မရှိ မသကာ သိမ်းသွားမှဖြင့် အဆုံး ။ လုံးလုံးမရဖြစ်မည် ။ရ တာလေး ယူချင်တာကတော့ အားနည်းသူသဘာဝ ။
အမှန်တော့ သိန်းသုံးဆယ် ပေးလျှင်တောင် မရောင်းချင် ၊ မရောင်း ရက် မြေ ဖက်သေ မည့် တောင်သူ တွေ ဖြစ်သည် ။ မြေကို အသက်လိုတန်ဖိုးထားသည် ။ တခြားလည်း လုပ်ကိုင်မစား တတ်ကြသူတွေ ။
ဒီလိုနဲ့ ယူလိုက်သည် တစ်ဧက သုံးသိန်းကျပ် ။ သူဌေးသဘောတူတဲ့အတိုင်း လယ်စိုက်ကြလေသည် ။ ဒီကြားထဲ နိုင်ငံတော် အဆင့်ဆင့်ကို အသနားခံစာတင်ကြသည် ။
မကြာခဏ အစစ်အဆေးတွေ ခံရသည် ။ တောသားသည် ရုံးပြင်ကနားကို ကြောက်သည် ။ ထမင်းအိုး ဖြစ်လို့ အရဲကိုးကာ အစစ်ဆေးခံနေကြရတာဖြစ်သည် ။
ထူးခြားတာ တစ်ခု ရှိသေးသည် ။ တစ်ချို့လယ်သမားတွေက လူနေရွာထဲမှာ အိမ်ရှိပြီး တစ်ချို့လယ်သ မားတွေက လူနေရွာထဲမှာ အိမ်မရှိ ။ အသိမ်းခံရမည့် လယ်ထဲမှာသာ အိမ်ဆောက်နေကြတာ ဖြစ်သည် ။ ထိုသူတွေရဲ့ မိသားစု ထမင်းအိုးကွဲပြီးသကာလ နေစရာပါ ပျောက်မည် ။
၂၀၁၀ နွေစပါးစိုက်ပြီးကာလ ဒီဇင်ဘာလအတွင်း စပါးတွေဖုံးနေပြီ ။ ဖုံးနေပြီဆိုတာ အသီးနုလေးတွေ စပါးနှံအနုလေးတွေရှိနေပြီလို့ပြောတာ ။
ထိုအချိန် သူဌေး၏ ကိုယ်စားလှယ် အရာရှိဟောင်းတစ်ယောက်က လာပြီး စပါးခင်းတွေဖျက်ခိုင်း သည် ။ လန - ၃၉ လျောက်ထားသည်တဲ့ ။ လန - ၃၉ သည် လယ်ကော တွေကိုသာ ထုတ်ပေးတာများသည် လန - ၃၉ ဆိုသည်မှာ စက်မှုမြေ ၊ ဥယျဉ်ခြံမြေ နှစ်ရှည် ဒါမျိုးဖြစ်သည် ။ လယ်ကောဆိုတာ စပါးစိုက်ပျိုးဖြစ်ထွန်းမှုမရှိသော လယ် ။
စပါးခင်းတွေမဖျက်တော့ ပြဿနာတက်ပြီ ဘူဒိုဇာ မြေတွန်းစက်ကြီးတွေ နှင့် တာတမံတွေ တွန်းဖြိုလေ သည် ။ လယ်သမားတွေကတော့ ငုတ်တုတ်မျက်ရည် ကျလေသည် ။ တာတမံတွေဆိုတာ ရေထိန်းထား တာတွေဖြစ်သည် ။ ရေထိန်းတာမရှိတော့ စပါးတွေပျက်သည်ပေါ့ ။ နောက်ထပ် တစ်ဧ က သုံးသိန်းပေး ပြီးမျက်ရည်သုတ်ပြန်သည် ။ ငိုစေတတ်တဲ့အကြောင်းတရားကို မပယ်ဖျက်နိုင်သေး ။
ယနေ့အထိ လယ်သမားတွေ ရပြီးသော ငွေ တစ်ဧက ခြောက်သိန်းကျပ်နှုန်းဖြစ်သည် ။ ယခုပေါက်ဈေး သိန်း သုံးဆယ်ကျော်ပေပြီ ။ ဖြစ်နိုင်လျှင် သိန်း ၄၀ ပေးတောင်မရောင်းချင် ။
ဟော ယခု ၂၀၁၁ မိုးရာသီ စပါးစိုက်ရာသီ တောင်သူတွေက ထွန်ကြယက်ကြပြန်ပြီ ။ အချို့ ထွန်ယက် သူတွေကို လုံခြုံရေး ( ကုမ္ပဏီ လုံခြုံရေး အစောင့် ) နှစ်ယောက်သုံးယောက်က ဖမ်းမည်ဆီးမည်ဟု ခြိမ်းခြောက်လာပြီ ။ အချို့မထွန်ယက်ရဲကြတော့ ဒီတော့ လယ်ပိုင်ရှင် အမည်ပေါက် အိုကြီးအိုမတွေ ကိုယ်တိုင် ဆင်းထွန်ကြသည် ။ နေ့တိုင်း စကားများကြသည် ။ တားသူကတားသည် ။ ထွန်သူကထွန်သည် ။ အနုစားစစ်ပွဲလေးတမျှဖြစ်နေသည် ။ တူးဖြိုထားသော ကန်သင်းရိုးတွေ ( တာတမံတွေ ) ကို တစ်လံ ( လက် လံ တစ်လံ = လေးတောင် = ခြောက်ပေ ) လျှင် တစ်ရာကျပ် နှုန်းနှင့် လယ်သမားတွေက ကန်သင်း ရိုးတွေပြန်ဖို့သည် ။ ဖျက်သူကဖျက် ဖို့သူကဖို့ တားသူကတား စိုက်သူကစိုက် လျော်သူကလျော် အနု စားစစ်ပွဲလေး မင်္ဂလာဒုံမြို့နယ်ထဲတွင်ဖြစ်နေသည် ။ ငြိမ်းချမ်းရေးမရသေး ။ ဒါသည် ( ၁၂ . ၆ . ၂၀၁၁ ) ကိုယ်တိုင်မြင်ခဲ့သည့်အခြေအနေ ။
Tags:
လယ်သမားအရေး
Leave a comment