၂၀၁၁ ခုနှစ် မြေယာ ဥပဒေကြမ်း

ပုဒ်မ - ၁ အမည်
ဤဥပဒေကို ၂၀၁၁ခုနှစ်မြေယာ ဂရန်ချထားပေးရေး ဥပဒေ ဟုခေါ်တွင်စေရမည် ။

ပုဒ်မ - ၂ အာဏာတည်သောအကျယ်အ၀န်း
ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးနှင့်သက်ဆိုင်စေရမည် ။

ပုဒ်မ - အဓိပ္ပါယ်ရှင်းလင်းဖော်ပြချက်များ
(က) လယ်ယာမြေဆိုသည်မှာ - လယ် ၊ ယာ ၊ ကိုင်း ၊ ကျွန်း ၊ ဥယျာဉ်ခြံ ၊ မြေလွတ်မြေရိုင်း၊
ရေနက်ကွင်း၊ စားကျက်မြေ ၊ သို့တည်းမဟုတ် စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေး ၀မ်းကြောင်း ပြုလုပ်နိုင်သော မြေများကို ဆိုလိုသည်။
(ခ) စက်မှုမြေ ဆိုသည်မှာ စက်ရုံအလုပ်ရုံ တည်ထောင်ရန်ရည်ရွယ်သတ်မှတ်ထားသော သို့တည်းမဟုတ် စက်ရုံအလုပ်ရုံ ထူထောင် လုပ်ကိုင်ဆဲ ဖြစ်သော မြေယာကို ဆိုလို သည် ။
(ဂ) လက်ငုတ်လုပ်ကိုင်သူ ဆိုသည်မှာ - ဤဥပဒေ အာဏာမတည်မီ ကာလအ တွင်း နိုင်ငံ တော်မှအ သိအမှတ်ပြု သက်သေအထောက်အထားတစ်မျိုးမျိုးလက်ကိုင်ရှိသူ -
ဥပမာ (ဗယက)ပုံစံ ၊ လန(၃၉) စသည် တမျိုးမျိုးနှင့်လုပ်ကိုင်သူကို ဆိုလိုသည် ။
(ဃ) ကျူးကျော်သူ ဆိုသည်မှာ - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက် လာသော အစိုးရသစ်အာဏာလွှဲ ပြောင်းလက်ခံခြင်းမပြုလုပ်ရသေးသောကာလအထိ ပုဒ်မ(၃) ပုဒ်မခွဲ (က) ပါလယ်ယာမြေအဓိပ်္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်နှင့်အညီ ပေါ်ပေါက် နေသော မြေယာပေါ်တွင် သက်သေ ခံ အထောက်အထား တစ်မျိုးမျိုး မရှိဘဲ ကျူးကျော် နေထိုင်လုပ်ကိုင်သူကို ဆိုလို သည် ။
(င) တင်ကူးကြံရွယ်သူ ဆိုသည်မှာ - ပုဒ်မ(၃) ပုဒ်မခွဲ (က) ပါလယ်ယာမြေအဓိပ်္ပါယ်ဖွင့်ဆို သတ်မှတ်ချက်နှင့် အညီ ပေါ်ပေါက် နေသော မြေယာပေါ်တွင် သက်သေခံ အထောက် အထား တစ်မျိုးမျိုး မရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ ပေါ်ပေါက် လာသော အစိုးရသစ် အာဏာ လွှဲပြောင်းလက်ခံခြင်းပြုလုပ်ပြီးနောက်ပိုင်းမှ ကျူးကျော် နေထိုင်လုပ်ကိုင် သူကိုဆိုလို သည် ။
(စ) ပူးပေါင်းကြံရွယ်သူ - ဆိုသည်မှာ ဤဥပဒေအာဏာမတည်မီကာလတွင်တည်ရှိခဲ့သော လုပ်ကိုင်ခွင့်အဆင့်(လက်ငုတ် ၊ ကျူးကျော်သူ ၊တင်ကူးကြံရွယ်သူ) စသော အခြေအနေ များကို ပြုပြင်ပြောင်းလဲရန်ကြံစီအားထုတ်လုပ်ဆောင်ရာတွင် နည်းလမ်း တစ်မျိုးမျိုးဖြင့် ပူးပေါင်းပါဝင် သူကိုဆိုလိုသည် ။
(ဆ) အငြင်းပွါးဆဲဆိုသည်မှာ - ဤဥပဒေအာဏာတည်သည့်အချိန်ထိ တရားရုံးတစ်ခုခုတွင် လုပ်ကိုင်ခွင့် ဆိုင်ရာ အငြင်းပွါးမှု ဖြစ်ပေါ်နေဆဲမြေယာကိုဆိုလိုသည် ။
(ဇ) မြေယာအမှုအခင်းဘုတ်အဖွဲ့ ဆိုသည်မှာ - ဤဥပဒေအရ မြေယာလုပ်ကိုင်ခွင့်အဆင့် (လက်ငုတ်၊ကျူးကျော်သူ၊တင် ကူးကြံရွယ်သူ) နှင့် အငြင်းပွါးဆဲ အမှုအခင်းများအတွက် ဆုံးဖြတ်ရန် အထူးဖွဲ့စည်းထားသော အဖွဲ့ကို ဆိုလိုသည် ။
(ဈ) တိုင်းရင်းသားဆိုသည်မှာ နိုင်ငံတော်မှတရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသား လူမျိုး (၁၃၅)မျိုးကို ဆိုလိုသည် ။
(ည) တိုင်းရင်းသားမဟုတ်သူ နိုင်ငံသား ဆိုသည်မှာ - နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင် ထားသော် လည်း နိုင်ငံတော်မှအသိ အမှတ်ပြု တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးတွင် မပါဝင်သူကိုဆိုလိုသည် ။
(ဋ) နိုင်ငံခြားသားဆိုသည်မှာ - လူမျိုးကို အခြေခံခွဲခြားမည်မဟုတ် ဘဲ နိုင်ငံခြားတိုင်းပြည်တစ် ခုခု၏ နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကိုကိုင်ဆောင်ဆဲဖြစ်ပြီးပြည်ထောင် စုမြန်မာနိုင်ငံသားအသိအမှတ်ပြု သက်သေခံကတ် ပြားကိုင်ဆောင်ခွင့် မရှိသူကိုဆိုလို သည် ။
(ဌ) အိမ်ထောင်စုဝင် နိုင်ငံခြားသား - ဆိုသည်မှာ ပြည်ထောင်စုမြန်မာ နိုင်ငံသား အသိ အမှတ်ပြု သက်သေခံကဒ်ပြားကိုင် ဆောင်ထား ခြင်းမရှိသော်လည်း ပြည်ထောင်စုမြန်မာ နိုင်ငံသား အသိအမှတ် ပြုသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူ တစ်ဦးဦး၏ ဇနီး/လင်/ သား/သမီး/ ယောက်္ခမ/သားမက်/ချွေးမ- စသော အခြားဥပဒေအရ အမွေဆက်ခံပိုင်ခွင့်ရှိသူ တစ်ဦးဦး ကိုဆိုလိုသည် ။
(ဍ) မြေယာ အမွေဆက်ခံခွင့်ရှိသူ ဆိုသည်မှာ - ဤဥပဒေအရ မြေယာအမွေဆက်ခံခွင့်ရှိသူကို ဆိုလိုသည်။

ပုဒ်မ - ၄ ဂရန်ထုတ်ပေးခြင်း
ဤဥပဒေပါ အခြားအချက်အလက်များ နှင့် မဆန့်ကျင်လျှင် နိုင်ငံပိုင်မြေယာပေါ် လုပ်ကိုင်ဆောင် ရွက်လျှက်ရှိနေသော ပုဂိ္ဂုလ်များအား အောက်ပါအတိုင်း အစိုးရမှ (မြေငှားစာချုပ်) ဂရန် ကို ထုတ်ပေးရမည်။
(က) ပုဒ်မ(၃)-ပုဒ်မခွဲ (ဂ) ပါ လက်ငုတ်လုပ်ကိုင်သူဖြစ်ပြီး ပုဒ်မ(၃)-ပုဒ်မခွဲ(ဈ)/ပုဒ်မခွဲ(ည) တို့နှင့်ကိုက်ညီသူဖြစ်လျှင် နိုင်ငံတော်အား မြေဂရန် အသိအမှတ်ပြု ၀န်ထမ်းခ အဖြစ် တစ်ဧကလျှင် ကျပ်ငွေ ၅၀၀၀ ပေးဆောင်ပြီး မြေယာဂရန်ရယူခွင့်ရှိစေရမည် ။
(ခ) ပုဒ်မ(၃)-ပုဒ်မခွဲ (ဃ) ပါ ကျူးကျော်သူဖြစ်ပြီး ပုဒ်မ(၃)-ပုဒ်မခွဲ(ဈ)/ပုဒ်မခွဲ(ည) တို့နှင့် ကိုက်ညီသူဖြစ်လျှင် နိုင်ငံတော်အား မြေဂရန်အသိအမှတ်ပြုဝန်ထမ်းခ အဖြစ် တစ်ဧကလျှင်
ကျပ်ငွေ ၂၀၀၀၀ ပေးဆောင်ပြီး မြေယာဂရန်ရယူခွင့်ရှိစေရမည် ။
(ဂ) ပုဒ်မ(၃)-ပုဒ်မခွဲ (င) ပါ တင်ကူးကြံရွယ်မြေယာရယူသူဖြစ်ပါက မြေယာဂရန်ရယူခွင့်မရှိ စေရ ။
(ဃ) လုပ်ကိုင်ခွင့် အငြင်းပွါးဆဲအမှုမျိုးဖြစ်ပါက မြေယာဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ လုပ်ကိုင် ခွင့်ရရှိသူကိုသာ မြေယာဂရန်ထုတ်ပေးရမည် ။ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် မြေယာ ဘုတ်အဖွဲ့၏ နောက်ဆုံး အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည် ။
(င) ဤဥပဒေအရစာချုပ်ချုပ်ဆိုအငှားချထားပေးသော မြေယာဂရန်ကို တည်ဆဲ အခြား ဥပဒေတို့နှင့် အညီလက်ဝယ်ထားရှိသူသာ အဆိုပါ မြေယာကို စီမံ လုပ်ကိုင် ခွင့်/အကျိုး ခံစားခွင့် ရရှိစေ ရမည် ။

ပုဒ်မ - ၅ လက်လွှဲလက်ပြောင်းခြင်း
ဤဥပဒေအရထုတ်ပေးထားသော မြေငှားစာချုပ် နှင့် ဂရန်ပေါက်မြေယာကို တည်ဆဲအခြား ဥပဒေများနှင့် မဆန့်ကျင်လျင် လက်လွှဲ လက်ပြောင်းခွင့် ၊ ရောင်းဝယ်ခွင့် ၊ ပေါင်နှံခွင့် ၊ အငှားချထားခွင့် ပြုလုပ်နိုင်စေရမည် ။


ပုဒ်မ - ၆ သိမ်းယူခြင်း
အများပြည်သူအကျိုးအတွက် နည်းလမ်းတစ်မျိုးမျိုးဖြင့် အသုံးချရန် သင့်တော်သည်ဟု တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရကဆုံးဖြတ်လျှင် ထိုက်တန်သောလျော်ကြေး ပေး၍ သိမ်းဆည်း အသုံးချခွင့် ရှိစေရမည် ။ ထိုက်တန်သောလျော်ကြေးနှင့်ပတ်သက်သော အငြင်းပွါးမှုကို ပြည်ထောင်စုအစိုးရက ကြားဝင်ညှိနှိုင်း ဆောင်ရွက်ခွင့်ရှိစေရမည် ။

ပုဒ်မ - ၇ မြေအမျိုးအစားသတ်မှတ်ခြင်း
ဤဥပဒေအရ မြေယာဂရန်ထုတ်ပေးရန် မြေပြင်အနေအထားနှင့် ထုတ်ကုန်အလိုက် မြေအမျိုး အစားများ ကို သတ်မှတ်လိုက်သည် ။
(က) မြေညီကွင်းပြင်သီးနှံအမျိုးစားစိုက်ပျိုးမြေ -
(၁) မြေညီကွင်းပြင်သီးနှံအမျိုးစားစိုက်ပျိုးမြေဆိုသည်မှာ စပါး၊ပဲအမျိုးမျိုး၊ဂျုံ၊ပြောင်း၊ နှမ်း၊၀ါ၊ကြံ နှင့် အမြစ်ပုပ်ဆွေးလွယ်ပြီး သီးနှံထွက်ရန် အကြာဆုံးအချိန် ကာလအားဖြင့် တစ်နှစ်ထက်မပိုသော သီးနှံစိုက်ပျိုးရာမြေဖြစ် ခြင်း ။
(၂) အပြန့်ကျယ်ကွင်းပြင်တွင် တစ်ဆက်တစ်စပ်တည်း ကပ်လျှက် တည်ရှိ စိုက်ပျိုးနိုင်သော သီးနှံ အမျိုးအစားစိုက်ပျိုးရာမြေဖြစ်ခြင်း ။
(၃) ရေနက်ကွင်းနှင့် ငါးစပါးတွဲစပ်မြေ ဖြစ်ခြင်း

(ခ) မြေညီမြေသားနှင့်ဆက်စပ်ရေသွယ်မြောင်းအသုံးပြုသီးနှံအမျိုးအစားစိုက်ပျိုးမြေ
(၁) သီးနှံထွက်ရန် အချိန်ကာလအနည်းဆုံးတစ်နှစ်ဖြစ်ပြီးထပ်မံ စိုက်ပျိုး ရန် မလို ဘဲ တစ်နှစ်ထက်ပိုမိုပြီး ဆွတ်ခူးရိတ်သိမ်းနိုင်သောသီးနှံအမျိုးအစား စိုက်ပျိုးမြေ ဖြစ်ခြင်း ။
(၂) မြေသားမြေဘောင်ပြုလုပ်ခြင်းဖြင့်မြေပြင်အနေအထားကို ကာလတာရှည် အတွက် ပြုပြင် ပြောင်းလဲပြီးစိုက်ပျိုးရသော သီးနှံ အမျိုး အစားစိုက်ပျိုး မြေဖြစ်ခြင်း ။
(ဂ) နှစ်ရှည်ပင်စိုက်ပျိုးမြေ
(၁) စိုက်ပျိုးပြီး အနည်းဆုံး (သုံးနှစ်) ကျော်မှ စတင် ရိတ်သိမ်းခူးဆွတ် နိုင်သော သီးနှံအမျိုးအစားစိုက်ပျိုးမြေဖြစ်ခြင်း ။
(၂) ပုဂ်္ဂလိကသစ်တောစိုက်ခင်းမြေ ဖြစ်ခြင်း ။
(ဃ) မွေးမြူရေးမြေ
(၁) လှောင်အိမ်စနစ်ဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သည့်မြေယာ ဖြစ်ခြင်း
(၂) လွှတ်ကျောင်းစားကျက်စနစ်ဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သောမြေယာ ဖြစ်ခြင်း

(င) စက်မှုမြေ
ကုန်ကြမ်းပစ်္စည်းတစ်မျိုးမျိုးသို့တည်းမဟုတ်အမျိုးအမည်များစွာမှ ကုန်ပစ်္စည်း အမျိုးစားသစ် တစ်ခု အဆင့်တိုးတက်ပြုပြင်ထုတ်လုပ်သော လုပ်ငန်း မြေအမျိုးအစား ဖြစ်ခြင်း -
စသော မြေအမျိုးအစားများကို ဤဥပဒေအာဏာတည်သည့်နေ့မှစတင်၍ သတ်မှတ် ပြဌာန်း လိုက်သည် ။

ပုဒ်မ - ၈ မြေနုကျွန်း
ဤဥပဒေအရ ဂရန်ထုတ်ပေးပြီးနောက်ပိုင်း အချိန်အခါအလျောက် ပေါ်ပေါက်လာသော မြေနုကျွန်း၊ ကျွန်းမျော မြေ များ နှင့် ပတ်သက်သော လုပ်ပိုင်ခွင့်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲခွင့်နှင့် သက်ဆိုင်စေရမည် ။

ပုဒ်မ - ၉ မြေအမျိုးအစားပြောင်းလဲအသုံးပြုခွင့်သတ်မှတ်ခြင်း
(က) ပုဒ်မ(၇) ပါ သတ်မှတ်ပြဌာန်းထားသော မြေအမျိုးအစားများကို တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုခြင်းကို ပုံမှန်အားဖြင့်တားမြစ်သည် ။

(ခ) ပုဒ်မ(၇) ပါ သတ်မှတ်ပြဌာန်းထားသော မြေအမျိုးအစားများကို တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုလိုလျှင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရ ၏ခွင့်ပြုချက် ရယူရန် လိုအပ်သည် ။

ပုဒ်မ - ၁၀ စိုက်ပျိုးသီးနှံလွတ်လပ်စွာရွေးချယ်ခွင့်
ပြဌာန်းသတ်မှတ်ခြင်း
(က) ဖော်ပြပါ မြေပြင်အနေအထား / မြေအမျိုးအစားကို တစ်ခုမှတစ်ခုသို့ ပြုပြင် ပြောင်းလဲခြင်း ပြုလုပ်ရန်မလိုပါက မိမိတို့ လက်ကိုင်ထားခွင့်ရရှိသော ဂရန် ပေါက်မြေယာပေါ်တွင်မိမိတို့ကြိုက် နှစ်သက်ရာသီးနှံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးခွင့်ရရှိစေ ရမည် ။
(ခ) ပုဒ်မခွဲ(က)နှင့်ညီညွတ်နေသမျှကာလပတ်လုံး စိုက်ပျိုးထုတ်လုပ် သူတို့၏ရွေး ချယ် စိုက်ပျိုးမှုကိုမည်သည့်အဖွဲ့အစည်းလူပုဂ်္ဂိုလ်တို့မှ ဟန့်တားနှောက်ယှက်ခြင်းမပြုရ။

ပုဒ်မ - ၁၁ တစ်ဦးတည်းပိုင် ဧရိယာကန့်သတ်ထိန်းချုပ်ခြင်း
(က) လူပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်သည် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်တစ်ခု အတွင်းတွင် မိမိ ပိုင်ဆိုင် မှုအနေဖြင့် မည်သည့်မြေအမျိုးအစားမဆို စုစုပေါင်း ဧရိယာ ဧက (၅၀၀၀) ထက်ပိုမို ပိုင်ဆိုင်ခွင့်မရှိစေရ ။
(ခ) လူပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်သည် ပြည်ထောင်စုနယ်မြေ အတွင်းတွင် မိမိပိုင်ဆိုင် မှု အနေဖြင့် မည်သည့်မြေအမျိုး အစား မဆို စုစုပေါင်း ဧရိယာ ဧက (၁၀၀၀၀)ထက်ပိုမို ပိုင်ဆိုင်ခွင့်မရှိစေရ။
(ဂ) အများဆိုင်ကုမ်္ပဏီများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီပေါ်ပေါက် လုပ်ကိုင်သည့်အများဆိုင်ကုမ်္ပဏီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်းတွင်ကုမ်္ပဏီပိုင် ဆိုင်မှုအနေဖြင့် မည်သည့်မြေအမျိုး အစား မဆိုစုစုပေါင်းဧရိယာဧက( ၅၀၀၀၀ )ထက်ပိုမို ပိုင်ဆိုင်ခွင့်မရှိစေရ ။
(ဃ) အများဆိုင်ကုမ်္ပဏီများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီပေါ်ပေါက်လုပ်ကိုင်သည့် အများဆိုင်ကုမ်္ပဏီတစ်ခုသည် ပြည်ထောင်စုနယ်မြေ အတွင်းတွင် ကုမ်္ပဏီပိုင် ဆိုင်မှု အနေဖြင့် မည်သည့်မြေအမျိုးအစားမဆိုစုစုပေါင်းဧရိယာ
ဧက ( ၁၀၀၀၀၀၀ ) ထက်ပိုမို ပိုင်ဆိုင်ခွင့်မရှိစေရ ။
မှတ်ချက်။ မြေဧရိယာ အနည်းအများကို ဆင်ခြင်ဆုံးဖြတ်ပါရန် ။
ပုဒ်မ - ၁၂ ပြည်ထောင်စုနယ်မြေနယ်စပ်မြေယာစီမံခန့်ခွဲခြင်း
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေနိုင်သော နယ်စပ်ဒေသ များရှိ နယ်ခြားမျဉ်းမှ (၁၀) မိုင်အတွင်းရှိ မြေယာများအား လုံးအတွက် ပြည်ထောင်စုအစိုးရမှ လိုအပ်သလို စီမံခန့်ခွဲခွင့်ရှိစေရမည် ။
မှတ်ချက် ။ နယ်စပ်စည်းမျဉ်းမှအကွာအဝေးအနည်းအများကို ဆင်ခြင်စဉ်းစားပါရန်

ပုဒ်မ - ၁၃ မြေယာဘုတ်အဖွဲ့ - ဖွဲ့စည်းခြင်း
(က) ဤဥပဒေအရဖွဲ့စည်းပေါ်ပေါက်လာသော မြေယာဘုတ်အဖွဲ့ကိုအောက်ပါအတိုင်း ဖွဲ့စည်းရမည် ။
(၁) ရပ်/ကျေး မြေယာဘုတ်အဖွဲ့
( ၁ / ၁ ) ရပ်/ကျေးမြေယာဘုတ်အဖွဲ့ကိုအောက်ပါပုဂ်္ဂိုလ်များနှင့်ဖွဲ့စည်းရမည် ။
- သက်ဆိုင်ရာ ရပ်/ကျေးအတွင်း အနည်းဆုံး(၅)နှစ် နေထိုင်ခဲ့သူအရပ်သား (၁၅) ဦး
- သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ မှအဖွဲ့ဝင် (၁) ဦး
( ၁ / ၂ )ရပ်/ကျေးမြေယာဘုတ်အဖွဲ့၏တာဝန်
- မြို့နယ်အဆင့် မြေယာဘုတ်အဖွဲ့ကို ကူညီဆောင်ရွက်ရန်
(၂) မြို့နယ်မြေယာဘုတ်အဖွဲ့
( ၂ / ၁ ) မြို့နယ်မြေယာဘုတ်အဖွဲ့ကိုအောက်ပါပုဂ်္ဂိုလ်များဖြင့်ဖွဲ့စည်းရမည် ။
- မြို့နယ်မြေစာရင်းဦးစီးဌာန အားလုံး ( မြို့နယ်အင်အား / အားလုံး )
- မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး
- မြို့နယ်အဆင့် တရားသူကြီး (၁) ဦး
- မြို့နယ် စိုက်ပျိုးရေးဌာန ( အင်အား အားလုံး )
- ရပ်ကျေးမြေယာဘုတ်အဖွဲ့ဝင်အားလုံး
(၂ / ၁ )မြို့နယ်မြေယာဘုတ်အဖွဲ့၏တာဝန်
- မြို့နယ်တွင်းရှိ မြေယာများကို တိုင်းတာခြင်း ၊ ဤဥပဒေပါ ပုဒ်မ ( ၇ ) နှင့်အညီ မြေအမျိုးအစားသတ်မှတ်ခြင်း ၊
- ဤဥပဒေပါ ပုဒ်မ ၄ နှင့်အညီ မြေယာဂရန်ထုတ်ပေးခြင်း
- မြေယာလုပ်ကိုင်ခွင့် အငြင်းပွါးဆဲအမှုအခင်းများကို အပြီးသတ်ဆုံးဖြတ်ချက်ချခြင်း

မှတ်ချက် အဖွဲ့ဝင်အရေအတွက် ကို တောတောင် မြစ်ချောင်း နေရာဒေသ အလိုက် အနည်းအများ ဆင်ခြင် ဆုံးဖြတ်ပါရန် ။

(၃) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့
( ၃ / ၁ ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့ကို အောက်ပါပုဂ်္ဂိုလ်များ နှင့်ဖွဲ့ စည်းရမည်
- တိုင်းဒေသကြီးသို့ပြည်နယ် မြေစာရင်းဦးစီးဌာန ( အင်အား အားလုံး )
- တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး
- တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် ၀န်ကြီးချုပ်မှသင့်တော်သည်ဟုသတ်မှတ် ခန့်အပ်စေလွှတ် သော ပုဂ်္ဂိုလ် (၅) ဦး
( ၃ /၂ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်များကို စစ်ဆေးခြင်း
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ စီစဉ်ဆုံးဖြတ်ချက်များကို အတည်ပြုပေးခြင်း
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ချက်လျှောက်ထားသော အမှုအခင်းများကို စစ်ဆေးဆုံးဖြတ်ခြင်း
( ၃ / ၃ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့၏ အာဏာ
- တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံးအပြီး သတ်အဆုံးအဖြတ်ဖြစ်စေရ
မည် ။
(၄) မြေယာဘုတ်အဖွဲ့များ၏သက်တမ်း
- မြေယာဘုတ်အဖွဲ့အားလုံး၏သက်တမ်းသည် မြေယာဂရန်ထုတ်ပေးသော လုပ်ငန်းစဉ်များပြီး ပြတ်သော ပြည်နယ်အလိုက် ပြီးပြတ်ဖျက်သိမ်းစေရမည် ။
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့မှ မိမိတို့လုပ်ငန်းစဉ်များပြီး ဆုံးကြောင်းကြေညာပြီးသည်နှင့်တပြိုင်နက် မြေယာဘုတ်အဖွဲ့အဆင့်ဆင့်ကို ဖျက်သိမ်း ရမည် ။
- မြေယာဂရန်ထုတ်ပေးပြီးနောက်ပိုင်း မြေယာဘုတ်အဖွဲ့ဖျက်သိမ်းပြီးမှ ပေါ်ပေါက် လာသောမြေယာအငြင်းပွါး မှုများကို ဤဥပဒေနှင့်အညီ တိုက်ဆိုင်စစ်ဆေးပြီး တရားမကြောင်းအရသာ စီရင်ဆုံးဖြတ်စေရမည် ။

ပုဒ်မ - ၁၄ မြေယာအမွေလွှဲပြောင်းခွင့်သတ်မှတ်ပြဌာန်းခြင်း
(က) ဤဥပဒေအရ ပုဒ်မ (၃) - ပုဒ်မခွဲ (ဈ)/ပုဒ်မခွဲ(ည) တို့ နှင့်ကိုက်ညီပါက မြေယာကို အမွေဆက်ခံခွင့်ရှိစေရမည် ။
(ခ) ဤဥပဒေအရ ပုဒ်မ (၃) - ပုဒ်မခွဲ (ဋ) အရ နိုင်ငံခြားသားဖြစ်ပါက မြေယာကို အမွေဆက်ခံခွင့် မရှိစေရမည် ။
(ဂ) အခြားရွှေ့ပြောင်းနိုင်သော ပစ်္စည်း ဆိုင်ရာအမွေခံခွင့် ဥပဒေများက မည်သို့ပင်ဆိုစေကာမူ ဤဥပဒေအရ ပုဒ်မ(၃) ပုဒ်မခွဲ (ဌ) အရ အိမ်ထောင်သားစုတွင်ပါဝင်သော်လည်း နိုင်ငံခြားသား အဖြစ်ရပ်တည်နေပါက မြေယာကို အမွေဆက်ခံခွင့်မရှိစေ
ရ ။

ပုဒ်မ - ၁၅ ပြစ်မှု နှင့် ပြစ်ဒဏ်များ
ဤဥပဒေအရ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိပါက အောက်ပါအတိုင်း ပြစ်ဒဏ် သတ်မှတ်ရ မည် ။
(က) ပုဒ်မ (၃) ပုဒ်မခွဲ (စ) အရ မြေယာလုပ်ကိုင်ခွင့်အဆင့်ကို အထင်အမြင်လွဲမှား ဆုံးဖြတ် အောင် ပူးပေါင်းပါဝင်ကြံစည်သူကို ထောင်ဒဏ် (၆)လ သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံးကျခံစေရမည် ။
(ခ) ပုဒ်မ (၃) ပုဒ်မခွဲ (စ) အရ မြေယာလုပ်ကိုင်ခွင့်အဆင့်ကို အထင်အမြင်လွဲမှား ဆုံးဖြတ်မှုပေါ်ပေါက်ပါက နစ်နာသူအားပြန်လည် လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး နစ်နာသူ မပေါ်ပေါက်ပါက နိုင်ငံတော်က ပြန်လည်သိမ်းဆည်းပြီး လေလံတင်ရောင်းချရ
မည် ။
(ဂ) ဤဥပဒေပါ ပုဒ်မ (၆) အရ နိုင်ငံတော်မှ အများပြည်သူအကျိုးအတွက် ဥပဒေနှင့်အညီ ထိုက်တန်သောလျော်ကြေးပေးချေပြီး ပြန်လည်သိမ်းဆည်း နေရာချထားခြင်းကို ဟန့်တားနှောက်ယှက်ပါက (၆)လအထိထောင်ဒဏ်ဖြစ်စေ ငွေကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။
(ဃ) ဤဥပဒေပါ ပုဒ်မ(၈)နှင့် မညီညွတ်ဘဲမြေအမျိုးအစားပြောင်းလဲ သုံးစွဲကြောင်းပေါ်ပေါက် ပါက မူလမြေအမျိုးအစားသို့ ပြန်လည်ရောက်ရှိအောင် (၆)လအတွင်း ဖန်တီးပြုပြင်စေခြင်း သို့တည်းမဟုတ် မြေယာကိုသိမ်းဆည်းခြင်း ပြစ်ဒဏ်ကို ချမှတ်ရမည် ။
(င) ဤဥပဒေ အရ ပုဒ်မ (၉)နှင့်အညီ မြေယာပေါ်တွင် စိုက်ပျိုးသီးနှံလွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းအား တားဆီးနှောက် ယှက်ရန် နည်းလမ်းတစ်မျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်သူကို ထောင်ဒဏ် (၂) နှစ်ကျခံစေရမည် ။
(စ) ဤဥပဒေပါ ပုဒ်မ (၁၀) အရ တစ်ဦးတည်းပိုင်ဧရိယာကန့်သတ်ထိန်းချုပ်ခြင်း ကိုဖောက် ဖျက်ကျူးလွန်ကြောင်းစစ်ဆေး တွေ့ရှိပါက ကျော်လွန်သော မြေဧရိယာကို နိုင်ငံတော်မှပြန်လည် သိမ်းယူရမည် ။

ပုဒ်မ - ၁၆ အရင်းအနှီးသေအဖြစ်ရပ်တည်နေသောမြေယာများ
ဆိုင်ရာ ပြဌာန်းချက်

(က) နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူခြင်းဆိုင်ရာ သို့တည်းမဟုတ် မြေယာကိုအကြောင်းပြု၍ ကုန်ထုတ် လုပ်ငန်းတစ်မျိုးမျိုး သို့တည်း မဟုတ် ၀န်ဆောင်မှုလုပ်ငန်းတစ်မျိုးမျိုးလုပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့် အငှားချထားပေးသော်လည်း သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူ ခြင်းဆိုင်ရာသို့တည်းမဟုတ် မြေယာကိုအကြောင်းပြု၍ ကုန်ထုတ် လုပ်ငန်းတစ်မျိုးမျိုး သို့တည်း မဟုတ် ၀န်ဆောင်မှုလုပ်ငန်း တစ်မျိုးမျိုး ပေါ်ပေါက်သက်ရောက်ခြင်းမရှိသော မြေယာများ ကို အရင်း အနှီးသေ မြေယာများအဖြစ်သတ်မှတ်သည် ။
(ခ) မြေယာဘုတ်အဖွဲ့မှအရင်းအနှီးသေမြေယာများအဖြစ်စစ်ဆေးတွေ့ရှိသတ်မှတ်ထားပါက လုပ်ဆောင်အကောင်အထည် ဖော်နိုင်ခြင်း မရှိသော မြေယာများအားလုံးကို သော်လည်း ကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် အစိုးရမှ ပြန်လည် သိမ်းဆည်းစေရမည် ။

ပုဒ်မ - ၁၇ ဖျက်သိမ်းခြင်း
(က) ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေအား ဤဥပဒေဖြင့် ပယ်ဖျက်လိုက်သည် ။
(ခ) ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ ကို ဤဥပဒေဖြင့်ပယ်ဖျက်လိုက်သည် ။


၂၀၁၁ ခု နှစ် မြေယာဥပဒေကြမ်းတင်သွင်းရခြင်း၏ ရည်ရွယ်ချက်
၁၉၅၃ ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ နှင့် ၁၉၆၃ ခုနှစ် သီးစားချထား ရေးဥပဒေတို့သည် ဆိုရှယ်လစ်စနစ်ဖြင့်ချီတက်ခဲ့သော နိုင်ငံတော်အတွက် သင့်လျော်ခဲ့ပေသည်။
သို့သော် ယနေ့အခါ နိုင်ငံတော်၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေး စနစ်ဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ-၉-ပုဒ်မ - ၃၅ တွင်အတိအလင်း ဖော်ပြထားသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရှိရပေသည် ။

ရည်ရွယ်ချက် အမှတ်စဉ် (၁)
သို့ပါသောကြောင့် ဈေးကွက်စီးပွါးရေး နှင့်အညီ တောင်သူလယ်သမားများ မိမိတို့ စိတ်တိုင်းကျ သီးနှံအမျိုးအစားကိုရွေးချယ်စိုက်ပျိုးရန်အတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပါ ပုဒ်မ (၃၈) ကို ပယ်ဖျက်ရန်လိုအပ်လာပါသည် ။
ပုဒ်မ(၃၈) လယ်ယာမြေကို အသုံးချခြင်း ။
(၁) နိုင်ငံတော်သမ်္မတသည် ဒေသတစ်ခုတွင် သီးနှံအမျိုးအစား တခုခုကို စိုက်ပျိုးခြင်း ဖြင့်သော် လည်းကောင်း၊ ဒေသတခုခုတွင် လယ်ယာမြေကို သတ်မှတ်ထား သော နည်းလမ်းအတိုင်း အသုံးချခြင်း ဖြင့်သော်လည်းကောင်း နိုင်ငံတော်အတွက်ဖြစ်စေ၊ တောင်သူလယ်သမားများအတွက်ဖြစ်စေ အကျိုး ဖြစ်ထွန်း စေမည်ဟုထင်မြင်ယူဆလျှင် အဆိုပါ သီးနှံအမျိုးအစားကို စိုက်ပျိုးစေရန်သော်လည်းကောင်း၊ အဆိုပါနည်းလမ်း အတိုင်း လယ်ယာမြေကိုအသုံးချစေရန်သော်လည်းကောင်း သင့်တော်မည်ထင်မြင် သည့်အတိုင်း ဆောင်ရွက်နိုင်သည် ။ သို့တည်းမဟုတ်ဆောင်ရွက်စေနိုင်သည်။

ရည်ရွယ်ချက် အမှတ်စဉ် (၂)
နိုင်ငံတော်သည် စက်မှုဖွံ့ဖြိုးရေး ၊ ပုဂ္ဂလိက ကဏ္ဍသန်စွမ်းရေး ၊ လူ့အစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရေးအတွက် ရှေ့ရှု လုပ်ဆောင်နေချိန်လည်းဖြစ်ပါ သည် ။
ထိုသည့်အခါသမယမျိုးတွင် နိုင်ငံတော်တွင် စိုက်ကွင်းကြီးများ ၊ စက်မှုနယ်မြေများ ၊ အများဆိုင် ကုမ်္ပဏီ လုပ်ငန်းစုကြီးများ ပေါ်ပေါက်လာဖို့သည် အလွန် အရေးကြီးလှပါပေသည် ။
ထိုသို့သော လုပ်ငန်းစုကြီးမျိုးပေါ်ပေါက်တည်ဆောက်ရန် မြေနေရာများလည်း ချထားပေးရန် လိုအပ်ပါသည် ။ နိုင်ငံတော်အစိုးရ ( ပြည်ထောင်စု အစိုးရအနေဖြင့်သော်လည်းကောင်း တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရများအနေဖြင့်သော်လည်းကောင်း ) အခက်အခဲတွေ့စေသော ဥပဒေတစ်ရပ်သည် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေတွင် အောက်ပါအတိုင်း ပါဝင်နေပြန်ပါသည် ။

ပုဒ်မ (၅) သိမ်းယူခြင်း
ထို့အပြင်ဤအက်ဥပဒေအရ လယ်ယာမြေကို ပြန်လည်သိမ်းယူပြီး သည့်နောက်တွင် အဆိုပါလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေးမှတပါး ၊ အခြားမည်သည့် အခွင့်အရေးမျှ ပုဒ်မ(၁၀) တွင် အတိအလင်းပြဌာန်းထားသည့်အတိုင်း မှတပါး ပေါ်ပေါက်သက်ရောက်ခြင်းမရှိစေ ရ ။
ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့်သော်လည်းကောင်း တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရများအနေဖြင့်သော်လည်းကောင်းပုဂ်္ဂလိက လုပ်ငန်းကြီးများထွန်းကား ပေါ်ပေါက် ရေးတွင် အထောက်အကူမပြုနိုင်တော့ ပေ ။
ထို့ကြောင့် ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ပါသည် ။

ရည်ရွယ်ချက် အမှတ်စဉ် (၃)
ထို့အပြင် တောင်သူလယ်သမား မိသားစုများအနေဖြင့်လည်း မိမိတို့လယ်ယာမြေကို နိုင်ငံတော်မှသိမ်း ဆည်းသောအခါ ထိုက်တန်သော လျော်ကြေးရယူရန် ခက်ခဲစေပါသည် ။
ပုဒ်မ(၄၂) လျော်ကြေးပေးခြင်း
(၁) တည်ဆဲအခြားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဤအက်ဥပဒေပါ အခြားပြဌာန်းချက်များကို အထောက်အထားပြု၍ ပုဒ်မ (၅) အရဖြစ်စေ ၊ ပုဒ်မ(၉) ပုဒ်မခွဲ(၂) ခြွင်းချက် အရဖြစ်စေ နိုင်ငံတော်က ပြန်လည် သိမ်းယူသော လယ်ယာ မြေအတွက် လျော်ကြေးကို ဤပုဒ်မနှင့် ဇယား(၂) ပါပြဌာန်းချက်များ နှင့်အညီပေးရ မည် ။
ဇယား(၂) ပါလျော်ကြေး ကြေးဖြတ်ပုံမှာ -
အများဆုံးအနေဖြင့် -
မြေခွန်တော်၏ တစ်ဆယ့်နှစ်ဆ နှင့်ညီမျှသော လျော်ကြေးသာလျင်ဖြစ်ပြီး အနည်းဆုံးအနေဖြင့်
မြေခွန်တော် နှင့်ညီမျှသော လျော်ကြေး ဟူ၍ ပြဌာန်းပါရှိပါသည် ။
မှတ်ချက် မြေခွန်တော်သည် တစ်ဧကလျှင် ငွေ ကျပ် ဆယ်ဂဏန်းသာရှိပါသည် ။
ဥပမာ ( ၁၂ိ/- တစ်ဆယ့်နှစ်ကျပ် )စသဖြင့်

ရည်ရွယ်ချက် အမှတ်စဉ် (၄)
နိုင်ငံတော်ကဏ္ဍမှ လုံလောက်သော အမတော်ကြေး ထုတ်မချေးနိုင်ခြင်း ၊ လုံလောက်အောင်ထုတ်ချေး မည်ဆိုပြန်လျင်လည်း နှစ်စဉ် ကျပ်ငွေ သိန်းပေါင်း တစ်ဆယ့်လေးသန်း ၁၄၀၀၀၀၀၀၀၀၀၀ိ/- အနည်းဆုံးထုတ်ချေးရမည်ကဲ့သို့ဖြစ်ပေါ်စေပါသည် ။
ပုဂ်္ဂလိက ငွေရှင်များထံမှ ပုံမှန်ထက် ကြီးမားသော အတိုးနှုန်းနှင့် ချေးငှားဖြေရှင်းကြရလေ သည် ။ ပုံမှန်ထက် အတိုးနှုန်းကြီးမားရခြင်းမှာလည်း တရားဝင် အပေါင်ပစ်္စည်းမဲ့ဖြင့်သာ ချေးငှား ကြရခြင်းသည် ကိစ်္စတစ်ခုဖြစ်ပါသည် ။ လယ်ယာမြေကိုလည်း လက်ပြောင်းလက်လွှဲလုပ်ခွင့်မရရှိခြင်းသည် သက်သေခံမဲ့ ချေးငှားစနစ်ကိုဖြစ်ပေါ်စေပါသည် ။
ပုဒ်မ(၄) လွှဲပြောင်းခြင်းကိုတားမြစ်ခြင်း။
ဤဥပဒေအရပြုသည့်နည်းဥပဒေများနှင့် မညီညွတ်လျှင် လယ်ယာမြေကို ပေါင်နှံခြင်း ၊ ရောင်းချခြင်း အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့တည်းမဟုတ်ခွဲစိတ်ခြင်းမပြုရ ။




ရည်ရွယ်ချက် အမှတ်စဉ် (၅)
သေးငယ်သော လယ်သမားမိသားစုတို့သည် မိမိတို့ လယ်ယာမြေ ဧရိယာပေါ်တွင် မိသားစုဘ၀ ကိုတည် ဆောက်ထားကြပါသည် ။ မိမိတို့ အသက်မွေးမှုလုပ်ငန်း မိသားစုနေရာအိမ်တစ်ထပ်တည်း ကျနေပြီး လယ်ယာမြေ ပြန့်နှံ့တည်ရှိသမျှ မိသားစုများ ပြန့်နှံ့၍ လိုက်ပါတည်ရှိနေကြရပါသည် ။
ပြန့်ကျဲ နေသော လူနေမှုစရိုက်၏ ပညာရေး၊ကျန်းမာရေး စောင့်ရှောက်မှုမဲ့စေခြင်း လူမှုအသိုင်း အ၀န်းနှင့်ကင်း ပြတ်စေခြင်း တို့ကို ကုစားရန်အတွက် လယ်သမားမိသားစုများကို အလုပ်စခန်း နှင့် မိသားစုနေရာအိမ် ကွဲကွဲပြားပြားဖြစ်ရန်လိုအပ်ပါသည် ။
ထိုသို့ ကွဲကွဲပြားပြားဖြစ်တည်နေသော လယ်သမားအသေးစား မိသားစုများကို အမိန့်အာဏာနှင့် စုစည်းပါက နိုင်ငံတော်ပေါ် အမြင်မကြည်လင်မှုများပေါ်ပေါက်လာပါလိမ့်မည် ။
ထို့ကြောင့် လယ်ယာမြေ ပေါင်နှံရောင်းချခွင့်ရှိနေပါက ထိုက်တန်သော ဈေးကွက်ပေါက်ဈေးများဖြင့် ပြန့်ကျဲနေသော လယ်ယာမြေမှ စွန့်ခွါလာနိုင်ကြပါလိမ့်မည် ။
ထိုသည့်အချိန်အခါမှသာလျင် အင်အားကြီးမားသော လယ်ယာလုပ်ငန်းစုကြီးများလည်း ပြန်လည်ပေါ်ထွန်းလာနိုင်ပြီး ပြန့်ကျဲနေသော လယ်သမား မိသားစုများ အလုပ်စခန်း နှင့် မိသားစု နေအိမ်ကွဲလွဲလာပြီး လူမှုအသိုင်းအ၀န်းထဲပြန်လည်ဝင်ဆံ့ လာနိုင်ပါလိမ့်မည် ။

ရည်ရွယ်ချက် အမှတ်စဉ် (၆)
စက်မှုလယ်ယာစီးပွါးရေးသို့ ဦးတည်စဉ်းစားသောအခါ စက်မှုလယ်ယာ၏ အင်္ဂါရပ်များဖြစ်သော အမြောက်အများထုတ်လုပ်ခြင်း၊ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း ၊ စနစ်ကျသော စီမံခန့်ခွဲမှု တို့ကို မွေးထုတ်ရန်လိုအပ်ပါသည် ။
စသည်တို့ကို ( ဟုမ်းမိတ် ) မိမိကိုယ်တိုင်လုပ်သော ၊ အစအဆုံးကို မတောက်တခေါက် တတ်သိနားလည်ရပြီး ကဏ္ဍစုံမကျွမ်းကျင်သော မိရိုးဖလာ လယ်ယာစီးပွါးရေးမှခွဲထွက်မှသာ ဖြစ်ထွန်းလာပေလိမ့်မည် ။
ထိုသို့ခွဲထွက်ရန်အတွက် အမြောက်အများ ပိုင်ဆိုင်ခြင်း နှင့် အတစ်တစ် အမွှားမွှား ပိုင်ဆိုင်မှု နှစ်ခု၏ စီမံခန့်ခွဲနိုင်စွမ်းမတူကြောင်းကို အလေးဂရုပြုရပေလိမ့်မည် ။
ထို့ကြောင့် အင်ကြီးအားကြီးနှင့် စိုက်ပျိုးထုတ်လုပ်နိုင်သော လယ်ယာမြေများ ပေါ်ပေါက်ရန် မြေဂရန်ထုတ်ပေးပြီး ဖြေရှင်းလျှင်အသင့်တော်ဆုံးဖြစ်ပါလိမ့်မည် ။

ဥပဒေအသစ်ပါ ပြဌာန်းချက်များကိုရှင်းလင်းခြင်း
အနီရောင်ဖြင့်ဖော်ပြထားချက်များသည်စကားရပ်များနှင့် ဥပဒေစကားများ၏ရည်ရွယ်ချက်ဖြစ်ပါသည် ။

(ဃ) ကျူးကျော်သူ ဆိုသည်မှာ - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော အစိုးရသစ် အာဏာလွှဲပြောင်းလက်ခံခြင်းမပြုလုပ်ရသေးသောကာလအထိ ပုဒ်မ(၃) ပုဒ်မခွဲ (က) ပါလယ်ယာမြေအဓိပ်္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်နှင့်အညီ ပေါ်ပေါက်နေသော မြေယာပေါ်တွင် သက်သေ ခံ အထောက်အထား တစ်မျိုးမျိုး မရှိဘဲ ကျူးကျော်နေထိုင်လုပ်ကိုင် သူကို ဆိုလို သည် ။
ဤစကားရပ်ကို ထည့်သွင်းရခြင်းမှာ - လက်ရှိအခြေအနေတွင် သစ်တော မြေများတွင် တရားမ၀င် တိုးချဲ့ စိုက်ပျိုးထားသော လယ်ယာမြေများရှိနေပါသည် ။ ထိုလယ်ယာမြေများသည် အမှန်တကယ်စိုက်ပျိုး ထုတ်လုပ်နေပြီး ဧရိယာအားဖြင့်လည်း ကျယ်ပြန့်လှပါသည် ။ ဥပမာ ဘိုကလေးတစ်မြို့နယ်ထဲတွင် ဧက ၁၀၀၀၀၀ (တစ်သိန်း) ခန်ရှိနေပါသည် ။ ထိုလယ်မြေများကို ဂရန်ထုတ်ပေးသင့်/ မသင့် ဆင်ခြင်ပါ၇န်။

(င) တင်ကူးကြံရွယ်သူ ဆိုသည်မှာ - ပုဒ်မ(၃) ပုဒ်မခွဲ (က) ပါလယ်ယာမြေအဓိပ်္ပါယ်ဖွင့်ဆို သတ်မှတ် ချက်နှင့် အညီ ပေါ်ပေါက်နေသော မြေယာပေါ်တွင် သက်သေခံ အထောက်အထား တစ်မျိုးမျိုး မရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော အစိုးရသစ် အာဏာ လွှဲပြောင်းလက်ခံခြင်း ပြုလုပ်ပြီးနောက်ပိုင်းမှ ကျူးကျော်နေထိုင်လုပ်ကိုင်သူကိုဆိုလို သည် ။
ဤစကားရပ်ကိုထည့်သွင်းရခြင်းမှာ ကျူးကျော်လယ်မြေများ ဂရန်ထုတ်ပေး မည်ဆိုသဖြင့် ရည်ရွယ်ချက်ရှိရှိကျူးကျော်ကြသူများကိုတားဆီးရန်ဖြစ်ပါသည် ။

(စ) ပူးပေါင်းကြံရွယ်သူ - ဆိုသည်မှာ ဤဥပဒေအာဏာမတည်မီကာလတွင်တည်ရှိခဲ့သော လုပ်ကိုင်ခွင့်အဆင့်(လက်ငုတ် ၊ ကျူးကျော်သူ ၊တင်ကူးကြံရွယ်သူ) စသော အခြေအနေများကို ပြုပြင်ပြောင်းလဲရန်ကြံစီအားထုတ်လုပ်ဆောင်ရာတွင် နည်းလမ်းတစ်မျိုးမျိုးဖြင့် ပူးပေါင်းပါဝင်သူကို ဆိုလိုသည် ။
ဤစကားရပ်ကိုထည့်သွင်းရခြင်းမှာ ကျူးကျော်သူများကို မသမာသောနည်းဖြင့် ကူညီသည့် အုပ်ချုပ်သူများ ဒေသဆိုင်ရာအဖွဲ့အစည်းများကို ထိန်းချုပ်ရန် ဖြစ်ပါ သည် ။
ရည်ညွှန်းဥပဒေပုဒ်မ (ပုဒ်မ ၄ ။ ဂရန်ထုတ်ပေးခြင်း ။)
(က) ပုဒ်မ(၃)-ပုဒ်မခွဲ (ခ) ပါ လက်ငုတ်လုပ်ကိုင်သူဖြစ်ပြီး ပုဒ်မ(၃)-ပုဒ်မခွဲ(ဇ)/ပုဒ်မခွဲ(ဈ) တို့နှင့်ကိုက်ညီသူဖြစ်လျင် နိုင်ငံတော်အား မြေဂရန်အသိအမှတ်ပြုဝန်ထမ်းခ အဖြစ် တစ်ဧကလျှင် ကျပ် ငွေ ၅၀၀၀ ပေးဆောင်ပြီး မြေယာဂရန်ရယူခွင့်ရှိစေရမည် ။
(ခ) ပုဒ်မ(၃)-ပုဒ်မခွဲ (ဂ) ပါ ကျူးကျော်သူဖြစ်ပြီး ပုဒ်မ(၃)-ပုဒ်မခွဲ(ဇ)/ပုဒ်မခွဲ(ဈ) တို့နှင့်ကိုက်ညီသူဖြစ်လျှင် နိုင်ငံတော်အား မြေဂရန်အသိအမှတ်ပြုဝန်ထမ်းခ အဖြစ် တစ်ဧကလျှင် ကျပ်ငွေ ၂၀၀၀၀ ပေးဆောင်ပြီး မြေယာဂရန်ရယူခွင့်ရှိစေရမည် ။
(ဂ) ပုဒ်မ(၃)-ပုဒ်မခွဲ (ဃ) ပါ တင်ကူးကြံရွယ်မြေယာရယူသူဖြစ်ပါက မြေယာဂရန်ရယူခွင့်မရှိစေ ရ ။

(ဋ) နိုင်ငံခြားသားဆိုသည်မှာ - လူမျိုးကို အခြေခံခွဲခြားမည်မဟုတ်ဘဲ နိုင်ငံခြားတိုင်း ပြည်တစ်ခုခု၏ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ကိုကိုင်ဆောင်ဆဲဖြစ်ပြီး ပြည်ထောင်စုမြန်မာ နိုင်ငံသားအသိအမှတ်ပြု သက်သေခံကဒ်ပြားကိုင်ဆောင်ခွင့်မရှိသူကိုဆိုလိုသည် ။
ဤစကားရပ်ကိုထည့်သွင်းရခြင်းမှာ နိုင်ငံခြားသားများကို မြေယာဂရန်ထုတ်ပေး ရန်မသင့် ဟုယူဆသောကြောင့်ဖြစ်ပါသည် ။

(ဌ) အိမ်ထောင်စုဝင် နိုင်ငံခြားသား - ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားအသိအမှတ်ပြု သက်သေခံကဒ်ပြားကိုင်ဆောင်ထားခြင်းမရှိသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသား အသိအမှတ် ပြုသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ တစ်ဦးဦး၏ ဇနီး/လင်/သား/သမီး/ ယောက်္ခမ/သားမက်/ချွေးမ- စသော အခြားဥပဒေအရ အမွေဆက်ခံပိုင်ခွင့် ရှိသူတစ်ဦးဦး ကိုဆိုလို သည် ။
ဤစကားရပ်ကိုထည့်သွင်းရခြင်းမှာ အမွေဆက်ခံခွင့်ကို အကြောင်းပြု၍ နိုင်ငံခြား သားများ မြေယာလက်ကိုင်ထားခွင့်ရရှိမည်ကို တားမြစ် လိုသော ကြောင့်ဖြစ်ပါသည်။

(ဍ) မြေယာ အမွေဆက်ခံခွင့်ရှိသူ ဆိုသည်မှာ - ဤဥပဒေအရ မြေယာအမွေဆက်ခံခွင့်ရှိသူကို ဆိုလို သည်။
ဤစကားရပ်ကိုထည့်သွင်းရခြင်းမှာ အခြားသော ရွှေ့ပြောင်းနိုင်သည့်ပစ်္စည်းများ ဆိုင်ရာ အမွေဆက်ခံခွင့်နှင့် မြေယာ အမွေဆက်ခံခွင့်ကို ခြားနားလိုသော ကြောင့်ဖြစ် ပါသည် ။

ရည်ညွှန်းပုဒ်မ(ပုဒ်မ ၁၄ ။ မြေယာအမွေလွှဲပြောင်းခွင့်သတ်မှတ်ပြဌာန်းခြင်း)
(က) ဤဥပဒေအရ ပုဒ်မ (၃) - ပုဒ်မခွဲ (ဈ)/ပုဒ်မခွဲ(ည) တို့ နှင့်ကိုက်ညီပါက မြေယာကို အမွေ ဆက်ခံခွင့်ရှိစေရမည် ။
(ခ) ဤဥပဒေအရ ပုဒ်မ (၃) - ပုဒ်မခွဲ (ဋ) အရ နိုင်ငံခြားသားဖြစ်ပါက မြေယာကို အမွေဆက်ခံခွင့် မရှိ စေရမည် ။
(ဂ) အခြားရွှေ့ပြောင်းနိုင်သော ပစ်္စည်း ဆိုင်ရာအမွေခံခွင့် ဥပဒေများက မည်သို့ပင်ဆိုစေကာမူဤဥပဒေ အရ ပုဒ်မ(၃) ပုဒ်မခွဲ (ဌ) အရ အိမ်ထောင်သားစုတွင်ပါဝင်သော်လည်း နိုင်ငံခြားသား အဖြစ်ရပ်တည်နေပါက မြေယာကို အမွေဆက်ခံခွင့်မရှိစေရ ။
ပုဒ်မ ၇ ။ မြေအမျိုးအစားသတ်မှတ်ခြင်း
ဤဥပဒေအရ မြေယာဂရန်ထုတ်ပေးရန် မြေပြင်အနေအထားနှင့် ထုတ်ကုန်အလိုက် မြေအမျိုး အစားများ ကို သတ်မှတ်လိုက် သည် ။
(က) မြေညီကွင်းပြင်သီးနှံအမျိုးစားစိုက်ပျိုးမြေ -
(၁)မြေညီကွင်းပြင်သီးနှံအမျိုးစားစိုက်ပျိုးမြေ ဆိုသည်မှာ စပါး၊ပဲအမျိုးမျိုး၊ဂျုံ၊ပြောင်း၊နှမ်း၊၀ါ၊ကြံ နှင့် အမြစ်ပုပ်ဆွေးလွယ်ပြီး သီးနှံထွက်ရန် အကြာဆုံးအချိန်ကာလအားဖြင့် တစ်နှစ်ထက်မပိုသော သီးနှံစိုက်ပျိုးရာမြေဖြစ်ခြင်း ။
(၂) အပြန့်ကျယ်ကွင်းပြင်တွင် တစ်ဆက်တစ်စပ်တည်း ကပ်လျှက် တည်ရှိစိုက်ပျိုးနိုင်သော သီးနှံ အမျိုးအစားစိုက်ပျိုးရာမြေဖြစ် ခြင်း ။
(၃) ရေနက်ကွင်းနှင့် ငါးစပါးတွဲစပ်မြေ ဖြစ်ခြင်း
(ခ) မြေညီမြေသားနှင့်ဆက်စပ်ရေသွယ်မြောင်းအသုံးပြုသီးနှံအမျိုးအစားစိုက်ပျိုးမြေ
(၁)သီးနှံထွက်ရန် အချိန်ကာလအနည်းဆုံးတစ်နှစ်ဖြစ်ပြီး ထပ်မံစိုက်ပျိုးရန်မလိုဘဲ တစ်နှစ်ထက်ပိုမိုပြီး ဆွတ်ခူးရိတ်သိမ်းနိုင်သော သီးနှံအမျိုးအစားစိုက်ပျိုးမြေ ဖြစ်ခြင်း ။
(၂)မြေသားမြေဘောင်ပြုလုပ်ခြင်းဖြင့်မြေပြင်အနေအထားကို ကာလတာရှည်အတွက် ပြုပြင် ပြောင်းလဲပြီးစိုက်ပျိုးရသော သီးနှံအမျိုးအစားစိုက်ပျိုးမြေဖြစ်ခြင်း ။

ဤဥပဒေရေးဆွဲပြဌာန်းရခြင်းမှာ အနာဂတ်တွင် နိုင်ငံတော်၏ အဓိကစား နပ်ရိက်္ခာ ဖြစ်သော စပါးစိုက်ပျိုးမြေများလျှော့ပါးသွားခြင်းမဖြစ်ရန်ရည်ရွယ်သည် ။
စိုက်ပျိုးရေးရှုထောင့်မှကြည့်လျှင် သီးနှံအမယ်တစ်မျိုးနှင့်တစ်မျိုး ကူးပြောင်း စိုက်ပျိုး ရာတွင် ပြန်လည် ကူးပြောင်းစိုက်ပျိုးနိုင်စွမ်း မရှိအောင်မြေပြင် အနေအထား ပြုပြင်ပြောင်းလဲ ရမှုကို သတိပြုနိုင်ရန်ရည်ရွယ်ပါသည် ။
ဈေးကွက်နှုန်းစံဘက်မှကြည့်ရှုလျှင် လွတ်လပ်စွာကူးပြောင်းစိုက်ပျိုးနိုင်ရမည်ဖြစ် သည် ။ ထို့ကြောင့် မြေပြင်အနေအထားမပြောင်းဘဲ အပြန်အလှန် ကူးပြောင်း (ပြောင်းလဲ) စိုက်ပျိုးနိုင်သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခွင့်ကို အာမခံသောဥပဒေ ပြဌာန်း ပေးရခြင်းဖြစ်ပါသည် ။
စိုက်ပျိုးရေးရှုထောင့်မှပင် မြေပြင်အနေအထားမပြောင်းလဲဘဲ သီးနှံပြောင်းလဲ စိုက်ပျိုး ပါက ပိုမိုဖြစ်ထွန်းသည်ကိုလည်းသတိချပ်ရပါမည် ။ (မြေသြဇာကောင်း)
မြေပြင်အနေအထား လုံးဝပြောင်းလဲသွားပြီး သီးနှံအမျိုးအစား အပြန်အလှန် ကူးပြောင်းစိုက်ပျိုး နိုင်ချေ မရှိသော သီးနှံကူးပြောင်းစိုက်ပျိုးခြင်းကို ပြည်နယ် လွှတ်တော်မှ ဆုံးဖြတ်နိုင်ရန် ဥပဒေသတ်မှတ်ပေး ရခြင်းဖြစ်ပါသည် ။ (လိုအပ်ခဲ့လျှင်)

ပုဒ်မ ၁၃ ။ မြေယာဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း
(က) ဤဥပဒေအရဖွဲ့စည်းပေါ်ပေါက်လာသော မြေယာဘုတ်အဖွဲ့ကိုအောက်ပါအတိုင်း ဖွဲ့စည်းရ မည် ။
(၁) ရပ်/ကျေး မြေယာဘုတ်အဖွဲ့
( ၁ / ၁ ) ရပ်/ကျေးမြေယာဘုတ်အဖွဲ့ကိုအောက်ပါပုဂ်္ဂိုလ်များနှင့်ဖွဲ့စည်းရမည် ။
- သက်ဆိုင်ရာ ရပ်/ကျေးအတွင်း အနည်းဆုံး(၅)နှစ် နေထိုင်ခဲ့သူအရပ်သား (၁၅) ဦး
- သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ မှအဖွဲ့ဝင် (၁) ဦး
( ၁ / ၂ )ရပ်/ကျေးမြေယာဘုတ်အဖွဲ့၏တာဝန်
- မြို့နယ်အဆင့် မြေယာဘုတ်အဖွဲ့ကို ကူညီဆောင်ရွက်ရန်

(၂) မြို့နယ်မြေယာဘုတ်အဖွဲ့
( ၂ / ၁ ) မြို့နယ်မြေယာဘုတ်အဖွဲ့ကိုအောက်ပါပုဂ်္ဂိုလ်များဖြင့်ဖွဲ့စည်းရမည် ။
- မြို့နယ်မြေစာရင်းဦးစီးဌာန အားလုံး ( မြို့နယ်အင်အား / အားလုံး )
- မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး
- မြို့နယ်အဆင့် တရားသူကြီး (၁) ဦး
- မြို့နယ် စိုက်ပျိုးရေးဌာန ( အင်အား အားလုံး )
- ရပ်ကျေးမြေယာဘုတ်အဖွဲ့ဝင်အားလုံး
(၂ / ၁ )မြို့နယ်မြေယာဘုတ်အဖွဲ့၏တာဝန်
- မြို့နယ်တွင်းရှိ မြေယာများကို တိုင်းတာခြင်း ၊ ဤဥပဒေပါ ပုဒ်မ ( ၇ ) နှင့်အညီ မြေအမျိုးအစားသတ်မှတ်ခြင်း ၊
- ဤဥပဒေပါ ပုဒ်မ ၄ နှင့်အညီ မြေယာဂရန်ထုတ်ပေးခြင်း
- မြေယာလုပ်ကိုင်ခွင့် အငြင်းပွါးဆဲအမှုအခင်းများကို အပြီးသတ်ဆုံးဖြတ်ချက်ချခြင်း ။
မှတ်ချက် အဖွဲ့ဝင်အရေအတွက် ကို တောတောင် မြစ်ချောင်း နေရာဒေသ အလိုက် အနည်းအများ ဆင်ခြင် ဆုံးဖြတ်ပါရန် ။
ဤဥပဒေသည် နိုင်ငံနှင့်အ၀ှန်း ဂရန်ထုတ်ပေးသောအခါ ခက်ခဲရှုပ်ထွေး များပြားသော လုပ်ငန်းစဉ် များကို အထူးအဖွဲ့ဖြင့် ဖြေရှင်းဆောင်ရန် ရည်ရွယ် ပါသည် ။

(၃) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့
( ၃ / ၁ ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့ကို အောက်ပါပုဂ်္ဂိုလ်များနှင့်ဖွဲ့ စည်းရမည်
- တိုင်းဒေသကြီးသို့ပြည်နယ် မြေစာရင်းဦးစီးဌာန ( အင်အား အားလုံး )
- တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး
- တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် ၀န်ကြီးချုပ်မှသင့်တော်သည်ဟုသတ်မှတ် ခန့်အပ်စေလွှတ် သော ပုဂ်္ဂိုလ် (၅) ဦး
( ၃ /၂ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်များကို စစ်ဆေးခြင်း
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ စီစဉ်ဆုံးဖြတ်ချက်များကို အတည်ပြုပေးခြင်း
- မြို့နယ်မြေယာဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ချက်လျှောက်ထားသော အမှုအခင်းများကို စစ်ဆေးဆုံးဖြတ်ခြင်း
( ၃ / ၃ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်မြေယာဘုတ်အဖွဲ့၏ အာဏာ
- တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံးအပြီး သတ်အဆုံးအဖြတ်ဖြစ်စေရမည် ။

(၄) မြေယာဘုတ်အဖွဲ့များ၏သက်တမ်း
- မြေယာဘုတ်အဖွဲ့အားလုံး၏သက်တမ်းသည် မြေယာဂရန်ထုတ်ပေးသော လုပ်ငန်းစဉ်များပြီးပြတ်သော ပြည်နယ်အလိုက် ပြီးပြတ်ဖျက်သိမ်းစေရမည် ။
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မြေယာဘုတ်အဖွဲ့မှ မိမိတို့လုပ်ငန်းစဉ်များပြီးဆုံးကြောင်း ကြေညာပြီးသည်နှင့်တပြိုင်နက် မြေယာဘုတ်အဖွဲ့အဆင့်ဆင့်ကိုဖျက်သိမ်းရမည် ။
- မြေယာဂရန်ထုတ်ပေးပြီးနောက်ပိုင်း မြေယာဘုတ်အဖွဲ့ဖျက်သိမ်းပြီးမှပေါ်ပေါက်လာသော မြေယာ အငြင်းပွါး မှုများကို ဤဥပဒေနှင့်အညီ တိုက်ဆိုင်စစ်ဆေးပြီးတရားမကြောင်းအရသာ စီရင်ဆုံးဖြတ်စေရမည် ။

မြေယာဘုတ်အဖွဲ့၏ သက်တမ်းသည် ကာလတိုအဖြစ် သတ်မှတ်ရသည်မှာ( အရေးပေါ်စီမံခန့်ခွဲမှု အောက်တွင် ထားရသည်မှာ ) တရားစီရင်ရေးမဏ္ဍိုင်တွင် နှစ်မျိုးကွဲလွဲဆုံးဖြတ်ပတ်သက်မှုကိုရှောင်ရှား ရန်ဖြစ်ပါသည် ။

ဘာ့ကြောင့်အစောဆုံးပြင်ရမလဲ

ကျွန်ုပ်တို့ပါတီသည် တောင်သူလယ်သမားများကိုအခြေခံဖွဲ့စည်းထားသဖြင့် မြေယာပေါ်လစီ တွေပြောနေတာဖြစ်သည်ဟု မြင်သူတွေကမြင်မည် ။အမှန်က ပါတီခေါင်းဆောင်ပိုင်းမှာ အင်ဂျင်နီယာနဲ့ ခေတ်ပညာတတ်တွေပါသည် ။ ဥပဒေပညာရှင်တွေပါ သည် ။ တောင်သူလယ်သမားအရေးဟူသော လူတန်းစားတစ်ရပ်ကို အခြေခံစဉ်းစားနေသော ပါတီမဟုတ် ။ မြေယာပေါ်လစီတွေသည် တောင်သူ လယ်သမားအရေးသက်သက်မဟုတ်ကြောင်း အောက်တွင်ပြဆိုမည် ။

(၁) မြေယာပေါ်လစီ
မြေယာပေါ်လစီသည် ရှုပ်ထွေးသည် ။ နားလည်ရခက်ခဲသည်ဟု အချို့ကပြောကြ သည် ။ နိုင်ငံပြောင်းလဲရေးတွေလုပ်ရာမှာ နောက်ဆုံးမှ လုပ်ကြသည်ဟုမြင်သည် ။ ကျွန်ုပ်တို့နှင့် အမြင်ကွဲလေသည် ။ ကျွန်ုပ်တို့နိုင်ငံသည် မြေယာပေါ်လစီမပြင်သမျှ နိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့နှောင့်နှေးမည် ။

(၂) စက်မှုဖွံ့ဖြိုးရေး နဲ့ မြေယာပေါ်လစီ
အဆက်အစပ်ရှိလေသည် ။ စက်ရုံအလုပ်ရုံတွေ ဘယ်ပေါ်မှာတည်ဆောက်ကြမည်နှင့် ။ မြေကြီးပေါ်မှာသာတည် ဆောက်ကြရပါမည် ။ ထိုမြေကြီးပေါ်တွင် ဘယ်လို ပိုင်ဆိုင်မှုအမျိုးအစား သက်သေခံမှု အမျိုးအစားတို့ဖြင့် စာချုပ်ချုပ်ဆိုတည် ဆောက်ကြပါမည်နည်း ။ မြေယာပေါ်လစီလိုအပ်လေသည် ။ ဘယ်လိုမြေယာပေါ်လစီရှိမှ စက်ရုံအလုပ်ရုံတည်ဆောက်ရန် လွယ်ကူမည်နည်း ။ စက်မှုကဏ္ဍကို ဆွဲဆောင်နိုင်မည်နည်း ။


(၃) ရင်းနှီးမြုပ်နှံမှု နဲ့ မြေယာပေါ်လစီ
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေလိုအပ်သော ဒီနေ့ခေတ်တွင် မြေယာပေါ်လစီက စကား ပြောလာသည် ။ လုပ်လုပ် /ပြေးပြေး / အင်ဖာစတာချာ (အဆောက်အဦး /နည်းပညာ ) ဘာမျှမကျန် ရစ်နိုင်သော သယံဇာတ ထုတ်လုပ်ရေးနှင့် ဆိုင်သည့် ရင်းနှီးမြုပ်နှံမှု မဟုတ်ဘဲ ရေရှည် ရင်းနှီးထား မြှုပ်နှံထားပြီး လူ့စွမ်းအားအရင်းအမြစ်တွေ အလုပ်အကိုင် ဖန်တီးနိုင်မှုတွေ ဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ မြေကြီးပေါ်မှာသာအခြေချရမည် ။ မြေယာရယူခွင့်/ သုံးစွဲခွင့် / အခွန်အခကောက်ခံမှု/ ပိုင်ဆိုင်ခွင့်/ ငှားရမ်းခွင့် /အာမခံမှု / လွှဲပြောင်းမှု စတာတွေသည် ရင်းနှီးမြှုပ်နှံရန်သင့်တော်သော အခြေအနေဖြစ်ရ မည် ။ သို့ဆိုလျှင် မြေယာပေါ်လစီသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့်လည်း ဆက်စပ်လေသည် ။

(၄) မြေယာပေါ်လစီသည် လယ်သမားအရေးသက်သက်မဟုတ်
လယ်သမားတွေ လယ်လုပ်ဖို့သာမဟုတ် လယ်သမားတွေလယ်ယာမြေကထွက်ခွါဖို့ အထက်က ဖော် ပြခဲ့သော နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ။ လမ်းဖောက်တံတားဆောက် ၊ ဆေးရုံ ၊ ကျောင်းဆောက် အမျိုးသားပိုင်ကဏ္ဍ စတာတွေလုပ်ဖို့ လယ်သမား မြေတွေသိမ်းကောင်းသိမ်းရမည် ။ သိမ်းလည်း သိမ်းနေသည် ။ ဘယ်ပေါ်လစီနှင့် သိမ်းမည် နည်း ။ ဘယ်ပေါ်လစီနှင့်လျော်မည်နည်း ။လယ်သမားအရေး သက်သက်သာမဟုတ် အခြားကဏ္ဍတွေအတွက် မြေယာပေါ်လစီသည် ကနဦးလုပ်ရပေလိမ့်မည် ။

(၅) ပညာရေး နဲ့ မြေယာပေါ်လစီ
တောရွာတွေမှာ လူတွေပြန့်ကျဲနေကြသည် ။ တောတစ်အိမ်တောင်တစ်အိမ်ဖြစ်သည် ။ ဒါတွေကို ပြန်စုဖို့မလုပ်နိုင်ဘဲ ထိုသူတွေမိသားစုရဲ့ ပညာရေးကို ဘယ်သူမျှ လိုက်လံဆယ်တင်နိုင်မည်မဟုတ် ။ ဒီလိုလူနေမှုပြန့်ကျဲနေတာကို စုဖို့ မြေယာပေါ်လစီနဲ့ ဆိုင်ကြောင်း နိုင်ငံရေးအဖွင့်စာအုပ်မှာရှင်းခဲ့ပြီး ပေါ်ပြူလာနယူးဂျာနယ်မှာ ပြန့်ကျဲဖြစ်စဉ်ဆိုပြီး ဆောင်းပါးရေး ခဲ့ပြီးဖြစ်လေသည် ။

(၆) ကျန်းမာရေးနဲ့မြေယာပေါ်လစီ
ထို့အတူတူပင်ဖြစ်လေသည် ။ နောက်ဆက်တွဲ လူမှုအသိုင်းအ၀န်းနှင့်ကင်းပြတ်တဲ့ရောဂါပါ ကုရန် မြေယာပေါ်လစီက တတ်နိုင်လေသည် ။ ( နိုင်ငံရေးအဖွင့်စာအုပ်မှာရှင်းခဲ့ပြီး )

(၇) လမ်းပမ်းဆက်သွယ်ရေး နဲ့ မြေယာပေါ်လစီ
ကုန်ထုတ်လုပ်ရေးနဲ့ လမ်းပမ်းဆက်သွယ်ရေး တိုက်ရိုက်ပတ်သက်လေသည် ။ လမ်းဖောက်ဖို့ တောတောင်လယ်မြေတွေကို ထိရမည် ။ ဘယ်လိုပေါ်လစီနှင့် တို့ထိမည်နည်း ။

(၈) နိုင်ငံတော်နဲ့မြေယာပေါ်လစီ
အမျိုးသားအကျိုးစီးပွါးကိုကြည့်ဖို့မြေကြီးပေါ်မှာ မှီတင်းနေထိုင်သူကိုကြည့်ရတာဖြစ်သည် ။ ဒေသခံ လူမျိုး နွယ်ရင်း တွေအတွက် ကြည့်ရတာဖြစ်သည် ။ ထိုသူတွေ မှီတင်းနေထိုင် သောမြေကြီးသည် ထိုသူတွေအတွက်ဖြစ်စေရမည် ဖြစ်သကဲ့သို့ ထိုသူတွေကိုယ်တိုင် အသုံးမချနိုင်သော ဒက်လော့ မဖြစ်စေ ရပါ ။ ထို့အပြင်နိုင်ငံတော်လုံခြုံရေးတွင် စားနပ်ရိက်္ခာသည် ကဏ္ဍတစ်ခုအဖြစ်ပါနေသော ယနေ့ခေတ်တွင် အစားအသောက်များ ( ဆိုလိုသည်မှာ ဖုဒ် များ ) အသားငါးနှင့် သီးနှံတို့ကို စက်ရုံမှ ရိုက်မထုတ်နိုင်သေးသမျှ မြေကြီးကို အားကိုးရလေ သည် ။ထိုမျှလောက်အရေးကြီးသည့် နိုင်ငံတော်လုံခြုံရေးကဏ္ဍဖြစ်သည့် မြေယာပေါ်လစီ ။

(၉) အစိုးရပိတ်မိခြင်း
မြေယာပေါ်လစီ၏အသီးတစ်ခု ဆိုကြပါစို့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ခြင်း ဥပဒေ - ပုဒ်မ (၅) သိမ်းယူခြင်း တွင် - - - - - - - - - ထို့အပြင်ဤအက်ဥပဒေအရ လယ်ယာ မြေကို ပြန်လည်သိမ်းယူပြီး သည့်နောက်တွင် အဆိုပါလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေး မှတပါး ၊ အခြားမည်သည့် အခွင့်အရေးမျှ ပုဒ်မ(၁၀) တွင် အတိအလင်းပြဌာန်းထားသည့်အတိုင်း မှတပါး ပေါ်ပေါက်သက်ရောက်ခြင်း မရှိစေရ
ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့်သော်လည်းကောင်း တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရများ အနေဖြင့်သော်လည်းကောင်းပုဂ်္ဂလိက လုပ်ငန်းကြီးများထွန်းကား ပေါ်ပေါက် ရေးတွင် အထောက်အကူမပြုနိုင်တော့ပေ ။
စသဖြင့် အရေးကြီးသော မြေယာပေါ်လစီကို ကနဦးမလုပ်နိုင်သေးသမျှ နိုင်ငံဖွံ့ဖြိုးရေး အတွက် နှောင့်နှေးနေပေလိမ့်ဦး မည် ။
နောက်ဆုံးမှ လုပ်မည်ဟုဆိုလျှင် ယခု နောက်ဆုံးအချိန် ဖြစ်နေပါသည်ဟု ထောက်ပြလိုပါ တော့သတည်း ။


နိဂုံး
ဇေကမ္ဘာကုမ္ပဏီ နှင့် ရွှေနံ့သာလယ်သမားများ
ပြဿနာ

ကို နိဂုံးချုပ်ရသော်

ဘက်မလိုက် အဂတိကင်းကင်းရှင်းရှင်းဖြင့် အရှည်ကို မျှော်တွေးပြီး တရာမျှတစွာ
အဖြေထုတ်ပေးဖို့လိုနေပါသေးကြောင်း


နေမျိုးဝေ
ဥက်္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ
ဖုန်း ၀၉၈၆၁၀၇၁၉
ရက်စွဲ ၁၃.၆.၂၀၁၁
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment