မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌအား ဇေကမ္ဘာကုမ္ပဏီမန်နေဂျာဦးမြင့်ဇော်မှ စွဲချက်တင်ရာ မင်္ဂလာဒုံမြို့နယ် တရားရုံးမှ ပစ်မှုကြီးပုဒ်မ (၅၀၀)ကို ကျူးလွန်ကြောင်းနှင့် ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဖြစ်၍ ၂၃.၈.၂၀၁၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် တရားရုံးတော်၌ ထုချေရှင်းလင်း ရမည်ဖြစ်ပါသည် ။
ပါတီဥက္ကဌအနေဖြင့် ဇေကမ္ဘာနှင့် ရွှေနံ့သာလယ်သမားများကိစ္စ လယ်သမားများ၏ နစ်နာမှုများရှင်းလင်း ပြောဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား အသရေပျက်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးသမား၏ တာဝန်ကိုထမ်းဆောင်ရင်း ဇေကမ္ဘာမှမဟုတ် မည်သူ့ကိုမဆို ပွင့်လင်းစွာ ဝေဖန်ပြောဆို ဖော်ထုတ်နေခြင်းသာဖြစ်၍ ယခုစွဲဆိုသော အမှုအပေါ်တွင် ပြန်လည် တရားစွဲဆိုလိုခြင်း တုံ့ပြန်လိုခြင်း မရှိဘဲ ရင်ဆိုင်သွားမည်သာ ဖြစ်ပါသည်။
Tags:
ထုတ်ပြန်ချက်
Leave a comment