ခေတ်ပြောင်းစနစ်ပြောင်းကိုရောက်ပြီ ။ ၂၁ ရာစု ခေတ်ဦး ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရောင်နီ ။ ခေတ်တွေပြောင်းလေပြီ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဟူသောဆုလာဘ်ကြီး ။ အမှန်က ကျွန်ုပ်တို့၏ မူလဘူတအခွင့်အရေးကြီးဖြစ်သည် ။ သို့သော် နှစ်ပေါင်းများစွာ အမှောင်ကျ ပိတ်ဆို့ကာဆီးထားခဲ့သည့်ကာလတာရှည် တို့ကြောင့် - ဤအရာ - လွတ်လပ်စွာပြောဆိုရေးသားထုတ်ဖော်ခြင်းသည် ကျွန်ုပ်တို့၏ ဆုလာဘ်ကြီး ဖြစ်သည်ဟု တင်စားလိုသည် ။
ဟိုးယခင်အချိန်တွေတုံးက အေဖိုးစာရွက် တစ်ရွက်ရေးသားကာ မျှဖြင့် ဖမ်းဆီးထောင်ချအရေးယူခဲ့ရမှုတွေရှိခဲ့ဖူးပေါင်းများပြီ ။ ယခုမူ - ကျွန်ုပ်တို့ ပါတီတွေ နသ တည်းဟူသော မဟာဆုလာဘ်ကြီးကိုရသည် ။ ရေးသားဖော်ထုတ်ဖြန့်ဝေခွင့်ရသည် ။
သို့သော် ကျွန်ုပ်တို့ကား နိုင်ငံအတွက်အလုပ်အကြွေးပြုမည်ဟု မိမိဘာသာ စိတ်ကြီးဝင် ဘ၀င်မြင့် သွေးနားထင်ရောက်ကာ လူထုနစ်နာ မှုတွေကို ဟစ်တိုင်သဖွယ်အသုံးချကာ မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ရေးသားဖော်ထုတ်ကြပေတော့သည် ။
သို့သော် ညွှန်ကြားချက် ၄၂ ဟူသော စည်းကမ်းချက်ကြီးကား ထီးတည်းကြီးခန့်ခန့်ထည်ထည် မော်မော်ကြွားကြွား ရပ်တည်လို့ကောင်းဆဲ ဖြစ်သည်ကို သတိမမူ ။
သတိမမူတော့ ဂူကိုမမြင်ဆင်ကန်းတောတိုးပမာဖြစ်ပြီးသကာလ ညွှန်ကြားချက် ၄၂ ကြီးနှင့် တိုးသည် - ပြည်ထောင်စုအစိုးရနှင့် ဆက်ဆံရေးလမ်းကြောင်းမရှိ ။ အောက်ခြေက ဖြစ်စဉ်အမှန်များ မည်သို့မည်ပုံ ဖြစ်ပျက်နေသည် ကို အစိုးရ တာဝန်ရှိသူများ သိရှိစေ ရန်ဟူသော စိတ် စေတနာဇောဖြင့် ရေးသည် ။ ဖွသည် ။ ပြသည် ။ ရည်ရွယ်ချက်ကား မြင်ပါ စေ ။ ကုပါစေ ။ ပျောက်ကင်းချမ်းသာပါစေ ။
သို့သော် ညွှန်ကြားချက် ၄၂ ဆိုတာကြီးက အလွတ်မပေး ။ ချမ်းသာမပေး ။ ပြစ်ဒဏ်တပ်သည် ။ ဖိုင်းချသည် ။ ဒဏ်ရိုက်သည် ။ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းသည် ။ ငါးသိန်းကျပ် ““ ပလုံ ”” ဟုပင်အသံ မ မြည် ။ ပီဒီပီ ၏ နသ ၀၆၈ ဆိုသည်ကား ပါတီ ၃၀ ကျော်ထဲမှာ နောက်အကျဆုံးနံပါတ် တစ်သီးပုဂ်္ဂလတွေထက်ပင် နောက်ကျသည် ။ နောက်ကျရခြင်းအကြောင်းရင်းကား ၀ီရိယ မရှိလို့မဟုတ် ။
““ ငွေ ”” - - - အမေရိကန်နိုင်ငံရေးလောက စကားပုံတစ်ခုရှိ သည် ။ ““ငွေသည်နိုင်ငံရေး၌မိခင်၏နို့ရည်ဖြစ်သည်”” ဟူသတတ် ။ ပီဒီပီ တွင် ငွေမရှိ ။ ထို့ကြောင့် နသ အတွက် မှတ်ပုံတင်ကြေး တစ်သိန်း နှင့် အာမခံကြေး ဆိုပါဆို့ ငါးသိန်းကျပ် ပေါင်း ခြောက်သိန်းသည် မဟာတံတိုင်းတစ်ခုဖြစ်နေသဖြင့် အလွန်နောက်ကျပါမှ ၀၆၈ ဟူသော ခြောက်ကျိပ်ရှစ်ယောက်မြောက် သော နသ တော်ကြီးကို ဆွတ်ခူးနိုင်ခဲ့ သည် ။
ထားတော့ ။ မည်သို့ပင် နောက်ကျခဲ့ပါစေ ။ ရရှိထားသော ပါတီ နသ ကို လူထုအတွက် အကျိုးရှိရှိ အသုံးချလိုက်သည် ။ အသုံးချရမည် ။ ထုတ်ဖော်ရေးသားရမည် ဟု သဘောပိုက်ကာ ရသမျှ နိုင်ငံရေး စပေ့ ကလေးမှာ အားထုတ်လိုက်ကြတာဖြစ်သည် ။
၂၀၁၂ ခု နှစ် ဇူလိုင်လတွင် နိုင်ငံရေးဖြစ်စဉ်တွေအလွန်လျှင်မြန်စွာ ဖြစ်သည် ။ နစ်နာသူကုစားရေးဟူသော ရပ်တည်ချက်ဖြင့် ဒိုင်ဗားစတီး စာစဉ်ကလေးကို ထိုတစ်လအတွင်း နှစ်ကြိမ်ထုတ်လိုက်သည် ။
ဒုတိယ အကြိမ်ထုတ်ဝေလိုက်သော ဒိုင်ဗားစတီး စာစဉ် (၁၉) နှင့် ညွှန်ကြားချက် (၄၂ ) တို့ နဖူးတွေ့ဒူးတွေ့ တွေ့သည် ။ နပန်းလုံး သည် ။ ခေါင်းနှင့်တိုက်သည် ။ ၀ီစီတွတ်သံကြားရသည် ။ စင်ပေါ်တွင် တစ်ဦးမှောက်နေသည် ။ မှောက်နေသူကို ကြည့်လိုက်တော့ လားလား - ““ ဒိုင်ဗားစတီး ”” ဖြစ်သည် ။ အနီထောင့်မှာ ခါးထောက်လျှက် ဗိုလ်ရှုခံ နေသူကား ညွှန်ကြားချက် (၄၂) ဖြစ်သည် ။
မတတ်နိုင်တော့ ကွဲရှုံး မဟုတ် ။ ကြောက်ရှုံးမဟုတ်။ မှောက်ရှုံး။ မတတ်နိုင် ထပင်မထနိုင်တော့ ။ အနှစ်ချုပ်လိုက်လျှင် ဒိုင်ဗားစတီး စာစဉ် ၏ အာမခံကြေးငွေ ငါးသိန်းကျပ်တိတိကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း လိုက်သည် ။ ““ ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ကြားရေး ၀န်ကြီးဌာန ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂) ”” သည် ကျွန်ုပ်တို့ပါတီမှ နိုင်ငံတော်ဘဏ္ဍာအဖြစ် ၀င်ရောက် ထမ်းဆောင်သောအလှူအတန်းအတွက်ပြန်လည်ချီးမြင့်သောဂုဏ်ပြုမှတ်တမ်း ဖြစ်သည် ။ ဘယ့်ဂလောက် ကောင်းလိုက်လေသနည်း ။
ကျွန်ုပ်တို့၏ လွတ်လပ်စွာပြောဆိုရေးသားထုတ်ဖော်ခြင်းကို ဟိုးယခင်ကမရ ။ မခံနိုင်လို့ထရေး ထောင်ချ ။ အေဖိုးတစ်ရွက် အနှစ် ၂၀ ။ ယခုမူနိုင်ငံပြောင်းလဲလေပြီ ။ ရေးသားခွင့် ဖော်ထုတ်ခွင့်ရလေပြီ ။ ညွှန်ကြား ချက် (၄၂ ) ကိုဈေးမဆစ်သေး ။ ညွှန်ကြားချက် (၄၂ ) နှင့် ညိစီန်းလျှင်တောင်မှ အချည်းအနှီးမဖြစ် ။ နိုင်ငံ့ဘဏ္ဍာတိုက်ကိုဖြည့်ဆည်းရ သည့် ပြစ်ဒဏ် ကို သာရသည် ။ ဒါသည် ကြီးစွာသော နိုင်ငံရေးအပြောင်း အလဲဟု ကျွန်ုပ်တို့က လက်တို့လိုက်လျှင် အပြစ်တင်ကြဦးမည်လား ။
အချို့သော ဒီမိုကရေစီနိုင်ငံကြီးများအတွက်မူ ဤကိစ်္စမျိုးသည် မည်သို့မျှလက်သင့်ခံနိုင်မည်မဟုတ် ။ ညွှန်ကြားချက် (၄၂) ကြီးကို ပြတိုက်မှာသာထားမည် ။ ရှေးဟောင်းပစ်္စည်းအဖြစ် ပြစရာကောင်းကောင်း ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်မည် ။
ကျွန်ုပ်တို့လည်း ညွှန်ကြားချက် (၄၂ ) ကြီးကို လုံးလုံးချစ်ကြည့် လို့မရ ။ မတတ်နိုင် အများပြည်သူကရွေးချယ်ထားသော ပြည်သူ့လွှတ်တော် ကြီးက သာလုပ်နိုင်သည် ။ ကျွန်ုပ်တို့က လူနည်းစုဖြစ်နေပုံရသည် ။ ကျွန်ုပ်တို့ကို လူထုအများစု က မထောက်ခံလေတော့ ဘာမျှ မတတ်နိုင် ။ ကျွန်ုပ်တို့ အကြိုက်သာဆိုပါမူ ထိုဟာကြီးမရှိတာကြာလှပေပြီ ။
ဒီမိုကရေစီ ဟုဆိုသဖြင့် လူများစုအကြိုက်ကို ကျွန်ုပ်တို့လိုက်ရပေ တော့မည် ။ ကျွန်ုပ်တို့ ပီဒီပီ တွင် လူနည်းစု အခွင့်အရေးတစ်ခု ရှိပါ သည် ။ အဲဒါကတော့ - ““ အဲဒီညွှန်ကြားချက် (၄၂) ကြီးသည် ကျွန်ုပ်တို့၏ လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်လွန်းလှသည် ။ လူများစုကြီးခင်ဗျား ညွှန်ကြားချက် (၄၂) ကြီးကို ဖြုတ်ပေးတော်မူကြပါ ။
လူများစုရွေးချယ်ထားသော ကိုယ်စားလှယ်တော်ကြီးများခင်ဗျား ညွှန်ကြားချက် (၄၂ ) ကြီးကိုဖြုတ်ပေးတော်မူကြပါ ။ ဤမျှအော်လျှင် ယခင်ကအနှစ်(၂၀)ယခုမူ နိုင်ငံတော်ဘဏ္ဍာ အဟောဝတ ကောင်းလေစွ ။
နေမျိုးဝေ
Tags:
ဆောင်းပါး
Leave a comment