ရှေ့နေဦးစိုးသိန်း နှင့် ဦးနေမျိုးဝေ

ယနေ့(၂၅.၈.၂၀၁၂)နံနက်တွင် ရှေ့နေကြီးဦးစိုးသိန်းသည် ဦးနေမျိုးဝေနေအိမ်သို့ရောက်ရှိလာသည်။ ဒီမိုကရက်တစ် မြန်မာ့အသံမှ ဦးနေမျိုးအားဇေကမ္ဘာကုမ္ပဏီမှ စွဲဆိုသည့်အမှုအား ကြားသိရ၍ ဦးနေမျိုးဝေမှာ လယ်သမားအရေး ဦးဆောင် ဦးရွက်ပြုနေသူဟု ကြားသိရ၍ ပူးတွဲလိုက်ပါဆောင်ရွက်ပေးလိုခြင်းကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှေ့ကြေီးမှ ပြောသည်။ ရှေ့နေကြီးဦးစိုးသိန်းသည် ယခင်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ်တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ခုနှစ်တွင် ချင်းအမျိုးသားဒီမိုကရေစီ ပါတီဥက္ကဌ ဦးဇာလီထန်းအား ပုံနှိပ်အက်ဥပဒေ ဖြင့် တရားစွဲဆိုခံရသည့်အမှုအတွက် နေ့ချင်း အားမခံပေးလိုက်မိသည်။ အမှုရင်ဆိုင်နေစဉ် ဦးဇာလီထန်းမှာ မီဇိုရမ်ပြည်နယ်အတွင်း တိမ်းရှောင်သွား၍ ရာထူးချခြင်း ခံရသဖြင့် ဆန္ဒအလျှောက် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ရှေ့နေကြီးဦးစိုးသိန်းသည် ၁၉၇၀ ခုနှစ်မှ စတင်၍ အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ ယခု ဦးနေမျိုးဝေအား ဇေကမ္ဘာမှစွဲဆိုသော အမှုအတွက် အခြားသော ရှေ့နေကွန်ယက်မှ ရှေ့နေများနှင့် ပူးတွဲ လိုက်ပါဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးနောက်တစ်ပတ်ရုံးချိန်းတွင် စတင်လိုက်ပါမည်ဖြစ်သည်။ ပုံမှန်အား ဖြင့် ရှေ့နေကြီးဦးစိုးသိန်းမှာ အသက်အရွယ်အရ ရံဖန်ရံခါသာလိုက်ပါဆောင်ရွက်ပြီး လယ်သမားအရေး လိုက်ပါဆောင်ရွက်နေသူ ဦးနေမျိုးဝေကိစ္စအတွက် ဆန္ဒအလျှောက် အခမဲ့ လိုက်ပါကူညီဆောင်ရွက်လိုခြင်း ဖြစ်သည်။ လမ်းပြကြယ် ဦးအေးမြင့်သည် လွန်ခဲ့သော နှစ်ပတ်ခန့်က ရှေ့နေလိုင်စင်ပြန်လည် ရရှိထားပြီး ဦးနေမျိုးဝေ အားတရားမစွဲဆိုမီကပင် လိုက်ပါကူညီမည်ဟု ပြောဆိုထားသည်။ သို့သော် ပဲခူးမြို့တွင် ရေကြီးရေလျှံ ဖြစ်နေခြင်းကြောင့် အမှုစတင်ရင်ဆိုင်သည့်နေ့တွင် အဆက်အသွယ်မရဖြစ်ခဲ့ရသည်။ နောက်တစ်ပတ် ရုံးချိန်တွင် ဦးအေးမြင့်လည်း ပူးတွဲလိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဦးအေးမြင့်အား ဆက်သွယ်ရန် ၀၉၄၉၅၀၄၉၇ ဦးစိုးသိန်းအားဆက်သွယ်ရန် - ၀၉၄၂၁၀၀၂၅၈၉ (တစ်ဆင့်)
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment