ခင်ဦးမြို့နယ်က တောင်သူလယ်သမားတွေဟာ လယ်မြေသိမ်းခံကိစ္စတွေနဲ့ ပတ်သက်ပြီး မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌကို ဖိတ်ခေါ်ပြီး သူတို့တွေ လယ်သိမ်းခံရတဲ့အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ ခင်ဦးမြို့နယ်အတွင်းက လယ်သမားတွေဟာ စစ်တပ်ရဲ့ သိမ်းဆည်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး သိမ်းဆည်းစဉ်က မွေးမြုရေးလုပ်ကိုင်ဖို့ သိမ်းဆည်းမယ်လို့ ပြောဆိုသိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်ဆင့်ကမ်း သီးစားချစားခြင်း အဖွဲ့အစည်းတစ်ခုရဲ့ လက်ဝါးကြီးအုပ်ခံထားရခြင်းတို့ကို မျက်မြင်တွေ့ရှိနေကြရပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ လယ်မြေတွေကို ပြန်လည်ရရှိလိုတဲ့အကြောင်း လယ်မဲ့ယာမဲ့ဖြစ်ခဲ့ရပြီး လက်လုပ်လက်စား ဘ၀ရောက်ခဲ့ရတဲ့အဖြစ်တွေကို ရှင်းလင်းပြောဆိုကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကို တင်ပြတိုင်ကြားထားပေမယ့်လည်း မည်သို့မျှ ဆက်လက်ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း တွေ့ရပါတယ်။
PDP ဥက္ကဌကတော့ လွှတ်တော်က ဖွဲ့စည်းမယ့် မြေယာသိမ်းဆည်းခံရမှုများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတဲ့အချိန်ကိုစောင့်ပြီး တင်ပြရမယ့် ပုံစံတွေကို လယ်သမားတွေ လက်ထဲဖြန့်ဝေပေးခဲ့ပါတယ်။
ခင်ဦးမြို့နယ်ကို ရောက်ရှိနေစဉ်မှာ စာပေစိစစ်ရေးက Diversity စာစဉ်(၁၉) ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး နသထုတ်ဝေခွင့် စဘော်ငွေ (၅၀၀၀၀၀)ငါးသိန်း ကို အစိုးရဘဏ္ဍာအဖြစ် ဖြစ်တောက်လိုက်တာကြောင့် နောက်ထပ်စာစဉ်တွေ ထုတ်ဝေနိုင်ဖို့ ပြန်လည် စီစဉ်ရအုံမှာ ဖြစ်ပါတယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment