ကသာမြို့နယ်ကို ရောက်ရှိနေတဲ့မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌဟာ ကြံစိုက်တောင်သူတွေနဲ့ ယာမြေတွေထဲထိ လိုက်လံကြည့်ရှုပြီး လယ်သမားများရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မှတ်တမ်း ရယူခဲ့ပါတယ်။
ဖြစ်နေတဲ့ကိစ္စက ကြံစိုက်တောင်သူတွေနဲ့ Great Wall ကုမ္ပဏီတို့ရဲ့ လယ်မြေအငြင်းပွားမှုကိစ္စနဲ့ ကြံစိုက်တောင်သူတွေဟာ ကြံဈေးနှုန်းတွေကို Great Wall ကုမ္ပဏီရဲ့ ချုပ်ကိုင်မှုကြောင့်လည်း ဈေးနှုန်း ကျဆင်းမှုဒဏ်တွေကို ကြုံတွေ့နေရတာကြောင့် အခုလို မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကနှင့် အဖွဲ့ကို ဖော်ထုတ်ဖို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။
ယခင်ကတော့ ကြံစိုက်တောင်သူတွေဟာ ဘာပြောလို့ပြောရမှန်းမသိ ကြောက်နေကြတဲ့အချိန်မှာ ဦးနေမျိုးဝေဆီက ပို့လိုက်တဲ့ မြေယာဥပဒေအဟောင်းအသစ် ရှင်းတွဲရှင်းလင်းခြင်း CD အခွေကို နားထောင် ပြီးတဲ့အချိန်မှာ သူတို့ရဲ့ ယာမြေတွေကို ကုမ္ပဏီက လက်ဝါးကြီးအုပ်တော့မယ်ဆိုတာကို သိရှိပြီး ဒီအကြောင်း ကိစ္စအတွက် နိုင်ငံတော် သမ္မတဆီကို အသနားခံစာပေးပို့တင်ပြပြီး လယ်ယာလုပ်ကိုင်သူတွေ အတွက် ဥပဒေအသစ် ထွက်ရှိပြီးချိန်မှာ လုပ်ကိုင်ခွင့် မှတ်ပုံတင်ချမှတ်ပေးနိုင်ဖို့ တင်ပြအသနားခံစာ ပေးပို့ခဲ့ကြပါတယ်။ ဒီစာကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးဦး သမ္မတကြီးနဲ့ တွေ့ဆုံချိန်မှာ သမ္မတလက်ထဲ အရောက် ပေးပို့နိုင်ခဲ့ပါတယ်။
ကသာက ကြံစိုက်တောင်သူတွေ တွေ့ကြုံနေရတာကတော့ နိုင်ငံတ၀ှမ်းက လယ်မြေသိမ်းဆည်းမှုတွေထက် ဧကများစွာ သာလွန်ပါတယ်။ လက်ငုတ်လုပ်ကိုင်သူတွေရှိနေတဲ့ ကြံစိုက်မြေဧရိယာ ဧက ၁၀၀၀၀ ကျော်ကို Great Wall ကုမ္ပဏီက နိုင်ငံတော်ဆီက ဂရံလျှောက်ထားပြီး ကြံစိုက်တောင်သူတွေကို တန်ရာတန်ကြေး မပေးပဲ ဖယ်ရှားဖို့လည်း စီစဉ်နေပါတယ်။ ကိုယ်တိုင် တောတိုး ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလုပ်ကိုင်သူတွေဟာ ယာမြေတွေကို ပိုင်ဆိုင်ခွင့်မရတော့ဘဲ Great Wall ကုမ္ပဏီက ပိုင်ဆိုင်မှုရတဲ့ မြေဧရိယာ အတွင်းမှာ ၀င်ရောက်စိုက်ပျိုးသလို အဖြစ်မျိုးနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။
ဒီအတွက် ကြံစိုက်တောင်သူတွေဟာ လယ်သမားအစည်းအရုံးဖွဲ့စည်းပြီး ယာမြေတွေအတွက် အရေးဆိုဖို့ စီစဉ်ခဲ့ပါတယ်။ ဒီကြံစိုက်တောင်သူတွေဟာ သူတို့ကို ဦးဆောင်ပြီး လယ်မြေတွေကိစ္စလိုက်လံဆောင်ရွက် ဖို့ ခေါင်းဆောင်အဖြစ် ဦးကျော်အောင်၊ ဦးဖိုးသောင်းတို့ကို တင်မြှောက်ထားပါတယ်။ နိုင်ငံတော်သမ္မဆီ စာတင်ဖို့ လိုအပ်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လည်း ဦးဆောင်သူတွေကပဲ လိုက်လံဆောင်ရွက်နေပါတယ်။
ဦးကျော်အောင် - ၀၉၄၇၀၇၉၅၆၅
ဦးဖိုးသောင်း - ၀၉၆၈၁၄၂၁၇
ဦခင်မောင်တင့် - ၀၉၄၇၁၁၀၅၄၈
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment