မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဆင်ဖုံးကျေးရွာ နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာမှ လယ်သမားများ ဆန္ဒပြမည်

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဆင်ဖုံကျေးရွာ နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာများမှ လယ်သမားများသည် ဇေကမ္ဘာမှာ ယခုရက်ပိုင်းအတွင်း ဖယ်ရှားပေးရန် ဇေကမ္ဘာကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်မှ လက်မှတ်ရေး ထိုး၍ ဖယ်ရှားပေးရန် နှင်ထုတ်နေခြင်းကြောင့် ဆန္ဒပြဖော်ထုတ်မည်ဟု မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ လာရောက် အကြံဥာဏ်တောင်းခံသည်။ 


၁၈ . ၈ . ၂၀၁၂ ရက်နေ့တွင် မင်္ဂလာဒုံ မြို့နယ်မှူးထံ ဆန္ဒပြခွင့်သွားရောက် လျှောက်ထားခဲ့သည်။ ထိုသို့ သွားရောက်လျှောက်ထားရာ ရွာသားများမှ ဘုန်းတော်ကြီးကျောင်းတွင် ငြိမ်းချမ်းစွာ စုဝေခွင့် တင်ပြခြင်း ဖြစ်ပြီး မြို့နယ်မှူးမှ ထောက်ကြံ့စည်ပင်ပန်းခြံသို့သာ သွားရောက်ရန် ပြောဆိုသောကြောင့် မိုးရွာသွန်းထားမှု အခြေအနေနှင့် ပန်းခြံမှာ စိုးရွာစွာ ပျက်စီးနေခြင်းကြောင့် လယ်သမားများကလည်း လက်မခံခဲ့ပေ။ ထိုသို့ ဆန္ဒပြခွင့်တင်ပြပြီး ဦးနေမျိုးဝေအား ဇေကမ္ဘာမှ စွဲဆိုသော အမှုရင်ဆိုင်သည့်နေ့တွင် ခြံဝန်းများ ခတ်ထားသော မြေရှင်များကို ကုမ္ပဏီမှ စာထုတ်၍ ဖယ်ရှားခိုင်းနေခြင်းကြောင့် မနက်ဖန် (၂၈.၈.၂၀၁၂) တွင်ဆန္ဒပြခွင့် ထပ်မံတင်ပြသွားမည် ဖြစ်ပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြဖော်ထုတ်သွားမည်ဖြစ်သည်။ ဆင်ဖုံကျေးရွာ လျှပ်စစ်မီးသွယ်တန်းရေးကိစ္စသည်လည်း ဇေကမ္ဘာ ၏ ကန့်ကွက်မှုကြောင့် ရပ်နားထားရခြင်း အပေါ် ရွာသားများက မကျေမနပ်ဖြစ်နေကြသည်။ ဇေကမ္ဘာမန်နေဂျာ ဦးမြင့်ဇော်လက်မှတ်ရေးထိုးထားသော လယ်သမားတစ်ဦးချင်းစီအား ပေးပို့သည်စာတွင် ဖယ်ရှားထွက်ခွာပေးရန် သတိပေးခြင်း ဟုခေါင်းစဉ်တပ်ထားပြီး ဇေကမ္ဘာမှ လန(၃၉)ရရှိပြီးမြေကွက်တွင် လယ်သမားများမှာ ကျူးကျော်နေသည်ဟုဆိုကာ (၈)လပိုင်းလကုန်တွင် အပြီးဖယ်ရှားပေးရန်ဟု ဖော်ပြထားသည်။ သို့ဖြစ်၍ နစ်နာသူ လယ်သမား(၂၀၀)ခန့်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေအား တင်ပြ၍ ဆန္ဒပြဖော်ထုတ်မည်ဖြစ်သည်။ ၀၉၇၃၁၉၀၈၃၉ - ဦးမြင့်သိန်း ကိုဖြိုးဝေစိုး - ၀၉၅၀၅၁၇၁၆ ဦးကံထွန်း - ၀၉၇၃၁၇၈၁၅၁ ဦးစံဝင်းမြင့် - ၀၉၄၂၀၀၄၄၇၂၁
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment