လှည်းခူးမြို့နယ် မင်းကုန်းကျေးရွာမှာ တောတိုးစိုက်ပျိုးလုပ်ကိုင်လာတဲ့ တောင်သူလယ်သမားတွေဟာ သူတို့တွေ လုပ်ကိုင်နေတဲ့ မြေနေရာတွေကို လက်ညှိုးထိုး ရောင်းစားခြင်းခံလိုက်ရတဲ့အတွက် သက်ဆိုင်ရာ ကျေးရွာလူကြီးကို သွားရောက်တိုင်တန်းပါတယ် ။ လယ်မြေကိစ္စနဲ့ ပတ်သက်ရင်ဖြေရှင်းပေးမယ်။ ခြံကိစ္စတွေကိုတော့ ရှင်းမပေးနိုင်ဘူးလို့ ဆိုတဲ့အတွက် ခြံသမားတွေ အခက်တွေ့နေပါတယ်။
တောတွင်းက လယ်သမားတွေဟာ ဗဟုသုတခေါင်းပါးသည်မှန်ပေမယ့် ရပ်ရွာထဲက ရပ်ဖိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ဒီလိုလက်ညှိုးထိုးရောင်းချသွားသူကို အရေးယူပေးကြဖို့ ပြောဆိုနေကြပါတယ်။
လက်ရှိအချိန်မှာတော့ လက်ညှိုးထိုးရောင်းချသွားသူ ဦးသောင်းလွင် ဆီက ၀ယ်ယူထားလိုက်တဲ့ သူဌေးတွေဟာ သူတို့ရဲ့ အလုပ်သမားတွေနဲ့ လက်ငုတ်လုပ်ကိုင်သူတွေ ရှိနေတဲ့ ခြံမြေတွေမှာ ၀င်ရောက် ခုတ်ထွင်ရှင်းလင်းပြီး ရော်ဘာပင်တွေ စိုက်ပျိုးကြေပါတယ်။
လယ်သမားတွေရဲ့ ကျွဲနွားတွေကြောင့် ပျက်စီးရင် အရေးယူခံရမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထား ကြတဲ့အတွက် လယ်သမးတွေဟာ သူတို့တွေရဲ့ အပင်တွေကို ထိတောင် မထိရဲအောင်အထိ ဖြစ်နေပါတယ်။
သွားရောက်မှတ်တမ်းရယူရင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးဦးက ၂၀၁၂ မြေယာဥပဒေနဲ့ မြေလွတ်မြေလပ် ဥပတွေကို ရှင်းလင်းပြောဆိုခဲ့ပြီး မစိုးရိမ်ကြဖို့နဲ့ ဖြစ်နိုင်ရင် အဲဒီအပင်တွေကို သွားနှုတ်ပြီး ပြဿနာ စရှာကြဖို့ တိုက်တွန်းခဲ့ပါတယ် ။ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ ခြိမ်းခြောက်တာဖြစ်တဲ့အတွက်  လယ်သမားတွေအနေနဲ့ ပြဿနာစရှာမှာ သာ ဒီကိစ္စတွေဟာ ရုံးပြေကနားကို ရောက်ရင်လည်း ရောက်မယ် ။ ဥပဒေအရလည်း လယ်သမားတွေကို ဖမ်းဆီးခွင့်မရှိဘူး ။ လယ်လုပ် ကိရိယာတွေကို သိမ်းဆည်းခွင့်မရှိဘူးလို့ တိုက်တွန်း ခဲ့ပါတယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment