ကျွန်တော်တို့လွတ်လပ်ရေးဆုံးရှုံးခဲ့ဘူးသည် ။ တိုင်းတစ်ပါးသားနယ်ချဲ့တို့က ကျူးကျော်သဖြင့် ကျွန်ုပ်တို့ ထီးနန်းဆုံးရှုံးခဲ့ရသည် ။ ထီးနန်းဆုံးရှုံးရခြင်းသည် ဘာမျှမဟုတ်သေး - အမှန်က လွတ်လပ်ရေး ဆုံးရှုံးရခြင်းသာဖြစ်သည် ။
လွတ်လပ်ရေးကိုအဓိပ်္ပါယ်တိတိကျကျဖွင့်ဆိုရလျှင် - ကျွန်ုပ်တို့ နိုင်ငံနယ်နိမိတ်တစ်နံတစ်လျားပေါ်ရှိ မှီတင်း နေထိုင်ကြကုန်သော ဒေသခံ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတို့သည် မိမိတို့ ကြိုက်နှစ်သက် သော တရားဥပဒေများကိုပြဌာန်းခွင့်မရ ။ မိမိတို့ သဘောတူကြည်ဖြူသော ကြိုက်နှစ်သက်သူကို အုပ်ချုပ်သူ အဖြစ်တင်မြှောက် ခွင့်မရ ။ မိမိတို့အနေဖြင့် တရားသည်မတရားသည်ကို ဆုံးဖြတ်ခွင့်မရ ။
အနှီကိစ္စကြီးတွေကို ရွေးချယ်ခွင့်ဆုံးဖြတ်ခွင့်မရခြင်းကို အချုပ်အခြာ ဆုံးရှုံးသည်ဟုခေါ်သည် ။ အချုပ်အခြာ အာဏာ ဆုံးရှုံးခြင်းသည် နိုင်ငံရေးကိစ္စသာဖြစ်သည် မည်သူက မည်သို့သာ အုပ်ချုပ်သည်ဖြစ်စေ ငါတို့လို သာမန်ပြည်သူ နှင့်မဆိုင် သာမန်ပြည်သူကိုမထိခိုက် သာမန်ပြည်သူအတွက် လွတ်လပ်ရေးမဆုံးရှုံးဟု ထင်မြင်လို့မရ ။
သာမန်ပြည်သူတွေထဲ စဉ်းစားတွေးတောခြင်း တွေးတောခံစားမိသမျှထုတ်ဖော် တင်ပြခြင်း ဖြန့်ဝေခြင်း ၊ မိမိတို့ နှင့် သဘောညီရာ လူစုလူဝေးဖြင့် မိမိတို့ သဘောဆန်္ဒများကို ပိုမိုးတိုးတက် ကောင်းမွန်ခိုင်မာအောင် ဆွေးနွေးရန်အား ထုတ်ခြင်း ၊ မိမိတို့ မနှစ်သက်သော ကိစ်္စများဖြစ်မလာဖို့ ၊ မိမိတို့ နှစ်သက်သော ကိစ်္စများဖြစ်လာဖို့ အတွက် မိမိတို့မလုပ်နိုင် မိမိတို့၏လွတ်လပ်ရေးကို တိုင်းတစ်ပါးသားက လုယူထားခံရလျှင် လွတ်လပ်ရေးဆုံးရှုံးသည် ။
ထို့အတူ တိုင်းတစ်ပါးသားမဟုတ် မြန်မာပြည်ပေါက်ဖြစ်စေ - အသားဖြူဖြစ်စေ - အသားနက်ဖြစ်စေ - အသားနီဖြစ်စေ - အသားစိမ်းဖြစ်စေ တစ်ယောက်ယောက်က သို့တည်းမဟုတ် တစ်စုစုတစ်ဖွဲ့ဖွဲ့က ဖြစ်စေ လုယူထား လျှင်လည်း မိမိတို့ လွတ်လပ်ရေးဆုံးရှုံးသည်ချည်းသာဖြစ် သည် ။
ထို့အတူ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိတို့၏ တွေးခွင့် ၊ ဆင်ခြင်ခွင့် ၊ လုပ်ဆောင်တုံ့ပြန်ခွင့်တို့ ကို ပိတ်ဆို့တားဆီးခြင်းမပြုလုပ်ပါဘဲလျှက် မိမိတို့၏ ပင်ကိုယ်မူလ အစွဲအလမ်းအချုပ်အနှောင်အတွင်းစိတ်မှ လုယူထားသဖြင့် ဆုံးရှုံးရသော လွတ်လပ်ရေးဆုံးရှုံးမှုမျိုးဆိုလျှင်ဖြင့် - - - -
လူသားတိုင်း လွတ်လပ်ရေးကို မြတ်နိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည် ။
ပီဒီပီဌာနချုပ်
Tags:
ဆောင်းပါး
Leave a comment