အပိုင်း(၂)
အများဆွေးနွေးရသည်အထိ လှုံ့ဆော်နိုင်ခဲ့သည်ဟုထင်မြင်
ယူဆရဖွယ်များ

ပါတီစတင်ထူထောင်စဉ်ကတည်းက လယ်ယာမြေ ဥပဒေကြမ်းတစ်ခုပြင်ဆင်ရေးဆွဲရန် လှုံ့ဆော်ခဲ့ပြီး ၂ လပိုင်းကတည်းက မြေယာဥပဒေကြမ်း တစ်ခု ရေးဆွဲဖြန့်ဝေခဲ့ ပြီး ဆက်လက်၍ -

( ၁၀-၃-၂၀၁၁ ) သတင်းစာပါ
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏
အမေးအဖြေကို ဆန်းစစ်ခြင်း
၁ ။ ( ၁၀ - ၃ - ၂၀၁၁ ) သတင်းစာပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ နှင့် သက်ဆိုင်ရာ ၀န်ကြီးများ၏ အမေးအဖြေများကို ဖတ်ရှုရရာ ပီပီပြင်ပြင် အဖြေ ထုတ်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ဆန်းစစ် တင်ပြရန် လိုအပ်လာပါသည် ။
၂ ။ ပုဇွန်တောင် မဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်ဇင်၏ မေးခွန်းများတွင် - ထူးခြား ချက်အနေဖြင့် -
- ယခုအခါတောင်သူများ၏ လယ်ယာမြေများကို လျော်ကြေးငွေဖြင့်သိမ်းယူခြင်း
- ထိုသို့ နစ်နာချက်များကို ၁၉၆၃ ဥပဒေ နှင့် အခြားဥပဒေတို့ နှင့်အညီ ကိုင်တွယ် ဖြေရှင်းပေးရန် အစီအစဉ်ရှိမရှိ -
ဆိုသည့် ထူးခြားချက်နှစ်ချက်ကို တွေ့ရှိရပါသည် ။ ဖြေဆိုသူ လယ်/ဆည် ၀န်ကြီး အနေဖြင့်တည်ဆဲဥပဒေများနှင့် ညီညွတ်ကြောင်း ဖြေရှင်းရသည်ကိုတွေ့ရှိရသည် ။
၃ ။ ကျွန်ုပ်တို့ပါတီအနေဖြင့် မေးမြန်းသူ နှင့် ဖြေဆိုသူများကို ရှေးဦးစွာကျေးဇူး တင်လိုက်ပါ သည် ။ သို့သော် -
(က) မေးမြန်းသူ ဦးအောင်ဇင် ၏ မေးခွန်းများကိုယ်တိုင် ဟာကွက်များရှိနေသည်ကို ထောက်ပြမည် ။
ပထမ မေးခွန်း လျော်ကြေးငွေဖြင့် သိမ်းယူခြင်း ဆိုသည့်မေးခွန်းသည် ပြဿနာကို မပေါ်လွင်စေ ပါ ။ အဓိကပြဿနာမှာ လယ်ယာမြေများကို သိမ်းဆည်းသောအခါ ပေးလျော်သည့် လျော်ကြေးငွေမှာ တည်ဆဲ ၁၉၅၃ ဥပဒေ ပုဒ်မ(၄၂) လျော်ကြေး ပေးခြင်း ဥပဒေအရ -
(၁) တည်ဆဲအခြားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဤအက်ဥပဒေပါ အခြားပြဌာန်းချက် များကို အထောက်အထားပြု၍ ပုဒ်မ (၅) အရဖြစ်စေ ၊ ပုဒ်မ(၉) ပုဒ်မခွဲ(၂) ခြွင်းချက် အရဖြစ်စေ နိုင်ငံတော်က ပြန်လည် သိမ်းယူသော လယ်ယာ မြေအတွက် လျော်ကြေးကို ဤပုဒ်မနှင့် ဇယား(၂) ပါပြဌာန်းချက်များ နှင့်အညီပေးရမည် ။
ဇယား(၂) ပါလျော်ကြေး ကြေးဖြတ်ပုံမှာ -
အများဆုံးအနေဖြင့် -
မြေခွန်တော်၏ တစ်ဆယ့်နှစ်ဆ နှင့်ညီမျှသော လျော်ကြေး(အများဆုံး)
မြေခွန်တော်၏ တစ်ဆယ့်တစ်ဆ နှင့်ညီမျှသော လျော်ကြေး
တစ်ဆစီလျှော့
-
-
မြေခွန်တော်နှင့်ညီမျှသော လျော်ကြေး ဟူ၍ ပြဌာန်းလေသည် ။
မှတ်ချက် မြေခွန်တော်သည် တစ်ဧကလျှင် ငွေ ကျပ် ဆယ်ဂဏန်းသာရှိပါသည် ။
ဥပမာ ( ၁၂ိ/- တစ်ဆယ့်နှစ်ကျပ် )စသဖြင့် -
ကာလပေါက်ဈေး ၁၀ သိန်းခန့်တန်သော လယ်မြေ တစ်ဧက လျင် ငွေကျပ် ရာဂဏန်းမျှ ပေးလျော်ပြီး သိမ်းဆည်းခွင့်ရှိနေ သည့်တည်ဆဲဥပဒေသည် ခေတ်ကာလနှင့်မလျော်ညီတော့ကြောင်း ထောက်ပြရန်ပျက်ကွက်သည်ကို လေ့လာ တွေ့ရှိရပါသည် ။
(ခ) ဒုတိယမေးခွန်းတွင် နစ်နာချက်များကို တည်ဆဲဥပဒေများနှင့် ကိုင်တွယ်ဖြေရှင်း ရန် ရှိမရှိ ဟူသော စကားသည် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် အားနည်းသော စကားဖြစ်ပေသည် ။
အကြောင်းမှာတည်ဆဲဥပဒေဖြစ်သော၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေတွင်
ပုဒ်မ(၃၈) လယ်ယာမြေကို အသုံးချခြင်း ။
(၁) နိုင်ငံတော်သမ္မတသည် ဒေသတစ်ခုတွင် သီးနှံအမျိုးအစား တခုခုကို စိုက်ပျိုးခြင်း ဖြင့်သော်လည်းကောင်း၊ ဒေသတခုခုတွင် လယ်ယာမြေကို သတ်မှတ်ထားသော နည်းလမ်းအတိုင်း အသုံးချခြင်းဖြင့်သော်လည်း ကောင်းနိုင်ငံတော် အတွက်ဖြစ်စေ၊ တောင်သူလယ်သမားများအတွက်ဖြစ် စေအကျိုးဖြစ်ထွန်းစေမည်ဟု ထင်မြင်ယူဆလျှင် အဆိုပါ သီးနှံအမျိုးအစားကို စိုက်ပျိုးစေ ရန်သော်လည်းကောင်း၊ အဆိုပါနည်းလမ်း အတိုင်း လယ်ယာမြေကိုအသုံးချ စေရန်သော်လည်းကောင်း သင့်တော်မည်ထင်မြင် သည့်အတိုင်း ဆောင်ရွက်နိုင်သည် ။ သို့တည်းမဟုတ် ဆောင်ရွက် စေနိုင်သည်။
ပုဒ်မ(၃၉) လယ်ယာမြေကိုသတ်မှတ်သည့်နည်းလမ်းအတိုင်းအသုံးချခြင်း
ဤအက်ဥပဒေပါ အခြားပြဌာန်းချက်များတွင်မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော် သမ်္မတ သည်သို့တည်းမဟုတ် ဤကိစ်္စအလို့ငှာ နိုင်ငံတော် သမ်္မတက ခန့်အပ်သော အာဏာပိုင်သည် လိုအပ်သည် ဟုထင်မြင်ယူဆလျှင် မည်သည့် လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့်အတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည် ။
ဆိုသော တည်ဆဲဥပဒေကို စောလျင်စွာ နားလည်ဖတ်ရှုလေ့လာထားရမည်ဖြစ်ပြီး ထိုဥပဒေများကို ကြိုက်နှစ်သက်ခြင်းမရှိပါက ပြုပြင်ပြောင်းလဲနိုင်သော အခွင့်အာဏာ(ဥပဒေကြမ်း တင်ခြင်း) ကို ပြုလုပ်နိုင်စွမ်းသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏တာဝန်ကိုမေ့လျော့နေသကဲ့သို့ဖြစ်နေပေသည်။ (ပြင်ဆင်မှုအားနည်းခြင်းဟုနားလည်ပေးနိုင်ပါသည် ကျွန်ုပ်တို့မှ ကူညီမည် )
ထိုဥပဒေ နှစ်ရပ်သည် -၂၀၀၈ ဖွဲ့စည်းပုံနှင့်မကိုက်ညီခြင်းကိုထောက်ပြရန်ပျက်ကွက်ခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် စာမျက်နှာ-၉-ပုဒ်မ၃၅ နိုင်ငံတော်၏ စီးပွါးရေး စနစ်သည် ဈေးကွက်စီးပွါးရေး စနစ်ဖြစ်သည် ။

ပုဒ်မ ၃၈ နှင့် ၃၉ တို့အရ နိုင်ငံတော်သမ္မတက သီးနှံအမျိုးအစားကိုညွှန်ကြားစိုက်ပျိုး နိုင်စေခြင်းတွေ့ရပါသည်။ လွတ်လပ်စွာရွေးချယ်စိုက်ပျိုးခွင့် ကိုထိခိုက်ခြင်းကို ထောက်ပြရန်လို အပ်ပါသည် ။

(ဂ) ထို့အပြင် မေးရန်ကျန်ရှိနေသည်မှာ -
၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေတွင် -
ပုဒ်မ(၅) သိမ်းယူခြင်း။
(၁) နိုင်ငံတော်သမ္မတသည် ဤအက်ဥပဒေစတင်အာဏာ တည်ပြီးသည့်နောက်၌ ပုဒ်မ(၆) အရ ကင်းလွတ်ခွင့်ပြုသည့် ဇယား(၁) တွင်ဖော်ပြထားသော လယ်ယာ မြေမှတပါး အခြားလယ်မြေအားလုံးကို ပြန်လည်သိမ်းယူနိုင်သည် ။
(၂) နိုင်ငံတော်သမ်္မတသည် ပုဒ်မခွဲ(၁)တွင်ရည်ညွှန်းဖော်ပြထားသည့် လယ်ယာမြေကို အမိန့် ကြေညာစာဖြင့် ထိုအမိန့်ကြေညာစာတွင်သီးခြားဖော်ပြထားသည့် ဒေသများတွင် သီးခြားသတ်မှတ်သည့် နေ့ရက်များ၌ သိမ်းယူ သည်ဟုကြေညာနိုင်သည် ။
(၃) တည်ဆဲအခြားမည်သည့်တရားဥပဒေတွင်ဖြစ်စေ ၊ သဘောတူစာချုပ်၊ ပဋိညာဉ် စာချုပ်၊ အပိုင်စာချုပ်၊ အငှားစာချုပ်၊ သို့တည်းမဟုတ် လိုင်စင်တွင်ဖြစ်စေ ၊ မည်သို့ပင် ပါရှိစေကာမူ နိုင်ငံတော်၏ အခွင့်အရေးများမှတစ်ပါး ပုဒ်မခွဲ(၁) အရနိုင်ငံတော်က ပြန်လည်သိမ်းယူနိုင်သည့် လယ်ယာမြေပေါ်၌ ထိုလယ်ယာမြေနှင့် စပ်လျှင်း၍ပုဒ်မခွဲ (၂)အရ ကြေညာခြင်း မပြုလုပ်မီအခါက သက်ရောက်သမျှသော အခြားအခွင့်အရေး အားလုံးသည် ထိုလယ်ယာမြေကို နိုင်ငံတော်သမ်္မတက ပြန်လည်သိမ်းယူသည့်အခါ၌ လုံးဝရပ်စဲသွားရမည် ။ (ထို့အပြင်ဤအက်ဥပဒေအရ လယ်ယာမြေကို ပြန်လည်သိမ်းယူပြီး သည့်နောက်တွင် အဆိုပါလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေးမှတပါး ၊ အခြားမည်သည့် အခွင့်အရေးမျှ ပုဒ်မ(၁၀) တွင် အတိအလင်း ပြဌာန်းထားသည့်အတိုင်း မှတပါး ပေါ်ပေါက် သက်ရောက်ခြင်းမရှိ စေရ ။ )
ဤမျဉ်းသား/ကွင်း ကွင်းထားသော စာပိုဒ်ကို ထောက်ပြပြီး မူလလက်ငုတ် တောင်သူ လယ်သမားများ လက်ထဲမှ အခြားပုဂ်္ဂလိက လုပ်ငန်းရှင်ကြီးများ၏ လက်ထဲသို့ လွှဲပြောင်း ရောက်ရှိသွားပြီး နိုင်ငံတော်၏ အခွင့်အရေးမှတပါး အခြားအခွင့်အရေးများ ပေါ်ပေါက်နေသည်ကို ထောက်ပြ မေးမြန်းရန် ပျက်ကွက်နေပါသည် ။
၎ ။ သို့ဖြစ်ပါသောကြောင့် လယ်/ဆည် ၀န်ကြီးအနေဖြင့် မေးခွန်းအရဖြေဆိုသောအခါ ယနေ့ပြုလုပ်ပေါ် ပေါက်နေသော ကိစ်္စရပ်များသည် တည်ဆဲတရားဥပဒေနှင့် ညီညွတ်ကြောင်း အချက်ကျကျတင်ပြဆွေးနွေးသွားနိုင် သည်ကို တွေ့ရှိရပါသည် ။
( မေးခွန်းများဟာကွက်ရှိနေခြင်းလည်းတစ်ကြောင်းဖြစ် )
သို့သော် လယ်/ဆည် ၀န်ကြီးအနေဖြင့် နိုင်ငံရေးစိတ်သွင်း၍ ယနေ့လတ်တလော ပြဿနာများကို ရှာဖွေဖော်ထုတ်ထားရမည်ဖြစ်ကြောင်းနှင့် -
ထိုပြဿနာများကို မည်သို့ ဖြေရှင်းဆောင်ရွက်သွားသင့်ကြောင်း -
တည်ဆဲဥပဒေ ( ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ )သည် ခေတ်နှင့် လျော်ညီမှုရှိ/မရှိ ဆင်ခြင် စဉ်းစားထားရန်လိုအပ်ကြောင်း -
ကျွန်ုပ်တို့ပါတီမှ အသိပေးအပ်ပါသည် ။
၅ ။ ထို့အပြင် လက်ငင်းပြဿနာများအနေဖြင့် လယ်လုပ်သူဟူသော စကားရပ် ဖြစ်နေပေ သည် ။ မည်သည့် မိသားစုမျှ လယ်ဧက ၂၀ ကျော်ပါက စာရင်းငှား/လယ်ကူလီမထားဘဲ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင် နိုင်မည်မဟုတ်ပေ ။
(က) ယခုအခါ ဧက ရာထောင်ချီနေသော လယ်ပိုင်များသည် လယ်ကူလီစာရင်းငှားများဖြင့် လုပ်ကိုင်နေ ရသည်ကို ၀န်ကြီးသိ/မသိ -
(ခ) ယခုအခါ လယ်ဧက အမြောက်အများပိုင်ဆိုင်သူများသည် ဓါးမဦးချ လက်ငုတ်လုပ်ကိုင်ခဲ့ သူများမဟုတ်ဘဲ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ နှင့် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေများကို ချိုးဖောက်ပြီး မူလလက်ငုတ် တောင်သူလယ်သမားထံမှ ဈေးနှိမ်ဝယ်ယူထားကြောင်း သိ/မသိ -
(ဂ) ထိုအမှုအခင်းများသည် စည်းကမ်းပျက် လယ်ယာမြေ ဟူသော စကားရပ်နှင့် ငြိစွန်းနေပြီး နိုင်ငံတော်မှ ပြန်လည် သိမ်းဆည်းရန် ရှိမရှိ -
စသည်ဖြင့် မေးမြန်းဆန်းစစ်ရန်လိုအပ်လာပါသည် ။
၆ ။ ထို့ပြင် - စက်မှုလယ်ယာကူးပြောင်းမည်ဆိုလျင် မိသားစုလုပ်ငန်းပုံစံ ကုန်ထုတ် လုပ်မှုနည်းဖြင့် မရနိုင်ကြောင်း အမြောက်အများပိုင်ဆိုင်မှု ၏အောက်တွင် စနစ်ကျသော
- အမြောက်အများထုတ်လုပ်ခြင်း
- အလုပ်ခွဲခြားလုပ်ကိုင်ခြင်း
- စက်ရုံဆန်သော စီမံခန့်ခွဲမှု
စသောအင်္ဂါရပ်များနှင့် ညီညွတ်ရမည်ဖြစ်ပြီး သို့မှသာ သွင်းအားစုစရိတ်သက်သာခြင်း / ပြုပြင်ထိန်းသိမ်း ရေး စနစ်တကျရှိခြင်း နှင့် အမြောက်အများထွက်ရှိမည်ဖြစ်ခြင်းကြောင့် ပုဂ်္ဂလိက အမြောက်အများ လက်ကိုင်ထားခွင့် ပေါ်ပေါက်ရန်လို အပ်နေပြီး အလုပ်ရှင်/ အလုပ်သမား ပုံစံ လယ်ယာစီးပွါးကဏ္ဍ ဖော်ဆောင်ရန် လယ်ယာမြေဂရန်ချထားပေးရန်လိုအပ်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေနှင့် ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ ၏ ဟာကွက်များကို လွှတ်တော်တွင် ဆွေးနွေးရှာဖွေသင့်ပြီး မိမိတို့သည် ဥပဒေကြမ်းရေး ဆွဲတင်သွင်းခွင့်ရှိပြီး ခေတ်ကာလနှင့်မလျော်ညီသော ဥပဒေအဟောင်းများကို ပယ်ဖျက်နိုင်စွမ်း သူများဖြစ်သည်ကို အထူးသတိပြု မှတ်မိနေရန်လိုအပ်ပါသည် ။




၇ ။ ထို့နောက် သီပေါမဲဆန်္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း (ခ) ဦးမင်းထွန်း ၏ မေးခွန်းတွင် -
တောင်သူလယ်သမားများစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြရာတွင် ပြင်ပမှ အတိုးကြီးကြီး ဖြင့် သုံးစွဲနေကြရခြင်းမှာ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိပြီး လယ်လုပ်သူတိုင်းလယ်ပိုင်ခွင့် တနည်းအားဖြင့် မိမိပိုင် လယ်ယာ မြေကို ပေါင်နှံ/လွှဲပြောင်း/ရောင်းချခွင့်မရှိသော ဥပဒေကြောင့် ဖြစ်ပါကြောင်း - ဆိုသော မေးခွန်းသည်လည်း -
၂၀၀၈ - ဖွဲ့စည်းပုံ စာမျက်နှာ ၁၀ -
ပုဒ်မ ၃၇ (က) (နိုင်ငံတော်သည် - နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ် မြေအောက် ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ်္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည် ) လို့ ပါတဲ့အတွက်ဖွဲ့စည်းပုံနဲ့ ဆန့်ကျင် ပါတယ် ။ လယ်လုပ်သူတိုင်းလယ်ပိုင်ခွင့် ဆိုသော စကားရပ်အစား လယ်ယာမြေကို ဂရန်ချထား ပေးပြီး မိမိလက်ကိုင်ထားခွင့်ရှိပြီး လယ်/ယာမြေကို ပေါင်နှံ/လွှဲပြောင်း/ရောင်းချခွင့်မရှိသော ဥပဒေကြောင့် ဖြစ်ပါကြောင်း - ဆိုလျှင်ပိုမိုသင့်လျော် သည် ။

မှတ်ချက် ။
လက်ကိုင်ထား ခွင့်ဆိုသည်မှာ ဂရန်သက်သေခံစာချုပ်စာတမ်းကို ပိုင်ဆိုင်ကိုင်ဆောင်ခွင့် ဖြစ်ပြီး
လုပ်ကိုင်ခွင့်နှင့်မတူပါ ။ လယ်ပိုင်ခွင့်နှင့်လည်းမတူပါ။
ယနေ့အိမ်ဂရန်များနှင့်အဆင့်တူသည် ။

ကိုယ်စားလှယ်တော်ကြီး ဦးရဲထွန်း၏ ထိုမေးခွန်းကို လယ်/ဆည် ၀န်ကြီးဖြေဆိုရာတွင် -

““ ပြင်ပမှ အတိုးကြီးကြီးဖြင့် ငွေချေးယူသုံးစွဲကြရသော လယ်သမားများအားအထောက် အကူပြု စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပါ ကြောင်း ”” ဟု ပါဝင်ပါ သည် ။

၈ ။ မေးရန်ကျန်သည်မှာ လယ်တစ်ဧက စိုက်စရိတ်ပျိုးစရိတ် တစ်သီးလျင် ၁၀၀၀၀၀ိ/- (တစ်သိန်းကျပ်) ခန့်ကုန်ကျခြင်းနှင့် နိုင်ငံတော်မှ ထုတ်ချေးသည်မှာ ( တစ်သောင်းကျပ် ) မပြည့်သည်ကို ၀န်ကြီးသိ/မသိ -
လယ်ယာကုမ္ပဏီများမှထုတ်ချေးသော ( ၂ိ/- ) တိုးနှုန်းသည် တောင်သူများထံအရောက်တွင် ( ၇ိ/- )တိုးဖြစ်သွားသည်ကို ၀န်ကြီးသိ/မသိ - စသဖြင့်မေးရန်လိုအပ်နေပါသည် ။

နိုင်ငံတော်ချေးငွေမလုံလောက်ကြောင်းပေါ်လွင်စေရပါမည် ။
လယ်/ဆည်ဝန်ကြီးအနေဖြင့်လည်း နိုင်ငံရေးရာ တာဝန်တစ်ရပ်ထမ်းဆောင်နေပါသဖြင့် မိမိကိုယ်တိုင် စုံစမ်း/ဆန်းစစ် သင့်ပါကြောင်း အကြံပြုအပ်ပါသည် ။
ကျွန်ုပ်တို့ပါတီအနေဖြင့် မေးခွင့်မရခြင်းအတွက် မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်ကြီးများက မေးမြန်းပေးပါရန် တိုက်တွန်းအပ်ပါသည် ။

ရက်စွဲ ။ ၁၁ - ၃ - ၂၀၁၁ ဖြင့် ဧပြီလထုတ် ဒိုင်ဗားစတီးစာစဉ်တွင်ဖော်ပြခဲ့ပြီး ဆက်လက်၍
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment