၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပါ ထူးခြားချက်များ -
ပုဒ်မ(၃၈) လယ်ယာမြေကို အသုံးချခြင်း ။
(၁) နိုင်ငံတော်သမ်္မတသည် ဒေသတစ်ခုတွင် သီးနှံအမျိုးအစား တခုခုကို စိုက်ပျိုးခြင်း ဖြင့်သော် လည်းကောင်း၊ ဒေသတခုခုတွင် လယ်ယာမြေကို သတ်မှတ်ထား သော နည်းလမ်းအတိုင်း အသုံးချခြင်း ဖြင့်သော်လည်းကောင်း နိုင်ငံတော်အတွက်ဖြစ်စေ၊ တောင်သူလယ်သမားများအတွက်ဖြစ်စေ အကျိုး ဖြစ်ထွန်း စေမည်ဟုထင်မြင်ယူဆလျှင် အဆိုပါ သီးနှံအမျိုးအစားကို စိုက်ပျိုးစေရန်သော်လည်းကောင်း၊ အဆိုပါနည်းလမ်း အတိုင်း လယ်ယာမြေကိုအသုံးချစေရန်သော်လည်းကောင်း သင့်တော်မည်ထင်မြင် သည့်အတိုင်း ဆောင်ရွက်နိုင်သည် ။ သို့တည်းမဟုတ်ဆောင်ရွက်စေနိုင်သည်။
ပုဒ်မ (၅) သိမ်းယူခြင်း
ထို့အပြင်ဤအက်ဥပဒေအရ လယ်ယာမြေကို ပြန်လည်သိမ်းယူပြီး သည့်နောက်တွင် အဆိုပါလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေးမှတပါး ၊ အခြားမည်သည့် အခွင့်အရေးမျှ ပုဒ်မ(၁၀) တွင် အတိအလင်းပြဌာန်းထားသည့်အတိုင်း မှတပါး ပေါ်ပေါက်သက်ရောက်ခြင်းမရှိစေရ ။
ပုဒ်မ(၄၂) လျော်ကြေးပေးခြင်း
(၁) တည်ဆဲအခြားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဤအက်ဥပဒေပါ အခြားပြဌာန်းချက်များကို အထောက်အထားပြု၍ ပုဒ်မ (၅) အရဖြစ်စေ ၊ ပုဒ်မ(၉) ပုဒ်မခွဲ(၂) ခြွင်းချက် အရဖြစ်စေ နိုင်ငံတော်က ပြန်လည် သိမ်းယူသော လယ်ယာ မြေအတွက် လျော်ကြေးကို ဤပုဒ်မနှင့် ဇယား(၂) ပါပြဌာန်းချက်များ နှင့်အညီပေးရ မည် ။
ဇယား(၂) ပါလျော်ကြေး ကြေးဖြတ်ပုံမှာ -
အများဆုံးအနေဖြင့် -
မြေခွန်တော်၏ တစ်ဆယ့်နှစ်ဆ နှင့်ညီမျှသော လျော်ကြေးသာလျင်ဖြစ်ပြီး အနည်းဆုံးအနေဖြင့်
မြေခွန်တော် နှင့်ညီမျှသော လျော်ကြေး ဟူ၍ ပြဌာန်းပါရှိပါသည် ။
မှတ်ချက် မြေခွန်တော်သည် တစ်ဧကလျှင် ငွေ ကျပ် ဆယ်ဂဏန်းသာရှိပါသည် ။
ပုဒ်မ(၄) လွှဲပြောင်းခြင်းကိုတားမြစ်ခြင်း။
ဤဥပဒေအရပြုသည့်နည်းဥပဒေများနှင့် မညီညွတ်လျှင် လယ်ယာမြေကို ပေါင်နှံခြင်း ၊ ရောင်းချခြင်း အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့တည်းမဟုတ်ခွဲစိတ်ခြင်းမပြုရ ။

Tags:
လယ်သမားအရေး
Leave a comment