နှစ်သစ်ကူး မေတ္တာလက်ဆောင်


အူးနေမျိုးဝေ ၏ နှစ်သစ်ကူး မေတ္တာလက်ဆောင်

ကျနော်ငယ်ငယ်က ခွေးဆိုးတွေကို ခဲ နှင့်ပစ်ပြီးစသည် လိုက်ကိုက်ရင် ထွက်ပြေးသည် -
အရသာ -
ပျားအုံကို ခဲ နှင့်ပစ်ပြီး ပျားလိုက်တုတ်ရင်ထွက်ပြေးသည်
အရသာ -
... ... ... တခါတရံ - ခွေးဆွဲခံရ ပျားတုတ်ခံရသည်
အရသာ -
ကျောင်းပြေးပြီး အိုင်လိုက်ပက်ကာ ငါးဖမ်းသည် အိမ်ရောက်တော့ အမေက တွေ့ကရာနှင့် ရိုက်သည် ထို့နောက် ငါးတွေကို ဓါးမတစ်လက်နှင့်ကိုင် ပြီး နံနံပင်အုပ်လိုက်သည်
အရသာ
ကျနော်တို့ ခေတ်က တီဗီဂိမ်းတွေမပေါ်သေး
ကျနော့်သားတွေခေတ်မှာ တီဗီဂိမ်းတွေပေါ်လာသည် ။ ကျနော့်မိန်းမ သူ့အမေ ပေးတဲ့ မုန့်ဖိုးကို မုန့်မစား ဂိမ်းသွားဆော့ပလိုက်သည် ( အရေမရ အဖတ်မရ ) သူ့အမေကရိုက်သည်
ကျနော့်သားအတွက် အရသာ

ကျနော် အသက်ကြီးပြီး အိုအိမ်နဲ့ မိသားစု တွေ ရှိပြီ ။ ငယ်ငယ်က အကျင့်မပျောက်သေး ။ ထမင်းစားဖို့အတွက် အသက်မွေးမှုက နည်းနည်းလွယ်သယောင်ရှိလာပြီ ။ လူကြီးဆော့နည်းဆော့ရမည် ( ဂိမ်းကစားသည်ပေါ့ )
ကိုယ်ရွေ့ချင်တဲ့ကိစ္စရွှေ့လျှင် အနိုင်ရပြီ ။ သေလျှင် ၊ အဖမ်းခံရလျှင် ဂိမ်းအိုဗာ ။ လူသောက်မြင်ကတ်ခံရလျှင် အမေရိုက်တာနှင့်တူသည် ။ ပြည်သူအားပေးတာခံရလျှင် သူငယ်ချင်းတွေမြှောက်ပေးလို့ ဘုန်းကြီးကျောင်း မျက်နှာကျက်က လင်းနို့တွေ တက်နှိုက်တုံးက အရသာမျိုးဖြစ်သည် ။

ကျနော့်သားက သူနိုင်ဘူးပြီးသား ဂိမ်းအခန်းကို ထပ်ဆော့ခိုင်းရင်စိတ်မပါတော့ -
လာဘ်စားတဲ့လူကြီးတွေ လူကလေးတွေက ကျနော့်သားလောက်မမိုက် ထပ်စားချင်သည် ။

ကျနော်တို့ သားအဖ ဂိမ်းကစားသည် ။ ခရိုနီတွေနဲ့ ရာထူးကြီးသူတွေ ဂိမ်းကစားကြလျှင်မကောင်းပေဘူးလား ခဏ ခဏ နိုင်နေသည့် ဂိမ်း အလွယ်ကလေးတွေကို ဆော့နေတုံးဖြစ်သည် ။ ဒီနိုင်ငံ လူများစုကြီး ဖွံ့ဖြိုးရေး ဟူသော ဂိမ်းကြီးကို ဆော့ပစ်လိုက်ကြစမ်းဘာ
မတရားမှုတွေ ပပျောက်ရေးဂိမ်းကြီးကို ဆော့ပလိုက်စမ်းဘာ
လာဘ်စားတာ ဆင်းရဲသားကို လိမ်ညာတာ ညှပ်ချတာတွေကို ဆော့ခဲ့ပြီးပြီ
ခဏခဏနိုင်သည် ဒါမျိုးဆို ကျနော့်သား သက်ထူးဇင်တောင်မဆော့တော့
ပျင်းစရာ

အွန်လိုင်းမိတ်ဆွေများအတွက်
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment