မီဒီယာဟူသည်ကို တောင်စဉ်ရေမရ ဖွင့်ဆိုခြင်းမပြုလို။ မီဒီယာ အလုပ် ကိုမူ တွင်တွင်ကျယ်ကျယ်လုပ်လိုသည်။ မီဒီယာသမား များ အလွတ်မရ ဟိုပြောဒီပြော ပြောဆိုခြင်းကိုမူ ရှင်းပြ၏။ မီဒီယာဟူ သည် စာမျက် နှာထက်တွင်ရေးသားခြင်းနှင့် အင်တာနက် အွန်လိုင်း ၀ပ်ဆိုဒ်များတွင် အဆုံးမရှိ သိသမျှ ကြားသမျှ မနေနိုင်မထိုင် နိုင်ရေး သား ခြင်းလည်းပါ၏။
မီဒီယာများသမားများ မည်သို့ခံယူစေကာမူ ကိုယ်တိုင်တွေ့ ကြုံရသောအခြေအနေတစ်ခုတွင် ကိုယ့် ယုံကြည်သည့်အတိုင်း ရေးသားရန် တိုက် တွန်းသည်။ အများပြည်သူနစ်နာသည်ဟု ယူဆ လျှင်အများပြည်သူဘက်ကရပ် တည်ရေးသား ရမည်ဖြစ်သကဲ့သို့ အများ နှင့်တစ်စု အများ ဘက်က မှားယွင်းနေလျှင် လည်းမ ထောက် မညှာရေးသားရန်။
မီဒီယာလောကသားဟု ယနေ့သတင်းနှင့် စာပေနယ်တွင် လူငယ်များ လုပ်ကိုင်နေကြ၏။ အများစုက အတွေ့အကြုံမရှိ။ ဗဟုသု တလည်း နည်းနေ၏။ တွေ့ကြုံနေရသောအခြေအနေအပေါ် သုံးသပ်မှု မှန်မှန်ကန်ကန်မလုပ်နိုင်ကြသေးဟု ဆိုလျှင် စွပ်စွဲခြင်းမည်ပေလိမ့် မည်။ မစွပ်စွဲလို။ပြည့်ဝရန်ကြိုးစားကြကုန်လော့ဟုသာ ဆိုချင်သည်။
ပီဒီပီနှင့် မီဒီယာဘာမျှမခြား။ ပီဒီပီသည်လည်း ပါတီ လစဉ် ထုတ် ““ဒိုင်ဗားစတီး””မှအများပြည်သူနစ်နာမှုများကို မီဒီယာဆန်ဆန် လုပ်ကိုင် နေခြင်းမျှသာ ဖြစ်သတည်း။ ကွာခြားသည်လည်း ရှိပေမည်။ ပီဒီပီ နှင့်ချိတ်ဆက်မိသော သတင်းမှန်သမျှ မီဒီယာအား လုံးကြား သိစေရန် လည်း နှိုးဆော်ပေး၏။ မီဒီယာ၏ တင်ပြချက်တွင် သုံးသပ် ချက်မပါ။ ပီဒီပီ၏ တင်ပြချက်တွင် သုံးသပ်ချက်ကို နှစ်ဦးနှစ်ဖက်မက သုံးဦး သုံးဖလှယ် အစိုးရ၊ပြည်သူ၊ အပါးဝသူ စသည်ဖြင့် သူမသာ ကိုယ်မနာ သုံးသပ်ချက်များ ပါသည်ကို ဖတ်မိကောင်းပေလိမ့်မည်။ မီဒီယာထက် လွတ်လပ်စွာပိုရေးနိုင်ခြင်းကြောင့်သော်လည်းကောင်း စည်းမထား ဘောင်မခတ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ကောင်း ရာ၏။ ပီဒီပီ၏ မူဝါဒကိုကား လွတ်လပ်စွာပြောဆိုရေးသား ခြင်းကို မြတ်နိုးတန်ဖိုး ထားခြင်း ဖြစ်သောကြောင့်ပေတည်း။
ယခုတလော ချိတ်ပြောစောင်းပြော ဂျာနယ်စာမျက်နှာအချို့ တွင်ပါတီတစ်ခုဟု မယုတ်မလွန် ဆင်ဝှေ့ရန်ရှောင် သတိပေး ကြေညာချက် များ တွေ့မြင်ရ၏။ ပီဒီပီမကြောက်။ပုဂ်္ဂိုလ်တ ချို့နှင့်ပါတီ တစ်ခု ဟူသော အသုံးအနှုန်းဖြင့် သတိပေးကြေညာချက် ထုတ်ပြန် လာ၏။
မိတ်ဆွေအပေါင်းအသင်းများက သတိရှိရန် ပြောဆိုလာကြ ၏။ သတိပေးရန်မလို သတိရှိပြီးဖြစ်ကြောင်း ရှေ့ဆက်လည်ထိုနည်း အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာများမှ ပြန်လည်တုန့်ပြန်လို၏။
မီဒီယာများ အကျိုးများလိုလျှင် ရိုးသား စေချင်ဟုသာ ထပ်မံ ဆိုပါရစေ။ နိုင်ငံရေး လုပ်ရာတွင် အမြင်ရှင်းရှင်းလင်းလင်းရှိပါသည်။ ဥပဒေဆိုလည်း ဥပဒေအရာ မြောက်အောင် တင်ပြသည်။ ပညာရေး ဆိုလည်း ပညာရေး အမြင်ရှင်းရှင်းလင်းလင်းပြောသည်။ နိုင်ငံရေးသမား ဟူသည် မိမိ၏ အတွေးအမြင်အယူအဆကို အများပြည်သူထံ ချပြသည်။ အများ ယုံကြည်လက်ခံလျှင် အောင်မြင်မည်။ ယုံကြည်မှုအား နည်းနေသေး လျှင် ဆက်လက်ကြိုးပမ်းရဦးမည်။ပီဒီပီ၏ လုပ်ဆောင် ချက်များကို ပုဂ်္ဂိုလ်ရေးတိုက်ခိုက်ခြင်းဟု မြင်ကြလျှင် မှားပေမည်။ နစ်နာသူ ဘက်မှ ကူညီသည်။ အမှုမှန်ပေါ်ပေါက်အောင် ရဲစစ် စစ်ရသည်။ သေချာပါမှ ကူညီပေးသည်။ စတုတ်္ထမဏ္ဍိုင်ဟူသော အသုံးကိုလည်း ရှင်းလင်းစွာပြော ဆိုခဲ့သည်။ အခြားမဏ္ဍိုင်သုံးရပ်ဖြစ်သော ဥပဒေပြုရေး၊ တရားစီရင်ရေး၊အုပ်ချုပ်ရေး စသည့်မဏ္ဍိုင်သုံးရပ် ယိမ်းယိုင် လဲပြိုမ လာစေရန် ကျားကန်ပေးရမည့်တာဝန်သည်စတုတ်္ထမဏ္ဍိုင်၏ တာဝန် ဖြစ်သည်။အတွေးရှင်းပါစေ၊ အရေးရှင်းပါစေ။ စတုတ်္ထမဏ္ဍိုင်တွင် ထည်ဝါစွာရပ်တည်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးပါသည်။ မီဒီယာပေါ်မှ မလိမ့်တပတ်လုပ်ရပ်များလည်း တဖြည်းဖြည်း ကင်းရှင်းပါလိမ့်မည်။ ကြောက်တတ်လန့်တတ်ပါမူ သေနိုင်ပေ၏။ ရွှေနံ့သာ အရေးတွင် ပီဒီပီ တစ်ပါတီသာရှိသည်။ စက်မှုဇုန်(၄)ဟု ဆက်လက်လိမ်ညာဆဲဖြစ်ကြောင်းကိုမူ ကြေညာချက်ဖတ်၍သက်သေ ထူလိုက်ပါသည်။ စတုတ်္ထမဏ္ဍိုင်ဟုကြုံးဝါးနေသော မီဒီယာအပေါင်းကို လေးစာဂုဏ်ပြုပါ၏။ အားလည်းကိုးပါ၏။ ပီဒီပီ၏ သတိရှိကြောင်း တုန့်ပြန်ချက်ကိုလည်း ဖော်ပြပေးလို၏။

Tags:
ဆောင်းပါး
Leave a comment