ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယနေ့လယ်ထွန်နေသော ရွှေနံ့သာလယ်သမားများထံ ပေးပို့လာသော တားမြစ်စာသည် ------------
အကြောင်းအရာ ။ ။ ကွင်းအမှတ် (၅၃၁) (၅၃၃) ရှိ (၈၁၅)ဧကအတွင်း လယ်ယာမြေထွန်ယက်စိုက်ပျိုးခြင်း မပြုရန် တားမြစ်ခြင်း။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ရွှေနံ့သာကျေးရွာအုပ်စု ကွင်းအမှတ်(၅၃၁)(၅၃၃)ရှိ (၈၁၅) ဧကအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဇေကမ္ဘာကုမ္ပဏီသို့ သီးစားချ လုပ်ကိုင်ခွင့် ပေးထားပြီး ဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းတို့ တင်ပြထာသာ မြေယာမှုခင်းအားလည်း စစ်ဆေးရန် ဆောင် ရွက်လျှပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ (၈၁၅) ဧကအတွင်း လယ်ယာမြေထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းများမပြုလုပ်ရန် တားမြစ်ပါသည်။ အကယ်၍ လုပ်ကိုင်နေပါက ဥပဒေကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးတားမြစ်ပါသည်။ ထိုစာ၏ အောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါသည်။ ရာအိမ်မှူး ဦးဘိုကြီးလာပို့သွားသည် ဟုပြောသည်။
 ====================================== ၁၉၆၃ခုနှစ်တောင်သူလယ်သမားများအခွင့်အရေးကာကွယ်သည့် ဥပဒေ ပုဒ်မ(၃)(၁-ခ)အရ လယ်သားမြေကို မလုပ်ကိုင်ရဟုသော်လည်းကောင်း ၊ လယ်ယာမြေထဲသို့ ၀င်မရဟုသော်လည်းကောင်း တားဆီးခြင်း မပြုရဟု သာ ပါဝင်ပေသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment