ဥပဒေအတိုင်းသာဖြစ်ပါစေ

Farmer Law PDP ကနေ့မှာတော့ လယ်ယာမှုခင်းကို ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက်မှုစတင် လိုက်ပါပြီ။ ဒီလိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ထွက်ဆိုနေကြစဉ်မှာ လယ်ကွင်းထဲမှာတော့ Plant War တိုက်ပွဲ ဆင်နွှဲနေသလိုပါပဲ။ လယ်သမားတွေကို အားကျပြီး ဇေကမ္ဘာကလည်း လယ်ထွန်ဆင်းနေတာကို တွေ့ရ ပါတယ်။ မနှင်းနန္ဒာကတော့ မကြောက်မရွံ့ ဇေကမ္ဘာမန်နေဂျာဦးမြင့်ဇော်ကြီးနဲ့ အပြန်အလှန်ပြော ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအခင်းအကျင်းကို ကြည့်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းလာတာတော့ အမှန်ပါပဲ။

လယ်မလုပ်ဘူး။ စက်မှုဇုန်လုပ်မှာဆိုတဲ့သူဌေးကြီးလည်း လယ်လုပ်ဖို့ အာရုံးကျလာတဲ့သဘောရှိပါတယ်။ ဥပဒေတွေကိုလည်း လေ့လာနေပြီလို့ဆိုရမလား။ ရွှေနံ့သာလယ်သမားတွေ လယ်ထွန်မင်္ဂလာထွန် စဉ်က စက်ကြီးတွေနဲ့ လယ်တွေလာထွန်နေတော့ မနှင်းနန္ဒာက ပြောလိုက်သတဲ့။ ဘယ်သူမှထွန်ခိုင်းတာ မဟုတ်ဘူးနော်။ ဆီဖိုးတွေ စက်ခတွေ လာမတောင်းနဲ့လို့။
ထားတော့ ဒီကိစ္စဘယ်လို ရှင်းပေးကြမလဲ။ ဆုံးခန်းတိုင်ဖို့နီးပြီးလို့တော့ ထင်မိတာပဲ။ အောက်ခြေအဖွဲ့ အစည်း ဖြစ်တဲ့ ကျွန်တော်တို့တတွေ ဥပဒေမဲ့လုပ်ဖို့ တခါမှ စိတ်မကူးမိခဲ့ပါဘူး။ ဥပဒေလမ်းကြောင်း အရ ဘာတွေ လုပ်လို့ရမလဲ။  ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို ရချင်တာတော့ အမှန်ပဲ။ လယ်ယာမြေဥပဒေကို ဇေကမ္ဘာလည်း စိတ်ဝင်စားလာပြီလို့ ထင်ပါတယ်။ လယ်လုပ်ဖို့တောင် ပြင်ဆင်နေပြီတော့ ........၁၉၆၃ ခု လယ်ယာမြေဥပဒေထဲက သီးစားချထားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုကောက်နှုတ် တင်ပြလိုက်ပါတယ်ဗျာ ... ဖတ်ကြ မှတ်ကြ ... ဥပဒေအတိုင်းတော့ လုပ်ကြ ..။

ရွှေနံ့သာလယ်သမားတွေနဲ့ အပြိုင် ဇေကမ္ဘာလယ်ထွန်ဆင်းတာကို facebook ပေါ်မှာ ဓာတ်ပုံများတင် ထားတယ်။
 ဓာတ်ပုံများ

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment