မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ(PDP) မှ ဥက္ကဌဦးနေမျိုးဝေ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင် မျိုးဦးတို့ လိုက်ပါပြီး ရွှေနံ့သာလယ်သမားတွေ အငြင်းပွားနေဆဲဖြစ်တဲ့ ဇေကမ္ဘာကို သီးစားလုပ်ကိုင်ခွင့် ချထား ပေးလိုက်တဲ့ လယ်ယာမြေတွေအတွက် လယ်ယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန် တင်ပြခြင်းကို ရန်ကုန်မြို့တော် မြေစာရင်း ဦးစီးဌာနမှူး ဦးရဲဝင်းထွန်းက နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဆိုက သက်ဆိုင်ရာ ရပ်ကျေးမှ စတင်ဖြေရှင်းပေးရမည် ဖြစ်ပြီး ကျေလည်မှု မရှိမှ ခရိုင်ကို ရောက်ရမှာ ဖြစ်တဲ့ အတွက် ဦးကျော်စိန်ပါ လယ်သမား(၃၉) ဦးရဲ့ တင်ပြမှုကို ရပ်ကျေးကို ပြန်လည်လွှဲပြောင်းပေးတဲ့အတွက် လယ်သမားတွေနဲ့ အတူ ဦးရဲဝင်းထွန်းပါလိုက်ပါပြီး မင်္ဂလာဒုံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွှေနံသာ ကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို အင်းစိန်ခရိုင်ရုံးကနေ ပြန်သွားကြပါပြီ။
Tags:
လယ်သမားအရေး
Leave a comment