ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီး၊ ရဲဘော်ဟောင်းမှတ်တိုင်၊ ပျဉ်းမပင်အစာစပ်စက်ရုံဝန်းအတွင်းရှိ စည်ပင်မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများသည် ပြောင်းရွှေ့ပေးရမည်ဖြစ်သောကြောင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ထားဆဲ အခြေအနေနှင့် ကျောင်းနေအရွယ် ကလေးများရှိနေခြင်းကြောင့် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပေးနိုင်ပါရန် နှင့် အရင်းအနှီးများမှာ စိုက်ပျိုးရေး တွင် မြှုပ်နှံထားပြီဖြစ်သောကြောင့် ပြောင်းရွှေ့ရမည်ဆိုလျှင်လည်း တခြားနေရာတွင် စိုက်ပျိုးမြေ ပြန်လည်စီစဉ်ပေးစေလိုကြောင်း ဖြင့် အသနားခံတင်ပြ ထားကြသည်။ စိုက်ပျိုးရေးတောင်သူများနှင့် သွားရောက်တွေ့ဆုံ မေးမြန်းရာ-
ကိုသူရိန်လင်း
ဧရာဝတီတိုင်း၊ ဟင်္သတမြို့နယ်ကနေ ပြောင်းရွှေ့လာတာ၂၀၀၄လောက်ကတည်းကပါ။ဟို မှာရှိတာလေးတွေကို အခြေဖြုတ်ပြီးတက်လာကြ တာ။ ဒီမြေထဲမှာ တစ်လကို ၅၀၀၀၀ နှုန်းနဲ့ငှားပြီး စိုက်ပျိုးလုပ်ကိုင်နေတာပါ။ ငှားထားတာက ၂ ဧက ၀န်းကျင် တော့ရှိတာပေါ့။ ငွေပိုငွေလျှံတော့ မရှိဘူး။ မိသားစုရပ်တည်လို့တော့ရတယ်။ စိုက်ပျိုးလို့ ရရှိ လာတဲ့ဟာလေးနဲ့ အလုပ်ထဲပြန်ထည့်လိုက်၊ စား လိုက်ကြနဲ့ဆိုတော့ လုံးလည်ချာလည်ပဲ။မိသားစုက ၁၃ယောက်ရှိတယ်။ ညီမလေးတစ်ယောက်က ၁၀ တန်းတက်နေတယ်။ မူကြိုတစ်ယောက်ရယ်။
ဒီကနေဖယ်ရမယ်ဆိုရင် ကျွန်တော်တို့က အိုးမဲ့အိမ်မဲ့ဖြစ်ပြီ။ ရင်းနှီးထားတာတွေက မြေကြီးထဲ မှာချည်းပဲ။ ကလေးကလည်းမွေးကာခါစလေးရှိ သေးတယ်။ ပြောင်းရွှေ့ပြီး လုပ်ကိုင်စားသောက်ဖို့ ဆိုတာ ဆယ်တန်းလဲမအောင် ဘွဲ့ရထားတာလည်း မဟုတ်တော့ ဒီအလုပ်ကလွဲပြီး လုပ်ကိုင်စားသောက် ဖို့က ဒီအလုပ်ပဲရှိတယ်ဗျာ။ ကျွန်တော်တို့က ဖယ်မ ပေးဘူးလို့ ပြောတာတော့မဟုတ်ပါဘူး။ ကျောင်း သားတွေရှိနေတယ်။ စိုက်ပျိုးလက်စဖြစ်နေတဲ့အ တွက်အချိန်ကာလတစ်ခုထိစောင့်ပေးဖို့နဲ့ နိုင်ငံတော် သမ်္မတကြီးပြောထားတဲ့အတိုင်းဆို ကျူးကျော် တွေကိုတောင်မှ အဆင်ပြေအောင် နေရာချထားပေး သင့်တယ်ဆိုရင် ကျွန်တော်တို့ကိုလည်း စိုက်ပျိုးမြေ လေးတစ်နေရာရာမှ ပြန်လည်ချထားပေးစေချင် တာပါ။
ဒေါ်ညို
ကျွန်မတို့က ထန်းတပင်ဘက်ကနေ ပြောင်းရွှေ့လာပြီးလုပ်ကိုင်စားသောက်နေကြတာပါ။ အဲဒီကနေအိမ်အ ကွက်တွေရောင်း ချပြီးဒီအကွက်လေး တွေမှာလုပ်ကိုင်စားသောက်လို့ရတယ်ဆိုပြီးတော့ ပြောင်းလာခဲ့ကြတာပါ။ ၃၊၄နှစ်အလုပ်လုပ်ပေမယ့် စိုက်တဲ့ပျိုးတဲ့နေရာမှာ မကျွမ်းကျင်တဲ့အတွက် ကြောင့် အကောင်အထည်မပေါ်ဘူး။ နည်းလမ်းလေး ကျလာတဲ့အခါကြတော့မှ ပြောင်းရရွှေ့ရမယ်ဆို တော့ ရင်ထဲအတော်ကိုမချိပါဘူး။ ကြက်ခြံဧရိယာ ဆိုပြီးတော့မှ အလံတွေ လာစိုက်သွားတာပေါ့နော်။ ကျွန်မတို့ဒီအိမ်တွေကိုလည်း ရွှေ့ပေးရမယ်ဆိုပြီး တော့လည်း အစည်းအဝေးတွေခေါ်ပါတယ်။ ကီလို မာလကာတွေဆိုသီးနေပြီ။ ကလေးနှစ်ယောက်က ကျောင်းတက် နေဆဲပါ။ တစ်ယောက်က ကျောင်းမ ထားနိုင်လို့ ထုတ်လိုက်ပြီ။ ပြောင်းဟယ် ရွှေ့ဟယ်ဆို အိုးချွတ် ခွက်ချွတ်ဖြစ်မှာ။ နေရာပြန် လည်ချထား ပေးခြင်း လည်းမရှိဘူး။ကိုယ့်အစီ အစဉ်နဲ့ပဲ ကိုယ်ပြောင်းပြီး ဆောက်ရမှာဆိုတော့ အိုးမဲ့အိမ်မဲ့ အခြေ အနေတွေ ကြုံရမှာပေါ့။စိုက်ပျိုးမြေ လေးတစ် နေရာပြန် ရခဲ့ရင်တော့ ကျွန်မတို့တွေရဲ့ စားဝတ်နေမှု လေး အဆင်ပြေမှာပါ။ မဖယ်ပါဘူးလို့ ကျွန်မတို့ မပြောခဲ့ပါဘူး။ ဖယ်ပေးဖို့လည်း ကတိပေး ခဲ့ပါပြီ။ စိုက်ပျိုး မြေလေး ပြန်ရဖို့လောက်ပဲ တောင်းဆိုချင်ပါ တယ်။
မသင်းသင်းခိုင် (ငိုလျှက်)
ကျွန်မတို့မှာ ပြောင်းစရာနေရာမရှိပါဘူး။ခရမ်းဘက်က ပြောင်းရွှေ့လာကြတာ။ ဟိုကရှိတဲ့ ဟာလေးတွေရောင်းချပြီး ပြောင်းရွှေ့လာကြတာပါ။ ၂၀၀၅ ခုနှစ်ကတည်းပြောင်းရွှေ့လာကြတာပါ။ အခု စိုက်ထားတာလေးတွေက ဟင်းနုနွယ်၊ ဆလပ်၊ မုန့် ညှင်းစိမ်းရယ်။ သူတို့ကတော့ ဖယ်ပေးရမယ်ဆိုတာ ပဲပြောပြီး စိုက်ပျိုးမြေပြန်ချပေးဖို့လည်းမပြောပါဘူး။ သမီးလေးတစ်ယောက်က အဆင်မပြေလို့ကျောင်း ထုတ်ထားရပါတယ်။ ကျောင်းသားတစ်ယောက်ရှိ ပါသေးတယ်။ ၈တန်းနဲ့ ကျောင်းထုတ်ပြီးတော့ ခြံ ထဲမှာပဲခိုင်းထားပါတယ်။ ကျွန်မတို့ကို မြေတစ်နေရာ လောက်ပြန်ချထားပေးဖို့ တောင်းဆိုချင်ပါတယ်။
ဦးစိုးနိုင်
မန်္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ရွာက ပြောင်းရွှေ့လာကြတာပါ။ ဟိုမှာလည်း စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ အဲဒီမှာ အခြေဖျက်ပြီး ဒီမှာအလုပ်တွေရှိတယ်ဆိုပြီး ပြောင်းရွှေ့လာကြတာ။ကျောင်းသားတစ်ယောက်က ၁၃နှစ်အရွက် ၄တန်း ပဲရှိသေးတယ်။ မိသားစုဝင် ၅ယောက်လုံးက ဈေး ရောင်းတဲ့သူရောင်း ခြံထဲမှာပဲ မြှုပ်နှံနေကြတာပါ။ ဒီကနေရွှေ့ ရွှေ့ဆိုတော့ ပြောင်းဖို့ရွှေ့ဖို့က အသိမိတ် ဆွေလည်း ရှိတာမဟုတ်ဘူး။ မိသားစု၂ စု အတူနေ ကြတာပေါ့နော်။ ဒီဘက်မှာ အသိအကျွမ်းဆိုတာ လည်းမရှိဘူး။ ဘယ်ပြောင်းလို့ ပြောင်းရမှန်းကိုမသိ ဘူး။ နေစရာလည်း မြေမရှိ၊ ပြောင်းစရာလည်းငွေ မရှိ ဖြစ်နေတယ်။ ဒီမြေကြီးထဲမှာပဲ ရင်းနှီးမြှုပ်နှံမှု ကအကုန်လုပ်ပြီးပြီ။ လုပ်မယ့်သူမရှိတဲ့အချိန်မှာ ဒါလေးတော့ငှားလုပ်ဦးမယ်ဆိုပြီး ယောက်္ဖတစ် ယောက်က လူငှားခေါ်ပြီးခိုင်းရင်းကနေ စုဆောင်းပြီး ပြန်လုပ်ရတာ။ ငှားပြီးလုပ်တဲ့နှစ်ကြမှ သူတို့ကရွှေ့ ဆိုတော့ ဘ၀ကပျက်တော့တာပေါ့။ အကုန်လုံးစိုက် ပျိုးပြီးနေပြီ။ အစိုးရကနေပြီးတော့မှ စိုက်ပျိုးမြေလေး ပြန်ချပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ စည်ပင်ကတော့ ၆လပိုင်း ၁၅ရက်နေ့မှာ မောင်စိုးနိုင် တို့ရေ မင်းတို့ လာမယ့်အင်္ဂါနေ့မှာ အပြီးဖယ်ပေးရ မယ်ပေါ့။ ရွှေ့ဖို့ပြောင်းဖို့နေရာမရှိတဲ့အတွက်ကြောင့် မျက်ရည်တောင်ကျမိပါတယ်။ ဆရာတို့ရယ် အဲဒီလို ကြီးတော့မလုပ်ပါနဲ့။ ကလေးတွေလည်း ကျောင်း တက်နေကြတယ်။ မိုးတွင်းကာလကြီးလည်း ဖြစ်နေ တယ်။ တောင်းပန်ပါတယ်။သီတင်းကျွတ်အထိတော့ နေခွင့်ပြုတယ်ဆိုပြီး ထားတယ်။
ဦးခင်အေး
ပြောင်းရရွှေ့ရမယ်ဆို တော့ခံစားရ တဲ့ခံ စားချက်ကတော့ ပြောမနေနဲ့တော့။ ကျွန်တော်တို့မှာ ဒီကနေပြောင်းရရွှေ့ရတော့မယ်ဆို တော့ ဘယ်နေရာ ကိုပြောင်းရမှန်းလဲ မသိဘူး။ တစ်နေ့လုပ်မှတစ် နေ့ စားရတဲ့အတွက် တစ်နှစ်ရတာက တစ်နှစ်အတွင်း ကုန်တာပဲ။ ရလိုက် အရင်းထဲပြန်ထည့်လိုက်။ ကျွန် တော်တို့က ကွမ်းခြံကုန်းဘက်က ပြောင်းရွှေ့လာ တာပါ။ အဲဒီမှာတုန်းက လယ်လုပ်တယ်။ လယ်ကို ဖြုတ်ပြီး ဒီမှာလည်း သားတွေရှိနေတော့ မိသားစု အကုန်လုံး ပြောင်းလာလိုက်တယ်။ ဒီမှာပဲအိမ်ထောင် တွေကျကုန်ကြပြီ။ စည်ပင်က ပြောတဲ့အထဲမှာတော့ မြေနေရာပြန်ချပေးဖို့ အစီအစဉ် မရှိဘူး။စောစောပိုင်း ကဆိုရင် ပစ်္စည်းတွေ လာချတော့မယ်လို့ပြောပြီး အဲဒီ အစီအစဉ်ပျက်သွားတယ်။ ပြန်ပြီးတော့ ဆွေးနွေး ဖို့ခေါ်တယ်။ အဲဒီမှာ သီတင်းကျွတ်အထိ ခွင့်ပြုမယ် ဆိုပြီးပြောတော့ အဲဒီနောက်ပိုင်း ဘယ်လိုစခန်းသွား ရမယ်ဆိုတာ ကိုယ်တွေလဲ မဝေခွဲတတ် အောင်ပါပဲ။ နိုင်ငံတော် သမ်္မတကြီးရဲ့ လမ်းညွှန်မှုနဲ့အညီ စိုက်ပျိုး မြေပြန်လည်ချထားပေးမယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာပါတယ်။
မယဉ်သူဇာစိုး
ကျွန်မတို့ဒီခြံထဲကို ၂၀၀၅ခုနှစ်ကတည်း ကရောက်နေတာ။ ကျွန်မငှားထားတဲ့မြေက မျက်နှာ ဖွင့်က ပေ၇၀၊ အရှည် ပေ၂၀၀ ရှိတယ်။ ကျွန်မတို့ ကဟိုဘက်ကနေဖောင်ဖျက်ပြီးမှ ဒီကိုတက်လာတာ။ ၅လပိုင်း ၁၇ ရက်နေ့မှာ မြေလာတိုင်းတယ်။ ၂၈ ရက်နေ့မှာ ရုံးကိုခေါ်တယ်။ သူတို့ပြောတာက မြောက်ဥက်္ကလာနဲ့ ထောက်ကြံ့ကကြက်ခြံတွေ ဒီကို လာပြီးတော့ဆောက်မယ်။ နင်တို့ဖယ်ပေးရမယ်လို့ ပြောတယ်။ ကျွန်မတို့က စိုက်ဖို့ပျိုးဖို့ မြေလေးပြန် ပေးပါလို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မဒီအပင် တွေကို ရှိသမျှပိုက်ဆံနဲ့ ရင်းထားတာ။ သီတင်းကျွတ် ကြရင် အိုးချွတ်ခွက်ချွတ်နဲ့ထွက်သွားဆိုတော့ကျွန် မတို့ စိုက်ထားတဲ့အပင်တွေက လူသာသေရင်သေ မယ်။ ပြုပြင်နေသ၍ တစ်သက်လုံးရှင်တယ်။ ဒီအပင် တွေရင်းတာနဲ့တင် ရှိတာက ကုန်ပြီ။ လူကခေါင်းဝင် ကိုယ်ဆန့်နေလို့ရပေမယ့် ဒီအပင်တွေပြန်စိုက်ဖို့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ညီမတို့အနေအထား နဲ့လည်း အပြင်မှာ မြေမ၀ယ်နိုင်ဘူး။ ငှားခလေးက လည်းသင့်တော်တယ်။ စိုက်လို့ပျိုးလို့လည်းရတယ်။ ကိုယ့်ဝင်ငွေလေးနဲ့အဆင်ပြေတယ် ဆိုပြီးနေတာ။ ထွက်ကုန်ကို ထောက်ကြံ့ဈေး၊ ဒညင်းကုန်းဈေးတို့ မှာရောင်းတာဆိုတော့ လမ်းပမ်းဆက်သွယ်ရေး လည်းသင့်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ညီမတို့ တောင်သူတွေကို မြေလွတ်မြေရိုင်းလေးတွေ ပြန်လည်ချထားပေးရင်ခုတ်ထွင်ရှင်းလင်းပြီး ပြန်စိုက် ရင်အဆင်ပြေပါတယ်။ လမ်းညွှန်ထားတဲ့စကားအရ လည်း ကိုယ့်နိုင်ငံသူနိုင်ငံသား တကယ်လုပ်ကိုင် စားသောက်နေရတဲ့သူတွေကို ပြန်လည်ချထားပေး သင့်တယ်လို့တော့ ထင်ပါတယ်။
မအေးအေးခိုင်
ကျွန်မတို့ဒီမှာနေတာ ၅နှစ် ရှိသွားပါပြီ။ မိသားစုက ဒီမှာ(၃)ယောက်ရှိတယ်။ ကလေးတွေ ကျောင်းတက်နေတာကို ဒီကလုပ်အားလေးနဲ့ ထောက်ပံ့တယ်။ ကိုရင်တစ်ပါးက အလတ်တန်း ရောက်နေပြီ။ အမတို့ကို ပြောင်းရရွှေ့ရမယ်လို့ ပြောလိုက်တဲ့အချိန်မှာ စကားတောင်မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညာလက်မောင်းတစ်ဖက် ပြုတ်သွားသလို ခံစားရတယ်။ မျက်ရည်မဆည်နိုင် အောင် ဘ၀ပျက်သလိုခံစားရပါတယ်။
ပထမတစ်ခါလည်း ပျက်ခဲ့ပြီးပြီ။ ဧရာဝတီ တိုင်း၊ လပွတ်္တာကပါ။ နာဂစ်ဖြစ်ပြီး ၂၀၀၈ ထဲမှာ ပြောင်းလာခဲ့တာပါ။ အဖေနဲ့အမေဆိုရင် နာဂစ်မှာ ဆုံးသွားတယ်။ အမတွေလည်း ပါသွားတော့ တူတွေ တူမတွေကအစ ဒီကနေထောက်ပံ့ပေးနေရတယ်။ ယောက်ျားက အပြင်မှာလည်း ကြုံတဲ့အလုပ် လိုက်လုပ်တယ်။ ပြောင်းရရွှေ့ရမယ်ဆိုရင် အိမ်လေး တွေကလည်း ဘာမှပြန်ရမှာမဟုတ်တော့ဘူး။ ရွှေ့ စရာမြေလည်း မရှိဘူးလေ။ စိုက်ပျိုးမြေပြန်ချထား ပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်။
ဦးမောင်ကို - ဒေါ်အေးကြည်
ကျွန်မတို့ပြောင်းရရွှေ့ရတော့မယ်ဆို တော့ ဘယ်ကိုတိုင်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာ လဲမသိပါဘူး။ ကျွန်မတို့ပြောင်းလာတာက မန်္တလေး တိုင်း၊ သပိတ်ကျင်းမြို့နယ်ကနေ ပြောင်းလာကြတာ ပါ။ အဲဒီမှာရောင်းချပြီး အခြေအနေပျက်လို့ ဒီမှာလာ ပြီးအခြေစိုက်ကြပါတယ်။ ကျွန်မတို့မှာ မြေးလေးတွေ ငါးတန်းတက်ရမှာတောင် မတက်နိုင်ပါဘူး။ နှစ် ယောက်မှာ တစ်ယောက်ကို ကြက်ခြံမှာခိုင်းထား ရပါတယ်။ အဘတို့ကိုယ်တိုင်လုပ်နေရတာပါ။ အဖွား က ၆၅နှစ်၊ အဖိုးက ၆၇ နှစ်။ မင်းမင်းခန့်ဆိုတဲ့ ငါးတန်းတက်ရမယ့်ကလေးကလည်း ကျောင်းဆက် တက်ချင်ပေမယ့် အဖိုး၊အဖွားတွေက မထားနိုင် တော့ပါဘူး။
နိုင်ငံ တော်အကြီးအကဲများကို ကျွန်မတို့ လုပ်ကိုင်စားသောက်ဖို့ မြေနေရာလေးပေးပါ။ အခြေမဲ့အနေမဲ့ဖြစ်ပါပြီ။ ပြောင်းဖို့ရွှေ့ဖို့ဆိုရင် အညာ ကိုပြန်ရင် တစ်ယောက်ကို ၂၅၀၀၀မပါပဲ ပြန်လို့ မရပါဘူး။ အညာမှာရှိတဲ့ဟာလေးတွေရောင်းပြီး လာခဲ့ ကြတာဆိုတော့ အိုးခြေမဲ့အိမ်ခြေမဲ့ဖြစ်ပြီ။ မြေနေရာ လေးစီစဉ်ပေးပါ။ ပြောင်းပေးမှာပါ။
ဦးသိန်းဌေး
ကြုံတွေ့နေရတဲ့အခက်အခဲကတော့ မြေနေရာတွေလာတိုင်းသွားတယ်။ ကြက်ခြံဆောက် ဖို့ဆိုတော့ စိုက်ထားပျိုးထားတာလေးနဲ့အခက်အခဲ ဖြစ်တာပေါ့။ ကျွန်တော်တို့က ဧရာဝတီတိုင်းကပါ။ နာဂစ်နောက်မှာ ပါသွားပြီး နေလည်းမနေချင်တော့ တာနဲ့ ခြံနဲ့အိမ်ကို ရောင်းပြီးဒီကိုတက်လာခဲ့ကြတာ။ ပြောင်းရရွှေ့ရမယ်ဆိုရင် အချိန်လည်းမပေးဘူး။ နည်းနည်းပါးပါးလိုက်ပြီးတောင်းပန်စကားပြောတော့ မှ သီတင်းကျွတ်လကုန်လောက်အထိ တင်ပြပြီးနေ လို့ပြောတယ်။ ကလေးက(၇)တန်း။ ရောင်းချထား ခဲ့တာဆိုတော့ ပြောင်းစရာကမရှိဘူး။
စည်ပင်ဌာနကို မြေနေရာလေးပြန်ချပေး ဖို့ တင်ပြတယ်။ ဆုံးဖြတ်ပေးလို့မရဘူးတဲ့။ ကိုယ့်အစီ အစဉ်နဲ့ကို နေရာရှာပြီးပြောင်းရွှေ့ကြဖို့ပဲပြောတယ်။ နိုင်ငံတော်အကြီးအကဲလမ်းညွှန်တဲ့အတိုင်း စိုက်ပျိုး မြေလေးပြန်လည်ချထားပေးမယ်ဆိုရင်တော့ မိသား စုအခက်အခဲ ဖြေရှင်းလို့ရမှာပါ။
ဦးအောင်စိုး
ကျွန်တော့်မှာ မအေအို၊ဖအေအိုကြီးတွေ နဲ့ တူ၊တူမလေးတွေကို လုပ်ကိုင်ကျွေးနေတာဆို တော့ ဒီကနေပြောင်းရရွှေ့ရမယ်ဆိုရင် အခက်အခဲ ရှိပါတယ်။ ပဲခူးတိုင်း၊သေနပ်ပင်မြို့နယ်ထဲက ပြောင်းရွှေ့လာတာပါ။ လယ်တွေကိုစွန့်ပြီး ဒီမှာလုပ် ကိုင်စားသောက်နေတာပါ။ ရွှေ့ရပြောင်းရမယ်ဆိုရင် ကျောင်းတက်နေတဲ့တူလေး၊တူမလေးတွေ အတွက် လည်း ဒုက်္ခရောက်ပါမယ်။
ညီးလေးနာမည် ပြောပါဦး - အောင်မျိုး။ ကျောင်း မတက်တော့ပါဘူး။ လေးတန်းနဲ့ထွက်လိုက်ရတာပါ။ ဦးလေးနဲ့ အတူတူအလုပ်လုပ်ပါတယ်။
သူ့ကြတော့မထားနိုင်တော့ဘူး။ သူ့အောက်က နှစ် ယောက်က ကျောင်းတက်နေတယ်။ လေးတန်း တစ်ယောက်၊ (၇)တန်းတစ်ယောက်။ ပြောင်းဖို့ ရွှေ့ဖို့ နေရာလည်းမရှိပါဘူး။ အားလုံးရောင်းချပြီးဒီကိုလာ ကြတာ။ စိုက်ပျိုးရေးပဲ လုပ်ကိုင်တတ်ပါတယ်။ စိုက် ပျိုးဖို့ မြေနေရာလေးပြန်ချပေးရင် ကျေးဇူးတင်ပါ တယ်။
ဦးမြင့်ဦး
ဒီမှာလုပ်ကိုင်စားသောက်ရတာ အဆင် ပြေပါတယ်။ အခုလိုပြောင်းရရွှေ့ရမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ အရင်းအနှီးကတော့ မြေကြီးထဲ မှာချည်းပဲ။ မျိုးစေ့ဖိုး၊ ဓာတ်မြေသြဇာ၊ ကောက်ရိုးက အစ၀ယ်သုံးရတာပါ။ စားသောက်ကုန်စိုက်ပျိုးလို့ ဖြစ်ထွန်းတဲ့နေရာပါ။ ကလေးက ၈တန်းတစ် ယောက်၊ ကိုးတန်းတစ်ယောက်ရှိတယ်။ ဆယ်တန်း ကိုဆက်မထားနိုင်လို့ ထုတ်လိုက်ရပါတယ်။ တခြားမှာလည်းမြေပိုင်ယာပိုင်ကမရှိပါဘူး။ ဒီမှာပဲ စိုက်ခင်းကို အခြေချမယ်ဆိုပြီး ရောင်းချခဲ့တာပါ။ ဦးလေးတို့က လယ်ယာစိုက်ပျိုးရေးကို အဓိကထား ပြီးလုပ်ခဲ့တဲ့သူတွေဆိုတော့ စိုက်ပျိုးမြေတစ်နေရာ လောက်ချပေးခဲ့မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ မျှော်လည်း မျှော်လင့်မိတယ်ပေါ့။ ဒါမှလည်း မိသား စုစားဝတ်နေရေးက အဆင်ပြေမှာ။ ငွေကြေးဆိုတာ လည်း အပိုမရှိဘူး။ ပြောင်းဖို့ရွှေ့ဖို့ အခက်အခဲရှိတာ ပေါ့ကွာ။ နိုင်ငံတော်သမတကြီး ညွှန်ကြားတဲ့အခြေ အနေအတိုင်းဖြစ်မယ်ဆိုရင်တော့ မြေလေးတစ်နေ ရာလောက် ရသင့်တယ်ထင်ပါတယ်။
ပါတီ၏ သုံးသပ်ချက်
စိုက်ပျိုးရေးသမားတွေ ၂၂.၆.၂၀၁၂ ရက်နေ့မှာ လာရောက်တိုင်ပင်ကြပါတယ်။ သူတို့တွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့နေရာကို လိုက်လံကြည့်ရှုရာ မှ စိုက်ပျိုးလုပ်ကိုင်နေမှုများ စနစ်တကျရှိလှတာကို တွေ့ရှိရပြီး ပြောင်းရရွှေ့ရမယ့်အခြေအနေကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကို တွေ့ရှိရ ပါတယ်။ စိုက်ပျိုးရေးသမားတွေဟာ အနယ်နယ် အရပ်ရပ်က လက်ငုတ်လက်ရင်းများကို အခြေဖြုတ် ခဲ့ကြပြီး ဖြစ်တဲ့အတွက် သူတို့ရဲ့အခက်အခဲကို နား လည်စာနာမိပါတယ်။ ပြန်လည်သုံးသပ်ကြည့်ရာမှာ သူတို့တွေဟာ အရမ်းမဲ့ကျူးကျော်နေထိုင်ကြသူတွေ မဟုတ်ကြပါဘူး။ လစဉ်ကြေးပုံမှန်ပေးပြီး လုပ်ကိုင် နေကြသူတွေဖြစ်ပါတယ်။ သူတို့တွေ တစ်ဦးချင်း တစ်ယောက်ချင်းစီက ပေးတဲ့လစဉ်ကြေးတွေဟာ နိုင်ငံတော်ဘဏ္ဍာတွေပါပဲ။
၂၄.၆.၂၀၁၂ ရက်နေ့မှာ စိုက်ပျိုးခြံအတွင်း အဆောက်အဦဆောက်လုပ်ရန် ပစ်္စည်းများလာချ နေပြီဖြစ်ကြောင်း သိရသဖြင့် မှတ်တမ်းတင်ရန်ထပ် မံသွားရောက်ခဲ့ပါတယ်။ ဂမုန်းပွင့်ကုမ်္ပဏီမှ လာ ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် ကုမ်္ပဏီမန်နေဂျာ မှ ကိုသူရိန်လင်းစိုက်ပျိုးထားသော မြေကွက်အတွင်း ဆောက်လုပ်မည့်အစီအစဉ်များကို ပြောဆိုသွား ကြောင်း သိရပြီး စိုက်ပျိုးသူများ စိတ်မကောင်းဖြစ် နေကြရပုံကို ထပ်မံမှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ စိုက်ပျိုးသူများနှင့် လာရောက်တွေ့ ဆုံသွားကြောင်းသိရပါတယ်။
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ စိုက်ပျိုးသူများအား နိုင်ငံတော်အကြီးအကဲလမ်း ညွှန်ချက်နှင့်အညီ မြေလွတ်မြေလပ်တစ်နေရာတွင် စိုက်ပျိုးမြေပြန်လည်ရရှိရေး တင်ပြရန် အကြံပြုသည်။ မြန်မာပြည်တွင် မြေလွတ်မြေလပ်များစွာ ရှိနေပြီး စိုက်ပျိုးရေးကို အမှန်တကယ်လုပ် ဆောင်နေကြသူ များအနေဖြင့် ပြန်လည်ရရှိသင့်သည် ဟုလည်း မှတ်ယူသည်။ စိုက်ပျိုးသူများတောင်းဆိုလို သည်မှာ (၁) ကျောင်းပိတ်ရက်အထိ ပြောင်းရွှေ့ချိန်ကို ရွှေ့ ဆိုင်း ပေးရန်
(၂) စိုက်ပျိုးမြေ ပြန်လည်ချထား ပေးရန်
(၃) ရန်ကုန်မြို့နှင့်အနီးဆုံးနေရာတွင် ပြန်လည်စဉ်း စား ပေးနိုင်ပါရန်
ဟု (၃)ချက်သာ ပါရှိသည်။
ကုန်ထုတ်လုပ်မှုကို အမှန်တကယ်ဆောင်ရွက်နေသူ များ၏အခက်အခဲကို ကူညီဖြေရှင်းပေးသင့်သည်ဟု သာ မှတ်ချက်ပြုတင်ပြလိုပါသည်။ PDP
Leave a comment