တိုက်ပွဲကို ပြီးဆုံးသည်အထိ တိုက်

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ လူလေးကနှစ်ယောက်တစ်ပိုင်း တာဝန်တွေလုပ်စရာ ရှိတာတွေက တပုံတခေါင်း ဆိုပေမယ့် ဘယ်အမှု ဘယ်ကိစ္စကိုမှ ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ပါဘူး။ တိုက်ပွဲတွေ အများကြီး လိုက်တိုက်ပြီး အနိုင်အရှုံးမပြတ်သားတာမျိုးလဲ မကြိုက်ပါဘူး။ အခုကြုံတွေ့နေရတဲ့ ဇေကမ္ဘာနှင့် ရွှေနံ့သာပြဿနာကိစ္စဘယ်လောက်ကြာပြီလဲ မေးရင် ရွေးကောက်ပွဲ ပြီးကတည်းက ဆိုပါတော့။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး သမားဘက်က ဖြစ်သင့်တာကို တာဝန်ကျေရုံတင်မက အလုံးစုံ တင်ပြပြီး လည်း ဖြစ်ပေမယ့် ဥပဒေလမ်းကြောင်းအရအဆုံး မသတ်ပေးနိုင်သေးတာကြောင့် ဇွဲရှည် စိတ်သန် တောင်သူလယ် သမားများဘက်က ရပ်တည် ကူညီပေးနေဆဲပါပဲ။
တခြားသော ကိစ္စတွေမှာလည်း အကြံပေးတာမျိုး။ စာအုပ်စာတန်းနှင့် တင်ပြတာမျိုး လုပ်ခဲ့ကိုင်ခဲ့လို့ စာအုပ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ပြန်ကြားရေးမူဘောင်တွေနဲ့ ပါတီဖျက်သိမ်း သည် အထိ ဆိုပြီး ခြောက်လှန့်လာလို့ သတင်းစာရှင်းလင်းပွဲကိုလည်းငွေမကုန်ချင်ပဲအကုန်ခံပြီးလုပ်ခဲ့ ရပါသေးတယ်။
အမှုအခင်း အခြေအနေကို စာအုပ်နဲ့တမျိုး၊ အင်တာနက်က တစ်ဖုံ ကြုံတိုင်း တင်ပြခဲ့ပေမယ့် ရန်ကုန်း တိုင်းဒေသကြီး အစိုးရရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် လယ်သမားတွေဟာ ဆန္ဒပြဖို့အထိ ဖြစ်လာတာ ကို ဥပဒေ နားလည်သူတွေ အတွေ့အကြုံရှိ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဒီလိုအမှုမှာ ဒီလို စွဲဆိုလို့ ရတယ်ဆိုလို့ “မြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန်” ဆိုပြီး တင်ပြလိုက်တဲ့အတွက် ယနေ့ယခုစစ်ဆေး ကြားနာနေပါပြီ ။
ကူစေချင် ၊ ပါစေချင် ပါပေမယ့် လက်ရှောင်နေကြတာကို ဘာကြောင့် ဘယ်လို သုံးသပ်လို့ မရပေမယ့် အမှုပေါင်း သောင်းခြောက်ထောင်နဲ့ ဗျာများရမယ့် အဖြစ်မျိုးကို ရှောင်ရှားပြီး ဒီကိစ္စအနိုင်အရှုံး သဲကွဲသည် အထိ ဆောင်ရွက်နေပါတယ်။
တခြားသော နိုင်ငံရေးအဖွဲ့အစည်းများကိုလည်း အကြံပြုတင်ပြလိုတာက တိုက်ပွဲတစ်ခုကို ပြီးဆုံးသည် အထိ ဇွဲရှိရှိနဲ့ တိုက်ပေးဖို့ လိုပါလိမ့်မယ်။ ဥပဒေမဲ့ အလုပ်PDP မလုပ်ပါဘူး။ ဥပဒေမဲ့ လုပ်တဲ့သူဆိုလည်း ဘယ်သူ့ကို မှ မထားပါဘူး။ ခြိမ်းခြောက်တာတွေကိုလည်း ကြောက်လိမ့်မယ်မထင်ပါနဲ့ .....

လယ်မလုပ်ဘူး စက်မှုဇုန်လုပ်မှာ ပြောတဲ့ သူဌေး လယ်သမားတွေနဲ့ အပြိုင်လုထွန်နေတာ မြင်ကြစေ(၆.၆.၂၀၁၂)

ဇေကမ္ဘာနှင့်ရွှေနံ့သာ နောက်ဆုံးအခြေအနေများကို စုံစမ်းထောက်လှမ်း ပေးကြပါဦး။ တခြား အလုပ်တွေ မလုပ်နိုင်အောင် ဒီအမှုကြီးကို သံသယာရှည်စေတာလားလို့လဲ စဉ်းစားမိပါတယ်။ ဒီအမှု ဖြတ်ပေးပါ။ ဒါမှ တခြားအလုပ်တွေလုပ်နိုင်မယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment