ရွှေပြည်သာမြို့နယ်အတွင်း သူဌေး၏ ကောင်းမှုဖြင့် ကျူးကျော်နေထိုင်သူများ မြေနေရာပြန် လည်ရရှိခဲ့ ကြောင်းအများပြည်သူကို တင်ပြခဲ့ပြီး ဖြစ်သည်။ ကျူးကျော်နေထိုင်သူများအား မူလနေရာမှ ရွှေ့ပြောင်းစေ၍ သူဌေးပိုင် အခြားမြေနေရာတွင် ကျူးကျော်သူများကို စနစ်တကျအကွက်ရိုက်နေ ရာချ ထားပေးခဲ့ရာ ကျူးကျော်နေထိုင်သူ (၅၀)ဦးမှာ မြေနေရာအသီးသီးရရှိခဲ့သည်။ထို့အပြင်လိုအပ်သော အထောက်အပံ့များ ကိုလည်း သူဌေးဖြစ်သူက ဆက်လက်ကူညီဆောင် ရွက်ပေးနေဆဲဖြစ်ကြောင်း ကျူးကျော်သူများအတွက် ကူညီဆောင်ရွက်ပေးနေသူ မထက်ထက်ဦးဝေမှ ရှင်းပြပါသည်။ ယခုမိုးရာသီရောက်သည့်တိုင် မြေနေရာ ရရှိပြီးဖြစ်သော်လည်း အိမ်မဆောက်နိုင်သည့် အခက်အခဲကြုံနေရသူများ ရှိနေပါသည်။ တစ်နေ့လုပ် တစ်နေ့စား အလုပ်သမားများဖြစ်သည့် အားလျှော်စွာ မိုးတွင်းကာလ နေထိုင်ရေး အခက်ကြုံနေရသူများကို ကူညီပေးလိုသူများအနေဖြင့် ကူညီဆောင်ရွက်ပေးကြဖို့ မေတ်္တာရပ်ခံ တင်ပြပါတယ်။ မြေကွက်ရရှိထားသော အလုပ်သမားများ ထဲမှ အိမ်မဆောက်နိုင်သူအများစုမှာ မုဆိုးမများဖြစ် ကြပြီး အိမ်မဆောက်နိုင်သေးသူ ၂၈ဦးခန့်အထိ ရှိနေ ပါသည်။ သို့ဖြစ်ပါသောကြောင့် သစ်၊၀ါး၊ဓနိများကို ကူညီပံ့ပိုးလိုသူများအနေဖြင့် ဆက်သွယ်ကူညီပံ့ပိုး ပေးကြပါရန် တင်ပြပါသည်။ (ဆက်သွယ်ရန် - မထက်ထက်ဦးဝေ - ၀၉၄၂၅၀၁၈၃၀၁)
Tags:
သတင်း
Leave a comment