ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ အမှတ်(၂၃) ရပ်ကွက်၊ ကွင်း အမှတ် ၂၉၀ (အေ) ဦးပိုင်အမှတ် - စံပါယ်ကုံး ၁၇/၁ ရှိ လယ်မြေဧက ၅.၈၁ ဧကကို ဦးမြငြိမ်းမှ လွန်ခဲ့သော နှစ်ပေါင်း (၄၀) ခန့်မှ စတင်လုပ် ဆောင်ခဲ့ပါတယ်။ ယခုအချိန် မှာတော့ လယ်မြေတစ်လက်မတောင် မကျန်ရစ် တော့ပါဘူး။ ဘယ်လိုနည်းလမ်းနဲ့ လယ်မြေတွေ လက် လွတ် ဆုံးရှုံးခဲ့ရတယ် ဆိုတာကိုတော့ -
ဦးမြငြိမ်း၏ သားမက်ဖြစ်သူ ဦးခိုင်ဝင်းက - ““ ၁၉၉၆ ခုနှစ်မှာ ကမ်းပတ်တာလမ်း မလွတ်တဲ့ အိမ်တွေကို နေရာချဖို့ ရ.ယ.က ဥက်္ကဌ ဦးတင်ညွန့်က အလှူခံတာကြောင့် ၀.၂၁ ဧကကို ကျေကျေနပ်နပ် လှူပေးခဲ့ပါတယ်။
၁၉၉၆ မှာပဲ ဥက်္ကဌ ဦးအောင်ဖြိုးလက် ထက်မှာ မရှိဆင်းရဲ တဲ့လူတွေအတွက် အိမ်ယာ ကွက်ဖော်ပေးမယ်ဆိုပြီး ၂.၃၀ ဧကမှာ အကွက်တွေ အတင်းဝင်ဖော်တယ်။ မကျေနပ်ပေမယ့် ဘာမှ ပြောလို့ မရဘူး။ အလှူခံတာလည်း မဟုတ်ဘူး။ အမိန့်ဆိုပြီး လုပ်တယ်။ နောက် ပြီးတော့ တကယ်မရှိဆင်းရဲတဲ့သူက ၆ အိမ်ပဲ ရှိတယ်။ ကျန်အ ကွက် ၁၀ ကွက်လောက်က ကျောက်တိုင်စိုက်ပြီး ဦးထားကြတာ။ အခုထိ ဘယ်သူမှ မနေဘူး။ ဥက်္ကဌနဲ့ အဖွဲ့ရောင်းစားထားတယ်လို့ ထင်တယ်။
၂၀၀၄ ခုနှစ်မှာ ကျန်နေတဲ့ ၁.၈၁ ဧကပေါ်မှာ စပါးရိတ်ပြီး တဲ့အချိန် ဦးအောင်ဖြိုးက ပြောတယ်။ မင်းတို့အဲဒီကနေ ဖျက်တော့။ ရွှေ့တော့။ မရွှေ့ရင် အဖမ်းခံရမယ်လို့ပြော တယ်။ အဲဒါနဲ့ ကြောက်ပြီး ကျွန်တော်တို့ ရွာထဲဝင်ပြေးရတာ။ အဲဒီလိုကျွန်တော်တို့လဲ ပြောင်းရော ဦးအောင်ဖြိုးက အုတ်သဲကျောက် တွေပုံပြီး အရောင်းအ၀ယ်လုပ်တော့ တာပဲ။ အခုတော့ အဲဒီမြေပေါ်မှာ ဦးဌေးကို နဲ့ ဦးမျိုးနိုင်တို့ကအဆောက်အဦးအခိုင်အမာ တည်ဆောက်ပြီး အုတ်သဲ ကျောက်ဆိုင်တွေ ဖွင့်တယ်။ ကျွန်တော်တို့မြေကို သိမ်းပိုက်ထား တယ်။ လက်ရှိ ဥက်္ကဌ ဦးငွေထွန်းကို သွားပြော တော့ အိုးအိမ် ဦးခင်ဇော်ဆီကို လွှတ်တယ်။ စာရွက်တစ်တောင်လောက်ကြီး ထုတ်ပြတယ်။ တစ်နှစ်တခါ မ.ယ.က ကိုအခွန်ဆောင်ရတယ် လို့ ပြောတယ်။ ဒီမြေဟာ လယ်မြေအတိုင်း ပဲရှိနေတယ်လို့ အပိုင်ယုံကြည်တယ်။ လယ် ၅ ဧကအတွက် ဘဏ်ချေးငွေနှစ်စဉ်ရတယ်။ ၂၀၁၁ ခုနှစ် အထိရပြီးပြီ။ ဒီနှစ်လည်း ထုတ်ရတော့မယ်။ ””
နိုင်ငံတော်အစိုးရကို သိစေချင်တာကတော့ မိမိရဲ့ အောက်ခြေ အုပ်ချုပ်ရေးတွေကို ငါ့လူတွေလို့ အပိုင်မမြင်ဖို့ လိုတယ်။ အားလုံးကို သံသယရှိရမယ်။ ဒီလိုအောက်ခြေမှာ မမှန်မကန် ဖြစ်နိုင်ခြေဟာ ရာခိုင်နှုန်း ၉၀ အောက်မရှိုဘူး။ အဲဒါကြောင့် ဖော်ထုတ် တင်ပြမှုတွေကို ဆတ်ဆတ်ထိမခံ ဖြစ်နေစရာမလိုဘူး။ တင်ပြမှုတွေကို မှန်ကန် ခြင်းရှိမရှိ နဲ့ နစ်နာသူ ပြည်သူများရဲ့ အကျိုးကို ပြန်လည်ကု စားဖို့ကို အာရုံစိုက်သင့်တယ်။ ဥပဒေရဲ့အကာအကွယ်ကိုမှ ပြည်သူတွေ မခံစားရရင် ဘယ်တော့မှကောင်းလာမှာ မဟုတ်ဘူးလို့ ပါတီမှ သုံးသပ်ပါတယ်။
Tags:
သတင်း
Leave a comment