ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီး၊ ရဲဘော်ဟောင်းမှတ်တိုင်၊ ပျဉ်းမပင်အစာစပ်စက်ရုံဝန်းအတွင်းရှိ စည်ပင်မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများသည် ပြောင်းရွှေ့ပေးရမည်ဖြစ်သောကြောင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ထားဆဲ အခြေအနေနှင့် ကျောင်းနေအရွယ် ကလေးများရှိနေခြင်းကြောင့် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပေးနိုင်ပါရန် နှင့် အရင်းအနှီးများမှာ စိုက်ပျိုးရေး တွင် မြှုပ်နှံထားပြီဖြစ်သောကြောင့် ပြောင်းရွှေ့ရမည်ဆိုလျှင်လည်း တခြားနေရာတွင် စိုက်ပျိုးမြေ ပြန်လည်စီစဉ်ပေးစေလိုကြောင်း ဖြင့် အသနားခံတင်ပြ ထားကြသည်။ စိုက်ပျိုးရေးတောင်သူများနှင့် သွားရောက်တွေ့ဆုံ မေးမြန်းရာ- ကိုသူရိန်လင်း ဧရာဝတီတိုင်း၊ ဟင်္သတမြို့နယ်ကနေ ပြောင်းရွှေ့လာတာ၂၀၀၄လောက်ကတည်းကပါ။ဟို မှာရှိတာလေးတွေကို အခြေဖြုတ်ပြီးတက်လာကြ တာ။ ဒီမြေထဲမှာ တစ်လကို ၅၀၀၀၀ နှုန်းနဲ့ငှားပြီး စိုက်ပျိုးလုပ်ကိုင်နေတာပါ။ ငှားထားတာက ၂ ဧက ၀န်းကျင် တော့ရှိတာပေါ့။ ငွေပိုငွေလျှံတော့ မရှိဘူး။ မိသားစုရပ်တည်လို့တော့ရတယ်။ စိုက်ပျိုးလို့ ရရှိ လာတဲ့ဟာလေးနဲ့ အလုပ်ထဲပြန်ထည့်လိုက်၊ စား လိုက်ကြနဲ့ဆိုတော့ လုံးလည်ချာလည်ပဲ။မိသားစုက ၁၃ယောက်ရှိတယ်။ ညီမလေးတစ်ယောက်က ၁၀ တန်းတက်နေတယ်။ မူကြိုတစ်ယောက်ရယ်။ ဒီကနေဖယ်ရမယ်ဆိုရင် ကျွန်တော်တို့က အိုးမဲ့အိမ်မဲ့ဖြစ်ပြီ။ ရင်းနှီးထားတာတွေက မြေကြီးထဲ မှာချည်းပဲ။ ကလေးကလည်းမွေးကာခါစလေးရှိ သေးတယ်။ ပြောင်းရွှေ့ပြီး လုပ်ကိုင်စားသောက်ဖို့ ဆိုတာ ဆယ်တန်းလဲမအောင် ဘွဲ့ရထားတာလည်း မဟုတ်တော့ ဒီအလုပ်ကလွဲပြီး လုပ်ကိုင်စားသောက် ဖို့က ဒီအလုပ်ပဲရှိတယ်ဗျာ။ ကျွန်တော်တို့က ဖယ်မ ပေးဘူးလို့ ပြောတာတော့မဟုတ်ပါဘူး။ ကျောင်း သားတွေရှိနေတယ်။ စိုက်ပျိုးလက်စဖြစ်နေတဲ့အ တွက်အချိန်ကာလတစ်ခုထိစောင့်ပေးဖို့နဲ့ နိုင်ငံတော် သမ်္မတကြီးပြောထားတဲ့အတိုင်းဆို ကျူးကျော် တွေကိုတောင်မှ အဆင်ပြေအောင် နေရာချထားပေး သင့်တယ်ဆိုရင် ကျွန်တော်တို့ကိုလည်း စိုက်ပျိုးမြေ လေးတစ်နေရာရာမှ ပြန်လည်ချထားပေးစေချင် တာပါ။ ဒေါ်ညို ကျွန်မတို့က ထန်းတပင်ဘက်ကနေ ပြောင်းရွှေ့လာပြီးလုပ်ကိုင်စားသောက်နေကြတာပါ။ အဲဒီကနေအိမ်အ ကွက်တွေရောင်း ချပြီးဒီအကွက်လေး တွေမှာလုပ်ကိုင်စားသောက်လို့ရတယ်ဆိုပြီးတော့ ပြောင်းလာခဲ့ကြတာပါ။ ၃၊၄နှစ်အလုပ်လုပ်ပေမယ့် စိုက်တဲ့ပျိုးတဲ့နေရာမှာ မကျွမ်းကျင်တဲ့အတွက် ကြောင့် အကောင်အထည်မပေါ်ဘူး။ နည်းလမ်းလေး ကျလာတဲ့အခါကြတော့မှ ပြောင်းရရွှေ့ရမယ်ဆို တော့ ရင်ထဲအတော်ကိုမချိပါဘူး။ ကြက်ခြံဧရိယာ ဆိုပြီးတော့မှ အလံတွေ လာစိုက်သွားတာပေါ့နော်။ ကျွန်မတို့ဒီအိမ်တွေကိုလည်း ရွှေ့ပေးရမယ်ဆိုပြီး တော့လည်း အစည်းအဝေးတွေခေါ်ပါတယ်။ ကီလို မာလကာတွေဆိုသီးနေပြီ။ ကလေးနှစ်ယောက်က ကျောင်းတက် နေဆဲပါ။ တစ်ယောက်က ကျောင်းမ ထားနိုင်လို့ ထုတ်လိုက်ပြီ။ ပြောင်းဟယ် ရွှေ့ဟယ်ဆို အိုးချွတ် ခွက်ချွတ်ဖြစ်မှာ။ နေရာပြန် လည်ချထား ပေးခြင်း လည်းမရှိဘူး။ကိုယ့်အစီ အစဉ်နဲ့ပဲ ကိုယ်ပြောင်းပြီး ဆောက်ရမှာဆိုတော့ အိုးမဲ့အိမ်မဲ့ အခြေ အနေတွေ ကြုံရမှာပေါ့။စိုက်ပျိုးမြေ လေးတစ် နေရာပြန် ရခဲ့ရင်တော့ ကျွန်မတို့တွေရဲ့ စားဝတ်နေမှု လေး အဆင်ပြေမှာပါ။ မဖယ်ပါဘူးလို့ ကျွန်မတို့ မပြောခဲ့ပါဘူး။ ဖယ်ပေးဖို့လည်း ကတိပေး ခဲ့ပါပြီ။ စိုက်ပျိုး မြေလေး ပြန်ရဖို့လောက်ပဲ တောင်းဆိုချင်ပါ တယ်။ မသင်းသင်းခိုင် (ငိုလျှက်) ကျွန်မတို့မှာ ပြောင်းစရာနေရာမရှိပါဘူး။ခရမ်းဘက်က ပြောင်းရွှေ့လာကြတာ။ ဟိုကရှိတဲ့ ဟာလေးတွေရောင်းချပြီး ပြောင်းရွှေ့လာကြတာပါ။ ၂၀၀၅ ခုနှစ်ကတည်းပြောင်းရွှေ့လာကြတာပါ။ အခု စိုက်ထားတာလေးတွေက ဟင်းနုနွယ်၊ ဆလပ်၊ မုန့် ညှင်းစိမ်းရယ်။ သူတို့ကတော့ ဖယ်ပေးရမယ်ဆိုတာ ပဲပြောပြီး စိုက်ပျိုးမြေပြန်ချပေးဖို့လည်းမပြောပါဘူး။ သမီးလေးတစ်ယောက်က အဆင်မပြေလို့ကျောင်း ထုတ်ထားရပါတယ်။ ကျောင်းသားတစ်ယောက်ရှိ ပါသေးတယ်။ ၈တန်းနဲ့ ကျောင်းထုတ်ပြီးတော့ ခြံ ထဲမှာပဲခိုင်းထားပါတယ်။ ကျွန်မတို့ကို မြေတစ်နေရာ လောက်ပြန်ချထားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဦးစိုးနိုင် မန်္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ရွာက ပြောင်းရွှေ့လာကြတာပါ။ ဟိုမှာလည်း စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ အဲဒီမှာ အခြေဖျက်ပြီး ဒီမှာအလုပ်တွေရှိတယ်ဆိုပြီး ပြောင်းရွှေ့လာကြတာ။ကျောင်းသားတစ်ယောက်က ၁၃နှစ်အရွက် ၄တန်း ပဲရှိသေးတယ်။ မိသားစုဝင် ၅ယောက်လုံးက ဈေး ရောင်းတဲ့သူရောင်း ခြံထဲမှာပဲ မြှုပ်နှံနေကြတာပါ။ ဒီကနေရွှေ့ ရွှေ့ဆိုတော့ ပြောင်းဖို့ရွှေ့ဖို့က အသိမိတ် ဆွေလည်း ရှိတာမဟုတ်ဘူး။ မိသားစု၂ စု အတူနေ ကြတာပေါ့နော်။ ဒီဘက်မှာ အသိအကျွမ်းဆိုတာ လည်းမရှိဘူး။ ဘယ်ပြောင်းလို့ ပြောင်းရမှန်းကိုမသိ ဘူး။ နေစရာလည်း မြေမရှိ၊ ပြောင်းစရာလည်းငွေ မရှိ ဖြစ်နေတယ်။ ဒီမြေကြီးထဲမှာပဲ ရင်းနှီးမြှုပ်နှံမှု ကအကုန်လုပ်ပြီးပြီ။ လုပ်မယ့်သူမရှိတဲ့အချိန်မှာ ဒါလေးတော့ငှားလုပ်ဦးမယ်ဆိုပြီး ယောက်္ဖတစ် ယောက်က လူငှားခေါ်ပြီးခိုင်းရင်းကနေ စုဆောင်းပြီး ပြန်လုပ်ရတာ။ ငှားပြီးလုပ်တဲ့နှစ်ကြမှ သူတို့ကရွှေ့ ဆိုတော့ ဘ၀ကပျက်တော့တာပေါ့။ အကုန်လုံးစိုက် ပျိုးပြီးနေပြီ။ အစိုးရကနေပြီးတော့မှ စိုက်ပျိုးမြေလေး ပြန်ချပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ စည်ပင်ကတော့ ၆လပိုင်း ၁၅ရက်နေ့မှာ မောင်စိုးနိုင် တို့ရေ မင်းတို့ လာမယ့်အင်္ဂါနေ့မှာ အပြီးဖယ်ပေးရ မယ်ပေါ့။ ရွှေ့ဖို့ပြောင်းဖို့နေရာမရှိတဲ့အတွက်ကြောင့် မျက်ရည်တောင်ကျမိပါတယ်။ ဆရာတို့ရယ် အဲဒီလို ကြီးတော့မလုပ်ပါနဲ့။ ကလေးတွေလည်း ကျောင်း တက်နေကြတယ်။ မိုးတွင်းကာလကြီးလည်း ဖြစ်နေ တယ်။ တောင်းပန်ပါတယ်။သီတင်းကျွတ်အထိတော့ နေခွင့်ပြုတယ်ဆိုပြီး ထားတယ်။ ဦးခင်အေး ပြောင်းရရွှေ့ရမယ်ဆို တော့ခံစားရ တဲ့ခံ စားချက်ကတော့ ပြောမနေနဲ့တော့။ ကျွန်တော်တို့မှာ ဒီကနေပြောင်းရရွှေ့ရတော့မယ်ဆို တော့ ဘယ်နေရာ ကိုပြောင်းရမှန်းလဲ မသိဘူး။ တစ်နေ့လုပ်မှတစ် နေ့ စားရတဲ့အတွက် တစ်နှစ်ရတာက တစ်နှစ်အတွင်း ကုန်တာပဲ။ ရလိုက် အရင်းထဲပြန်ထည့်လိုက်။ ကျွန် တော်တို့က ကွမ်းခြံကုန်းဘက်က ပြောင်းရွှေ့လာ တာပါ။ အဲဒီမှာတုန်းက လယ်လုပ်တယ်။ လယ်ကို ဖြုတ်ပြီး ဒီမှာလည်း သားတွေရှိနေတော့ မိသားစု အကုန်လုံး ပြောင်းလာလိုက်တယ်။ ဒီမှာပဲအိမ်ထောင် တွေကျကုန်ကြပြီ။ စည်ပင်က ပြောတဲ့အထဲမှာတော့ မြေနေရာပြန်ချပေးဖို့ အစီအစဉ် မရှိဘူး။စောစောပိုင်း ကဆိုရင် ပစ်္စည်းတွေ လာချတော့မယ်လို့ပြောပြီး အဲဒီ အစီအစဉ်ပျက်သွားတယ်။ ပြန်ပြီးတော့ ဆွေးနွေး ဖို့ခေါ်တယ်။ အဲဒီမှာ သီတင်းကျွတ်အထိ ခွင့်ပြုမယ် ဆိုပြီးပြောတော့ အဲဒီနောက်ပိုင်း ဘယ်လိုစခန်းသွား ရမယ်ဆိုတာ ကိုယ်တွေလဲ မဝေခွဲတတ် အောင်ပါပဲ။ နိုင်ငံတော် သမ်္မတကြီးရဲ့ လမ်းညွှန်မှုနဲ့အညီ စိုက်ပျိုး မြေပြန်လည်ချထားပေးမယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာပါတယ်။ မယဉ်သူဇာစိုး ကျွန်မတို့ဒီခြံထဲကို ၂၀၀၅ခုနှစ်ကတည်း ကရောက်နေတာ။ ကျွန်မငှားထားတဲ့မြေက မျက်နှာ ဖွင့်က ပေ၇၀၊ အရှည် ပေ၂၀၀ ရှိတယ်။ ကျွန်မတို့ ကဟိုဘက်ကနေဖောင်ဖျက်ပြီးမှ ဒီကိုတက်လာတာ။ ၅လပိုင်း ၁၇ ရက်နေ့မှာ မြေလာတိုင်းတယ်။ ၂၈ ရက်နေ့မှာ ရုံးကိုခေါ်တယ်။ သူတို့ပြောတာက မြောက်ဥက်္ကလာနဲ့ ထောက်ကြံ့ကကြက်ခြံတွေ ဒီကို လာပြီးတော့ဆောက်မယ်။ နင်တို့ဖယ်ပေးရမယ်လို့ ပြောတယ်။ ကျွန်မတို့က စိုက်ဖို့ပျိုးဖို့ မြေလေးပြန် ပေးပါလို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မဒီအပင် တွေကို ရှိသမျှပိုက်ဆံနဲ့ ရင်းထားတာ။ သီတင်းကျွတ် ကြရင် အိုးချွတ်ခွက်ချွတ်နဲ့ထွက်သွားဆိုတော့ကျွန် မတို့ စိုက်ထားတဲ့အပင်တွေက လူသာသေရင်သေ မယ်။ ပြုပြင်နေသ၍ တစ်သက်လုံးရှင်တယ်။ ဒီအပင် တွေရင်းတာနဲ့တင် ရှိတာက ကုန်ပြီ။ လူကခေါင်းဝင် ကိုယ်ဆန့်နေလို့ရပေမယ့် ဒီအပင်တွေပြန်စိုက်ဖို့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ညီမတို့အနေအထား နဲ့လည်း အပြင်မှာ မြေမ၀ယ်နိုင်ဘူး။ ငှားခလေးက လည်းသင့်တော်တယ်။ စိုက်လို့ပျိုးလို့လည်းရတယ်။ ကိုယ့်ဝင်ငွေလေးနဲ့အဆင်ပြေတယ် ဆိုပြီးနေတာ။ ထွက်ကုန်ကို ထောက်ကြံ့ဈေး၊ ဒညင်းကုန်းဈေးတို့ မှာရောင်းတာဆိုတော့ လမ်းပမ်းဆက်သွယ်ရေး လည်းသင့်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ညီမတို့ တောင်သူတွေကို မြေလွတ်မြေရိုင်းလေးတွေ ပြန်လည်ချထားပေးရင်ခုတ်ထွင်ရှင်းလင်းပြီး ပြန်စိုက် ရင်အဆင်ပြေပါတယ်။ လမ်းညွှန်ထားတဲ့စကားအရ လည်း ကိုယ့်နိုင်ငံသူနိုင်ငံသား တကယ်လုပ်ကိုင် စားသောက်နေရတဲ့သူတွေကို ပြန်လည်ချထားပေး သင့်တယ်လို့တော့ ထင်ပါတယ်။ မအေးအေးခိုင် ကျွန်မတို့ဒီမှာနေတာ ၅နှစ် ရှိသွားပါပြီ။ မိသားစုက ဒီမှာ(၃)ယောက်ရှိတယ်။ ကလေးတွေ ကျောင်းတက်နေတာကို ဒီကလုပ်အားလေးနဲ့ ထောက်ပံ့တယ်။ ကိုရင်တစ်ပါးက အလတ်တန်း ရောက်နေပြီ။ အမတို့ကို ပြောင်းရရွှေ့ရမယ်လို့ ပြောလိုက်တဲ့အချိန်မှာ စကားတောင်မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညာလက်မောင်းတစ်ဖက် ပြုတ်သွားသလို ခံစားရတယ်။ မျက်ရည်မဆည်နိုင် အောင် ဘ၀ပျက်သလိုခံစားရပါတယ်။ ပထမတစ်ခါလည်း ပျက်ခဲ့ပြီးပြီ။ ဧရာဝတီ တိုင်း၊ လပွတ်္တာကပါ။ နာဂစ်ဖြစ်ပြီး ၂၀၀၈ ထဲမှာ ပြောင်းလာခဲ့တာပါ။ အဖေနဲ့အမေဆိုရင် နာဂစ်မှာ ဆုံးသွားတယ်။ အမတွေလည်း ပါသွားတော့ တူတွေ တူမတွေကအစ ဒီကနေထောက်ပံ့ပေးနေရတယ်။ ယောက်ျားက အပြင်မှာလည်း ကြုံတဲ့အလုပ် လိုက်လုပ်တယ်။ ပြောင်းရရွှေ့ရမယ်ဆိုရင် အိမ်လေး တွေကလည်း ဘာမှပြန်ရမှာမဟုတ်တော့ဘူး။ ရွှေ့ စရာမြေလည်း မရှိဘူးလေ။ စိုက်ပျိုးမြေပြန်ချထား ပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ ဦးမောင်ကို - ဒေါ်အေးကြည် ကျွန်မတို့ပြောင်းရရွှေ့ရတော့မယ်ဆို တော့ ဘယ်ကိုတိုင်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာ လဲမသိပါဘူး။ ကျွန်မတို့ပြောင်းလာတာက မန်္တလေး တိုင်း၊ သပိတ်ကျင်းမြို့နယ်ကနေ ပြောင်းလာကြတာ ပါ။ အဲဒီမှာရောင်းချပြီး အခြေအနေပျက်လို့ ဒီမှာလာ ပြီးအခြေစိုက်ကြပါတယ်။ ကျွန်မတို့မှာ မြေးလေးတွေ ငါးတန်းတက်ရမှာတောင် မတက်နိုင်ပါဘူး။ နှစ် ယောက်မှာ တစ်ယောက်ကို ကြက်ခြံမှာခိုင်းထား ရပါတယ်။ အဘတို့ကိုယ်တိုင်လုပ်နေရတာပါ။ အဖွား က ၆၅နှစ်၊ အဖိုးက ၆၇ နှစ်။ မင်းမင်းခန့်ဆိုတဲ့ ငါးတန်းတက်ရမယ့်ကလေးကလည်း ကျောင်းဆက် တက်ချင်ပေမယ့် အဖိုး၊အဖွားတွေက မထားနိုင် တော့ပါဘူး။ နိုင်ငံ တော်အကြီးအကဲများကို ကျွန်မတို့ လုပ်ကိုင်စားသောက်ဖို့ မြေနေရာလေးပေးပါ။ အခြေမဲ့အနေမဲ့ဖြစ်ပါပြီ။ ပြောင်းဖို့ရွှေ့ဖို့ဆိုရင် အညာ ကိုပြန်ရင် တစ်ယောက်ကို ၂၅၀၀၀မပါပဲ ပြန်လို့ မရပါဘူး။ အညာမှာရှိတဲ့ဟာလေးတွေရောင်းပြီး လာခဲ့ ကြတာဆိုတော့ အိုးခြေမဲ့အိမ်ခြေမဲ့ဖြစ်ပြီ။ မြေနေရာ လေးစီစဉ်ပေးပါ။ ပြောင်းပေးမှာပါ။ ဦးသိန်းဌေး ကြုံတွေ့နေရတဲ့အခက်အခဲကတော့ မြေနေရာတွေလာတိုင်းသွားတယ်။ ကြက်ခြံဆောက် ဖို့ဆိုတော့ စိုက်ထားပျိုးထားတာလေးနဲ့အခက်အခဲ ဖြစ်တာပေါ့။ ကျွန်တော်တို့က ဧရာဝတီတိုင်းကပါ။ နာဂစ်နောက်မှာ ပါသွားပြီး နေလည်းမနေချင်တော့ တာနဲ့ ခြံနဲ့အိမ်ကို ရောင်းပြီးဒီကိုတက်လာခဲ့ကြတာ။ ပြောင်းရရွှေ့ရမယ်ဆိုရင် အချိန်လည်းမပေးဘူး။ နည်းနည်းပါးပါးလိုက်ပြီးတောင်းပန်စကားပြောတော့ မှ သီတင်းကျွတ်လကုန်လောက်အထိ တင်ပြပြီးနေ လို့ပြောတယ်။ ကလေးက(၇)တန်း။ ရောင်းချထား ခဲ့တာဆိုတော့ ပြောင်းစရာကမရှိဘူး။ စည်ပင်ဌာနကို မြေနေရာလေးပြန်ချပေး ဖို့ တင်ပြတယ်။ ဆုံးဖြတ်ပေးလို့မရဘူးတဲ့။ ကိုယ့်အစီ အစဉ်နဲ့ကို နေရာရှာပြီးပြောင်းရွှေ့ကြဖို့ပဲပြောတယ်။ နိုင်ငံတော်အကြီးအကဲလမ်းညွှန်တဲ့အတိုင်း စိုက်ပျိုး မြေလေးပြန်လည်ချထားပေးမယ်ဆိုရင်တော့ မိသား စုအခက်အခဲ ဖြေရှင်းလို့ရမှာပါ။ ဦးအောင်စိုး ကျွန်တော့်မှာ မအေအို၊ဖအေအိုကြီးတွေ နဲ့ တူ၊တူမလေးတွေကို လုပ်ကိုင်ကျွေးနေတာဆို တော့ ဒီကနေပြောင်းရရွှေ့ရမယ်ဆိုရင် အခက်အခဲ ရှိပါတယ်။ ပဲခူးတိုင်း၊သေနပ်ပင်မြို့နယ်ထဲက ပြောင်းရွှေ့လာတာပါ။ လယ်တွေကိုစွန့်ပြီး ဒီမှာလုပ် ကိုင်စားသောက်နေတာပါ။ ရွှေ့ရပြောင်းရမယ်ဆိုရင် ကျောင်းတက်နေတဲ့တူလေး၊တူမလေးတွေ အတွက် လည်း ဒုက်္ခရောက်ပါမယ်။ ညီးလေးနာမည် ပြောပါဦး - အောင်မျိုး။ ကျောင်း မတက်တော့ပါဘူး။ လေးတန်းနဲ့ထွက်လိုက်ရတာပါ။ ဦးလေးနဲ့ အတူတူအလုပ်လုပ်ပါတယ်။ သူ့ကြတော့မထားနိုင်တော့ဘူး။ သူ့အောက်က နှစ် ယောက်က ကျောင်းတက်နေတယ်။ လေးတန်း တစ်ယောက်၊ (၇)တန်းတစ်ယောက်။ ပြောင်းဖို့ ရွှေ့ဖို့ နေရာလည်းမရှိပါဘူး။ အားလုံးရောင်းချပြီးဒီကိုလာ ကြတာ။ စိုက်ပျိုးရေးပဲ လုပ်ကိုင်တတ်ပါတယ်။ စိုက် ပျိုးဖို့ မြေနေရာလေးပြန်ချပေးရင် ကျေးဇူးတင်ပါ တယ်။ ဦးမြင့်ဦး ဒီမှာလုပ်ကိုင်စားသောက်ရတာ အဆင် ပြေပါတယ်။ အခုလိုပြောင်းရရွှေ့ရမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ အရင်းအနှီးကတော့ မြေကြီးထဲ မှာချည်းပဲ။ မျိုးစေ့ဖိုး၊ ဓာတ်မြေသြဇာ၊ ကောက်ရိုးက အစ၀ယ်သုံးရတာပါ။ စားသောက်ကုန်စိုက်ပျိုးလို့ ဖြစ်ထွန်းတဲ့နေရာပါ။ ကလေးက ၈တန်းတစ် ယောက်၊ ကိုးတန်းတစ်ယောက်ရှိတယ်။ ဆယ်တန်း ကိုဆက်မထားနိုင်လို့ ထုတ်လိုက်ရပါတယ်။ တခြားမှာလည်းမြေပိုင်ယာပိုင်ကမရှိပါဘူး။ ဒီမှာပဲ စိုက်ခင်းကို အခြေချမယ်ဆိုပြီး ရောင်းချခဲ့တာပါ။ ဦးလေးတို့က လယ်ယာစိုက်ပျိုးရေးကို အဓိကထား ပြီးလုပ်ခဲ့တဲ့သူတွေဆိုတော့ စိုက်ပျိုးမြေတစ်နေရာ လောက်ချပေးခဲ့မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ မျှော်လည်း မျှော်လင့်မိတယ်ပေါ့။ ဒါမှလည်း မိသား စုစားဝတ်နေရေးက အဆင်ပြေမှာ။ ငွေကြေးဆိုတာ လည်း အပိုမရှိဘူး။ ပြောင်းဖို့ရွှေ့ဖို့ အခက်အခဲရှိတာ ပေါ့ကွာ။ နိုင်ငံတော်သမတကြီး ညွှန်ကြားတဲ့အခြေ အနေအတိုင်းဖြစ်မယ်ဆိုရင်တော့ မြေလေးတစ်နေ ရာလောက် ရသင့်တယ်ထင်ပါတယ်။ ပါတီ၏ သုံးသပ်ချက် စိုက်ပျိုးရေးသမားတွေ ၂၂.၆.၂၀၁၂ ရက်နေ့မှာ လာရောက်တိုင်ပင်ကြပါတယ်။ သူတို့တွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့နေရာကို လိုက်လံကြည့်ရှုရာ မှ စိုက်ပျိုးလုပ်ကိုင်နေမှုများ စနစ်တကျရှိလှတာကို တွေ့ရှိရပြီး ပြောင်းရရွှေ့ရမယ့်အခြေအနေကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကို တွေ့ရှိရ ပါတယ်။ စိုက်ပျိုးရေးသမားတွေဟာ အနယ်နယ် အရပ်ရပ်က လက်ငုတ်လက်ရင်းများကို အခြေဖြုတ် ခဲ့ကြပြီး ဖြစ်တဲ့အတွက် သူတို့ရဲ့အခက်အခဲကို နား လည်စာနာမိပါတယ်။ ပြန်လည်သုံးသပ်ကြည့်ရာမှာ သူတို့တွေဟာ အရမ်းမဲ့ကျူးကျော်နေထိုင်ကြသူတွေ မဟုတ်ကြပါဘူး။ လစဉ်ကြေးပုံမှန်ပေးပြီး လုပ်ကိုင် နေကြသူတွေဖြစ်ပါတယ်။ သူတို့တွေ တစ်ဦးချင်း တစ်ယောက်ချင်းစီက ပေးတဲ့လစဉ်ကြေးတွေဟာ နိုင်ငံတော်ဘဏ္ဍာတွေပါပဲ။ ၂၄.၆.၂၀၁၂ ရက်နေ့မှာ စိုက်ပျိုးခြံအတွင်း အဆောက်အဦဆောက်လုပ်ရန် ပစ်္စည်းများလာချ နေပြီဖြစ်ကြောင်း သိရသဖြင့် မှတ်တမ်းတင်ရန်ထပ် မံသွားရောက်ခဲ့ပါတယ်။ ဂမုန်းပွင့်ကုမ်္ပဏီမှ လာ ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် ကုမ်္ပဏီမန်နေဂျာ မှ ကိုသူရိန်လင်းစိုက်ပျိုးထားသော မြေကွက်အတွင်း ဆောက်လုပ်မည့်အစီအစဉ်များကို ပြောဆိုသွား ကြောင်း သိရပြီး စိုက်ပျိုးသူများ စိတ်မကောင်းဖြစ် နေကြရပုံကို ထပ်မံမှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ စိုက်ပျိုးသူများနှင့် လာရောက်တွေ့ ဆုံသွားကြောင်းသိရပါတယ်။ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ စိုက်ပျိုးသူများအား နိုင်ငံတော်အကြီးအကဲလမ်း ညွှန်ချက်နှင့်အညီ မြေလွတ်မြေလပ်တစ်နေရာတွင် စိုက်ပျိုးမြေပြန်လည်ရရှိရေး တင်ပြရန် အကြံပြုသည်။ မြန်မာပြည်တွင် မြေလွတ်မြေလပ်များစွာ ရှိနေပြီး စိုက်ပျိုးရေးကို အမှန်တကယ်လုပ် ဆောင်နေကြသူ များအနေဖြင့် ပြန်လည်ရရှိသင့်သည် ဟုလည်း မှတ်ယူသည်။ စိုက်ပျိုးသူများတောင်းဆိုလို သည်မှာ (၁) ကျောင်းပိတ်ရက်အထိ ပြောင်းရွှေ့ချိန်ကို ရွှေ့ ဆိုင်း ပေးရန် (၂) စိုက်ပျိုးမြေ ပြန်လည်ချထား ပေးရန် (၃) ရန်ကုန်မြို့နှင့်အနီးဆုံးနေရာတွင် ပြန်လည်စဉ်း စား ပေးနိုင်ပါရန် ဟု (၃)ချက်သာ ပါရှိသည်။ ကုန်ထုတ်လုပ်မှုကို အမှန်တကယ်ဆောင်ရွက်နေသူ များ၏အခက်အခဲကို ကူညီဖြေရှင်းပေးသင့်သည်ဟု သာ မှတ်ချက်ပြုတင်ပြလိုပါသည်။ PDP
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ရွှေပြည်သာမြို့နယ်အတွင်း သူဌေး၏ ကောင်းမှုဖြင့် ကျူးကျော်နေထိုင်သူများ မြေနေရာပြန် လည်ရရှိခဲ့ ကြောင်းအများပြည်သူကို တင်ပြခဲ့ပြီး ဖြစ်သည်။ ကျူးကျော်နေထိုင်သူများအား မူလနေရာမှ ရွှေ့ပြောင်းစေ၍ သူဌေးပိုင် အခြားမြေနေရာတွင် ကျူးကျော်သူများကို စနစ်တကျအကွက်ရိုက်နေ ရာချ ထားပေးခဲ့ရာ ကျူးကျော်နေထိုင်သူ (၅၀)ဦးမှာ မြေနေရာအသီးသီးရရှိခဲ့သည်။ထို့အပြင်လိုအပ်သော အထောက်အပံ့များ ကိုလည်း သူဌေးဖြစ်သူက ဆက်လက်ကူညီဆောင် ရွက်ပေးနေဆဲဖြစ်ကြောင်း ကျူးကျော်သူများအတွက် ကူညီဆောင်ရွက်ပေးနေသူ မထက်ထက်ဦးဝေမှ ရှင်းပြပါသည်။ ယခုမိုးရာသီရောက်သည့်တိုင် မြေနေရာ ရရှိပြီးဖြစ်သော်လည်း အိမ်မဆောက်နိုင်သည့် အခက်အခဲကြုံနေရသူများ ရှိနေပါသည်။ တစ်နေ့လုပ် တစ်နေ့စား အလုပ်သမားများဖြစ်သည့် အားလျှော်စွာ မိုးတွင်းကာလ နေထိုင်ရေး အခက်ကြုံနေရသူများကို ကူညီပေးလိုသူများအနေဖြင့် ကူညီဆောင်ရွက်ပေးကြဖို့ မေတ်္တာရပ်ခံ တင်ပြပါတယ်။ မြေကွက်ရရှိထားသော အလုပ်သမားများ ထဲမှ အိမ်မဆောက်နိုင်သူအများစုမှာ မုဆိုးမများဖြစ် ကြပြီး အိမ်မဆောက်နိုင်သေးသူ ၂၈ဦးခန့်အထိ ရှိနေ ပါသည်။ သို့ဖြစ်ပါသောကြောင့် သစ်၊၀ါး၊ဓနိများကို ကူညီပံ့ပိုးလိုသူများအနေဖြင့် ဆက်သွယ်ကူညီပံ့ပိုး ပေးကြပါရန် တင်ပြပါသည်။ (ဆက်သွယ်ရန် - မထက်ထက်ဦးဝေ - ၀၉၄၂၅၀၁၈၃၀၁)
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရ.ယ.က နှင့် မ.ယ.က မတရားလုပ်သလား

ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ အမှတ်(၂၃) ရပ်ကွက်၊ ကွင်း အမှတ် ၂၉၀ (အေ) ဦးပိုင်အမှတ် - စံပါယ်ကုံး ၁၇/၁ ရှိ လယ်မြေဧက ၅.၈၁ ဧကကို ဦးမြငြိမ်းမှ လွန်ခဲ့သော နှစ်ပေါင်း (၄၀) ခန့်မှ စတင်လုပ် ဆောင်ခဲ့ပါတယ်။ ယခုအချိန် မှာတော့ လယ်မြေတစ်လက်မတောင် မကျန်ရစ် တော့ပါဘူး။ ဘယ်လိုနည်းလမ်းနဲ့ လယ်မြေတွေ လက် လွတ် ဆုံးရှုံးခဲ့ရတယ် ဆိုတာကိုတော့ - ဦးမြငြိမ်း၏ သားမက်ဖြစ်သူ ဦးခိုင်ဝင်းက - ““ ၁၉၉၆ ခုနှစ်မှာ ကမ်းပတ်တာလမ်း မလွတ်တဲ့ အိမ်တွေကို နေရာချဖို့ ရ.ယ.က ဥက်္ကဌ ဦးတင်ညွန့်က အလှူခံတာကြောင့် ၀.၂၁ ဧကကို ကျေကျေနပ်နပ် လှူပေးခဲ့ပါတယ်။ ၁၉၉၆ မှာပဲ ဥက်္ကဌ ဦးအောင်ဖြိုးလက် ထက်မှာ မရှိဆင်းရဲ တဲ့လူတွေအတွက် အိမ်ယာ ကွက်ဖော်ပေးမယ်ဆိုပြီး ၂.၃၀ ဧကမှာ အကွက်တွေ အတင်းဝင်ဖော်တယ်။ မကျေနပ်ပေမယ့် ဘာမှ ပြောလို့ မရဘူး။ အလှူခံတာလည်း မဟုတ်ဘူး။ အမိန့်ဆိုပြီး လုပ်တယ်။ နောက် ပြီးတော့ တကယ်မရှိဆင်းရဲတဲ့သူက ၆ အိမ်ပဲ ရှိတယ်။ ကျန်အ ကွက် ၁၀ ကွက်လောက်က ကျောက်တိုင်စိုက်ပြီး ဦးထားကြတာ။ အခုထိ ဘယ်သူမှ မနေဘူး။ ဥက်္ကဌနဲ့ အဖွဲ့ရောင်းစားထားတယ်လို့ ထင်တယ်။ ၂၀၀၄ ခုနှစ်မှာ ကျန်နေတဲ့ ၁.၈၁ ဧကပေါ်မှာ စပါးရိတ်ပြီး တဲ့အချိန် ဦးအောင်ဖြိုးက ပြောတယ်။ မင်းတို့အဲဒီကနေ ဖျက်တော့။ ရွှေ့တော့။ မရွှေ့ရင် အဖမ်းခံရမယ်လို့ပြော တယ်။ အဲဒါနဲ့ ကြောက်ပြီး ကျွန်တော်တို့ ရွာထဲဝင်ပြေးရတာ။ အဲဒီလိုကျွန်တော်တို့လဲ ပြောင်းရော ဦးအောင်ဖြိုးက အုတ်သဲကျောက် တွေပုံပြီး အရောင်းအ၀ယ်လုပ်တော့ တာပဲ။ အခုတော့ အဲဒီမြေပေါ်မှာ ဦးဌေးကို နဲ့ ဦးမျိုးနိုင်တို့ကအဆောက်အဦးအခိုင်အမာ တည်ဆောက်ပြီး အုတ်သဲ ကျောက်ဆိုင်တွေ ဖွင့်တယ်။ ကျွန်တော်တို့မြေကို သိမ်းပိုက်ထား တယ်။ လက်ရှိ ဥက်္ကဌ ဦးငွေထွန်းကို သွားပြော တော့ အိုးအိမ် ဦးခင်ဇော်ဆီကို လွှတ်တယ်။ စာရွက်တစ်တောင်လောက်ကြီး ထုတ်ပြတယ်။ တစ်နှစ်တခါ မ.ယ.က ကိုအခွန်ဆောင်ရတယ် လို့ ပြောတယ်။ ဒီမြေဟာ လယ်မြေအတိုင်း ပဲရှိနေတယ်လို့ အပိုင်ယုံကြည်တယ်။ လယ် ၅ ဧကအတွက် ဘဏ်ချေးငွေနှစ်စဉ်ရတယ်။ ၂၀၁၁ ခုနှစ် အထိရပြီးပြီ။ ဒီနှစ်လည်း ထုတ်ရတော့မယ်။ ”” နိုင်ငံတော်အစိုးရကို သိစေချင်တာကတော့ မိမိရဲ့ အောက်ခြေ အုပ်ချုပ်ရေးတွေကို ငါ့လူတွေလို့ အပိုင်မမြင်ဖို့ လိုတယ်။ အားလုံးကို သံသယရှိရမယ်။ ဒီလိုအောက်ခြေမှာ မမှန်မကန် ဖြစ်နိုင်ခြေဟာ ရာခိုင်နှုန်း ၉၀ အောက်မရှိုဘူး။ အဲဒါကြောင့် ဖော်ထုတ် တင်ပြမှုတွေကို ဆတ်ဆတ်ထိမခံ ဖြစ်နေစရာမလိုဘူး။ တင်ပြမှုတွေကို မှန်ကန် ခြင်းရှိမရှိ နဲ့ နစ်နာသူ ပြည်သူများရဲ့ အကျိုးကို ပြန်လည်ကု စားဖို့ကို အာရုံစိုက်သင့်တယ်။ ဥပဒေရဲ့အကာအကွယ်ကိုမှ ပြည်သူတွေ မခံစားရရင် ဘယ်တော့မှကောင်းလာမှာ မဟုတ်ဘူးလို့ ပါတီမှ သုံးသပ်ပါတယ်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မီဒီယာဟူသည်ကို တောင်စဉ်ရေမရ ဖွင့်ဆိုခြင်းမပြုလို။ မီဒီယာ အလုပ် ကိုမူ တွင်တွင်ကျယ်ကျယ်လုပ်လိုသည်။ မီဒီယာသမား များ အလွတ်မရ ဟိုပြောဒီပြော ပြောဆိုခြင်းကိုမူ ရှင်းပြ၏။ မီဒီယာဟူ သည် စာမျက် နှာထက်တွင်ရေးသားခြင်းနှင့် အင်တာနက် အွန်လိုင်း ၀ပ်ဆိုဒ်များတွင် အဆုံးမရှိ သိသမျှ ကြားသမျှ မနေနိုင်မထိုင် နိုင်ရေး သား ခြင်းလည်းပါ၏။ မီဒီယာများသမားများ မည်သို့ခံယူစေကာမူ ကိုယ်တိုင်တွေ့ ကြုံရသောအခြေအနေတစ်ခုတွင် ကိုယ့် ယုံကြည်သည့်အတိုင်း ရေးသားရန် တိုက် တွန်းသည်။ အများပြည်သူနစ်နာသည်ဟု ယူဆ လျှင်အများပြည်သူဘက်ကရပ် တည်ရေးသား ရမည်ဖြစ်သကဲ့သို့ အများ နှင့်တစ်စု အများ ဘက်က မှားယွင်းနေလျှင် လည်းမ ထောက် မညှာရေးသားရန်။ မီဒီယာလောကသားဟု ယနေ့သတင်းနှင့် စာပေနယ်တွင် လူငယ်များ လုပ်ကိုင်နေကြ၏။ အများစုက အတွေ့အကြုံမရှိ။ ဗဟုသု တလည်း နည်းနေ၏။ တွေ့ကြုံနေရသောအခြေအနေအပေါ် သုံးသပ်မှု မှန်မှန်ကန်ကန်မလုပ်နိုင်ကြသေးဟု ဆိုလျှင် စွပ်စွဲခြင်းမည်ပေလိမ့် မည်။ မစွပ်စွဲလို။ပြည့်ဝရန်ကြိုးစားကြကုန်လော့ဟုသာ ဆိုချင်သည်။ ပီဒီပီနှင့် မီဒီယာဘာမျှမခြား။ ပီဒီပီသည်လည်း ပါတီ လစဉ် ထုတ် ““ဒိုင်ဗားစတီး””မှအများပြည်သူနစ်နာမှုများကို မီဒီယာဆန်ဆန် လုပ်ကိုင် နေခြင်းမျှသာ ဖြစ်သတည်း။ ကွာခြားသည်လည်း ရှိပေမည်။ ပီဒီပီ နှင့်ချိတ်ဆက်မိသော သတင်းမှန်သမျှ မီဒီယာအား လုံးကြား သိစေရန် လည်း နှိုးဆော်ပေး၏။ မီဒီယာ၏ တင်ပြချက်တွင် သုံးသပ် ချက်မပါ။ ပီဒီပီ၏ တင်ပြချက်တွင် သုံးသပ်ချက်ကို နှစ်ဦးနှစ်ဖက်မက သုံးဦး သုံးဖလှယ် အစိုးရ၊ပြည်သူ၊ အပါးဝသူ စသည်ဖြင့် သူမသာ ကိုယ်မနာ သုံးသပ်ချက်များ ပါသည်ကို ဖတ်မိကောင်းပေလိမ့်မည်။ မီဒီယာထက် လွတ်လပ်စွာပိုရေးနိုင်ခြင်းကြောင့်သော်လည်းကောင်း စည်းမထား ဘောင်မခတ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ကောင်း ရာ၏။ ပီဒီပီ၏ မူဝါဒကိုကား လွတ်လပ်စွာပြောဆိုရေးသား ခြင်းကို မြတ်နိုးတန်ဖိုး ထားခြင်း ဖြစ်သောကြောင့်ပေတည်း။ ယခုတလော ချိတ်ပြောစောင်းပြော ဂျာနယ်စာမျက်နှာအချို့ တွင်ပါတီတစ်ခုဟု မယုတ်မလွန် ဆင်ဝှေ့ရန်ရှောင် သတိပေး ကြေညာချက် များ တွေ့မြင်ရ၏။ ပီဒီပီမကြောက်။ပုဂ်္ဂိုလ်တ ချို့နှင့်ပါတီ တစ်ခု ဟူသော အသုံးအနှုန်းဖြင့် သတိပေးကြေညာချက် ထုတ်ပြန် လာ၏။ မိတ်ဆွေအပေါင်းအသင်းများက သတိရှိရန် ပြောဆိုလာကြ ၏။ သတိပေးရန်မလို သတိရှိပြီးဖြစ်ကြောင်း ရှေ့ဆက်လည်ထိုနည်း အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာများမှ ပြန်လည်တုန့်ပြန်လို၏။
 မီဒီယာများ အကျိုးများလိုလျှင် ရိုးသား စေချင်ဟုသာ ထပ်မံ ဆိုပါရစေ။ နိုင်ငံရေး လုပ်ရာတွင် အမြင်ရှင်းရှင်းလင်းလင်းရှိပါသည်။ ဥပဒေဆိုလည်း ဥပဒေအရာ မြောက်အောင် တင်ပြသည်။ ပညာရေး ဆိုလည်း ပညာရေး အမြင်ရှင်းရှင်းလင်းလင်းပြောသည်။ နိုင်ငံရေးသမား ဟူသည် မိမိ၏ အတွေးအမြင်အယူအဆကို အများပြည်သူထံ ချပြသည်။ အများ ယုံကြည်လက်ခံလျှင် အောင်မြင်မည်။ ယုံကြည်မှုအား နည်းနေသေး လျှင် ဆက်လက်ကြိုးပမ်းရဦးမည်။ပီဒီပီ၏ လုပ်ဆောင် ချက်များကို ပုဂ်္ဂိုလ်ရေးတိုက်ခိုက်ခြင်းဟု မြင်ကြလျှင် မှားပေမည်။ နစ်နာသူ ဘက်မှ ကူညီသည်။ အမှုမှန်ပေါ်ပေါက်အောင် ရဲစစ် စစ်ရသည်။ သေချာပါမှ ကူညီပေးသည်။ စတုတ်္ထမဏ္ဍိုင်ဟူသော အသုံးကိုလည်း ရှင်းလင်းစွာပြော ဆိုခဲ့သည်။ အခြားမဏ္ဍိုင်သုံးရပ်ဖြစ်သော ဥပဒေပြုရေး၊ တရားစီရင်ရေး၊အုပ်ချုပ်ရေး စသည့်မဏ္ဍိုင်သုံးရပ် ယိမ်းယိုင် လဲပြိုမ လာစေရန် ကျားကန်ပေးရမည့်တာဝန်သည်စတုတ်္ထမဏ္ဍိုင်၏ တာဝန် ဖြစ်သည်။အတွေးရှင်းပါစေ၊ အရေးရှင်းပါစေ။ စတုတ်္ထမဏ္ဍိုင်တွင် ထည်ဝါစွာရပ်တည်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးပါသည်။ မီဒီယာပေါ်မှ မလိမ့်တပတ်လုပ်ရပ်များလည်း တဖြည်းဖြည်း ကင်းရှင်းပါလိမ့်မည်။ ကြောက်တတ်လန့်တတ်ပါမူ သေနိုင်ပေ၏။ ရွှေနံ့သာ အရေးတွင် ပီဒီပီ တစ်ပါတီသာရှိသည်။ စက်မှုဇုန်(၄)ဟု ဆက်လက်လိမ်ညာဆဲဖြစ်ကြောင်းကိုမူ ကြေညာချက်ဖတ်၍သက်သေ ထူလိုက်ပါသည်။ စတုတ်္ထမဏ္ဍိုင်ဟုကြုံးဝါးနေသော မီဒီယာအပေါင်းကို လေးစာဂုဏ်ပြုပါ၏။ အားလည်းကိုးပါ၏။ ပီဒီပီ၏ သတိရှိကြောင်း တုန့်ပြန်ချက်ကိုလည်း ဖော်ပြပေးလို၏။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

 နားမျက်စိသာဖြစ်လိုပါ၏ ။ နားမျက်စိသာဖြစ်လိုပါ၏ ။ နားမျက်စိသာဖြစ်လိုပါ၏ ။ ဤသို့ သုံးကြိမ်သုံးခါ လေးလေးနက်နက် ဆန်္ဒပြုနေရသည်မှာ အကြောင်းထူးရှိလေသည် ။ ပီဒီပီသည် ““ဘော်ဒီ ””မလုပ်ချင် ။ ကိုယ်ထည်ကြီးထွားကျိုင်း ပြီး ခြေသည်လက်သည်မလုပ်ချင် ။ အော်ကြီးဟစ်ကျယ်လည်း မလုပ်ချင် ။ ကျစ်လစ်သိပ်သည်းပြီး နက်နက်ရှိုင်းရှိုင်းတူးဆွ ဖော်ထုတ်ထားသော နိုင်ငံရေးပြဿနာမျိုးစုံကို ပေးပို့ချင်လှပါ သည် - အဘယ်သူ လက်ခံရယူပါမည်နည်း ။
ထိုသို့ နက်နက်ရှိုင်းရှိုင်းတူးဆွထားသဖြင့် အရင်းအမြစ်ထိ ကိုင်စွဲမိသော ပြဿနာများကို ပီဒီပီအနေဖြင့် ဖြေရှင်းနည်းပူး တွဲတင်ဆက်ပြီး ပေးပို့ချင်လှပါသေးသည် - အဘယ်သူ လက်ခံရယူပါ မည်နည်း ။
ပြဿနာနှင့်အဖြေ ပူးတွဲဖော်ပြထားသော ပီဒီပီ၏ တင်ပြမှု များကို အဘယ်သူက လက်ခံဖြေရှင်းဆောင်ရွက်ပေးပါမည်နည်း ။ ခက်နေသည် ။ ပီဒီပီသည် ခြေသည်လက်သည် မလုပ်ချင်ရကြောင်း အမှန်ပင်ဖြစ်သည် ။ ပီဒီပီအနေဖြင့် နားမျက်စိဘ၀ဖြင့် ကျေနပ် နှစ်သိမ့်နိုင်ပါသည် ။
သို့သော် - သို့သော် - ပီဒီပီသည် နားမျက်စိ ဖြစ်ကာ မတ္တဖြင့် မြင်စေယုံ ကြားစေယုံမျှဖြင့် မလုံလောက် အငြိမ်မနေရ - ခြေတွေ လက်တွေ ပါရလွန်းပြီ ။ ခက်လှပါဘိတောင်း ။
ပီဒီပီ ဆန်္ဒနှင့်ဘ၀ တစ်ထပ်တည်းမကျ ။ တည်ဆဲအစိုးရ ၏ နားမျက်စိ ၊ အင်အားကြီးပါတီကြီးနှစ်ခု၏ နားမျက်စိ ဖြစ်လိုလှပါသည် ။ ယခုမူ အရေးယူဆောင်ရွက်မှုလေးကန်ဖင့်နွှဲသော အခြေ အနေ ၊ မထုံတက်တေး တုံ့ပြန့်မှုတွေကြောင့် ပီဒီပီလက်ပါနေရ လေသည် ။ နားမျက်စိသာဖြစ်လိုလှသော်လည်း ရိုးအလှသော တောသူ တောင်သားတွေမလုပ်တတ်မကိုင်တတ်ဖြစ်နေသဖြင့် ပီဒီပီသည် ရှေ့နေလုပ်
ရသည် ။ တက်ကြွလှုပ်ရှားသူလုပ်နေရသည် ။ အမှန်က ပီဒီပီ၏ မူသည် လူထုအများစီတန်း လှည့်လှည်ကြွေးကျော် အော်ဟစ်ရသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို မနှစ်သက် ။ ပါတီထူထောင်စဉ်ကာလကတည်းက သက်ဆိုင်ရာဥပဒေပြု လွှတ် တော် သို့တင်သွင်းလိုသည့် ဥပဒေမူကြမ်း ( ၅၂ ) ခုကိုပြဆိုထားခဲ့ ဘူးသည် ။ ထိုအထဲတွင် ““စီတန်းလှည့်လည်ဆန်္ဒပြခြင်း ကိုအစားထိုးသည့်အနေဖြင့် လူထုလက်မှတ် ကောက်ခံ၍ လူထု သဘောထား(လွှတ်တော်တွင်) တင်ပြနိုင်သည့်ဥပဒေ”” ဆိုတာမျိုးပါ ပါသေးသည် ။ ထိုဥပဒေ၏ အနှစ်သာရမှာ လူနည်းစု၏ အမြင်သဘော ထာများကို တည်ငြိမ်အေးချမ်းစွာဖြင့် လူများစုမြင်သာအောင် ဖော်ထုတ်ပြသ ခင်းကျင်းနိုင်ဖို့ဖြစ်သည် ။ ဆိုလိုသည်မှာ ““အငြင်းပွါးဖွယ်နိုင်ငံရေးရာ မကြေလည်မှု (သို့မဟုတ်) လူထုသဘောဆန်္ဒတစ်စုံတစ်ခုကို ဖော်ထုတ်ပြသလို သဖြင့် လူထုအများစီတန်းလှည့်လည်ကြရခြင်းဖြစ်သည် ”” အများမြင်သာသည့် လမ်းမပေါ်မှ လူနည်းစုတို့၏ဆန်္ဒကို လူများစု မြင်သာအောင်ပြကြခြင်းသာဖြစ်သည် ။ ထိုသို့ လမ်းမပေါ်မှတင်ပြရခြင်းသည် နိုင်ငံသားအခွင့်အရေး တစ်ရပ်ဖြစ်၍ခွင့်ပြုရမည်မှန်သော်လည်း အခြားအစားထိုး ဖြေရှင်းနည်း တစ်ခုပေးထားရန်လိုသည် - ဥပမာ ““ မဲဆန်္ဒနယ်တစ်ခု၏ သုညဿမတစ်ရာ ခိုင်နှုန်း သော လူထုက လက်မှတ်ရေးထိုး တင်ပြတောင်းဆိုလျှင် ထိုကိစ်္စနှင့်သက်ဆိုင်ရာ လွှတ်တော်တစ်ရပ် ခေါ်ယူပြီး - တောင်းဆိုသူလူထုခေါင်းဆောင်တစ်ဦးကို လွှတ်တော်တွင် တရားဝင်တင်ပြရှင်းလင်း ဆွေးနွေးခွင့်ပေးစေလိုသောဥပဒေမျိုးဖြစ်ပါ သည် ။ ယာယီ လစာမဲ့ တာဝန်မဲ့ (မဲပေးခွင့်မရှိ) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကဲ့သို့ တရားဝင်တင်ပြခွင့် ပေးလိုခြင်း ဖြစ်ပါ သည် ။ ထိုနည်းဖြင့်အစားထိုးနိုင်လျှင်ကောင်းလေစွ (စကားချပ်) ထားတော့ - ဤနေရာတွင်တင်ပြလိုသည်မှာ ပီဒီပီ သည် ထိုမျှလောက် နိုင်ငံတည်ငြိမ်ရေးကိုလိုလားလှပါသည် ဟူလို ။ ထို့အပြင် ပီဒီပီ အနေဖြင့် စာပေရေးသားဖြန့်ဝေကာမျှဖြင့် သက်ဆိုင်ရာ တို့က တာဝန်ယူဖြေ၇ှင်းစေလိုလှပါသည်ဟု တဖွဖွပြောခဲ့ဘူးပေါင်း များပြီမ ဟုတ်ပါလော ။ ယခုမူ ပီဒီက လူတွေ စပါးနှံတွေနှင့် လူတွေ တစ်လှေကြီး ခေါ်ပြီး ဆူးလေဘုရားကြီးကို သွားဖူးရသည် မှာအမော ။ ဟိုရုံးဒီရုံးရှေ့မှာ အုပ်စုအုပ်စု ရုပ်စုရုပ်စု နှင့် နေပူမရှောင်မိုးရွာမရှောင် လက်ယား လက်ယား လုပ်ရပေါင်းများပြီ ။
မထုံတက်တေး - လှုပ်လီလှုပ်လဲ့သော်မော်အရည်ပျော်တို့ ဖြင့် ဆက်လက်တုံ့ပြန်ကြပါဦးမည်လား ။ နားမျက်စိသာဖြစ်လိုပါ၏ ။
ပီဒီပီ အနေဖြင့် - ““ရေးပါရစေ xxx တွေးပါရစေ xxx နက်နက်ရှိုင်းရှိုင်းတူးဆွပါရစေ xxx ပြဿနာတွေ၏ အရင်းအမြစ် xxx ပြဿနာတို့၏ အဖြေ xxx တွေးပါရစေ xxx ရေးပါရစေ xxx အချိန် နှင့် အင်နာဂျီသည် အကန့်အသတ်ရှိသည်မဟုတ်ပါလော”” ထို့ကြောင့် - နားမျက်စိသာဖြစ်လိုပါ၏ ။

ပီဒီပီ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဇေကမ္ဘာ ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော် ယနေ့ ၁၉ . ၆ . ၂၀၁၂ တွင် လာရောက်အစစ်ခံ 

ယနေ့ နံနက် ၁၀ နာရီ ခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးမှာ ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်သည် မင်္ဂလာဒုံမြို့နယ် ၊ ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်အစစ်ဆေးခံသွားပါတယ် - နေ့လည် ၁၁ နာ၇ီ ခွလြောက်မှာ စစ်ဆေးမှုပြီးစီးသွားပါတယ် ။ ဇေကမ္ဘာကုမ္ပဏီနဲ့ အမှုအခင်းဖြစ်ပွါးနေတဲ့ ရွှေနံ့သာကျေးရွာသားများတက်ရောက်နားထောင်ခဲ့ပါတယ် ။ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ ၊ ဦးအောင်မျိုးဦး နှင့် ဦးနိုင်ဝင်းထွန်းတို့လည်း တက်ရောက် နားထောင်ကြပါတယ် ။ သတင်းမီဒီယာများဖြစ်ကြတဲ့ လျှပ်တစ်ပြက် ဂျာနယ် ၊ အင်ဗွိုင်း ဂျာနယ်တို့ကိုတော့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်က ကားနဲ့တစ်ပါတည်းတင်ခေါ်လာပါတယ် ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် နဲ့ အတူ သားဖြစ်သူ ဇေယျာမြတ်ခိုင်တို့လည်း အတူပါလာကြပါတယ် ။ ပြည်သူ့ခေတ်ဂျာနယ်မှလည်း သတင်းလာယူပါတယ် ။ အခြားမီဒီယာများကတော့ ရောက်လာခြင်းမရှိပါဘူး ။
ဒါပေမဲ့ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီကဘဲ သတင်းဖြန့်ဝေလိုက်ပါတယ် ။
 စစ်ဆေးမှုများမှ အချို့ကိုဖော်ပြလိုက်ပါတယ် ။
ဦးမြင့်ဇော်ဖြေကြားချက်များမှအချို့ -
စက်မှုဇုန်(၁)(၂)(၃)(၄) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာန နဲ့ အကျိုးတူ လုပ်ခဲ့တာ ဖြစ်ကြောင်း - ဇုန် (၄) မြေကွက်တွေရောင်းချပြီးကြောင်း - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၁.၅.၂၀၁၂မှာ သီးစားချထားပေးခြင်းကြောင့်စပါးစိုက်ပျိုးနေ ကြောင်း - ၂၀၁၂ /၁၃ မိုးရာသီမှာ ဇေကမ္ဘာကုမ္ပဏီမှ စပါးစိုက်ပျိုးနေကြောင်း တွေထွက်ဆိုသွားပါတယ် ။

ပါတီ၏ သုံးသပ်ချက်ကို ထုတ်ပြန်ရရင် - - 
ယခု အခါ မြေယာမှုခင်း ဖွင့်လှစ်စစ်ဆေးနေပြီဖြစ်တဲ့အတွက် လယ်ယာမြေ ဖြစ်ပါကြောင်း
- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သီးစားချတဲ့အတွက်လည်း လယ်ယာမြေဖြစ်ပါကြောင်း
-၂၀၁၂ /၁၃ မိုးရာသီမှာ ဇေကမ္ဘာကုမ္ပဏီမှ စပါးစိုက်ပျိုးနေကြောင်း ထွက်ဆိုခြင်းသည် လယ်မြေဖြစ် ကြောင်းခိုင်မာနေပြီဖြစ်ပါတယ် ။
 - ဇုန် (၄) မြေကွက်တွေရောင်းချပြီးကြောင်း ထွက်ဆိုချက်ဟာ ပုဒ်မ (၄) ကိုချိုးဖောက်ပါကြောင်း ပေလွင်ပါတယ် ။
- လယ်မြေပြန်သိမ်းရပါမယ် - ဒဏ်ငွေ ၅၀၀ ကျပ် တပ်ရိုက်ရပါမယ် - စက်မှုဇုန်လုပ်ပြီး မြေကွက်တွေရောင်းချပြီးကြောင်း ထွက်ဆိုသူဟာ ယခုအခါမှသာ စပါးစိုက်နေ ကြောင်းထွက်ဆိုတာဟာ
- မြေကွက်ဝယ်ယူထားသူတွေအတွက် ဇေကမ္ဘာက အခမဲ့ စပါးစိုက်ပေး တာလား
- ဇေကမ္ဘာထံက မြေကွက် ၀ယ်ယူထားသူတွေ ဆုံးသွားပြီး ဇေကမ္ဘာက လယ်ဝင်လုပ် နေပြီလား
- အဲဒီလို ကမောက်ကမ ဇေကမ္ဘာကုမ္ပဏီကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သီးစားချ နိုင်ပါသလား
- အောက်မှာ သီးစားချထားရေးနည်းဥပဒေတွေ ပူးတွဲပေးလိုက်ပါတယ် မကိုက်ညီတဲ့ ဇေကမ္ဘာကို မည်သူ့အမိန့်နဲ့ သီးစားချ နိုင်ပါသလဲ
 - ဆန်းစစ်လိုက်ပါတယ် ။
နည်းဥပဒေများ နှင့် ဦးကျော်စိန်၏ ထွက်ဆိုချက်အပြည့်အစုံကိုဖော်ပြလိုက်ပါတယ် ။

မြေယာမှုခင်းများနှင့်ပတ်သက်သော သိကောင်းစရာများ 
 ၁၉၆၃ ခု နှစ် သီးစားချထားရေးနည်းဥပဒေများမှထုတ်နုတ်သည် 
ထုတ်နုတ်တင်ပြသူ - ဦးနေမျိုးဝေ ဥက္ကဌ - 
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ( ၅-၆-၂၀၁၂) 
နည်းဥပဒေ (၁၁) မှ - သီးစားချထားခြင်း - အောက်ပါအတိုင်းသီးစားချထားရမည် ။
(က) မှတ်ပုံတင်စာရင်းကိုအခြေခံ၍သီးစားချထားရမည်။သီးစားခံယူလုပ်လိုကြောင်းလျှောက်လွှာများကို သီးခြားခေါ် ယူခြင်းမပြုရ ။
(ခ) မှတ်ပုံတင်စာရင်းအရ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူများကို သီးစားအဖြစ်ဆက်လက်ချထား ပေးရမည် ။
(ဂ)လက်ရှိလက်ငုတ်လုပ်ကိုင်နေသူများမရှိလျှင်(သို့မဟုတ်)လက်ရှိလက်ငုတ်လုပ်ကိုင်သူများကဆက်လက်လုပ်ကိုင် ရန် ငြင်းဆို လျှင် (သို့မဟုတ်) လယ်ယာမြေကိုပြန်လည်သိမ်းယူရလျှင် အောက်ပါအတိုင်း သီးစားချထားပေးရမည် ။
 (၁) နေ့စားအလုပ်သမား သူရင်းငှားများအပါအ၀င် လယ်ယာအလုပ်သမားများကို ၄င်းတို့ထဲတွင် အဆင်းရဲ ဆုံးသူ ကိုပထမ / အချမ်းသာဆုံးသူကို နောက်ဆုံးထား၍ ဆင်းရဲချမ်းသာအလိုက် တန်းစီဇယား ပြုလုပ် ရမည် ။
 (၂) လယ်ယာမြေကို မလုံမလောက် လုပ်ကိုင်နေရသည့် သီးစားများထဲမှ လယ်ယာ အချို့တဲ့ဆုံးသူကို ပထမ / အများဆုံးလုပ်ကိုင်သူကို နောက်ဆုံး ထား၍ ဆင်းရဲချမ်းသာအလိုက်တန်းစီဇယားပြုလုပ်ရမည် ။
(၃) သီးစားချထားရန်ရှိသော လယ်ယာမြေကို အထက်အပိုဒ်ခွဲ(၁) ပါလယ်ယာအလုပ်သမားစာရင်းထဲ ပါဝင်သူ များက စုပေါင်းလုပ်ကိုင်လိုလျှင်သော်လည်းကောင်း အထက်အပိုဒ်ခွဲ(၁) ပါ လယ်ယာအလုပ် သမားစာရင်းတွင် ပါဝင်သူများနှင့် အထက်အပိုဒ်(၂) ပါ သီးစားစာရင်းတွင် ပါဝင်သူများ စုပေါင်း၍လုပ်ကိုင်လိုလျှင်သော်လည်းကောင်း ထိုသူများကို စုပေါင်း၍ သီးစားချထားပေးရမည် ။
(၄) အထက်အပိုဒ်ခွဲ(၃) အတိုင်းမဖြစ်မြောက်လျှင် အထက်အပိုဒ်ခွဲ(၁) ပါ လယ်ယာအလုပ်သမားစာရင်းမှ အစီ အစဉ်အလိုက် တစ်ဦးစီကိုကြည့်၍သီးစားချထားရန် ရှိသော လယ်ယာမြေကို ထွန်ယက်စိုက် ပျိုးနိုင်ရန်အင်အားရှိသည့် ပထမဦးဆုံးသောသူကို သီးစားချထားရမည် ။ အထက်အပိုဒ်ခွဲ(၁)ပါလယ်ယာအလုပ်သမားစာရင်းတွင် ထိုသို့ လုပ် ကိုင်နိုင်သူမရှိလျှင် အထက်အပိုဒ်(၂)ပါ သီးစားစာရင်းမှ အစီအစဉ်အလိုက် တစ်ဦးစီကို ကြည့်၍ သီးစား ချထား ရန်ရှိ သော လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးနိုင်ရန်အင်အားရှိသည့် ပထမဦးဆုံးသောသူကို သီးစားချထားပေးရမည် ။
နည်းဥပဒေ (၁၃) မှ - လယ်ယာမြေသီးစားချထားရေးနှင့်ပတ်သက်၍ အမှုဖွင့်လှစ်လိုလျှင် - သက်ဆိုင်ရာ ကျေးရွာအုပ်စု မြေယာကော်မတီတွင်သော်လည်းကောင်း ၊ မြို့နယ်မြေယာကော်မတီတွင်သော်လည်းကောင်း အမှုဖွင့် လှစ်နိုင်သည် ။
နည်းဥပဒေ (၁၄) မှ - ကျေးရွာအုပ်စု မြေယာကော်မတီ (သို့တည်းမဟုတ်) မြို့နယ်မြေယာကော်မတီ သည် လက်ခံသည့် အမှုကို အောက်ပါအတိုင်းစစ်ဆေးရမည် ။
(က) သက်ဆိုင်ရာကာယကံရှင်များအားကြားနာရမည် ။
(ခ) လိုအပ်သည့်သက်သေများအားစစ်ဆေးရမည် ။
(ဂ) လိုအပ်သည့်စာချုပ်စာတမ်းအမှတ်အသား စာရင်းအင်းများကို စစ်ဆေးရမည် ။ (ဃ) လိုအပ်သည့်အခြားပစ္စည်းများကိုစစ်ဆေးရမည်
(င) လိုအပ်လျှင်လယ်ယာမြေတည်ရှိရာသို့သွားရောက်စစ်ဆေးရမည် ။
(စ) အထက်ပါအတိုင်းကြားနာစစ်ဆေးပြီး မဲများရာ အတိုင်း ဆုံးဖြတ်ရမည် ။
(ဆ) ဆုံးဖြတ်ချက်တွင် မည်သူ့အား သီးစားချသည် မည်သူ့အားပယ်သည်ဟု အတိအကျပါရှိရမည် ။
(ဇ) အမှုသွားအမှုလာ အကျဉ်းချုပ်နှင့် ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်၍ သဘာပတိ၊ မှတ်တမ်းတင်သူ အပါအ၀င် တက်ရောက် သည့် ကော်မတီဝင်များ လက်မှတ်ရေးထိုးရမည် ။
(ဈ) ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာတို့အား အကြောင်းကြားရမည် ။
(ည) အမှုများစစ်ဆေးရာတွင် မည်သူမဆိုလာရောက်ကြားနာနိုင်ခွင့်ရှိစေရမည်။ ကျေးရွာလူထု တက်ရောက် နား ထောင်အောင် အားပေးရမည် ။
၁၉၆၃ ခု နှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် 
ဥပဒေပါကောက်နုတ်ချက်များ 
ပုဒ်မ(၃) - (၁) တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်မည်သို့ပါရှိစေကာမူ တရားမရုံးတစ်ခုခု၏ဒီဂရီ ၊ သို့မဟုတ်အမိန့်ဖြင့် -

(က) လယ်ယာမြေကိုသော်လည်းကောင်း၊ လယ်ယာမြေလုပ်ကိုင်ရာတွင်အသုံးပြုသည့်ကျွဲနွားနှင့်ကိရိယာ တန်ဆာပလာ ၊ ထွန် စက် နှင့်ကိရိယာတန်ဆာပလာ ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာတန်ဆာပလာများကိုသော်လည်းကောင်း ၀ရမ်းဖမ်းခြင်း သိမ်းဆည်းခြင်းမပြုရ ။
(ခ) လယ်ယာမြေကိုမလုပ်ကိုင်ရဟုသော်လည်းကောင်း၊ လယ်ယာမြေထဲသို့မ၀င်ရဟုသော်လည်းကောင်း တားဆီးခြင်းမပြုရ
(ဂ) လယ်ယာမြေကိုလုပ်ကိုင်သည့်ကျွဲ၊နွား နှင့် ကိရိယာတန်ဆာပလာ၊ထွန်စက်နှင့် ကိရိယာတန်ဆာပလာ ကိုသော်လည်း ကောင်း လယ်ယာမြေမှထွက်သောပစ္စည်းများကိုသော်လည်းကောင်းမရွှေ့မပြောင်းရ၊ သို့မဟုတ်ရောင်းချသုံးစွဲခြင်းမပြုရ ဟုတားဆီးခြင်း မပြုရ ။
(ဃ)အပိုဒ်(က)(ခ)(ဂ) ပါကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားတစ်ဦးဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုရ ။ . အထက်ပါပြ ဌာန်းချက်များသည် - .
(က) အစိုးရက ရရှိသော ငွေများအတွက် အရေးယူသော ကိစ္စ သို့တည်းမဟုတ် .
(ခ) အမွေဆက်ခံပိုင်ခွင့်နှင့်စပ်လျဉ်း၍ အချင်းဖြစ်ပွါးသည့်အတွက် အရေးယူသောကိစ္စ သို့တည်းမဟုတ် . (ဂ) ငြိမ်ဝပ်ပိပြားရေးအတွက် အစိုးရက အရေးယူသည့်ကိစ္စနှင့် မသက်ဆိုင်စေရ .
(ဃ) ကြက်ပေါင်စေးစိုက်ပျိုးသည့်မြေများနှင့်မသက်ဆိုင်စေရ မှတ်ချက် - သစ်ခိုးသော လှည်း နှင့် နွား စက်ကိရိယာတို့သည် ဤဥပဒေ၏ အကာအကွယ်ရမည်မဟုတ် ရာဇ၀တ်မှုမြောက်သော လယ်လုပ်ကိရိယာ နှင့်လယ်သမားများသည်လည်း ဤ ဥပဒေ၏ အကာအကွယ်ရမည်မဟုတ်
လ/န - ပုဒ်မ (၄) လွှဲပြောင်းခြင်းကို တားမြစ်ခြင်း ။ ဤအက်ဥပဒေစတင်အာဏာတည်သည့်နေ့မှစ၍ ဤအက်ဥပဒေနှင့် လည်းကောင်း ဤအက်ဥပဒေအရပြုသည့်နည်းဥပဒေများနှင့်လည်းကောင်း မညီညွတ်လျှင် လယ်ယာမြေကို ပေါင်နှံခြင်း၊ ရောင်းချခြင်း လွှဲပြောင်းခြင်းသို့တည်းမဟုတ် ခွဲစိတ်ခြင်း  မပြုရ ။
လ/န - ပုဒ်မ (၅) သိမ်းယူခြင်း ။ (၁) ××××××××××××××××××××××× (၂) ××××××××××××××× ××××××××× (၃) တည်ဆဲအခြားမည်သည့် တရားဥပဒေတွင်ဖြစ်စေ သဘောတူစာချုပ် ပဋိဥာဉ်စာချုပ်၊ အပိုင်စာချုပ်၊အငှားစာချုပ် သို့တည်းမဟုတ် လိုင်စင်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်၏အခွင့်အရေးမှတပါး ပုဒ်မခွဲ ( ၁ ) အရ နိုင်ငံတော် ကပြန်လည်သိမ်းယူနိုင်သည့် လယ်ယာမြေပေါ်ရှိ အခြားအခွင့်အရေးများအားလုံး လုံးဝ ရပ်စဲသွားရမည် ။ ထို့ပြင် - ဤအက်ဥပဒေ အရ လယ်ယာမြေကိုပြန် လည်သိမ်းယူပြီးသည့်နောက်တွင် နိုင်ငံတော်၏အခွင့်အရေးမှတပါး အခြားမည်သည့်အခွင့် အရေးမျှ ပေါ်ပေါက် သက်ရောက်ခြင်းမရှိစေရ ။
(ချွင်းချက်) - ပုဒ်မ(၁၀)ပါပြန်လည်ဝေငှခြင်းနည်းဥပဒေ နှင့်အညီ အိမ်ထောင် သားစု၏ အကြီးအကဲသည် အဆိုပါလယ်ယာမြေနှင့်စပ်လျဉ်း၍အောက်ပါအခွင့်အရေးရရှိစေရမည် ။
(က)အဆိုပါလယ်ယာမြေကိုလက်ရှိထားနိုင်ခွင့်၊လုပ်ကိုင်နိုင်ခွင့်၊လုပ်ကိုင်ခြင်းမှရသည့်အကျိုး အမြတ်ခံစားနိုင်ခွင့်
(ခ) အဆိုပါအိမ်ထောင်သားစု၏အကြီးအကဲတဦးဦးပါဝင်သည့် တောင်သူလယ် သမားအဖွဲ့အစည်းတ ခုခုအား အဆိုပါ လယ်ယာ မြေကို ရောင်းချနိုင်ခွင့် သို့တည်းမဟုတ်အပိုင်ပေးနိုင်ခွင့်   
(ဂ) အဆိုပါ လယ်ယာမြေကိုခွဲစိတ်နိုင်ခွင့်၊သို့တည်းမဟုတ် အခြားလယ်ယာမြေနှင့်လဲလှယ်နိုင်ခွင့်  လ/န - ပုဒ်မ (၃၉) လယ်ယာမြေကိုသတ်မှတ်သည့်နည်းလမ်းအတိုင်းအသုံးချခြင်း ။ 

ဤအက်ဥပဒေပါအခြားပြဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတသည်သို့တည်းမဟုတ်ဤကိစ္စ အလို့ငှာနိုင်ငံတော်သမ္မတခန့်အပ်သော အာဏာပိုင်သည်လိုအပ်သည်ဟု ထင်မြင်ယူဆလျှင်မည်သည့်လယ်ယာမြေ ကိုမဆို မိမိသတ်မှတ်သည့်အတိုင်းအသုံးချရန်ဆင့်ဆိုနိုင်သည် ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဒိုင်ဗားစတီး စာစဉ် (၁၇) 


ဇူလိုင်လထုတ် ထုတ် ဒိုင်ဗားစတီး စာစဉ် ကို လင့်နှိပ်၍ ရယူဖတ်ရှုပါ ..........

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရာဇာမင်းကုမ္ပဏီလီမိတက်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် 
ဦးညီညီထွေး နှင့် ဒေါ်သင်းသင်းရီ တို့၏ ရင်နင့်အဖွယ်အမှုအခင်း 


ဤအမှုကိုတင်ပြရခြင်းမှာ နိုင်ငံ့ဝန်ထမ်းများပေါ့လျော့မှု (သို့မဟုတ်) အဂတိလိုက်စားမှု တစ်စုံတစ်ရာ ကို အရေးယူ အပြစ် ပေးစေလိုခြင်းဖြင့် တင်ပြသည်မဟုတ်ဘဲ အမှန်တကယ် ကြီးကြီး မားမား နစ်နာဆုံးရှုံးမှုကို ဖော်ထုတ်တင်ပြပေးခြင်းဖြင့် ကုစားသက်သာ စေခြင်းကိုသာရည်ရွယ်ပါသည် ။ တောင်ဥက္ကလာပ မြို့နယ် ၊ အမှတ် ( ၁၃ ) ရပ်ကွက် ၊ ကောလိယ ၃၁ လမ်း ၊ အိမ်အမှတ် ( ၃၀၈ - က ) သည် ဒေါ်သင်းသင်းရီ၏ မိခင် ဒေါ်ခင်သောင်းဝင်း အမည်ပေါက်ဖြင့် ၁၉၉၃ ခုနှစ် မှစတင်၍ အနှစ်(၆၀)မြေငှားဂရန် ရရှိထားပါသည် ။
( ယနေ့တိုင် ဂရန်စာရွက်မူရင်းအထောက်အထားလက်ဝယ်ရှိ )
ယခုအခါ ရာဇာမင်းကုမ္ပဏီလီမိတက်စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် ဦးညီညီထွေး မှ အဆိုပါမြေနေရာကို ဓါတ်ဆီဆိုင်အဖြစ် ဖွင့်လှစ်နေပြီး ဒေါ်သင်းသင်းရီ အနေဖြင့် ရောင်းချခြင်းမဟုတ် သကဲ့သို့ ငွေကြေး တစ်စုံတစ်ရာ မရရှိခဲ့ပါဘဲလျှက် လက်လွတ်ဆုံးရှုံးသွား စေသည့်လှည့်ကွက် များကို ကွက်ကွက်ကွင်းကွင်းတင်ပြမည် ဖြစ်ပါသည် ။
ဒေါ်သင်းသင်းရီပိုင်ဆိုင်ခြင်းအဆင့်ဆင့် 
 ၁၉၉၃ ခု နှစ် မတိုင်မီ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ နေထိုင်ခဲ့ပါသည် ။ ၁၉၉၃ မှ စတင်၍ ဒေါ်သင်းသင်းရီ၏ မိခင် ဒေါ်ခင်သောင်းဝင်း အမည်ပေါက်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ (၄)မြို့နယ် မြေငှားဂရန်ချထားပေးရေးအထူးစီမံချက်ဖြင့် မြေငှားဂရန်ချ ထားပေးခဲ့ခြင်းဖြစ်ပါသည် ။ ၂၀၀၀ ခု နှစ်တွင် ဒေါ်ခင်သောင်းဝင်း ကွယ်လွန်ပြီးနောက်ပိုင်း တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါ်သင်းသင်းရီ အနေဖြင့်ဆက်လက် နေထိုင်ခဲ့ပြီး ၂၀၀၅ ခု နှစ်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်ကို တရားဝင်မှတ်ပုံတင်ပြီး ချုပ်ဆိုပိုင်ဆိုင်ခဲ့ပါသည် ။ (စာချုပ်စာတမ်းမူရင်းများဂရန်မူရင်းများ လက်ထဲတွင်ယနေ့တိုင်ရှိနေဆဲ) ၂၆ . ၃ .၂၀၀၉ တွင် ရာဇာမင်းကုမ်္ပဏီမှ စတင်ကျူးကျော်ပြီး အုတ်ခဲများပုံခြင်း ၀င်းထရံခတ်ခြင်းများပြုလုပ်ခဲ့ပါတယ် ။ ၁၃ . ၈ .၂၀၀၉ ညနေလေးနာရီခန့်မှာ ဒေါ်သင်းသင်းရီ ပုံမှန် ပြန်လာနေကျ လုပ်ငန်းခွင်ကနေပြန်အလာမှာ ဦးမောင်ချို မှ ““ဒီအိမ်ခြံကို ညီညီထွေးပိုင်တဲ့အတွက်ကြောင့် ညီထွေးက သော့ခတ်လိုက်တယ်။ ကျွန်မအိမ်ထဲကို ကျွန်မ၀င်ခွင့်မရဘူး။ အိမ်လေးက မဖျက်ရသေးဘူး။ ကျွန်မအလုပ်သွားတော့ အိမ်လေးကို သော့ခတ်ထားခဲ့တာပေါ့။ ကျွန်မ ရပ်ကွက် လူကြီးကို စာတင်ပြီးပြောတဲ့အခါမှာ စည်ပင်နဲ့ဆိုင်တယ် လို့ ပြောတယ်။တင်တဲ့စာကိုလည်း လက်မခံဘူး။ အလုပ်လာတဲ့ပုံစံအတိုင်း ပဲ ဘာမှ ပြန်မရဘူး။ ရပ်ကွက်လူကြီးက မောင်သန်းနိုင်။””အဲဒီနေ့ကစပြီး ဒေါ်သင်းသင်းရီလက်လွတ်သွားပါပြီ ။
မှုခင်းအဆင့်ဆင့်
၅ . ၈ .၂၀၀၉ ခု နှစ်တွင် ရန်ကုန်တိုင်းတရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး
 ““ အိမ်နှင့်မြေကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာ ပေးစေလိုမှု / အိမ်နှင့်မြေကိုလက် ရောက်ရလိုကြောင်း ”” တရားစွဲဆို လိုက်ပါတယ် ။ အခင်းဖြစ် တန်ဖိုးအလိုက် ခရိုင်တရားရုံးတော်တွင် စစ်ဆေး နေဆဲဖြစ်ပါတယ် ။ ယနေ့အချိန်အထိ တရားရုံး တစ်ခုခုမှ အမိန့်ဒီဂရီ တစ်စုံတစ်ရာ ချမှတ်ပေးခြင်းမရှိဘဲ ရာဇာမင်းကုမ်္ပဏီလီမိတက်မှ ဒေါ်သင်းသင်းရီ၏ နေအိမ်ကို ဖျက်ဆီးရွှေ့ပြောင်း ဒေါ်သင်းသင်းရီပိုင် ပစ်္စည်းများကိုပါ သိမ်းပိုက်ဖျောက်ဖျက်ပြီး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ် ။ သံသယဖြစ်ဖွယ်ကောင်းသောစစ်ဆေးမှုများ တိုင်းတရားရုံးတော်က ၂၀၁၀ ခု နှစ် အောက်တိုဘာလ ၁၂ ရက် နေ့ (၁) နှစ်ကျော်မှသာလျှင်ပထမအကြိမ် စတင်စစ်ဆေး ခဲ့ပါတယ် ။ ကြားကာလတွင် ရုံးချိန်း / ရုံးချိန်း ဟူ၍ အကြိမ်ပေါင်း များစွာ ရုံးချိန်း ချိန်းဆိုပြီး ဆင်းရဲသားကို အချိန် ကုန်ငွေကုန်တိုက်ကွက် နှင့် တရားစီရင်ရေးမှဖန်တီးပေးပြီ ကုမ်္ပဏီသူဌေး ကို ကူညီရာရောက်နေ ပါသလားဟူ မေးမြန်းဆန်းစစ်ရပေလိမ့်မည် ။ ယခု ၂၀၁၂ ခု နှစ် အထိ အချိန် (၃) နှစ်နီးပါးတွင် ရုံးချိန်းပေါင်းများစွာ ချိန်းဆိုပြီး တရားလို ဒေါ်သင်းသင်းရီဘက်မှ မပျက် မကွက်တက်ရောက်ခဲ့ပါတယ် ။ မတက်ရောက်လို့လည်း မဖြစ် ပါဘူး ။ တရားလိုဘက်က ပျက်ကွက်ရင် အမှုကို ပလပ် လိုက်နိုင် ပါတယ် ။ တရားလိုဘက်မှ ပျက်ကွက်ရသည်မှာ နောက်ဆုံးရုံးချိန်း တွင်သာ ရှေ့နေပြောင်းလဲငှားရမ်းသည့်အတွက် တစ်ကြိမ်သာရှိခဲ့ပါ သည်။ ( အမောဖောက် တရားစီရင်ရေး )

ဒေါ်သင်းသင်းရီကိုယ်တိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖခင်ဖြစ်သူမှာ လည်း တပ်ကြပ်ကြီးစာရေး ရာထူးဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ သမ္မတမှ စ၍ နိုင်ငံတော် အကြီးအကဲများ လှည့်မကြည့်ရင်တောင် တစ်ချက်လောက်တော့ မျက်စောင်းထိုးကြည့်ပေးပါလို့ ကာယကံရှင် ဒေါ်သင်းသင်းရီက ပြောပါတယ်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

 ဌာနချုပ် 

အမှတ်(၂/၂/၂၃၂) မဟော်ဂနီလမ်း ၊ ထောက်ကြံ့တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။ 
ဖုန်း - ၀၉၈၆၁၀၇၁၉ -------------------------------------------------------------------------------------------------------------- ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၃) ရက် 

ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် သဘောထား ထုတ်ပြန်ခြင်း 
၁။ မြန်မာပြည် အနောက်ပိုင်းဒေသဖြစ်သော ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး တိုင်းတပါးသားများ ကျူးကျော် ၀င်ရောက် နေထိုင်ပြီး ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို နှောက်ယှက် ဖျက်စီးနေမှုများ ၊ မီးရှို့သတ်ဖြတ်နေမှုများ စသည့် လုပ်ရပ်များအပေါ် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ မှ ရပ်တည်ချက် သဘောထား ထုတ်ပြန်အပ်ပါသည်။ 

၂။ ဤဖြစ်ရပ်သည် မြန်မာပြည်တွင် မူလနေ တိုင်းရင်းသားမဟုတ်သော အခြားတိုင်းတပါးမှ လူမျိုး ကွဲများက မြန်မာပြည်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်နေထိုင်လာရာမှ နယ်မြေအပိုင်စိုးမိုးရေးအတွက် ကျူးကျော်မှုကို ပေါ်ပေါ်တင်တင် အကြမ်းဖက်မှု ပုံစံဖြင့် လှုပ်ရှားဆောင်ရွက်လာရာမှ ဖြစ်ပေါ်သည်ဟု မှတ်ယူ ပါသည်။ အဆိုပါ လူမျိုးကွဲ ဘင်္ဂါလီ အကြမ်းဖက်သမားများက မူလနေတိုင်းရင်းသားများအပေါ် အကြမ်းဖက် တိုက်ခိုက်ပြီး မနေထိုင်ဝံ့အောင် မောင်းထုတ်သည့် အပြုအမူများဖြစ်သော တိုင်းရင်းသား များ၏အိုး အိမ်များ ကိုမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်နေသည်ကို ကမ္ဘာ့နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့က သိရှိမှတ်သား စေလိုပါသည်။ 
၃။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကို လူမျိုးတုံးသတ်ဖြတ်သူအဖြစ်သို့ ကမ္ဘာ့နိုင်ငံ များနှင့် ကုလသမဂ္ဂက မှတ်ယူလာစေရန် ရည်ရွယ်ချက်ရှိရှိတွန်းပို့နေသော လုပ်ရပ်များ လုပ်ဆောင်နေ သည် ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အရပ်သား အသွင်ဆောင်ထားသော ကျူးကျော်တိုက် ခိုက်မှုများဖြင့် မြန်မာနိုင်ငံအစိုးရအား လုပ်ကိုင်ရခက်ခဲစေရန် အကွက်ချဖန်တီးမှုများ ထိုဘင်္ဂါလီများ၏ ၀ါဒဖြန့်သတင်းဌာန များမှ သတင်းအမှားများ ဖြန့်ဝေနေခြင်းကိုလည်း တွေ့ရှိရပါသည်။ မည်သည့်တိုင်း ပြည်ပင်ဖြစ်စေ ဤကဲ့သို့ သော ကျူးကျော်ရန်စမှုကို လက်ပိုက်ကြည့်နေပါက နယ်မြေဆုံးရှုံးခံရ မည်ဖြစ်သောကြောင့် မလွှဲမရှောင်သာ သော အရေးယူမှုများ ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်ကြရမည်ကို နားလည်သဘောပေါက်သည့် အားလျှော်စွာ မြန်မာနိုင်ငံတော်အစိုးရမှ တိုင်းတပါးကျူးကျော်မှုရန်ကို ကာကွယ်ရန်အလို့ငှာ ပစ်ခတ်နှိမ်နှင်းခြင်းကို ကျွန်ုပ်တို့ ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ထောက်ခံပါသည်။ 
၎။ အဆိုပါလူမျိုးကွဲ တိုင်းတပါးသားများ စိမ့်ဝင်နေထိုင်မှုကိုလည်း အမြန်ဆုံးစိစစ်ပြီး ပြည်နှင်ဒဏ်ပေးပါ ရန်နှင့် တိုင်းတပါးသားများ စိမ့်ဝင်နေထိုင်မှုအတွက် တာဝန်ပေါ့လျော့သူများ လုပ်ကိုင်စီမံမှု ညံ့ဖျင်းသူများ ကို လည်း ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းအပ်ပါသည်။ ရခိုင်ပြည်နယ် သားများ၏ ဘ၀လုံခြုံရေးကို ရေရှည်အာမခံနိုင်မည့် အစီအစဉ်များကိုလည်း လူအများသိရှိ နိုင်စေရန် ပြည် ထောင်စုအစိုးရမှ ထုတ်ပြန်ကြေညာပေးပါရန်လည်း တောင်းဆိုအပ်ပါသည်။ 
၅။ မြန်မာနိုင်ငံအတွင်း ကနဦးနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင် အပေါင်းတို့အားလည်း အထူး အသိပေးလိုသည်မှာ ဌာနေအစ္စလာမ် ဘာသာဝင်များသည် မြန်မာနိုင်ငံတွင်နေထိုင်ခွင့်ရပြီးသော ဌာနေများ စာရင်းတွင် ပါဝင်ပြီးဖြစ်သဖြင့် အမိမြန်မာနိုင်ငံတော်ကိုသာ အခွန်ထမ်းဆောင်ခြင်း နှင့် အမိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး ကို ကာကွယ်စောင့်ရှောက် သစ္စာစောင့်သိရမည် ဖြစ်ပေသည်။ သို့ပါသောကြောင့် နိုင်ငံခြားမှ ၀င်ရောက်လာသူ များအပေါ် ကိုးကွယ်သည့် ဘာသာတူဟူ၍ ဘက်လိုက် လိုက်ပါပူးပေါင်း ဆောင်ရွက်ခြင်း မပြုမိကြစေ ရန် အထူးအသိပေးအပ်ပါသည်။ 
၆။ ပြည်တွင်းရှိ အစ္စလာမ် ဘာသာဝင်မဟုတ်သော အခြားဘာသာများဖြစ်သည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ ဘာသာ၊ ခရစ်ယာန် ဘာသာဝင်များသည်လည်း ဘာသာရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုမူဘဲ နိုင်ငံ သားအမြင်ဖြင့်သာ စဉ်းစားလုပ်ကိုင်ကြပါရန် လေးနက်စွာ အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ 
၇။ တိုင်းတပါးမှ ၀င်ရောက်လာသူများကိုမူ ဘာသာတူခြင်း/ မတူခြင်း၊ လူမျိုးတူခြင်း/ မတူခြင်း အပေါ် အခြေခံ၍ ခွဲခြားရမည်မဟုတ်ဘဲ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်း ကိုသာ အခြေခံပြီး ပြည်တွင်းဥပဒေများနှင့် အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 
၈။ ရခိုင်ပြည်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတ၀ှမ်းလုံးတွင်ဖြစ်စေ ကမ္ဘာနေရာအနှံ့အပြား တွင်ဖြစ်စေ မည်သည့်အကြမ်းဖက်တိုက်ခိုက်မှု/ နယ်မြေကျူးကျော်ဝင်ရောက်မှု ကိုမဆို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြင်းထန်စွာ ဆန့်ကျင်ရှုံချပါကြောင်း ကြေညာအပ်ပါသည်။ 
ပါတီ၏ ညွှန်ကြားချက်အရ 

နေမျိုးဝေ 

ဥက္ကဌ 
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

တိုက်ပွဲကို ပြီးဆုံးသည်အထိ တိုက်

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ လူလေးကနှစ်ယောက်တစ်ပိုင်း တာဝန်တွေလုပ်စရာ ရှိတာတွေက တပုံတခေါင်း ဆိုပေမယ့် ဘယ်အမှု ဘယ်ကိစ္စကိုမှ ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ပါဘူး။ တိုက်ပွဲတွေ အများကြီး လိုက်တိုက်ပြီး အနိုင်အရှုံးမပြတ်သားတာမျိုးလဲ မကြိုက်ပါဘူး။ အခုကြုံတွေ့နေရတဲ့ ဇေကမ္ဘာနှင့် ရွှေနံ့သာပြဿနာကိစ္စဘယ်လောက်ကြာပြီလဲ မေးရင် ရွေးကောက်ပွဲ ပြီးကတည်းက ဆိုပါတော့။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး သမားဘက်က ဖြစ်သင့်တာကို တာဝန်ကျေရုံတင်မက အလုံးစုံ တင်ပြပြီး လည်း ဖြစ်ပေမယ့် ဥပဒေလမ်းကြောင်းအရအဆုံး မသတ်ပေးနိုင်သေးတာကြောင့် ဇွဲရှည် စိတ်သန် တောင်သူလယ် သမားများဘက်က ရပ်တည် ကူညီပေးနေဆဲပါပဲ။
တခြားသော ကိစ္စတွေမှာလည်း အကြံပေးတာမျိုး။ စာအုပ်စာတန်းနှင့် တင်ပြတာမျိုး လုပ်ခဲ့ကိုင်ခဲ့လို့ စာအုပ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ပြန်ကြားရေးမူဘောင်တွေနဲ့ ပါတီဖျက်သိမ်း သည် အထိ ဆိုပြီး ခြောက်လှန့်လာလို့ သတင်းစာရှင်းလင်းပွဲကိုလည်းငွေမကုန်ချင်ပဲအကုန်ခံပြီးလုပ်ခဲ့ ရပါသေးတယ်။
အမှုအခင်း အခြေအနေကို စာအုပ်နဲ့တမျိုး၊ အင်တာနက်က တစ်ဖုံ ကြုံတိုင်း တင်ပြခဲ့ပေမယ့် ရန်ကုန်း တိုင်းဒေသကြီး အစိုးရရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် လယ်သမားတွေဟာ ဆန္ဒပြဖို့အထိ ဖြစ်လာတာ ကို ဥပဒေ နားလည်သူတွေ အတွေ့အကြုံရှိ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဒီလိုအမှုမှာ ဒီလို စွဲဆိုလို့ ရတယ်ဆိုလို့ “မြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန်” ဆိုပြီး တင်ပြလိုက်တဲ့အတွက် ယနေ့ယခုစစ်ဆေး ကြားနာနေပါပြီ ။
ကူစေချင် ၊ ပါစေချင် ပါပေမယ့် လက်ရှောင်နေကြတာကို ဘာကြောင့် ဘယ်လို သုံးသပ်လို့ မရပေမယ့် အမှုပေါင်း သောင်းခြောက်ထောင်နဲ့ ဗျာများရမယ့် အဖြစ်မျိုးကို ရှောင်ရှားပြီး ဒီကိစ္စအနိုင်အရှုံး သဲကွဲသည် အထိ ဆောင်ရွက်နေပါတယ်။
တခြားသော နိုင်ငံရေးအဖွဲ့အစည်းများကိုလည်း အကြံပြုတင်ပြလိုတာက တိုက်ပွဲတစ်ခုကို ပြီးဆုံးသည် အထိ ဇွဲရှိရှိနဲ့ တိုက်ပေးဖို့ လိုပါလိမ့်မယ်။ ဥပဒေမဲ့ အလုပ်PDP မလုပ်ပါဘူး။ ဥပဒေမဲ့ လုပ်တဲ့သူဆိုလည်း ဘယ်သူ့ကို မှ မထားပါဘူး။ ခြိမ်းခြောက်တာတွေကိုလည်း ကြောက်လိမ့်မယ်မထင်ပါနဲ့ .....

လယ်မလုပ်ဘူး စက်မှုဇုန်လုပ်မှာ ပြောတဲ့ သူဌေး လယ်သမားတွေနဲ့ အပြိုင်လုထွန်နေတာ မြင်ကြစေ(၆.၆.၂၀၁၂)

ဇေကမ္ဘာနှင့်ရွှေနံ့သာ နောက်ဆုံးအခြေအနေများကို စုံစမ်းထောက်လှမ်း ပေးကြပါဦး။ တခြား အလုပ်တွေ မလုပ်နိုင်အောင် ဒီအမှုကြီးကို သံသယာရှည်စေတာလားလို့လဲ စဉ်းစားမိပါတယ်။ ဒီအမှု ဖြတ်ပေးပါ။ ဒါမှ တခြားအလုပ်တွေလုပ်နိုင်မယ်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဥပဒေအတိုင်းသာဖြစ်ပါစေ

Farmer Law PDP ကနေ့မှာတော့ လယ်ယာမှုခင်းကို ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက်မှုစတင် လိုက်ပါပြီ။ ဒီလိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ထွက်ဆိုနေကြစဉ်မှာ လယ်ကွင်းထဲမှာတော့ Plant War တိုက်ပွဲ ဆင်နွှဲနေသလိုပါပဲ။ လယ်သမားတွေကို အားကျပြီး ဇေကမ္ဘာကလည်း လယ်ထွန်ဆင်းနေတာကို တွေ့ရ ပါတယ်။ မနှင်းနန္ဒာကတော့ မကြောက်မရွံ့ ဇေကမ္ဘာမန်နေဂျာဦးမြင့်ဇော်ကြီးနဲ့ အပြန်အလှန်ပြော ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအခင်းအကျင်းကို ကြည့်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းလာတာတော့ အမှန်ပါပဲ။

လယ်မလုပ်ဘူး။ စက်မှုဇုန်လုပ်မှာဆိုတဲ့သူဌေးကြီးလည်း လယ်လုပ်ဖို့ အာရုံးကျလာတဲ့သဘောရှိပါတယ်။ ဥပဒေတွေကိုလည်း လေ့လာနေပြီလို့ဆိုရမလား။ ရွှေနံ့သာလယ်သမားတွေ လယ်ထွန်မင်္ဂလာထွန် စဉ်က စက်ကြီးတွေနဲ့ လယ်တွေလာထွန်နေတော့ မနှင်းနန္ဒာက ပြောလိုက်သတဲ့။ ဘယ်သူမှထွန်ခိုင်းတာ မဟုတ်ဘူးနော်။ ဆီဖိုးတွေ စက်ခတွေ လာမတောင်းနဲ့လို့။
ထားတော့ ဒီကိစ္စဘယ်လို ရှင်းပေးကြမလဲ။ ဆုံးခန်းတိုင်ဖို့နီးပြီးလို့တော့ ထင်မိတာပဲ။ အောက်ခြေအဖွဲ့ အစည်း ဖြစ်တဲ့ ကျွန်တော်တို့တတွေ ဥပဒေမဲ့လုပ်ဖို့ တခါမှ စိတ်မကူးမိခဲ့ပါဘူး။ ဥပဒေလမ်းကြောင်း အရ ဘာတွေ လုပ်လို့ရမလဲ။  ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို ရချင်တာတော့ အမှန်ပဲ။ လယ်ယာမြေဥပဒေကို ဇေကမ္ဘာလည်း စိတ်ဝင်စားလာပြီလို့ ထင်ပါတယ်။ လယ်လုပ်ဖို့တောင် ပြင်ဆင်နေပြီတော့ ........၁၉၆၃ ခု လယ်ယာမြေဥပဒေထဲက သီးစားချထားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုကောက်နှုတ် တင်ပြလိုက်ပါတယ်ဗျာ ... ဖတ်ကြ မှတ်ကြ ... ဥပဒေအတိုင်းတော့ လုပ်ကြ ..။

ရွှေနံ့သာလယ်သမားတွေနဲ့ အပြိုင် ဇေကမ္ဘာလယ်ထွန်ဆင်းတာကို facebook ပေါ်မှာ ဓာတ်ပုံများတင် ထားတယ်။
 ဓာတ်ပုံများ

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယနေ့လယ်ထွန်နေသော ရွှေနံ့သာလယ်သမားများထံ ပေးပို့လာသော တားမြစ်စာသည် ------------
အကြောင်းအရာ ။ ။ ကွင်းအမှတ် (၅၃၁) (၅၃၃) ရှိ (၈၁၅)ဧကအတွင်း လယ်ယာမြေထွန်ယက်စိုက်ပျိုးခြင်း မပြုရန် တားမြစ်ခြင်း။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ရွှေနံ့သာကျေးရွာအုပ်စု ကွင်းအမှတ်(၅၃၁)(၅၃၃)ရှိ (၈၁၅) ဧကအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဇေကမ္ဘာကုမ္ပဏီသို့ သီးစားချ လုပ်ကိုင်ခွင့် ပေးထားပြီး ဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းတို့ တင်ပြထာသာ မြေယာမှုခင်းအားလည်း စစ်ဆေးရန် ဆောင် ရွက်လျှပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ (၈၁၅) ဧကအတွင်း လယ်ယာမြေထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းများမပြုလုပ်ရန် တားမြစ်ပါသည်။ အကယ်၍ လုပ်ကိုင်နေပါက ဥပဒေကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးတားမြစ်ပါသည်။ ထိုစာ၏ အောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါသည်။ ရာအိမ်မှူး ဦးဘိုကြီးလာပို့သွားသည် ဟုပြောသည်။
 ====================================== ၁၉၆၃ခုနှစ်တောင်သူလယ်သမားများအခွင့်အရေးကာကွယ်သည့် ဥပဒေ ပုဒ်မ(၃)(၁-ခ)အရ လယ်သားမြေကို မလုပ်ကိုင်ရဟုသော်လည်းကောင်း ၊ လယ်ယာမြေထဲသို့ ၀င်မရဟုသော်လည်းကောင်း တားဆီးခြင်း မပြုရဟု သာ ပါဝင်ပေသည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ(PDP) မှ ဥက္ကဌဦးနေမျိုးဝေ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင် မျိုးဦးတို့ လိုက်ပါပြီး ရွှေနံ့သာလယ်သမားတွေ အငြင်းပွားနေဆဲဖြစ်တဲ့ ဇေကမ္ဘာကို သီးစားလုပ်ကိုင်ခွင့် ချထား ပေးလိုက်တဲ့ လယ်ယာမြေတွေအတွက် လယ်ယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန် တင်ပြခြင်းကို ရန်ကုန်မြို့တော် မြေစာရင်း ဦးစီးဌာနမှူး ဦးရဲဝင်းထွန်းက နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဆိုက သက်ဆိုင်ရာ ရပ်ကျေးမှ စတင်ဖြေရှင်းပေးရမည် ဖြစ်ပြီး ကျေလည်မှု မရှိမှ ခရိုင်ကို ရောက်ရမှာ ဖြစ်တဲ့ အတွက် ဦးကျော်စိန်ပါ လယ်သမား(၃၉) ဦးရဲ့ တင်ပြမှုကို ရပ်ကျေးကို ပြန်လည်လွှဲပြောင်းပေးတဲ့အတွက် လယ်သမားတွေနဲ့ အတူ ဦးရဲဝင်းထွန်းပါလိုက်ပါပြီး မင်္ဂလာဒုံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွှေနံသာ ကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို အင်းစိန်ခရိုင်ရုံးကနေ ပြန်သွားကြပါပြီ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati