0 Comments
Blog > Archive for 2011
Archive for 2011
နိုင်ငံခေါင်းဆောင်လုပ်မည်လား။ လုပ်ပါ။ သင်၏ တစ်ကိုယ်ရေ အကျိုးခံစားခွင့်နှင့် သင့်မိသားစု စားဝတ်နေရေး အတွက် ပြည်သူ့ဘဏ္ဍာမှ သုံးစွဲစေ။ ပြည်သူ့အတွက်ဟုဆိုကာ သင့်အိတ်ထဲမှ တစ်ပြားတစ်ချပ်မှ မစိုက်နှင့်။ နိုင်ငံရေးသမားဖြစ်သော သင့်ကို ပြည်သူပြည်သားများက ၀ိုင်းဝန်းထောက်ပံ့လိမ့် မည်။ နိုင်ငံရေးကိုအိတ်ထဲမှ စိုက်လုပ်သည်ဟုပြောလျှင် သင်ပိုင်ဆိုင်ထားသည့် ဥစ္စာများအပေါ် ပြည်သူက သံသယရှိမည်။ အဖြေရှာရ ခက်မည်။
ပြည်သူ့ဘဏ္ဍာထဲမှ အလွဲသုံးစား ခိုးယူပြီးသကာလ မျက်နှာပန်းလှစေရန် ပြည်သူ့အကျိုးဟု ပြန်သုံးရာတွင် တစ်ထောင်ခိုးမှ တစ်ကျပ်၊ တစ်သောင်းခိုးမှ တစ်ရာသာ ပြန်လည်သုံးစွဲလိမ့်မည်။ ပြည်သူ့အကျိုးထက် ကိုယ့် အကျိုးသာများသည်။ သင်နှင့် သင့်မိသားစု ကျိကျိတက်ချမ်းသာလာရခြင်းသည် အစိုးရအဖွဲ့တွင်ပါဝင်၍ လက်လှည့်သင့်ရာ စားတော်ခေါ်၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်နေခြင်းကြောင့်လော့။
ပြည်သူ့ကောင်းကျိုးဆောင်ရွက်လိုသူတိုင်း စည်းစိမ်ဥစ္စာမလို၊ ပြည်သူ့အကျိုးတကယ် ဆောင်ရွက်လိုသော ဆန္ဒနှင့် လုပ်နိုင်စွမ်းသာ လိုသည်။ ပြည်သူပိုင် ဘဏ္ဍာတိုက်ကို မောင်ပိုင်မစီးဘဲ မျှဝေသုံးစွဲနိုင်သည်။ အာဏာကို ကုတ်ခြစ်တွယ်ကပ်ထားသူသည် မရိုးသားသူ။ ပြည်သူ့ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သူသည် နိုင်ငံရေးသမားကောင်း။
နေသူရိန် (ဘိုကလေး)
Tags:
နိုင်ငံရေး
အိန္ဒိယ မေတ္တာရှင်ကြီး တဂိုးက ဖွင့်ဆိုသွားသည်။ ဘုရားသခင်၏ ၀တ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့်စွန်းပေလျှက်ရှိ၏။ တဂိုးမည်သည့်ဘာသာကိုးကွယ်သည်ကား အရေးကြီးလှသည် မဟုတ်။ တဂိုးဖွင့်ဆိုသော ဘုရားသခင်သည် ဘာသာအားလုံးအထွဋ်အမြတ်ထားရာ သက်ဆိုင်ရာ ဘုရားသခင်တို့၏ ဂုဏ်ပုဒ်တို့နှင့် ကိုက်ညီသည်ဟု ကျွနုပ်တို့ ရှုမြင်သုံးသပ်ပါသည်။
တစ်ချိန်တည်းတွင် ခရစ်ယာန်ဘာသာဝင်တို့အတွက် လူထူးလမြတ်ဖြစ်သည်။ `ဘုရားသခင်သည် ကျောက်တုံးတို့ကို ထုခွဲနေသော လမ်းဖောက်လုပ်သား ရှိရာအရပ်၌ရှိ၏။ ဘုရားသခင်သည် ကျောက်စရစ်ကုန်းမြေကို ထွန်ယက်နေသော လယ်ထွန်းသမားရှိရာအရပ်၌ ရှိ၏။´ ဟူသော တဂိုး၏ တင်စားချက်သည် ဘုရားသခင်၏ သရုပ်ကိုဖော်ညွှန်းခြင်းဖြစ်သည်။
ဘုရားသခင်၏ သရုပ်သည် မေတ္တာသရုပ်၊ ဂရုဏာသရုပ် ဖြစ်သည်။ ဘုရားသခင်ထံ၌ အစေခံမည့်သူသည် ဘုရားသခင်၏ မေတ္တာ ဂရုဏာတို့ကို အတုယူ၍ မိမိထက်နိမ့်ပါးသူကို ဖေးကူရန်လိုသည်။
ဘာသာရေးအားဖြင့် ဖေးကူခြင်းသည် `ကျင့်ဝတ်နှင့် ဂရုဏာ/မေတ္တာတို့ ကဲပြီး အချုပ်အနှောင်မဲ့၊ တိုက်ပွဲမဲ့၊ ခွင့်လွှတ်အနစ်နာခံခြင်းတည်း ဟူသော နည်းဖြစ်လေသည်။ နိုင်ငံရေးကား အနည်းငယ်ဆူဆူပူပူရှိသည်။ ငြင်းခုံမှုရှိသည်။ ခွင့်လွှတ်မှုရှိလျှင်သော်မှ တိုက်ပွဲရှိသည်။ ဒီမိုကရေစီကျင့်စဉ်သည် တိုက်ပွဲတွေကို သွေးသံမထွက်စေဘဲ အဆုံးသတ်စေသော်လည်း အရှုံးအနိုင် ရှိသည်။
အနိုင်သည် အကောင်အထည်ဖော်ရန်သာ ဖြစ်ပြီး / အရှုံးသည် ဤတစ်ကြိမ် အကောင်အထည်ဖော်ခွင့်မရ ဟူသော အဓိပ္ပာယ်သာဖြစ်ပြီး ချေမှုန်းခံရခြင်းမဟုတ်။ မိတ်ဆွေသင်မည်သည့်ဘက်က မည်သို့တိုက်ပွဲဝင်မည်နည်း။ သင် ဓမ္မ ဟု ထင်သောဘက်က တိုက်မည်ဟုမျှော်လင့်သည်။ သင့် ဓမ္မ နှင့် ကျွနုပ်တို့၏ ဓမ္မ တူလျှင်မိတ်ဆွေဖြစ်ပြီး မတူလျှင် ရန်သူ ဖြစ်မည်။ သွေးသံမထွက်စေဘဲ တိုက်ကြရန်ဖြစ်လေသည်။ လူများစုထောက်ခံလျှင် ယာယီအနိုင်ဖြစ်သည်။ `ဘုရားသခင်၏ ၀တ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့် စွန်းပေလျှက်ရှိသည်။´
Tags:
ဆောင်းပါး
16.12.2011 ဟော့တ်နယူး ဂျာနယ် စာမျက်နှာ 25 ပါ ဆောင်းပါး ကလောင် အမည် မောင်သွေးရဲ
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဆန္ဒပြတာကိုဘာ့ကြောင့်ခွင့်ပြုထားတယ်ထင်ပါသလဲ ။ နက်နက်နဲနဲ စဉ်းစားကြည့် စေချင်ပါတယ် ။ သိပ်လေးနက်တဲ့အဓိပ္ပါယ်ရှိတယ်ခင်ဗျ ။ ဆန္ဒပြတယ်ဆိုတာ မိမိတို့ရဲ့ အမြင်အတွေးတွေ ခံစားချက်တွေကိုထုတ်ဖော်ပြတာပါဘဲ ။ ရိုးရိုးလေးပါဘဲ ။ ဒါပေမဲ့ ဘာ့ကြောင့်လမ်းပေါ်ထွက်ပြရတာလဲ ။ ဘာ့ကြောင့်လူမြင်ကွင်းမှာဆန္ဒပြခွင့်ကို ဒီမိုကရေစီနိုင်ငံတွေကခွင့်ပြုရတာလဲ ။
အဲဒါ လူနည်းစုအခွင့်အရေးကို ကာကွယ်ပေးထားတာပါဘဲ ။ နိုင်ငံသား နိုင်ငံသားများရဲ့ မူလအခွင့်အရေးလို့ လွယ်လွယ်မမှတ်လိုက်ပါနဲ့ လူနဲစုအခွင့်အရေးပါ ။ လူများစုရဲ့ ဆန္ဒတွေက ထုတ်ပြစရာမလိုပါဘူး ။ ဘာ့ကြောင့်လည်းဆိုရင် လက်တွေ့အကောင်အထည်ဖော်ခွင့်ရနေတာကိုး ။ လူများစု ကြိုက်တဲ့ ရေပန်းစားတဲ့ အရာတစ်ခုဟာ လူများစုထောက်ခံမဲရတဲ့အတွက် စည်းကမ်းနည်းလမ်းတွေနဲ့ ဥပဒေတွေအဖြစ် ပေါ်ပေါက်လာပြီး အားလုံးကျင့်သုံးကြရတယ်မဟုတ်လား ။
လူနည်းစုက သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ လိုက်ပါကျင့်သုံးကြရတာပဲလေ ။ အဲဒီတော့ လူနဲစုကို အခွင့်အရေးပေးဖို့ မဖြစ်မနေလိုအပ်လာတယ် ။ လူနည်းစုရဲ့ အမြင်အတွေးတွေ ခံစားချက်တွေကို ထုတ်ဖော်ပြသခွင့် ပေးမှဖြစ်တော့မှာပေါ့လို့ မြင်လာစေတာပါဘဲ ။
နောက်ပြီးထူးခြားတာက -
ကမ္ဘာပေါ်မှာ လူများစုကြီး သောက်တလွဲလုပ်တာတွေကလည်း ခဏခဏ မမြင်ချင်အဆုံး မကြားချင်အဆုံး မဟုတ်လား ။ ဂျော်ဒန်နိုဘရှုနိုကို မီးရှို့သတ်တယ် ။ ဘာ့ကြောင့်လဲ နေကိုကမ္ဘာကလှည့်တယ်လို့ပြောမိလို့ လေ ။ ဒီလိုမိစ္ဆာကောင်ကို အရှင်မထားဘူးဆိုပြီး လူများစုကြီးက မီးရှို့သတ်ခဲ့တယ် ။
ဒီမိုကရေကရေစီကို အသက်ထက်တန်ဖိုးထားခဲ့တဲ့ ဆော့ခရတ္တိ ဆိုတဲ့ ဂရိအဖိုးကြီးကို လည်း လူများစုက မဲခွဲပြီး သေဒဏ်ပေးခဲ့တယ်မဟုတ်လား ။ သေခါမှရုပ်တု ထုပြီး နတ်တစ်ပါးလို လေးစားပြနေလိုက်ကြတာလေဗျာ ။
အဲဒီတော့ လူများစုဖြစ်တိုင်းမမှန်ဘူးမဟုတ်လားဗျ ။
ခင်ဗျားတို့ အားလုံးသိကြပါတယ် ကမ္ဘာ့လူဆိုးကြီး ကို ဟစ်တလာလေ ။ သူက သေနတ်တွေတစ်ဒိုင်းဒိုင်း ဖောက်ပြီး နိုင်ငံ့အာဏာကို တက်သိမ်းခဲ့တာမဟုတ်ဘူးနော် လူထုအများစုထောက်ခံမဲနဲ့ အာဏာရလာတဲ့ အဏာရှင်ကြီးဗျ ။
ဒီတော့ဗျာ - လူအများစု ထောက်ခံတယ် ရေပန်းစားတယ်ဆိုတိုင်း ကျုပ်ကတော့ ပစ်မထားနိုင်ဘူး ဆန်းစစ်ရလိမ့်မယ် ။ ဒီလိုဘဲ ကျုပ်နဲ့ အမြင်တူတဲ့သူတွေက လူနည်းစုအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာကို အသက်လိုတန်ဖိုးထားခဲ့တာပေါ့ ။
ဟဲဟဲ ဒီနေရာမှာတော့ဗျို့ - ကျုပ်အမြင်ဟာ လူများစုနဲ့ တစ်ထပ်တည်းကျနေပြီဗျို့ ။ ခင်ဗျားတို့ကော သဘောတူကြရဲ့လား မတူရင်လဲရတယ်လေဗျာ ။
ကျုပ်နားလည်တဲ့ ဒီမိုကရေစီဆိုတာ ရိုးရိုးလေးပါ
''" အ၀န်းအ၀ိုင်းတစ်ခု ( ဥပမာနိုင်ငံပေါ့ဗျာ ) လူများစု ထောက်ခံတဲ့ ၊ သဘောတူတဲ့ အမြင်တွေဟာ စည်းကမ်း နည်းလမ်း ဥပဒေ တွေအဖြစ်ပေါ်ပေါက်လာပြီး အဲဒီအ၀န်း အ၀ိုင်းက အားလုံးလက်ခံကျင့်သုံး ကြရတယ် ။ ""
'''' လူနည်းစု အတွက်ကတော့ - သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ထုတ်ဖော် ရေးသား ပြောဆိုဖြန့်ဝေဖို့ကို အာမခံရပြီး ဘာအကြောင်းကြောင့်နဲ့ မှ တားဆီးပိတ်ဆို့ မလုပ်ရဘူးဗျို့ ""
အဲဒီ အချက်နှစ်ခုဟာ ဒီမိုကရေစီရဲ့ အနှစ်သာရအစစ်ပါဘဲ ။
ဒီနေရာမှာ ဆန္ဒပြတာကိုဘာ့ကြောင့်လုပ်ဖို့လိုသလဲဆိုတာ - ပြောလိုက်ပါဦးမယ် ။ ဆန္ဒပြစရာမလိုဘူး ဆိုတဲ့လူတွေနဲ့ အမြင်ကွဲတယ်ဗျာ ။ လိုတယ်ဗျ ။ ဆန္ဒပြဖို့လိုတယ် ။ ကျုပ်တို့လို အရေးမပါတဲ့ကောင်တွေ ဘာတွေလုပ်နေသလဲ ၊ ဘာတွေတွေးနေသလဲဆိုတာကို ထုတ်ဖော်ပြသဖို့လိုတယ် ။ အရေးပါတယ်ဆိုတဲ့ လူတွေက မီဒီယာကိုလက်ဝါးကြီးအုပ်နိုင်တယ် ။ ၀ါဒဖြန့်ချီရေးကို လက်ဝါးကြီးအုပ်နိုင်တယ် ။ တစ်နိုင်ငံလုံး ဒီလိုမြင်နေသယောင် ။ ဒီလိုတွေးနေသယောင် ၊ ဒီလိုခံစား စံစားနေသယောင် ၀ါဒဖြန့်ဖို့အခွင့်အလမ်း ရနေကြ တယ်မို့လား ။
သူတို့က လူများစု ကိုယ်စားပြုခံထားရသူတွေပေါ့ဗျာ - သူတို့ ထင်တာလုပ်ခွင့်ရကြပေသပေါ့ ။ ဒါပေမဲ့ လူများစု အမြဲမှန်နိုင်ပါ့မလား ကျုပ်သာ ခေတ်သစ်ဂျော်ဒန်နိုဘရှုနို ဖြစ်နေရင်ဘယ်လိုလုပ်ကြမလဲ ။ အဲဒီဆင်ကို ကျောင်းထုတ်ပစ်လိုက်တဲ့ ဆရာတွေလဲရှိခဲ့ဘူးတယ်နော် ။
ဒီတော့ဗျာ ကျနော် ဆန္ဒပြရမှဖြစ်မယ်ဗျ ကျနော့်ဆန္ဒတွေက ဘာတွေပါဆိုတာ ခင်ဗျားတို့တောင် သေချာ သိသေးတာမဟုတ်ဘူး ။ ဘာလို့သေချာမသိနိုင်ရသလဲဆိုရင် ကျုပ်ရဲ့စာတွေ ပြည်တွင်းဂျာနယ်တွေက ဖြန့်ဝေချင်တိုင်းဖြန့်ဝေခွင့်မရဘူး အယ်ဒီတာကြိုက်တာတောင် စိစစ်ရေးကရှိနေသေးတယ်လေ ။ ထားတော့ ကျုပ်မှာ နသ ၀၆၈ ဆိုတဲ့ ကိုယ်ပိုင်မီဒီယာလည်းရှိနေတာဘဲ ကိုယ့်မီဒီယာမှာ ကိုယ်ရေးပေါ့လို့ မပြောကြနဲ့ဦး ကျုပ်မှာက ငွေအလုံအလောက်မရှိဘူး ဆိုင်ပေါ်တင်ရောင်းဖို့ကျတော့လည်း နှစ်ပေါင်းများ အချောက်ခံထားရတဲ့ ဈေးသည်တွေက တင်မရောင်းရဲဘူးယုတ်စွအဆုံး ဂျာနယ်လက်ပွေ့သမားတောင် တိတ်တိတ်ခိုးဖတ်တယ် ။ တင်မရောင်းပေးဘူး ။ အဲဒီတော့ စောင်ရေ သောင်းချီမဖြန့်နိုင်ဘူးလေဗျာ ။ လူများစုကြားအောင် ဒိုးတူဒိုး လဲမလုပ်နိုင်သေးတော့ ရုဒ်တူရုဒ် ( Road to Road ) ပေါ့ဗျာ တစ်လမ်းဝင်တစ်လမ်းထွက် ကျုပ်ရင်ထဲက ဆန္ဒကို ပရိုမိုးရှင်းလုပ်ရတော့တာပေါ့ ။
ကျုပ်ကလည်း ခိုင်ခိုင်မာမာယုံကြည်တယ်ဗျာ - ကျုပ်ရဲ့ အမြင်တွေ အတွေးတွေ ကို ၅၀ % လောက်ဖတ်ဘူး ကြားဘူး ခဲ့ရင် ကျုပ်ကိုထောက်ခံလာတဲ့သူတိုးလာမှာဘဲ ။
ကျုပ်ကိုထောက်ခံတဲ့သူများလာရင် ကျုပ်က ရွေးကောက်ပွဲဝင် မဲအများစုရ ပြီး လစာရတဲ့နိုင်ငံရေး သမားကြီး ဖြစ်ပြီပေါ့ - လို့ တွေးရ - - ရင်ဗျာ ပျင်းစရာကောင်းလိုက်တာ - - - ။
စာချုပ်ချုပ်ထားမယ်ဗျို့ - ဘိုင်အီလက်ရှင်ကအစ နောက်ရွေးကောက်ပွဲ မျန်သမျှ ၂၀၁၅ - ၂၀၂၀ - ၂၀၂၅ - - - - - - - - - - - ဘယ်တော့မှဝင်မပြိုင်ဘူးလို့။ ( အစိုးရကသာ ရွေးကောက်ပွဲမ၀င်ရင်ပါတီဖျက်လို့ မသတ်မှတ်နဲ့ပေါ့ဗျာ ) ။ ပါတီဆိုတာ " နသ " ကလေးလိုချင်လို့ထောင်ထားရတာကလား ။ ကျုပ်တို့က အမေရိကား - လို လွတ်လပ်တဲ့အသင်အပင်းထူထောင်ဖို့ခက်တာ ရေးသားဖြန့်ဝေဖို့ခက်တာရယ်ကြောင့် ပါတီ ဖြစ် နေရ တာဗျို့ ။ လွတ်လပ်တဲ့ ဖရီးသင့်ကာတွေ လော်ဘီတွေနဲ့ နက်ဝပ်ကြီး ချိတ်ဆက်ချင်တာဗျို့ ။
ဒီမှာ ခပ်တင်းတင်း ထပ်ပြောလိုက်ဦးမယ် - - - ဒီမိုကရေစီ ဆိုတာ နေရာရမှ ရာထူးရမှ လူရာဝင်တယ် လုပ်နိုင် ကိုင်နိုင်တယ်လို့ ထင်နေရင် ဒီမိုကရေစီတန်ဖိုးကို လျော့တွက်ရာကျတယ်ဗျို့ - - -
ခင်ဗျားစဉ်းစားကြည့်လေဗျာ
အမတ်ချုပ်ကြီးဖြစ်မှလုပ်နိုင်တာဆို - ဘာဆန်းလဲ
ဘုရင်စနစ်မှာလဲ အမတ် ချုပ်ကြီး ဖြစ်ရင်လုပ်နိုင်တာဘဲမလား
နိုင်ငံကိုရွှေ့နိုင်တာဘဲမလား ၊ ဘုရင်ကိုချေထိုးနိုင်တာဘဲမလား ။
အဲဒါဆိုရင် - ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ် သိပ်မကွာဘူးနော် -
ဒီမှာ ဒီမှာ လမ်းဘေးက လူတစ်ယောက် ဥပဒေပြုနိုင်တဲ့နည်း ဒီမိုကရေစီခွင်ထဲမှာရှိတယ်ဗျ - - -
ခင်ဗျားသာ စလယ်ဆုံး ကွန်ပလိ ဘယ်သကောင့်သားမှ မငြင်းရဲလောက်အောင် ဆင်ခြေတွေပါတဲ့ ဥပဒေကြမ်း တစ်ခုကိုပြုစုကြည့်စမ်းဘာ - - - ဆန္ဒပြတဲ့နေ့မှာ ဝေကြည့်စမ်းဘာ လွတ်လပ်စွာ ရေးသားညဖန့်ဝေခွင့်ကို သုံးကြည့်စမ်းဘာ - ပယောဂါ မှန်ရင် တုန်ဆင်းလာရလိမ့်မယ် ။ လူများစု သြဘာပေးလာမှာ ကြောက်လို့ လွှတ်တော်ကြီးက တုန်ခါပြီး ပြဌာန်းပေးရလိမ့်မယ် ဆိုတာ မှတ်ထား လိုက်စမ်းဘာ ။
အဂတိလိုက်စားမှုတွေကို ကိုယ်က ဘာကောင်မှ မဟုတ်ဘဲ တိုက်ဖျက်လို့ရတယ်ဗျ - - -
သူခိုးတွေ - လူလိမ်တွေအကြောင်း အတိအကျရှာဖွေ ရေးသားဖော်ထုတ်ဖြန့်ဝေစမ်းပါဗျာ - - -
သူတို့ တရားစွဲရင် အစွဲခံ အိုးပမ်းကုတ် တောင်း ။ တရားခွင်ကမှတ်တမ်းတွေ ထုတ်သာရှိုးဗျာ
ခင်ဗျားနောက်မှာ ကော ရှေ့မှာကော လူကိုမလိုဘူးဗျို့ ။
ဆန္ဒပြဖို့ ဘာ့ကြောင့် လိုတယ်ဆိုတာ
ဒီမိုကရေစီကို ကျုပ် အဲဒီလောက် တန်ဘိုး သိတာ ခင်ဗျားတို့ကို မျှဝေလိုက်ရင်း
လွတ်လပ်စွာ ပြောဆိုရေးသားလိုက်ပါတယ်ဗျာ - - - -
လောလောဆယ်တော့ ဆန္ဒပြဖို့ ရဲတွေဘက်က အဆင်သင့်မဖြစ်သေးဘူးတဲ့ဗျို့
ကျုပ်တို့ကို စောင့်ရှောက်ဖို့ ပလန်တွေ ကျန်သေးတယ်လို့ မှတ်လိုက်ပါတယ်ဗျာ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
ဖုန်း - ၀၉၈၆၁၀၇၁၉
ဒီမိုကရေစီနိုင်ငံမှာ ဘာ့ကြောင့်ဆန္ဒပြဖို့လိုသလဲ
ဒီမိုကရေစီကို ဘာ့ကြောင့်ချစ်သလဲ

လွတ်လပ်ရေးနေ့ထုတ် စာစဉ် (၁၃)၄.၁.၂၀၁၂
ခရစ်စမတ်နေ့ အထူးထုတ် စာစဉ်(၁၂)
၈၈ မှ ယနေ့အထိ သိချင်လှန်ဖတ်
မြေယာပြဿနာကို အဖြေရှာခြင်း (၂)
Diversity နိုဝင်ဘာလထုတ် စာစဉ်(၁၁)
မြေယာပြဿနာကို အဖြေရှာခြင်း
ဇေကမ္ဘာနှင့် ရွှေနံသာလယ်သမားများ ပြဿနာ
အောက်တိုဘာလထုတ် Diversity
စက်တင်ဘာလထုတ် Diversity
Diversity စာစဉ်အမှတ် (၈) သြဂုတ်လထုတ်
Diversity စာစဉ်အမှတ် (၇) ဂျူလိုင်လထုတ်
Diversity စာစဉ်အမှတ် (၆) ဂျွန်လထုတ်
Diversity စာစဉ်အမှတ် (၅) မေလထုတ်
Diversity စာစဉ်အမှတ် (၄) ဧပြီလထုတ်
Diversity စာစဉ်အမှတ် (၃) မတ်လထုတ်
Diversity စာစဉ်အမှတ် (၂) ဖေဖော်ဝါရီလထုတ်
Diversity စာစဉ်အမှတ် (၁) ဇန်န၀ါရီလထုတ်
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ မိဘပြည်သူများသို့ တင်ပြသော နိုင်ငံရေးအဖွင့်
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒသဘောတရား လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ
Tags:
စာအုပ်စင်
ဗုံးပေါက်ကွဲမှု ဖြစ်ပွား အကူအညီ လိုအပ်နေ
- By Naung Taw Lay
- Postado Monday, December 12, 2011 at 4:46 AM
ဘိုကလေးမြို့နယ်၊ ဆူးပဒေါင်းကုန်းကျးရွာအုပ်စု ၊ အိုင်ဘုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရေနံရှာဖွေရေးကုမ္ပဏီများသည် ပေ၃၀ ခန့်နက်သော ကျင်းများ ရာနှင့်ချီ၍ တူးခဲ့ပြီး ကျင်းတစ်ကျင်းလျှင် ဗုံးသီးသုံးလုံးထည့်၍ ၀ါယာကြိုးများဖြင့် သွယ်တန်းကာ သင်္ဘောပေါ်မှ လျှော့ရိုက်၍ ဖေါက်ခွဲကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
အချို့ဗုန်းသီးများမှာ မပေါက်ကွဲဘဲ အပေါ်ပြန်ကန်တက်လာပြီး ကျန်ရှိနေသည်ကို စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့်အတွက်ကြောင့် ယခု ၂၀၁၁ ခုနှစ် အတွင်း ကလေးငယ်တစ်ဦး သည် ( 6.12.2011) ညနေ ( 6း00)အိုင်ထဲမှ ငါးဖမ်းရင်း ဗုံးသီးကို ယူလာခဲ့ရာ ဗုန်းသီးမှ ပေါက်ကွဲစေနိုင်သည့် အစိတ်အပိုင်း ( ဒီတိုနေတာ )ကို အိမ်သို့ ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်းမှာ လက်သုံးချောင်း ပြတ်သွားခဲ့ပြီး မိခင်ဖြစ်သူ လက်တွင် အနာတရ ဖြစ်သည်ဟု သိရသည်။ မိသားစုဝင် ၇ ဦး ရှိရာ နှစ်ဦးမှာ အပြင်သွားနေသဖြင် အိမ်ရှိ မိခင် ဖခင်နှင့် ကလေးငယ်သုံးဦးမှာ ဒဏ်ရာ အနာတရ ဖြစ် သည်ဟုသိရသည်။ ယူဆောင်လာသည့် ကလေးငယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။
ယခုအခါတွင် ဘိုကလေးမြို့ကုတင် ၁၀၀ ဆေးရုံသစ်တွင် ကုသနေသည်ဟု သိရပြီး မြိုပေါ်တွင် ကုသရန်အတွက် အကူအညီတောင်းခံရာ ရန်ပုံငွေ ၈၀၀၀၀ ကျော်သာရရှိသည်ဟု ပြောသည် ။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကုမ္ပဏီကို စုံစမ်းပေးခြင်း မရှိသည့် အတွက် ဒေသခံများက စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေကြသည်။
အကူအညီ လိုအပ်နေသည် ။ ဘိုကလေး မြို့သို့ဆက်သွယ်မေးမြန်းကြပါ။

နွေစပါးစိုက်မယ့် လယ်သမားတွေ ရေ၀င်ပေါက်တွေကို ခရိုနီကြီးက ဘိုဒူဇာနဲ့ ထိုးပြီး ပိတ်ထားတယ်။ လယ်သမားတွေက အပင်ပန်းခံပြီး အဲဒီဟာတွေကို ဖြိုဖျက်ဖို့ အုံလိုက်ကျင်းလိုက်ထွက်လာကြပြီ။
လယ်သမားတွေဘက်က ရပ်တည်ပေးကြ။ လယ်ယာမြေတွေကို မြတ်နိုးလွန်းလို့ မဟုတ်ဘူး။ ကိုလိုနီထက်ဆိုးတဲ့ လက်ဝါးကြီး အုပ်စိုးသူ ခရိုနီ အကြီးစားကြီးကို အပြုတ်ဖြုတ်ဖို့။
Tags:
ဝေဖန်ရေး
ပါတီဝင်များအားလုံး သိရှိတုန့်ပြန်နိုင်ကြစေရန်
- By Naung Taw Lay
- Postado Thursday, December 8, 2011 at 11:05 AM
အကြောင်းအရာ။ ။ ပါတီဝင်များအားလုံး သိရှိတုံ့ပြန်နိုင်ကြစေရန် အကြောင်းကြားခြင်း။
ရည်ညွှန်း။ ။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ယနေ့ (၈.၁၂.၂၀၁၁) ည (၈:၃၀) တွင် ရောက်ရှိလာသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၏ လက်မှတ်ရေးထိုးထားသည့် " နိုင်ငံရေးသါတီများ၏ လှုပ်ရှားမှုအခြေအနေ တင်ပြခြင်းကိစ္စ" ဟူသော ဓာတ်ပုံပါစာ ....
comession
Tags:
ထုတ်ပြန်ချက်
နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေများထွက်ပေါ်လာသောအခါ အချို့သော နိုင်ငံရေးသမားကြီးများက စည်းမျည်းစည်းကမ်းတင်းကြပ်သည်ဟု ပြောဆိုနေပြန်ပါသဖြင့် နိုင်ငံရေးပါတီ ထူထောင်ပြဖို့ သင့်ကြောင်း ဆုံးဖြတ်ပြီး ပါတီမှ နိုင်ငံရေးစကားကို ထင်မြင်တင်ပြဖော်ထုတ်နိုင်ရန် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး စာမူကို လူငယ်ငါးယောက်နှင့်(၁၃.၅.၂၀၁၀) ရက်နေ့တွင့် ရေးသားဖြန့်ဝေကာ ပါတီထူထောင်ခဲ့ပါသည်။
Nay Myo Wai Bio
Tags:
အထုပ္ပတ္တိ
တရားဝင်မော်တော်ဆိုင်ကယ်စီးနင်းခွင့် (ဓာတ်ပုံ)
- By Naung Taw Lay
- Postado Sunday, December 4, 2011 at 11:55 AM
မြန်မာနိုင်ငံအ၀ှန်း ဆိုင်ကယ်စီးနင်းနေကြသော်လည်း ရန်ကုန်မြို့တွင်းနှင့် အနီးတ၀ိုက်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ကန့်သတ်ထားပြီး ပြည်သူ့ရဲများနှင့် အစိုးရအမှုထမ်းအရာထမ်းများသည် ဆိုင်ကယ်ကို ပေါ်ပေါ်ထင်ထင်စီးနင်းနေကြ၍ အရပ်သားပြည်သူများ၏ ဆိုင်ကယ်များကိုမူ အကြမ်းဖက် ဖမ်းဆီးသည်အထိ ဖြစ်ပေါ်လာနေသောကြောင့် မခံမရပ်နိုင်သော ဆိုင်ကယ်သမားများ စုပေါင်း၍ တရားဥပဒေဖြင့် ရန်ကုန်မြို့တွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြုရန်နှင့် အခွင့်ထူးခံဟူ၍ မရှိစေရပဲ ဥပဒေတစ်ရပ် ပြဌာန်းပြီးပါက အားလုံးလိုက်နာကြရမည်ဟု ဆုံးဖြတ် သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြသည်။
Tags:
ဓာတ်ပုံ
အကြောင်းအရာ။ ။ စားကျက်မြေပေါ်တွင် ကျူးကျော်ဝင်ရောက်မှုကို အရေးယူပေးပါရန် အိတ်ဖွင့် တင်ပြခြင်း။
ကွမ်းခြံကုန်းမြို့နယ်၊ ၀ါးကောက်တောကျေးရွာအုပ်စု၊ ၀ါးကောက်တောကျေးရွာရှိ ကွင်းအမှတ် ၃၆၀-က သည် မူလက ကျေးရွာပိုင်(ကျွဲ၊နွား) စားကျက်မြေဖြစ်ခဲ့ပါသည်။ ဗြိတိသျှအစိုးရလက်ထက်မှသည် နှစ်ပေါင်းများစွာ စားကျက်မြေအဖြစ် တည်ရှိခဲ့ပြီး ယခုတိုင်လည်း မပယ်ဖျက်ရသေးသော စားကျက်မြေအဖြစ်တည်ရှိပါသည်။
၅. ၁၂. ၂၀၁၁ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတကြီးထံ တင်ပြပေးမည့် စာ PDF တွင် အပြည့်အ၀ဖတ်ရှုပါရန်....
ကွမ်းခြံကုန်း မြို့နယ် ၊ ၀ါးကောက်တောမှ သမ္မထံအိတ်ဖွင့်တိုင်စာ

သမ္မတထံပေးစာများ
× ဂါထာရွတ်ခြင်း၊ တေးသီခြင်း၊ ပုတီးစိတ်ခြင်း တို့ကိုရပ်လော့
× မှောင်မည်းတိတ်ဆိတ်နေသော ဘုရားကျောင်းတော်၏ အမှောင်ထဲတွင်သင်
မည်သူ့ကို ၀တ်ပြု နေသနည်း ။
× သင့်ရှေ့တွင်ဘုရားသခင်မရှိသည်သည်ကိုသိလော့
× ဘုရားသခင်သည် ကျောက်စရစ်ကုန်းမြေကို ထွန်ယက်နေသော လယ်သမား
ရှိရာ အရပ်တွင်ရှိ၏
× ဘုရားသခင်သည် ကျောက်တုံးတို့ကိုထုခွဲ နေသော လမ်းဖောက်လုပ်သား
ရှိရာ အရပ်တွင်ရှိ၏
× ဘုရားသခင်၏၀တ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့် စွန်းပေလျှက်ရှိ၏ ။
ရာဘင်ဒြာနတ်တဂိုး
× ဆင်ဖြူကြည့်ခြင်း၊ စွယ်တော်ဖူးခြင်း၊ နေပြည်တော်အနီးတစ်ဝိုက်ရှိ လယ်ကွင်း
တို့တွင်ကျက်စားခြင်းတို့ကို ရပ်လော့
× တိကျသော အချက်အလက်မရနိုင်သည့်နေရာတွင် သင်မည်သည့်ဖွံ့ဖြိုးရေးကို
ဖန်တီးတည်ဆောက် နေသနည်း
× သင့်ရှေ့တွင် ဖွံ့ဖြိုးတိုးတက်ရေးမရှိသည်ကို သိလော့
× ဖွံ့ဖြိုးတိုးတက်ရေးသည်သွင်းအားစုများကိုပိတ်ဆို့ထားမှုကိုနုတ်ပယ် ဖွင့်လှစ်ခြင်းတွင်ရှိ၏
× ဖွံ့ဖြိုးတိုးတက်ရေးသည်ထုတ်ကုန်ရောင်းချမှုကို လက်ဝါးကြီးအုပ်စေနိုင်သော ပါမစ်စနစ်ကိုနုတ်ပယ်ဖွင့်လှစ်ခြင်း တွင်ရှိ၏
× ဖွံ့ဖြိုးရေးလိုလားသောခေါင်းဆောင်သည် အဂတိလိုက်စားသော ၀န်ထမ်းတို့အားလက်တွေ့နှိပ်ကွပ်လေ့ရှိ၏ ။
တခါကလေယာဉ်ဆီသူခိုး
ဖွံ့ဖြိုးရေး စကားပြေ
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတွေ အသားတင်အမြတ်
ငွေတွေ ရနေဖို့လိုတယ် ။ နိုင်ငံအတွက်အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းတွေ
ဘက်မှာ မက်လုံးရှိနေဖို့လိုတယ် ။
အပေါင်းလက္ခဏာ -
- စိုက်ပျိုးထုတ်ကုန် ထုတ်ခြင်း
- မွေးမြူထုတ်ကုန် ထုတ်ခြင်း
- တပိုင်းကုန်ချော စားသောက်ကုန်/ လူသုံးကုန် - ထုတ်ခြင်း
- နောက်ဆုံးအဆင့်ကုန်ချော စားသောက်ကုန် / လူသုံးကုန် - ထု တ်ခြင်း
- စက်မှုထုတ်ကုန် - ထုတ်ခြင်း
- အခြားပြည်ပ နိုင်ငံခြား နှစ်ခုကြား / နိုင်ငံအများကြား ပွဲစားဝင်လုပ်ခြင်း
( ပြည်တွင်းအချင်းချင်းပွဲစားမပါ )
- ပြည်ပနိုင်ငံတွေထွက်ပြီး ကာယ ဥာဏ လုပ်သားများလုပ်ဆောင်ခြင်း
စတဲ့လုပ်ငန်းတွေ လုပ်ဆောင်တာဟာ နိုင်ငံအတွက်အပေါင်းလက္ခဏာ ၀င်ငွေ
တွေရှာပေး တာဖြစ်တယ် ။
မက်လုံးတို့တည်နေရာမှာ
စီးပွါးရေးလုပ်ငန်းရှင်တွေကို ဆွဲဆောင်ရာမှာ မက်လုံးနဲ့ ဆွဲဆောင်ရတယ် ။
မက်လုံးဟာ အပေါ်ကပြောခဲ့တဲ့ အပေါင်းလက္ခဏာ လုပ်ငန်းတွေဘက်မှာ
ရှိနေရမယ် ။အဲဒါမှ စီးပွါးလိုလားသူ လုပ်ငန်းရှင်တွေဟာ အဲဒီဘက်မှာ ( အချိန် /
ငွေ / လုပ်အား ) ရင်းနှီးမြုပ်နှံကြမယ် ။ ဒါမှ နိုင်ငံတိုးတက်မယ် ။
အခုကတော့ အဲဒီဘက်ကို ရင်းနှီးမြုပ်နှံတဲ့သူတွေဟာ မဖြစ်မနေ နေစရာမရှိလို့
လုပ်ကြရတဲ့ဘ၀ရောက်နေတယ် ။ နှိပ်ကွပ်ခံနေရတယ် ။ မက်လုံးက
ပါမစ်လျှောက်စားတဲ့ နေရာကို ရောက်နေတယ် ။
သတ္ထုတူးဖော်ရေး ပါမစ် (လုပ်ကိုင်ခွင့်)
လမ်းဖောက်ရေးပါမစ် (လုပ်ကိုင်ခွင့်)
တံတားဆောက်ရေး ပါမစ် (လုပ်ကိုင်ခွင့်)
စက်ပစ္စည်းတင်သွင်းခွင့်
ပို့ကုန်ရောင်းချခွင့်
စတာတွေကို လုပ်ပိုင်ခွင့်ရတဲ့သူတွေဟာ တကယ်မလုပ်ကြဘူး ။ လုပ်ပိုင်ခွင့်ကိုငှား
စားကြတာဖြစ်တယ် ။
အမှန်တကယ် အလုပ် လုပ်တဲ့သူတွေအနေနဲ့ လုပ်ကိုင်ခွင့်မရကြဘူး ။
လုပ်ကိုင်ခွင့်ရတဲ့သူတွေဆီက ထပ်ဆင့်ငှားယူရတာ ။ ဆပ်ကန်ထရိုက် လုပ်ရတာ
တွေ ဖြစ်နေတယ် ။
အဲဒီတော့ အမှန်တကယ်အလုပ်လုပ်ကြတဲ့သူတွေဟာ ငဒူတွေဖြစ်နေကြပြီး ။
တကယ့်လူတွေက အဲဒီလုပ်ကိုင်ခွင့်ကို အမဲလိုက်သလို လိုက်နေကြတယ် ။
အဲဒါဟာ မက်လုံးနေရာမှားနေတာဘဲ ။
အဲဒီတော့ လူချွန်တွေအလုပ်မလုပ်ဘဲ ပါမစ်နောက်လိုက်နေကြတာဟာ နိုင်ငံကို
ဆုတ်ယုဂ်စေတယ် ။ လူချွန်တွေကို လူယုတ်တွေဘ၀ ရောက်စေတယ် ။
တောင်သူလယ်သမားတွေအတွက် / ကျေးလက်ဒေသတွေအတွက် ဖွံ့ဖြိုးရေး
ဆိုပြီး အသံ ကျယ်ကျယ်အော်တယ် ။ ကျုပ်တို့လယ်သမားတွေကို ဘာမှလာပြီးသနားမနေကြပါနဲ့ ။ -
- လယ်မလုပ်ချင်တော့တဲ့သူ လယ်ရောင်းခွင့်ပေးလိုက်
- နိုင်ငံခြားဖြစ် ထွန်စက် ၀ယ်ချင်တဲ့သူ လွတ်လွတ်လပ်လပ်ပေးဝယ်လိုက်
- နိုင်ငံခြားက လာတဲ့ မျိုးစေ့
၊ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာ လွတ်လွတ်လပ်လပ်ပေးဝယ်လိုက်
- လယ်ယာထွက်ကုန်တွေ လွတ်လွတ်လပ်လပ်ပေးရောင်းလိုက်
( တက် လာမဲ့ပြဿနာအတွက် ပေးလာမဲ့ ဆင်ခြေတွေမစောကြပါနဲ့ နောက်လ
ထုတ် ဒိုင်ဗားစတီးမှာ အအျယ်ရေးမယ် )
ခရမ်းသုံးခွက လယ်သမားတွေ တရုပ် ထုတ် ထွန် ယက် ရိတ်သိမ်းချွေလှေ့စက် သိန်း210 နဲ့သွားဝယ်တာ အအတိလိုက်စားတဲ့ ၀န်ထမ်းအတွက် သိန်း 30 ပေးခဲ့ရတယ်ဆိုတာမျိုး ကြားမိကြရဲ့လား ။
စပါးပေါ်စ ပဲပေါ်စ ဈေးနှိမ်ဝယ်လို့ရစေတဲ့ နိုင်ငံခြားထုတ်ရောင်းခွင့် ပါမစ်ကိစ္စကြောင့်ဆိုတာ သိပါရဲ့လား
( စရာစံ နှစ် ၈၀ နေ့မှာ အကျယ်ရေးထားတဲ့စာဖြန့်မည် )
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ရက်စွဲ ။ 25.11.2011
Tags:
နိုင်ငံရေး
ပြင်းထန်စွာပုတ်ခက်ပြောဆိုမှုအား ကန့်ကွက်ခြင်း
- By Naung Taw Lay
- Postado Friday, November 25, 2011 at 7:44 AM
ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပြီး နိုင်ငံတော်မှ ချီးမြင့်သည့် ဘွဲ့တံဆိပ်များ ရရှိထားကာ မြန်မာနိုင်ငံ ဟိုတယ်နှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (MTB)ဥက္ကဌ၊ ဂျပန်-မြန်မာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များ အသင်းဥက္ကဌလည်း ဖြစ်သည့် ဦးခင်ရွှေ (ဇေကမ္ဘာ)၏ပြောစကားများ ထောက်ခံကန့်ကွက် ကိုယ့်သဘောနဲ့ကိုယ် လုပ်ကြပါ။
ကျနော်ကတော့ ဦးခင်ရွှေကို ကိုယ်စားလှယ်ကရုပ်သိမ်းပေးစေချင်တယ်။
နေမျိုးဝေ
Tags:
ဝေဖန်ရေး
cucoo75: ထားဝယ်ကိစ္စက.. enviroment ကိစ္စမလား
ကျွန်တော်က eviroment ထက် မြန်မာတွေ south east asia လောက် ယှဉ်ဖို့ကို ပို ဖြစ်စေချင်တယ်
မဖတ်ဖြစ်ဘူး..
ဒါပေမယ့်... မင်္ဂလာဒုံကိစ္စတော့ စိတ်ဝင်စားတယ်
nay: ကျနော်က သဘာ၀၀န်းကျင်သမားမဟုတ်ဘူး ဗျ လူဝါးဝပြီး တောသားလယ်ကို မတရားယူတာ ပြီးတော့ သူတို့က သိန်း 1250 နဲ့ ပြန်ရောင်းစားတာ တောသားကို 5 သိန်းတောင်မပေးချင်ဘူး အဲဒါကိုတိုက်တာ
... cucoo75: ဟာဗျာ.. အဲ့ဒါဆိုလုပ်လေ..ကျွန်တော်က ဘာမှ အသံမထွက်တဲံ့သူပါ.. ဒါပေမယ့်.. အပြင်ထွက်လာမှ.. မြန်မာသတင်းစာလဲ မဖတ်ရ.. online ကိုလဲ ချင့်ယုံနဲ့ တော် တော်ဂွကျတယ်ဗျာ..
nay: ခက်တာဘဲ ထားဝယ်သံနဲ့ ဗီဒီယိုထွက်လာပါလိမ့်မယ်
cucoo75: မြန်မာပြည်ကလဲ တစ်ခုပြီးတစ်ခုမရိုးဘူး
nay: တိုက်သူနဲ ပြီး ၀သူ များတာကိုးဗျ ၀သူတွေ မကြောက်သေးဘူးဗျ
အမှန်ဆို ကျနော်က ဖွံ့ဖြိုးရေးသမားဗျ ကျနော်က လယ်သမားတွေ လယ်ယာမြေက စွန့်ခွါဖို့ စတင်ဆော်သြနေတာ
cucoo75: ကိုနေမျိုးဝေရေ.. လူမျိုးရေးနဲ့ ဘာသာရေး ကို ဇောင်းပေးတဲ့ သူတွေကို နဲနဲတော့ ပြန်ရေးပါဗျာ..
nay: ခက်တာက သူဌေးတွေက အလကားပဲတင်းယူပြီး မြေပွဲစားလုပ်စားတယ်
cucoo75: ၀သူဆိုတာ ကျွန်တော်နားမလည်ဘူး..
nay: ချွေးတောင်မထွက်ဘူး
cucoo75: ကိုနေမျိုးဝေပြောတာ ကျွန်တော်နားလည်တယ်
nay: လူဝါးဝသူတွေ ကိုပြောတာ
cucoo75: ကျွန်တော် bac ၀င်ကာစလဲ သူတို့လိုလုပ်ဖို့ပဲ တွေးတာလေ..
အဲ့ဒီကိစ္စက south east asia မှာ မွဲပြာပုဆိုးပါ..
nay: ကြိုက်ထိုးကြိုက်ခံဝတာက တမျိုးဗျ ကိုက်မယ်ထင်လို့ အချိုအချောင်ဝယ် မြတ်ရင်ပြန်ရောင်းတာကို ကျနော်ခွင့်လွှတ်တယ် ။ မရောင်းတာကို ပေါက်ဈေးထက် ပို နှိမ်ပြီး အုပ်ချုပ်ရေးနဲ့ ခြောက်ဝယ်တာတွေဗျ ။
cucoo75: အင်းသိတယ်..

Yarzar Yeni : လူလူချင်း ကိုယ်ချင်းမစာ .. လူစိတ်မရှိတဲ့ ကိုယ့်ကျိုးအတ္တသမားတွေဟာ လူ့လောက ကိုဖျက်စီးနေသူများဖြစ်လို့ လူ့လောကမှာ မထားရှိသင့်တော့တဲ့ သူတွေပဲ..
Tags:
ဆွေးနွေးခြင်း
၂၇ ၊ ၁ ၊ ၂၀၁၁ ရက်နေ့ထုတ်ပြန်သော ထားဝယ်အထူးစီးပွါးရေးဇုန်ဥပဒေ၏ ပုဒ်မ ( ၃၄ ) တွင် '' ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့်... လျော်ကြေးပေးခြင်း တို့အတွက် ကုန်ကျစရိတ်များကို ရင်းနှီးတည်ဆောက်သူ သို့မဟုတ်ရင်းနှီးမြုပ်နှံသူက ကျခံရမည် ။ ထို့အပြင်ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက်မနိမ့်ကျစေရန်နှင့် ယင်းတို့၏ အခြေခံလိုအပ် ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည် ။ ထားဝယ်အထူးစီးပွါးရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည် ။ ''
ဟု ပြဌာန်းထားသည် ။
ထို့အပြင် မြန်မာ့အထူးစီးပွါးရေးဇုန်ဥပဒေ ပုဒ်မ (၃၆) တွင်လည်း '' ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျော်ကြေးပေးခြင်း တို့အတွက် ကုန်ကျစရိတ်များကို ရင်းနှီးတည်ဆောက်သူ သို့မဟုတ်ရင်းနှီးမြုပ်နှံသူက ကျခံရမည် ။ ထို့အပြင်ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက်မနိမ့်ကျစေရန်နှင့် ယင်းတို့၏ အခြေခံလိုအပ် ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည် ။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည် ။ ''
ဟုပြဌာန်းထားပါသည် ။ သို့သော် - - - - -
ရွှေနံသာ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
နိဒုံ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
မယ်ဂဒို ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ညောင်တုံး ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ချောင်းသာ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးတွေက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ထားဝယ် ဒေသမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ဥပဒေက ကောင်းနေပြီး ယန္တယားက ခြစားတာကို သမ္မတကြီး တာဝန်ယူရမယ် ။
သမ္မတကြီးမအားရင် ဒုသမ္မတကြီး ၂ ယောက် အလှည့်ကျဆင်းစစ်ပေတော့ ။
ငွေဆဒ္ဒန် နဲ့ ဟေမာဝတီ ကို စီးချင်စီးသွားနိုင်ပါတယ် ။
Tags:
ဝေဖန်ရေး
တရားဝင် မော်တော်ဆိုင်ကယ် စီးနင်းနိုင်ရေး ရန်ကုန်တိုင်းအစိုးရထံ တင်ပြထား
ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို ဥပဒေမဲ့ အမိန့်အာဏာဖြင့် ပိတ်ပင်တားမြစ်ထားပြီး ဖမ်းဆီးအရေးယူမှုများလည်း ရှိနေသည်။ အဆိုပါကိစ္စအတွက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြံ့၊ ၀ါယာလက်မှ မော်တော်ဆိုင်ကယ် အငှားလိုက်သူများက PDP (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီ) ရုံးချုပ်တွင်လာရောက် စုဝေးတိုင်ပင်ခဲ့ကြပြီး ရန်ကုန်တိုင်း အစိုးရနှင့် လူ့အခွင့်အရေးကော်မရှင်သို့ ရန်ကုန်တိုင်း အတွင်း တရားဥပဒေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပေးရန် နိုဝင်ဘာလ ၂၂ ရက် အင်္ဂါနေ့က တင်ပြလိုက်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဆိုင်ကယ်သမားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် PDP ပါတီ တာဝန်ရှိသူတစ်ဦး ကဆောင်ရွက်ပေးမည် ဖြစ်ပြီး တက်ရောက်လာသူ ၅၀ ခန့်ကလက်မှတ်ထိုးခဲ့ကြပြီး အနီးအပါးဝန်ကျင်မှ ဆန္ဒရှိသူများကိုလည်း လက်မှတ်ထိုးနိုင်စေရန် စာရွက်များ ဝေငှခဲ့သည်။
မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရာတွင် တရားလက်လွတ် အကြမ်းပတမ်း ဖမ်းဆီးမှုများပင် ရှိနေပြီး ၀န်ထမ်းများကို ဆိုင်ကယ်စီးခွင့်ပေးထားပြီး အရပ်သားများ၏ ဆိုင်ကယ်များကို ဖမ်းဆီးနေခြင်းသည် အခွင့်ထူးခံလူတန်းစား တစ်ရပ်ရှိနေသည်ဟုဆိုနိုင်ပြီး ဥပဒေမဲ့လုပ်ရပ်များ ကင်းရှင်းသွားစေရန် ဥပဒေဖြင့် ဆောင်ရွက်ပေးကြစေလိုခြင်း ဖြစ်သည်။
Tags:
သတင်း
ဘိုင် အီလက်ရှင် ( အစားထိုးရွေးကောက်ပွဲ ) နှင့်
ပတ်သက်၍
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ သဘောထားထုတ်ပြန်ခြင်း
ရက်စွဲ ။ ၂၁ . ၁၁ . ၂၀၁၁
ပြည်တွင်း ပြည်ပ သတင်း မီဒီယာများမှ မကြာခဏ အင်တာဗျူး မေးမြန်းနေသည်မှာ ဘိုင်အီလက်ရှင် ၀င်မလား ဟူသောမေးခွန်းဖြစ်ပါသည် ။ ကျွန်ုပ်တို့၏ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီသည် နိုင်ငံရေးကို စနစ်တကျ ဖြင့် ချဉ်းကပ်ဆောင်ရွက်နေသောပါတီဖြစ်ပါသည် ။
၂၀၁၀ ခုနှစ် မတ်လ ၂၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသော '' မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီ၏ မူဝါဒသဘောတရား ၊ လုပ်ငန်းစဉ် နှင့်ဖွဲ့စည်းပုံ " ဟူသော (မှတ်ပုံတင်သည့်) စာအုပ်တွင် ရွေးကောက်ပွဲ နှင့် ပါတီ၏ ဆက်စပ်မှု ၊ လွှတ်တော် / လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီ၏ ဆက်စပ်မှု ၊ ပါတီ၏ ရေတိုလုပ်ငန်းစဉ် ၊ ပါတီ၏ ရေရှည်လုပ်ငန်းစဉ် များကို အတိအလင်း ဖော်ပြထားပါသည် ။
သို့သော် သတင်းမီဒီယာများအနေဖြင့် လေးလေးနက်နက်စိတ်ဝင်တစား ဖတ်ရှုခြင်းမပြုယုံ သာမက သတင်း၏ ကျေးကျွန်ဖြစ်နေသဖြင့် မက်ဆေ့ခ်ျ မမိဖြစ်နေသည်ဟု သုံးသပ်ပါသည် ။
ထို့ကြောင့် ( ၂၂.၃ . ၂၀၁၀ ) နေ့ထုတ် ပါတီ၏ မူပါ အထူးဖော်ပြလိုသော လုပ်ငန်းစဉ်များကို ပြန်လည်ဖော်ပြလိုက်ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၁၀ - စာကြောင်းရေ - ၉ - မှ -
ကျွန်ုပ်တို့သည် အသစ်ပေါ်ထွန်းလာသော ပါတီဖြစ်သည်နှင့်အညီ ၂၀၁၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်အရွေးချယ်ခံနိုင်ရေးဟူသော ကိစ္စနှင့် ပါတီဝင်ဦးရေသတ်မှတ်ချက်ပြည့်မှီရေးဟူသော ကိစ္စသည် လုပ်ငန်းစဉ်တစ်ခုအဖြစ်ပါဝင်သော်လည်း ကျွန်ုပ်တို့၏ အရေးကြီးဆုံး အမြဲတမ်းလုပ်ငန်း တစ်ခုမဟုတ်ပေ ။
ပါတီဝင်ဦးရေကိုလည်း ကျွန်ုပ်တို့ပါတီသည် နိုင်ငံရေးနယ်တွင်ခြေချနိုင်ယုံနှင့် နိုင်ငံနယ် နမိတ်တစ်နံ တစ်လျားတွင် ကွန်ယက်သဖွယ်ချိတ်ဆက်နိုင်ယုံပမာဏကိုသာ အများဆုံး အနေဖြင့် စုဆောင်း မည်ဖြစ်ပေသည် ။
နိုင်ငံရေးပါတီဝင်များ အလွန်အမင်းဖောင်းပွပါဝင်နေခြင်းကို ကျွန်ုပ်တို့မလိုလားပေ ။ နိုင်ငံရေး အခြေအနေကို သိရှိခံစား နားလည်နိုင်သောရေချိန်ရှိသူများပြားလာစေရမည်ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်သာ နိုင်ငံသားတို့၏ဘ၀ကို မြုပ်နှံစေလိုသည်မှာ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်ပေသည် ။
နိုင်ငံရေးနိုးကြားလျှက် ကုန်ထုတ်လုပ်ငန်းထဲတွင် ရှိနေစေလိုခြင်းဖြစ်ပါသည် ။ ကုန်ထုတ် လုပ်ငန်းအတွင်းရှိနေသော နိုင်ငံသားများ နိုင်ငံရေးအခြေအနေကို လွယ်ကူစွာ အစဉ်သတိပြုမိ နားလည်သုံးသပ်နိုင်စေရေးကိုသာ ဦးတည်ပါသည် ။
အရှည်သဖြင့်ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင် ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များမဟုတ်ကြစေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကိုဖြေရှင်း နိုင်မည့်နည်းလမ်းများ ရှာဖွေခြင်းနှင့် မိမိတို့ စုဆောင်းရရှိသော အချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင် အထည်ဖော်သည့် ယန္တယားအဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်း လုပ်ငန်းသည် အဓိကလုပ်ဆောင် မည့် အရှည်သဖြင့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေသည် ။
လက်ရှိမူဝါဒရေးဆွဲချမှတ်သူများဆိုရာတွင် ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍အရွေးချယ်ခံခဲ့ ရသော လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ မည်သည့် ပါတီမှဖြစ်စေ ၊ တစ်သီးပုဂ္ဂလဖြစ်စေ အရွေးချယ်ခံရသော ကိုယ်စားလှယ်များအားလုံး၏ အချက်အလက်စုဆောင်း ရှာဖွေပေးသော အဖွဲ့အစည်းတစ်ခုဖြစ်စေရမည်မှာ ကျွန်ုပ်တို့ရည်ရွယ်သည့် ပင်မလုပ်ငန်းစဉ် ဖြစ် ပါသည် ။
လတ်တလောပေါ်ပေါက်လာသော ပြဿနာများကိုဆွေးနွေးအဖြေရှာရာတွင်လည်း အစားထိုး ဖြေရှင်းနည်းကို မဖော်ပြနိုင်ဘဲလျှက် ကျွန်ုပ်တို့ဝေဖန်ထောက်ပြလိမ့်မည်မဟုတ်ပေ ။
ထို့အပြင်ကျွန်ုပ်တို့ဝေဖန်ထောက်ပြသော အစားထိုးဖြေရှင်းနည်းများကို မဖြစ်မနေ ကျင့်သုံး ရမည်ဟုဆိုလိုရာမရောက်ပေ ။ တည်ဆဲလွှတ်တော်အဖွဲ့ဝင်များ ဆွေးနွေး ညှိနှိုင်း မဲခွဲဆုံးဖြတ်မှု၏ အဖြေကိုသာ ကျွန်ုပ်တို့ ကြည်ဖြူစွာ လက်ခံမည် ။
သို့သော် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များကိုကား ကျွန်ုပ်တို့မှ မီဒီယာတွင် လွတ်လပ်စွာ ဆက်လက်ဆွေးနွေးပေလိမ့်မည် ။
ဟူ၍ တရားဝင်အတိအလင်းရေးသားဖော်ပြခဲ့ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၂၂ - အခန်း(၇) အပိုဒ်(ခ)တွင် -
သင့်တော်ရာဥပဒေပြုလွှတ်တော်သို့တင်သွင်းမည့် ဥပဒေမူကြမ်းအချို့ ဟူ၍ ပါရှိပြီး ဥပဒေကြမ်း ၅၂ ခု ဖော်ပြခဲ့ပါသည် ။
မှတ်ချက် ။ ထိုအထဲမှ ဥပဒေကြမ်း ၁၀ ခုခန့် ကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး လည်းဖြစ်ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၂၅ - အခန်း(၇) အပိုဒ်(ဂ)တွင် -
အများစုဆုံးဖြတ်ချက်လွှမ်းမိုးခြင်းပြဿနာ၏အဖြေ ဟူ၍ အောက်ပါအတိုင်းပါရှိပါသည် ။
ကျွန်ုပ်တို့ ပါတီမှဤကဲ့သို့သော ဥပဒေမူကြမ်းများကို အများပြည်သူသို့ဖွင့်ထုတ်ပြသပြီး ကတိက၀တ်များပေးခဲ့ပါသော်လည်း အမှန်တကယ် ဥပဒေပြုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကြ သောအခါ ကျွန်ုပ်တို့ပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် အရေအတွက်နည်း ပါးခဲ့လျှင် မည်ကဲ့သို့ဖြစ်မည်နည်း ။
မဲအများစုမှ ကန့်ကွက်ခဲ့သော် ပါတီကြီးများမှလွှမ်းမိုး၍ မိမိတို့ အဆိုပြုချက်များ မအောင်မမြင်ဖြစ်တတ်သည်မှာ အမှန်ဖြစ်ပါသည် ။ သို့သော် ကျွန်ုပ်တို့သည် ဤသို့သော ဥပဒေမူကြမ်းအမျိုးအစားများကိုတင်သွင်းမည်ဟု ထုတ်ဖော်ပြောကြားသကဲ့သို့ အခြားသော ပါတီများကိုလည်း အများပြည်သူက မည်သို့သော ဥပဒေများ တင်သွင်းမည်နည်းဟု မေးမြန်းဆန်းစစ်စေလိုသော စေတနာကို အရင်းခံပါသည် ။
ထိုသို့ တိကျသေချာသော အသေးစိတ်မေးမြန်းဆန်းစစ်တတ်သည့် ( သတင်းမီဒီယာများနှင့် ပြည်သူလူထု) ၏ ရှေ့မှောက်တွင် နိုင်ငံအကျိုးပြုမည့် ဥပဒေများ ပေါ်ထွန်းပြဌာန်းလာနိုင်မည်မှာ မလွဲ ပေ ။
ထို့ကြောင့်ကျွန်ုပ်တို့ အင်အားအနည်းအများသည် ဥပဒေမူကြမ်းအတည်ပြုနိုင်ခြင်းနှင့်တိုက်ရိုက် ပတ်သက် လိမ့်မည်မဟုတ်ပါ ။ ကျွန်ုပ်တို့ ပါတီသည် ကနဦး စေ့ဆော် ဖော်ထုတ်ပြသနိုင်ကာမျှဖြင့် အများပြည်သူအတွက် အကျိုးပြုမည့် ဥပဒေများ ပြဌာန်းနိုင်လိမ့်မည်ဟု ခိုင်မာစွာယုံကြည်ပါသည် ။
ဟူ၍ - အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည် ။
လက်တွေ့သာဓက
နာမည်ကြီးပုဂ္ဂိုလ်ကြီးအချို့မှ ကျွန်ုပ်တို့အား တိုးတိုးတိတ်တိတ် တားဆီးနေသည့်ကြားမှပင် မြေယာဥပဒေကြမ်းကို ဆိုရှယ်လစ်လမ်းကြောင်းမှ ဖယ်ခွါစေနိုင်ခဲ့ပါသည် ။ ကျွန်ုပ်တို့သည် ကနဦးအနေဖြင့် အစိုးရဟောင်း၏ ဘော်ဒီ " ဆဲလ် '' ထဲသို့ ၂၀၁၁ ခုနှစ် ၂ လပိုင်း ပထမပတ် တွင် မြေယာဥပဒေကြမ်းကို ပေးပို့ခဲ့ပါသည် ။ ၄၅ ရက်ကြာသည်အထိ တုံ့ပြန်မှုမရှိသည့်အတွက် အင်တာနက်မှစတင်ဖြန့်ဝေခဲ့ပါသည် ။ နှစ်ပတ်ခန့်အကြာ စာအုပ်ဖြင့်ထုတ်ဝေဖြန့်ချိပြီး ဆက်တိုက် ဆိုသလို နည်းလမ်းမျိုးစုံဖြင့်တင်ပြခဲ့ပါသည် ။
( ၁၉ . ၈ . ၂၀၁၁ ) မှ ( ၂၁ . ၈ . ၂၀၁၁ ) သုံးရက် နေပြည်တော်တွင်ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲတွင်လည်း နိုင်ငံတော်သမ္မတကြီး နှင့် အရေးကြီးနိုင်ငံရေးခေါင်းဆောင်များသို့ လက်ရောက်ဖြန့်ဝေခဲ့ပါသည် ။
မြေယာဥပဒေကြမ်းကို ပံ့ပိုးစေသော ဥပဒေအဟောင်းများကြောင့်ဖြစ်ပေါ်နေသော
" ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများပြဿနာ"
" နိဒုံလယ်သိမ်းခြင်း နှင့် ဘိလပ်မြေစက်ရုံကိစ္စ "
" ချောင်းသာ ဒေသခံများနှင့် မေဖလားဝါး ၊ ပါဝါ၀င်း စသော ကုမ္ပဏီများ ပြဿနာ "
'' ညောင်တုံး လယ်သမားများနှင့် မြန်မာဘီလီယံဂရု ပြဿနာ "
" ထားဝယ်ရေနက်ဆိပ်ကမ်းပြဿနာ "
များကို ဥပဒေအဟောင်း ပယ်ဖျက်ရေး ဥပဒေသစ်ပါအချက်များပြည့်စုံစေရေးဟူသော ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ရေးသားဖြန့်ဝေခဲ့ပါသည် ။
ထိုသို့ဖြန့်ဝေရာတွင်လည်း -
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများလိပ်စာ စာအုပ်နှင့် အမျိုးသားလွှတ်တော် သို့လည်းကောင်း ( ပါတီမရွေး / လူချွန်ရွေး စနစ်ဖြင့် ) စာရွက်စာတမ်း စာအုပ်ဖိုးအလှူရှင် ဆရာဝန်မတစ်ဦး၏ အကူအညီဖြင့် ဖြန့်ဝေခြင်း ။ အင်တာနက် နှင့် ပြည်တွင်းပြည်ပ မီဒီယာ - စသဖြင့် တစ်စိုက်မတ်မတ်လုပ်ဆောင်ခြင်းအကျိုးကြောင့် ယခုအခါ - ဂရန် ဟူသော အမည်နာမ မပါခြင်းတစ်ခုသာလျှင် ဖြစ်ပြီး ကျွန်ုပ်တို့လိုလားချက်များ ၉၀ % ကျော် ပါဝင်သည့် မြေယာဥပဒေကြမ်းကြီး အတည်ပြုလာခဲ့ပေပြီ ဖြစ်သည် ။
ထို့ကြောင့် ကျွန်ုပ်တို့အား ဘိုင်အီလက်ရှင်ဝင်မလားဟူသော မေးခွန်းကို ဖြေဆိုရန် လိုမည်မဟုတ်တော့ပေ ။
အတိအကျ တဂျီဂျီမေးလျှင်ဖြင့် -
ရွေးကောက်ပွဲနေရာတစ်ခုအတွက် စာရွက်စာတမ်းဖိုး သိန်း ၂၀ + ကိုယ်စားလှယ်ကြေး လက်ရောက်လာရောက်လှူတန်းလျှင် မည်သည့်နေရာမှမဆို ၀င်ရောက်ယှဉ်ပြိုင်မည် ။ စာရွက်စာတမ်းကြေးကို မိမိတို့ နှစ်သက်ရာ ပုံနှိပ်တိုက်တွင် ပေးသွင်းနိုင် ပါသည် ။ ကျွန်ုပ်တို့ ပါတီမှ နှစ်သက်ရာ စာများကို ရိုက်နှိပ်ဖြန့်ဝေမည် ။ အနိုင်အရှုံးစိတ်မ၀င်စား ဟုသာဖြေရပေလိမ့်မည် ။ ရွေးကောက်ပွဲမပါဘဲ စာရွက်စာတမ်းဝေစေလိုလျှင်လည်း ရပါသည် ။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ် - အမှတ် ၂ / ၂ / ၂၃၂ ၊ မဟော်ဂနီလမ်း ၊ ထောက်ကြန့်တိုးချဲ့ ရပ်ကွက် ၊ မင်္ဂလာဒုံမြို့နယ် ။
Tags:
ထုတ်ပြန်ချက်
ပျူဓလေ့နှင့် ဆက်နွယ်သော သမိုင်းအထောက်အထားများ (ထားဝယ်ရေနက်ဆိပ်ကမ်း)
- By Naung Taw Lay
- Postado Saturday, November 19, 2011 at 6:26 PM
ပျူခေတ် ဟန်အုတ်ခွက်ဘုရား တစ်ဆူကို လေ့လာတွေ့ရှိရပါသည်။ အုတ်ခွက်ဘုရားတွင် ကြာပလ္လင်ပေါ်မှာ
ဗုဒ္ဓ ရုပ်ပွားတော်ပါရှိသည်။ ညာလက်တော်က လက်တော်မြေထိဟန်ရှိပြီး ဘယ်လက်တော်က သပိတ်တော်
ပိုက်ထားပါသည်။ နောက်ကျောဘက်တွင် ဗောဓိညောင်ရွက်ပုံ ပါရှိသည်။
Pyu
Tags:
ထားဝယ်
ထားဝယ်ဒေသနှင့် ပတ်သက်၍ အစောဆုံးသမိုင်း အထောက်အထားအဖြစ် ပုဂံခေတ် ကျောက်စာများနှင့် အုတ်ခွက်ဘုရားရှိ စာများကို လေ့လာတွေ့ရှိရပါသည်။ ထိုကာလထက် ရှေးကျသော ပျူခေတ်နှင့် အကြိုကာလ ဖြစ်သည့် ကျောက်ခေတ်သစ်ကာလတို့ကို စာပေအထောက်အထားများနှင့် ရှာဖွေလေ့လာတွေ့ရှိထားသော သမိုင်းအထောက်အထားများကို တင်ပြထားပါသည်။ အထောက်အထား အရေအတွက်နည်းပါသည်။ သို့သော် အချိန်နှင့်ငွေကို အသုံးချပြီး စေ့စပ်သေချာစွာ သုသေတန လုပ်နိုင်ပါက ပိုမိုခိုင်လုံသော အထောက်အထားများ ရရှိနိုင်ပါသည်။
Rese
Tags:
ထားဝယ်
စီမံကိန်းဧရိယာအတွင်း လူဦးရေ (၃၀၀၀၀) ကျော်နေထိုင်လျှက်ရှိပြီး အိမ်ခြေ ၅၀၀၀ ကျော်နှင့် အိမ်ထောင်စု ပေါင်း ၅၅၀၀ ခန့်ရှိပါသည်။ စီမံကိန်းဒေသအတွင်း ထားဝယ်တိုင်းရင်းသားများသာ နေထိုင်ကြပြီး ဗုဒ်ဓဘာသာ ကိုးကွယ်သူများ ဖြစ်ပါသည်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကြီးမားသောစီးပွားရေးလုပ်ငန်း များဖြစ်သော စက်ရုံအလုပ်ရုံများမရှိခြင်း စသောအကြောင်းများကြောင့် လူဝင်ရောက်မှုနည်းပါးကာ သဘာဝ အတိုင်း ပကတိအတိုင်း တည်ရှိနေသော ဒေသဖြစ်ပါသည်။
SIA
Tags:
ထားဝယ်
ဒေသဖွံ့ဖြိုးရေး အစစ်ဆိုတာ အဲဒီဒေသ ပေါ်မှာဖွံ့ဖြိုးလာမယ့်ရုပ်ဝတ္ထုတွေရဲ့အကျိုးစီးပွားကို ယခင်ဒေသခံ အဟောင်းတွေခံစားရမှသာလျှင် ဒေသဖွံ့ဖြိုးလို့ခေါ်ပါတယ်လို့ ကျွန်တော် အဓပ္ပာယ်ဖွင့်ပါတယ်။
ဟောပြောခြင်း အသံဖိုင်ကို Download ရယူရန်
Tags:
ထားဝယ်
Eleven (1)ခြောက်လုံးပွဲ အပြန် PDP ဥက္ကဌရှင်းတမ်း
- By Naung Taw Lay
- Postado Sunday, November 13, 2011 at 11:20 AM
PDP ပါတီဥက္ကဌနှင့် ညောင်တုန်းမြို့နယ်အောက်စုကျေးရွာမှ လယ်သမားတစ်ဦး |
မနေ့ ညက Eleven မီဒီယာအုပ်စုက တည်ခင်းတဲ့ “၁” ခြောက်လုံးပွဲကို
ဖိတ်စာနဲ့ တကွ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။
တကယ့်ကို လိုင်းစုံ၊ ဂိုဏ်းစုံနဲ့  နိုင်ငံရေးတိရစ္ဆာန်ရုံကြီးထဲ ရောက်သွားသလို
ခံစားရပါတယ်။ ကျွန်တော်က ကြွက်စုတ်တစ်ကောင်ပေါ့ဗျာ။
မြေခွေးတွေ၊ ယုန်တွေ၊ လိပ်တွေ၊ ရေမြင်းတွေ၊ ခြင်္သေ့တွေ၊ မျောက်တွေ၊
... နွားတွေ၊ ဒေါင်းတွေ၊
ကျားသစ်တွေ၊ ဆင်တွေ၊ သစ်ကုလားအုတ်တွေ၊ ကြက်တူရွေးတွေ... အားပါးပါး..။
မြွေဟောက်တွေတော့ မတွေ့ ရဘူးဗျ။
ဒေါက်တာသန်းထွဋ်အောင်ကလည်း တက်တဲ့သူတွေကို မြှောက်ပေးတယ် ဘ၀င်မြင့်စေတယ် ။ ပွဲတက်သူတွေကလည်း ဂွေးတက်အောင်ကတယ် ။ ကျနော်တော့ ကို ခိုင်မောင်ရည် နဲ့ ရန်ဖြစ်ခဲ့တယ်ဗျာ
( ကျွန်တော့်ဖေ့စ်ဘွတ်ခ်..မှ )
--
AMT
11-mingalar,sanchaung
yangon
01510698, 092032925
Tags:
ရှင်းတမ်း
ချောင်းသာသို့ သွားခဲ့စဉ်က ရိုက်ခဲ့သော ဓာတ်ပုံများ
- By Naung Taw Lay
- Postado Saturday, November 12, 2011 at 1:32 AM
လယ်သမားအရေးကိစ္စများ လိုက်လံဆောင်ရွက်နေခြင်းသည် လယ်ယာမြေနှင့် ပတ်သက်သော ဥပဒေများကို ပြင်ဆင်လို၍ ဖြစ်သည်။ ဥပမာ(၁) ဥပမာ(၂) ဥပမာ(၃) အစရှိသည်အားဖြင့် ဖော်ထုတ် ပြနိုင်ခဲ့ပြီဖြစ်သည်။ လယ်ယာမြေနှင့် ပတ်သက်သော ခေတ်နှင့်လျှော်ညီမှုမရှိတော့သော ဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပြီးပါမှ ကျွန်တော်တို့၏ နိုင်ငံရေးရည်မှန်းချက် တစ်ခု ပြီးမြောက်ပေလိမ့်မည်။
ငါပြင်မည်ဟု မပြော။ မည်သူပြင်ပြင် ပြင်စေချင်သည်။
Tags:
ဓာတ်ပုံ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပေါင်းစည်းရေးအတွက် ဆန္ဒသဘောထား အိတ်ဖွင့်ပေး စာ ပေး ပို့ခြင်းနှင့် ချောင်းသာကျေးရွာအုပ်စု တောင်ဂတုံးကျေးရွာ၌ မြန်မာမေဖလားဝါး ကုမ္ပဏီမှ ပုစွန်မွေးမြူရန် အကြောင်းပြ၍ လယ်ယာဥယာဉ်မြေများအား မတရားသိမ်းယူမှုအပေါ် တောင်သူများမှ အသနားခံစာဖြင့် တင်ပြခြင်း နှစ်ခုပေါး၍ PDF နှင့် ဖြန့်ဝေလိုက်သည်။
Farmer Report
Tags:
နိုင်ငံရေး
ညောင်တုန်းမြို့တွင် PDP ပါတီ ဥက္ကဌ စာအုပ်များဖြန့်ဝေ
- By Naung Taw Lay
- Postado Friday, November 11, 2011 at 11:38 PM
စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာမြေကဏ္ဍမျှတအောင် ဆောင်ရွက်ကြပါမှ
- By Naung Taw Lay
- Postado Tuesday, November 8, 2011 at 7:57 AM
လယ်မြေများသိမ်းဆည်းခံထားရသော လယ်သမားများသည် အမျိုးသားလူ့အခွင့်အရေးကောက်မရှင်သို့ တိုင်စာပို့ပြီ။
အသေးစိတ်ကို ပါတီဥက္ကဌ ဦးနေမျိုးဝေ https://www.facebook.com/naymyowai မှာ သွားကြည့်ကြပေတော့
အသေးစိတ်ကို ပါတီဥက္ကဌ ဦးနေမျိုးဝေ https://www.facebook.com/naymyowai မှာ သွားကြည့်ကြပေတော့
Tags:
ဓာတ်ပုံ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဆိုင်းပုဒ် အသစ်တင်
- By Naung Taw Lay
- Postado Friday, October 7, 2011 at 3:01 AM
ဇကမ္ဘာ သူဌေး ဦးခင်ရွှေက မနေ့ညကပြောနေတယ် မင်္ဂလာဒုံမြေသိမ်းတာ အိုးအိမ်ကသိမ်းတာတဲ့ သူက ကြားကနေသနားလို့ ငွေစိုက်ထုတ် ဂရုဏာကြေးထောက်တာတဲ့ လမ်းမီးတိုင်တွေစိုက် လမ်းတွေကိုသူ့ငွေနဲ့ဖောက်တယ်ဗျာ
တစ်ဧကကို 600000 လောက် ပေးထားတယ် ပြန်ရောင်းတော့ တစ်ပေပတ်လည် 15000 / 20000 နဲ့ ရောင်းတယ် ကြေညာစာရွက်တွေ့ တော့ လယ်သမားတွေက မကြေနပ်ဘူး
အောက်ပါသင်္ချာကိုတွက်ပါ
... တစ်ဧကမှာ တစ်ပေပတ်လည် အကွက်ပေါင်း 40000 ကျော်တယ်
40000 x 15000 = 600000000 ကျပ်ငွေ သိန်း ခြောက်ထောင်ရမယ် x ဧက 700
= 420000000000 ကျပ်ငွေ ကုဋေ ပေါင်း လေးသောင်းကျော် = သိန်းပေါင်း ၄၂ သန်း
ရမယ် ။
စုစုပေါင်းရငွေ = သိန်းပေါင်း 42 သန်း
မဲဆန္ဒနယ်မှာ သိန်းပေါင်း တစ်သောင်းလှူ ပြီးမဲဆွယ်မယ်
လမ်းဖောက် မီးတိုင်စိုက်မြေကွက်ဖော် သိန်းပေါင်း တစ်သောင်း
လယ်သမားဂရုဏာကြေးပေး သိန်းပေါင်း တစ်သောင်း
အိုးအိမ်ကို သိန်းပေါင်း တစ်သောင်း ဆို့ပိတ်ခဲ့မယ်ဆိုရင် ( ဟုတ်မဟုတ်မသိ )
စုစုပေါင်းကုန်ငွေ = သိန်းပေါင်း 4 သောင်း
မဲဆန္ဒနယ်အပြင်မှာ သိန်းပေါင်း ၄၂ သန်းဖိုးငွေရှာ ရတဲ့ထဲကနုတ်
သိန်းပေါင်း ၄၂ သန်း ( အနုတ် ) သိန်းပေါင်း ၄ သောင်း = သိန်းပေါင်း ဘယ်လောက်မြတ်မလဲ တွက်ပေးပါဗျာ
စုစုပေါင်းမြတ်ငွေ = ? ?????? ?
အဖြေမှန်သူ ငွေ တစ်သိန်း လာထုတ်ပါ ။
Tags:
လယ်သမားအရေး
သီတင်းကျွတ်လေပြီ …
ဗုဒ္ဓ ဘုရားရှင်ကား အာဖဂန် နစ္စတန် တောင်ကုန်းပေါ်က ဆင်းလာတာကို မှောင်နေလို့ တပည့် သာဝကတွေက မီးထွန်းပူဇော်တာက စပြီး သီတင်းကျွတ် ဖြစ်လာသည်လို့ … ကျွန်တော့် ဆရာ လေယာဉ်ပျံ အင်ဂျင်နီယာမှူးကြီး ဦးဦးသာရွှေ ( ရခိုင်) က ပြောဘူး လေ သည် ။ ဟုတ်ချင်ဟုတ်မည် ။ မဟုတ်ချင်မဟုတ် ။
ဗုဒ္ဓဘာသာစာပေ အလိုအရတော့ တာဝတိံသာနတ်ပြည်က ပြန်ကြွအလာ လူသားတွေက မီးပူဇော် ကြရာက စခဲ့တာပေါ့ ………
ထားတော့ ။ ဘယ်လိုဘဲ စခဲ့စခဲ့ ……. ဘုရားရှင်ကို ပူဇော်တာ ……….. ကောင်းလေစွ
ဘယ်အချိန်ကာလကတည်းက … ကာလ ရွေ့လျှောလာပြီး ….
လူကြီးမိဘတွေကို ပါ ပူဇော်လေသနည်း မသိ ……. ထားတော့ ။ …ဒါလည်း ကောင်းလေစွ
ဘယ်ခေတ်ကတည်းကိုက ကျောင်းက ဆရာတွေကို ပူ ဇော်လေသနည်း မသိ …….
မြန်မာ့ ပညာရေးလောက အလိုအရ အနန္တော အနန္တ ငါးပါးထဲ ပါနေသေးတုံးရှိသည်။
ကောင်းလေစွ လိုက် ပါမည် ။
နေဦး ။ ခေတ်တွေပြောင်းလာပြန်သည် ။ ဌာနဆိုင်ရာ ၀န်ထမ်းတွေကလည်း ယဉ်ကျေးမှုမြင့် မားလာသည် ။ အထက်အရာရှိ လူကြီး တွေအပေါ် ( ဂါဂါ ) ( အဲဒါဘန်းစကား ) ဂါရ၀ အမှု မကြာခဏ ပြုတတ်လာသည် ။
ဒါလည်း …….. ကောင်းလေစွ ……. ရန်ဖြစ်နေမဲ့အစား ( ဂါဂါ ) လုပ်နေသည် ။ မကောင်းဘူးလို့ ဘသူ ပြောရဲသနည်း ။
မကောင်းတာကတော့ ခပ်ပြတ်ပြတ်ပြောမှ ဖြစ်တော့မည် ။
ကျွန်တော်သီတင်းကျွတ်ကို မုန်းတယ် ။
ဘာ့ကြောင့်တုံး သီတင်းကျွတ်တွင် ရောင်စုံ မီးပုံးလေးတွေ ချိတ်ဆွဲကြသေးသည် ။
လှ လှသေးတော့ ။သီတင်းကျွတ် ကား အရောင်ဆိုးခံရလေပြီ ။
သီတင်းကျွတ်ကို ခုတုံးလုပ်၍ လာဘ်ပေးလာဘ်ယူ လုပ်ကြပြီ ။
သဒ္ဒါကြည်ဖြူလို့ နှစ်ဦးနှစ်ဘက်ပေးကြယူကြတာကို ဘာမှ ပြောစရာမရှိပြီ ။
ပြောစရာရှိတာက
1 . သီတင်းကျွတ်နဲ့ အလုပ် …
2 . သီတင်းကျွတ်နဲ့ စီမံခန့်ခွဲမှု
3 . သီတင်းကျွတ်နဲ့ အခွင့်အလမ်း
4 . သီတင်းကျွတ်နဲ့ အရွေ့အပြောင်း
5 . သီတင်းကျွတ်နဲ့ လူမှန်နေရာမှန်
အထိုင်တွေ ရွေ့လေသည် ။ ဘာတွေဘဲ စဉ်းစားသည် ဖြစ်ပါစေ သီတင်းကျွတ်အရိပ်က လွှမ်းမိုး နေသည် ……… ………………………………နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
မြန်မာနိုင်ငံတော်ကြီး ယနေ့ကာလအထိ ဖွံ့ဖြိုးမှုနောက်ကျနေရတာက သီတင်းကျွတ်နည်းနဲ့ အထိုင်ချခဲ့ကြတဲ့ လက်ရာတွေ မကင်းတာပါ ပါသည် ။……... နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
ကျွန်တော့်သား သုံးတန်းကျောင်းသား ဖြစ်သည် ။ ကျောင်းမှာ သီတင်းကျွတ်ဖို့ စကားဟ လာသည် ။ သူ့ဆရာမတွေက ရီသလိုမောသလိုနှင့် အတည်ကြီး ဟ လာတာဖြစ်သည် ။
ပုံမှန် လုပ်ရိုးလုပ်စဉ် ကျောင်းသားတွေက ငွေစု၍ ကန်တော့ကြတာမျိုးမဟုတ် ။
ကျောင်းသားတစ်ယောက် တစ်ထုပ်နှုန်း အမည်အတန်း လေဘယ် တပ်၍ ကန်တော့တဲ့ ပုံစံဖြစ်သည် ။
ကျွန်တော်မကြိုက် ……. ကလေးရဲ့ စိတ်ဓါတ် ၊ နိုင်ငံရဲ့ အနာဂတ် ပုံဖော်မဲ့ စရိုက် …….
မိဘရဲ့မေတ္တာ ။ ကျွန်တော့်သားကို မိုးခါးရေ မသောက်ခိုင်းပြန်က နုနယ်သော ကလေး ရဲ့ စိတ်ဒဏ်ရာ …….
( ဂါဂါ )…………………......... နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
သီတင်းကျွတ်ကို ပေါ့ပေါ့လေးလုပ်လို့မရ …… အတော် စွမ်းအားကောင်းလှသော သီတင်းကျွတ်ဖြစ်သည် ။ သီတင်းကျွတ်တွေ ဖောင်းပွလာသည် ။ ၀ါဆိုလပြည့်ကတည်းက ၀ါဝင်လိုက်သော အခါသမယ … ကား သီတင်းကျွတ် လပြည့်နေ့အရောက်မှာတော့ တခါတည်းသာ သီတင်းကျွတ်လိုက်လျှင် တော်သေးသည် ။
ယခုဖောင်းပွလာသည် ။
တန်ခူးမှာလဲ ကျွတ်သည် ။
ကဆုန် နဲ့ နယုန်မှာလဲ ကျွတ်သည် ။
ဝါဆို လပြည့်မှာလည်း အခါသင့်လျှင် သီတင်းကျွတ်သည် ။
ဝါခေါင် လဆုပ်ထည်းလည်း ကျွတ်တတ်သည် ။
တော်သလင်း လကွယ်နေ့နှင့် သီတင်းကျွတ်လပြည့် ပြက္ခဒိန်ထဲတစ်ရက်ထဲမကျ နိုင်သော် လည်း လက်တွေ့မှာ တစ်ရက်တည်းဖြစ်သွားတတ်သည် ။…………………………….နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ် စည်းလုံး၊ ချစ်ကြည် ၊ ရေရှည် ဖွံ့ဖြိုး ဖို့အတွက် သီတင်းကျွတ်တွေကို တော်လှန်ဖို့ လိုသည် ။…………………….. နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
အမြစ်တွယ်နေသော အစွဲအလမ်းကြီးသော မြန်မာ့ လူထူ ( လုထုလို့ မသုံးချင်လို့ ) ကြီးနဲ့
နေမျိုးဝေနဲ့တွေ့ပြီ ………
နေမျိုးဝေ ရိုးရာဓလေ့တွေကို စော်ကားသည် …….
( ခွေးသူတောင်းစား ) ဟု အဆဲခံရဖွယ် ရှိနေသည် ။
အဲဒါ အဓိက တရားခံကား သီတင်းကျွတ်ကြောင့်သာ ကျွန်တော် အဆဲခံရတာဖြစ်သည် ။
ထို့ကြောင့်
နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
နေမျိုးဝေ သီတင်းကျွတ်ကို မုန်းလေသည် ။
(က) သီတင်းကျွတ်အပေါက်ချဲ့
ရိုးရာအစဉ်အလာအရ သီတင်းဝါလကျွတ် ရိုသေသမှုနဲ့ ဂါရ၀အမှုပြုကြရာက စခဲ့သော သီတင်းကျွတ်ဓလေ့ကား ကာလာစုံဆေးရောင် ချယ်သပြီး သကာလ အာစရိယ ဂူနော အနန္တော မှတဆင့် အထက်လူကြီးဂူနော အနန္တော ကပ်ပီတယ်လိုက်ဇေးရှင်း နှင့် ဈေးကွက်စီးပွါးရေးကို ကူးပြောင်းရာမှာပင် သီတင်းကျွတ်ရောဂါ ကူးစက်လာ လေပြီ ။
ဆိုပါစို့ လူတစ်ယောက် အထက်လူကြီးနဲ့ တွေ့စရာ ရှိသည် ။ နေရာ တစ်ခု ကူးပြောင်း ချင်သည် ။ အပြင်မှာက လူချင်းမရင်းနှီး ။ ဘယ်အပေါက်က၀င်ရမည်မသိ ။ စောင့်လိုက်ရတာ ………………
ဟော အခုတော့ သီတင်းကျွတ်လေပြီ ။ သီတင်းကျွတ်ကို အကြောင်းပြုပြီးသကာလ … အပေါက်တစ်ခု ရလေပြီ ။
သားတို့ သီတင်းကျွတ်လို့ လာကန်တော့တာပါ အဘ ။
သားက ဘယ် ဌာန ……………..
ဒါနဲ့ ဘဲ နောက်နောင် သီတင်းကျွတ်လ ကို စောင့်စရာမလို ၀ါဆို ၀ါခေါင်လည်း မျက်မှန်းတမ်းမိပြီ ….
အဲဒါတော်တော်မကောင်းတာဖြစ်သည် ။
သီတင်းကျွတ်အပေါက်ချဲ့လာတာဖြစ်သည် ။ လူမှန်နေရာမှန် နေရာချဖို့ အရာမှာ သီတင်းကျွတ်သြဇာနှင့် နေရာ မချမိစရာ မရှိ ။ ဒီလိုသာဆို အနာဂတ် ဘယ်သို့ ဖြစ်လေ မည်မသိ ။
(ခ) ဆေးဆိုးပန်းရိုက် သီတင်းကျွတ်
ပင်စင်စား သော်လည်းကောင်း အငြိမ်းစားသော်လည်းကောင်း ဘ၀သို့ မရောက်မချင်း ပစ္စည်းနှင့် သီတင်းကျွတ် ခြင်းကို ရှောင်ရန် သင့်လေသည် ။ အလွန့် အလွန် ရိုသေလွန်းလျှင် လက်အုပ်ချီ၍ ကန်တော့ က လုံလောက် ပေပြီ ။
လက်ရှိတာဝန် ထမ်းဆောင်ခြင်း မရှိသူ လူကြီးသူမများကိုတော့ တတ်နိုင်သလောက် ဥစ္စာ ငွေကြေး ( များနိုင်သလောက် များများ နှင့် ကန်တော့ပါက )ကျွန်တော် မကန့်ကွက်ယုံသာမက (သာဓု × အင်ဖက်နတီ ) ခေါ်လိုက်ချင်သည် ။
အခုဟာက အဲဒီလို မဟုတ်ကြ …. တည်ဆဲ အာဏာ ၊ ရာထူး ၊ အတန်းပိုင် စသော စသော ဂုဏ်အင်င်္ဂါ လက်မြဲနေသမျှ ( ဂါဂါ ) လုပ်နေတာ တွေ့ရသည် ။ အငြိမ်းစား ၊ ပင်စင် ၊ ဌာနကွဲ ၊ စသဖြင့် မတူပါက အိုသည် ဖြစ်စေ ၊ နာသည်ဖြစ်စေ ၊ သေခါနီးနေသည် ဖြစ်စေ ၊ ရိုသေကြရကောင်းမှန်းမသိ ။
ဒါတွေ ထောက်ချင့်လျှင် သီတင်းကျွတ်သည် ……….. ဆေးဆိုးပန်းရိုက် သီတင်းကျွတ်သာ ဖြစ်ကြောင်း ပေါ်လာမည် ။
ဒါဆို နေမျိုးဝေ မလွန်တော့ ခင်ဗျားတို့ လူ့အဖွဲ့ အစည်း တစ်ဆိတ်လွန်နေပြီကို ပြဆိုနေ တာသာ ဖြစ်မည် ။
ကျွန်တော်လွန်ခဲ့တဲ့ နှစ်ရက်က ….. အိပ်မက်မက်သည် …
ဗုဒ္ဓ ဘုရားရှင် ငိုနေသည်တဲ့ … ကျွန်တော်လည်း အတော် အံ့သြသွားသည် … အရှင်မြတ်ဘုရား ဘုရားတပည့်တော် စာပေတွေထဲမှာ ဖတ်ဘူးတာ အကြောင်းကိစ္စ ရှိလျှင် ပြုံးတော်မူတာသာ ရှိပါသည် ဘုရား …..
ယခု အဘယ့်ကြောင့် ငို ကြွေးပါနည်း ဟု အိပ်မက်ထဲမှာပင် ပြန်မေးလျှောက်လိုက်သည် ။
ဗုဒ္ဓ ဘုရားရှင်က …….
ချစ်သား ……… သင်ကားသိလိမ့်မည်မဟုတ် … ငါဘုရား တာဝတိံ သာက ဆင်းလာတာ မှားသွားလေပြီ …
ဟူ၍ မိန့်မှာ ပြီးသကာလ ကွယ်ပျောက်သွားလေသတည်း ။
ကျွန်တော် ထင်ပါတယ် ။ သွေးလေခြောက်ခြားပြီး ပေါက်ကရမက်တာနေမှာပါ ။
နေမျိုးဝေဆိုတဲ့ကောင် ……. အဲသလိုတွေ ပေါက်ကရအိပ်မက်တတ်တာများလှပြီ ။
အေးဗျာ . ….. တော်သေးပြီဗျာ ……….. ။
ကျွန်တော်အခုလိုတွေ ရေးနေ ပြောနေတာကို လူ့အဖွဲ့အစည်းရဲ့ အနည်းဆုံး သုံးပုံတစ်ပုံက ထောက်ခံနေမှာ ဖြစ်ကြောင်းတော့ ယုံပါသည်ဗျာ ။
ကျွန်တော်နဲ့ အမြင်တူသူများ ကျွန်တော့် စာတွေ နဲ့ ၀ဘ်ဆိုဒ်လိပ်စာကို ထပ်မံဖြန့်ပေးစေ ချင်ပါတယ် ။
( ရှမ်းဘုန်းကြီး အိပ်မက်လိုပေါ့ဗျာ )
ဦးဖြူသည် (၇) စောင် ဖြန့်သောကြောင့် လယ်ထွန်ရင်း ရွှေအိုးတွေ့လေသည် ။
ဒေါ်ကုလားမကား ပျက်ရယ်ပြုသဖြင့် ဘေလုံးထွက်လာလေသတည်း ……
ဆိုတဲ့ စာတွေ တောင် အတော်ပြန့်သေးတာဘဲဗျနော် ………. ။

ဟာသ
ဓား ...ဓားချင်း၊ တုတ် . . . တုတ်ချင်း၊ ဘယ်မလဲ သေနက်
- By Naung Taw Lay
- Postado Friday, September 30, 2011 at 11:22 PM
သမိုင်းထဲက စာမျက်နှာတွေကို ပြန်လှန်ဖတ်မိတော့ အားတက်ဖို့ကောင်းလိုက်တာ။ ဗိုလ်အောင်ကျော် တိုက်ပွဲ မှာကျဆုံးတော့ အမေဖြစ်သူက အော်..အော်ပြီး ငိုသတဲ့။ ငိုနေရင်းနဲ့ပဲ မှတ်လောက်သားလောက် စကားလေး ကိုပြောသွားသေးတယ်။ “ အောင်ကျော်ရေ မင်းသေတာကို အမေ၀မ်းနည်းလို့ ငိုတာမဟုတ်ဘူး။ မင်းလိုသားမျိုး အမေနောက်ထပ်မမွေးနိုင်တော့မှာကို ၀မ်းနည်းလို့ ငိုတာပါ ” တဲ့။ ဒီခေတ်မှာ အဲဒီလိုအမေမျိုး ရှာလို့တွေ့ နိုင်သေးလား။ ကြားဖူးတဲ့ စကားပုံတစ်ခုက တော်လေးဝ ၀င်တဲ့ အမျိုးသမီးက “အမရာ၊ ကိန္နရီ၊မဒီ၊သမ္ဗူလ” ဆိုတဲ့ လေးယောက်ပဲရှိတယ်။ အဲဒီနောက်မိန်းမတွေ ဘယ်မိန်းမမှ တော်လေးဝ ၀င် မဟုတ်တော့ဘူးတဲ့။ ကျွန်တော်အမေ အပါအ၀င်ပေါ့ဗျာ။ ဗိုလ်အောင်ကျော်ရဲ့ အမေမျိုးကလည်း အဲဒီ တစ်ယောက်ပဲ ရှိတယ်လို့ တော့ မဖြစ်ပါစေနဲ့။
လူကတော့စကားထဲ ထည့်ပြောလို့မရပါဘူး။ အရည်အချင်းမှ မပြည့်ဝသေးတာပဲ။ ဒါပေမယ့် စိတ်ဓာတ်လေး ကတော့ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် ညာယောင်ယောင် ပေါ့ဗျာ။ ငယ်စဉ်ကတည်းက နိုင် ငံရေး စကားတွေကြားခဲ့ဖူးလို့ နိုင်ငံရေးစိတ်ဓာတ်လေးတော့ ကိန်းအောင်းနေလေရဲ့။မဲမဲမြင်ရင် ဘာဖြစ်ပြီလဲ။ ဘယ်သူစိတ်ဝင်စားစား မစားစား ကိုယ်ကတော့ စိတ်ဝင်တစားရှိတယ်။ နိဒါန်းကို ပြန်ဆက်ရရင် ကျွန်တော် တို့ ခေတ်လူငယ်တွေ ဆင်ခြင်တုံတရား သိပ်ကြီးမားတယ်။ ဘာကြောင့်လဲ ပြန်ထောက်ကြည့်လိုက်တော့ သွားလေသူတို့ရဲ့အဖြစ်တွေက အမြတ်မရ၊ သဂြိုင်းကြွခဲ့ရတဲ့ အဖြစ်တွေက များသကိုးဗျ။ ကြားလိုက်တာနဲ့ ကြက်သီးထစရာတွေ။
အဲဒီတော့ မိဘတွေကလည်း ကိုယ့်သား ကိုယ့်သမီးလေးတွေအပေါ်စိုးရိမ်စိတ်ကြီးတယ်။ ဆုံးမတာကိုက “ရုတ်ရုတ် ရုတ်ရုတ်ထဲ ၀င်မပါနဲ့။ နင်တို့လုပ်လဲ ဘာမှမထူးဘူး။ မိသားစုတွေ ဒုက္ခရောက်တာပဲရှိတယ်။” ဆိုပြီး ဟို့လူ့အဖြစ်၊ ဒီလူ့အဖြစ် (ဥပမာ - ဇာဂနာ၊ ကိုမင်းကိုနိုင်) အစရှိတဲ့ ရစရာမရှိ ဆင်းရဲဒုက္ခခံနေကြရတဲ့ အဖြစ် တွေနဲ့ သာဓကပြပြီး ပြောဆိုဆုံးမလေတော့ ကျွန်တော်အပါအ၀င် နိုင်ငံရေးကို ကြောက်နေကြတဲ့ လူငယ်တွေက များလှသပေါ့။ တစ်ခါတလေ နိုင်ငံရေး လုပ်ရပ်တွေကိုကြားသိရပြီး “ သဘောမတူနိုင်၊ ကန့် ကွက်တယ်” စသဖြင့် စသဖြင့် ပေါ့ဗျာ။ ပြောကြတယ်။ စိတ်ထဲမှာပဲ ပြောတယ်။ ကိုယ့်ခံစားချက် ကိုယ့်အမြင် ကို ရဲရဲတင်းတင်း မဖွင့်ဟရဲဘူးလေဗျာ။ လူတစ်ရာကို အမှန်အတိုင်းပြောပါဆိုပြီး စစ်တမ်းကောက်ကြည့် စမ်း ပါ။ လက်ရှိအစိုးရကို ၈၀ ရာခိုင်နှုန်းလောက်သောပြည်သူတွေက ကန့်ကွက်ကြလိမ့်မယ်။ ဒါပေမယ့် စောင့် ကြည့်သေးတာပေါ့ ဆိုတဲ့ စကားလေးနဲ့ပဲ အဖမ်းခံရမှာကြောက်တော့ ငြိမ်နေကြတယ်လေ။
ယောက်ျားတော့ ယောက်ျားပဲဗျ။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် “ ကျား ... ကျား ... ဘာကျား လဲမေးတော့မှ စက္ကူကျား ဖြစ်နေတယ်။” ဘယ်မှာ အစွမ်းရှိမှာလဲ။ အတိတ်သမိုင်းမှာတော့ မြန်မာ လူယ်တွေ ဟာ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကိုကာပြန် ရရာလက်နက်နဲ့ နိုင်ငံတော် အတွက် ရွပ်ရွပ်ချွန်ချွန် တော်လှန် ခဲ့ကြတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာတွေကိုတော့ ကျွန်တော်တို့တွေ အခွင့်သင့်တိုင်း စားမြုံပြန်တတ် ကြပါတယ်။ တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ တပ်မတော် သားဟောင်းကြီး တစ်ယောက်က သူ့အနေနဲ့ ဗိုလ်ချုပ်ကို ဘယ်လောက်လေးစားသလဲဆိုရင် “ဖြစ်နိုင်ရင် အနန္တောအနန္တ ငါးပါးကို တစ်ပါးတိုးပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အနန္တော အနန္တ ခြောက်ပါး လုပ်ပစ်လိုက်ချင်တယ်” တဲ့။ ဗိုလ်ချုပ်ကလွဲပြီး ဘယ်သူ့မလဲ မလေးစားဘူး။ ဘယ်ကောင်မှ လဲ မကြောက်ဖူး တဲ့ ဗျာ။
ကျွန်တော်တို့ခေတ်က ဗိုလ်ချုပ်တို့ ခေတ်မှ မဟုတ်တော့တာဗျာ။ ဗိုလ်ချုပ်တို့လောက်မစွမ်းသလို ဗိုလ်ချုပ်တို့ လိုလဲ လုပ်ဖို့တော့ မလိုတော့ပါဘူး။ ဒါပေမယ့် သမိုင်းတစ်ခေတ်ရဲ့ သားကောင်းရတနာတွေတော့ ဖြစ်ချင် ကြ ပေမယ်ပေါ့။ ကျွန်တော်လဲ ယောက်ျားထဲက ယောက်ျားတစ်ယောက်ပါပဲ။ အဲဒီတော့ ယောက်ျားစ ကားလေး နည်းနည်းပြောကြည့်ချင်တယ်။
“ငါ ယောက်ျားကွ၊ လက် . . .လက်ချင်း ခံရင်ခံရပစေ၊ ချမယ်။ တုတ် ... တုတ်ချင်းပေါ့။ ဓား ... ဓားချင်းဆိုလဲ ငါတို့ ကိုင်တဲ့ ဓနိခုတ်ဓားက ဘရိတ်ဓားထက် မြတယ်။ ယှဉ်ခုတ်ရဲပါတယ်။ ဟော ... ဟော လာနေပြီ သေနတ် တွေနဲ့ လဲဆိုရော .... ကျွန်တော်အပါဝင် သူငယ်ချင်းတစ်စု ပြေးလိုက်တာ အသံထက် မြန်တဲ့ လေယာဉ်ပျံတောင် ကျွန်တော်တို့ကို မှီမှာ မဟုတ်ဘူးနဲ့ ထင်တယ်။ အဲဒီလို ... အဲဒီလို ဖြစ်နေကြတာ။
ကြားထဲက ငထွားခါးနာမှာ ကြောက်လို့ နိုင်ငံရေးဆိုတာကြီးထဲကို ထဲထဲဝင်ဝင် မတိုးရဲကြတာပါ။
အမှန်တော့ ကြောက်စရာအဖြစ်တွေးနေကြတဲ့အတွက် နိုင်ငံရေးဆိုတာကြီးက ကြောက်စရာကောင်းနေတာ ပါ။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ဟာ မှားချင်မှားမယ်။ မှန်ချင်လည်း မှန်မယ်။ ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ သတ္တိ ဟာဒီမိုကရေစီ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ စိတ်ဓာတ်လို့ပဲ ယူဆမိပါတယ်။။ ။ ။
မောင်ဗိုလ်ကလေး
Tags:
ဆောင်းပါး