၂၇ ၊ ၁ ၊ ၂၀၁၁ ရက်နေ့ထုတ်ပြန်သော ထားဝယ်အထူးစီးပွါးရေးဇုန်ဥပဒေ၏ ပုဒ်မ ( ၃၄ ) တွင် '' ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့်... လျော်ကြေးပေးခြင်း တို့အတွက် ကုန်ကျစရိတ်များကို ရင်းနှီးတည်ဆောက်သူ သို့မဟုတ်ရင်းနှီးမြုပ်နှံသူက ကျခံရမည် ။ ထို့အပြင်ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက်မနိမ့်ကျစေရန်နှင့် ယင်းတို့၏ အခြေခံလိုအပ် ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည် ။ ထားဝယ်အထူးစီးပွါးရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည် ။ ''

ဟု ပြဌာန်းထားသည် ။

ထို့အပြင် မြန်မာ့အထူးစီးပွါးရေးဇုန်ဥပဒေ ပုဒ်မ (၃၆) တွင်လည်း '' ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျော်ကြေးပေးခြင်း တို့အတွက် ကုန်ကျစရိတ်များကို ရင်းနှီးတည်ဆောက်သူ သို့မဟုတ်ရင်းနှီးမြုပ်နှံသူက ကျခံရမည် ။ ထို့အပြင်ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက်မနိမ့်ကျစေရန်နှင့် ယင်းတို့၏ အခြေခံလိုအပ် ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည် ။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည် ။ ''

ဟုပြဌာန်းထားပါသည် ။ သို့သော် - - - - -

ရွှေနံသာ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
နိဒုံ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
မယ်ဂဒို ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ညောင်တုံး ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး
ချောင်းသာ ကျေးရွာမှာလည်း ဒပ်ဗလော့ပါ ကြီးတွေက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး

ထားဝယ် ဒေသမှာလည်း ဒပ်ဗလော့ပါ ကြီးက ရွာသားတွေ နဂိုအတိုင်းဖြစ်အောင် အစားထိုးမပေးသေး

ဥပဒေက ကောင်းနေပြီး ယန္တယားက ခြစားတာကို သမ္မတကြီး တာဝန်ယူရမယ် ။
သမ္မတကြီးမအားရင် ဒုသမ္မတကြီး ၂ ယောက် အလှည့်ကျဆင်းစစ်ပေတော့ ။
ငွေဆဒ္ဒန် နဲ့ ဟေမာဝတီ ကို စီးချင်စီးသွားနိုင်ပါတယ် ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment