တရားဝင် မော်တော်ဆိုင်ကယ် စီးနင်းနိုင်ရေး ရန်ကုန်တိုင်းအစိုးရထံ တင်ပြထား
ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို ဥပဒေမဲ့ အမိန့်အာဏာဖြင့် ပိတ်ပင်တားမြစ်ထားပြီး ဖမ်းဆီးအရေးယူမှုများလည်း ရှိနေသည်။ အဆိုပါကိစ္စအတွက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြံ့၊ ၀ါယာလက်မှ မော်တော်ဆိုင်ကယ် အငှားလိုက်သူများက PDP (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီ) ရုံးချုပ်တွင်လာရောက် စုဝေးတိုင်ပင်ခဲ့ကြပြီး ရန်ကုန်တိုင်း အစိုးရနှင့် လူ့အခွင့်အရေးကော်မရှင်သို့ ရန်ကုန်တိုင်း အတွင်း တရားဥပဒေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပေးရန် နိုဝင်ဘာလ ၂၂ ရက် အင်္ဂါနေ့က တင်ပြလိုက်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဆိုင်ကယ်သမားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် PDP ပါတီ တာဝန်ရှိသူတစ်ဦး ကဆောင်ရွက်ပေးမည် ဖြစ်ပြီး တက်ရောက်လာသူ ၅၀ ခန့်ကလက်မှတ်ထိုးခဲ့ကြပြီး အနီးအပါးဝန်ကျင်မှ ဆန္ဒရှိသူများကိုလည်း လက်မှတ်ထိုးနိုင်စေရန် စာရွက်များ ဝေငှခဲ့သည်။
မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရာတွင် တရားလက်လွတ် အကြမ်းပတမ်း ဖမ်းဆီးမှုများပင် ရှိနေပြီး ၀န်ထမ်းများကို ဆိုင်ကယ်စီးခွင့်ပေးထားပြီး အရပ်သားများ၏ ဆိုင်ကယ်များကို ဖမ်းဆီးနေခြင်းသည် အခွင့်ထူးခံလူတန်းစား တစ်ရပ်ရှိနေသည်ဟုဆိုနိုင်ပြီး ဥပဒေမဲ့လုပ်ရပ်များ ကင်းရှင်းသွားစေရန် ဥပဒေဖြင့် ဆောင်ရွက်ပေးကြစေလိုခြင်း ဖြစ်သည်။
Tags:
သတင်း
Leave a comment