ဘိုကလေးမြို့နယ်၊ ဆူးပဒေါင်းကုန်းကျးရွာအုပ်စု ၊ အိုင်ဘုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရေနံရှာဖွေရေးကုမ္ပဏီများသည် ပေ၃၀ ခန့်နက်သော ကျင်းများ ရာနှင့်ချီ၍ တူးခဲ့ပြီး ကျင်းတစ်ကျင်းလျှင် ဗုံးသီးသုံးလုံးထည့်၍ ၀ါယာကြိုးများဖြင့် သွယ်တန်းကာ သင်္ဘောပေါ်မှ လျှော့ရိုက်၍ ဖေါက်ခွဲကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အချို့ဗုန်းသီးများမှာ မပေါက်ကွဲဘဲ အပေါ်ပြန်ကန်တက်လာပြီး ကျန်ရှိနေသည်ကို စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့်အတွက်ကြောင့် ယခု ၂၀၁၁ ခုနှစ် အတွင်း ကလေးငယ်တစ်ဦး သည် ( 6.12.2011) ညနေ ( 6း00)အိုင်ထဲမှ ငါးဖမ်းရင်း ဗုံးသီးကို ယူလာခဲ့ရာ ဗုန်းသီးမှ ပေါက်ကွဲစေနိုင်သည့် အစိတ်အပိုင်း ( ဒီတိုနေတာ )ကို အိမ်သို့ ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်းမှာ လက်သုံးချောင်း ပြတ်သွားခဲ့ပြီး မိခင်ဖြစ်သူ လက်တွင် အနာတရ ဖြစ်သည်ဟု သိရသည်။ မိသားစုဝင် ၇ ဦး ရှိရာ နှစ်ဦးမှာ အပြင်သွားနေသဖြင် အိမ်ရှိ မိခင် ဖခင်နှင့် ကလေးငယ်သုံးဦးမှာ ဒဏ်ရာ အနာတရ ဖြစ် သည်ဟုသိရသည်။ ယူဆောင်လာသည့် ကလေးငယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။
ယခုအခါတွင် ဘိုကလေးမြို့ကုတင် ၁၀၀ ဆေးရုံသစ်တွင် ကုသနေသည်ဟု သိရပြီး မြိုပေါ်တွင် ကုသရန်အတွက် အကူအညီတောင်းခံရာ ရန်ပုံငွေ ၈၀၀၀၀ ကျော်သာရရှိသည်ဟု ပြောသည် ။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကုမ္ပဏီကို စုံစမ်းပေးခြင်း မရှိသည့် အတွက် ဒေသခံများက စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေကြသည်။

အကူအညီ လိုအပ်နေသည် ။ ဘိုကလေး မြို့သို့ဆက်သွယ်မေးမြန်းကြပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati