ယခုတလော မြန်မာငွေမာသည် အလုပ်အကိုင်တွေမကောင်း ပို့ကုန်ခွန်လျော့ချ စသဖြင့် ဂယောက်ဂယက် ကြောက်စဖွယ် လန့်စဖွယ် သတင်းတွေကြားနေရသည် ပီဒီပီမနေနိုင်တော့ ။ ဒီတော့ပီဒီပီရဲ့ မတူကွဲပြားတဲ့အမြင်လေးတွေချပြ ဖို့ လိုလာပြီ ဖြစ်သည် ။ အပိုင်းလေးပိုင်းနှင့် ချဉ်းကပ်ပြပါမည်
အပိုင်း(၁) စီးပွါးရေးအမြင်ပိုင်း
အပိုင်း(၂) အစိုးရခံစားရမှုအပိုင်း
အပိုင်း(၃) ပြည်သူခံစားရမှုအပိုင်း
အပိုင်း(၄) ယုံကြည်ရမှု ဟူ၍ဆင်ခြင်တွက်ဆပြပါမည် ။ အပိုင်း(၁) စီးပွါးရေးအမြင်ပိုင်း ကနဦး ပြဿနာ၏အကျိုးဆက်များ၏ ကွင်းဆက်ကိုစာဖြင့်ရှင်းမည် ။ တစ်ဖက်ပါ ပုံချပ်ကိုကြည့်ပါ ကောင်းကျိုးဆိုးကျိုးနှစ်မျိုးရှိမည် ။ ဖြစ်စဉ်သည် နံပတ် (၁) ။ ဆိုးကျိုး သည် နံပတ်(၂)ဆိုးကျိုး နံပတ် (၃) သည် အောက်ခြေ ထုတ်လုပ်သူထိခိုက်ခြင်း ။ ကောင်းကျိုးအမှတ်စဉ် (၄) ယခင်ဝင်ငွေပမာဏမျိုး မရသော်လည်း ယခင်အတိုင်း ၀ယ်ယူစားသုံးခြင်းပြုလုပ်နိုင်မည် ။ ထိုမှတဆင့် ပြည်ပမှသွင်းလာသောစက်ကရိယာ ဓါတ်ဆီ စသည့်ဈေးကျ သဖြင့်ပြည်တွင်း ထုတ်လုပ်မှုစရိတ်သက်သာ လာခြင်း နှင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ ပြည်ပကုန်စည်တို့ကို စားသုံးလိုမှုအတွက် ယခင်ကလောက်ဝင်ငွေမလိုအပ် တော့သဖြင့် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ မိမိတို့ထုတ်လုပ် သော ပစ်္စည်းကို ဈေးလျှော့ရောင်းလာနိုင်မည် ဖြစ်ကာ ပို့ကုန်လုပ်ငန်းရှင်များ ဈေးကောင်း ပေးမ၀ယ်နိုင်သော်လည်း ထုတ်လုပ်သူကဈေးလျှော့ ရောင်းနိုင်ပြီဖြစ်သဖြင့် အစိမ်းကွက် ပြေလည် မည်ဖြစ်ပြီး ပြည်ပပို့ကုန်လုပ်ငန်းများပြည်တွင်းကုန်စည်ကို လျှော့ဈေးဖြင့် ပြန်လည်ဝယ်ယူနိုင်ပါလိမ့်မည် ။ ထိုအခါ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ပါ မည် ။ သို့သော် ပြဿနာမှာ ပြည်ပမှ သွင်းကုန်များ ဈေးမကျခြင်း ဥပမာ ဓါတ်ဆီ စက်ကိရိယာ ဈေးမကျပါက ဈေးကွက်စီးပွါးရေးနှုန်းစံမပီပြင်သေးဘဲ လက်ဝါးကြီးအုပ် ခရိုနီဆန်သော သွင်းကုန်ရှိနေခြင်းသာဖြစ်ပါမည် ။ ထိုကိစ်္စကိုကုသ ရန်လိုပါသည် ။ ( စောင့်ဆိုင်းချိန်ပြီး လျှင်အိုကေမည် ) ( ဤနေရာတွင် အပေါ်ကပုံ ) အပိုင်း(၂) အစိုးရခံစားရမှုအပိုင်း အစိုးရအနေဖြင့် မည်သို့ခံစားရမည်နည်း ။ အစိုးရ စိတ်ခံစားမှုကို နှစ်ပိုင်းခွဲမည် - (က) မြန်မာကျပ်ငွေ လာပေးသူတိုင်းကို ဒေါ်လာငွေ ပြန်လဲပေးရခြင်း ကိုကြောက်ရွံ့ခြင်း နှင့် (ခ) ဒေါ်လာငွေ လာပေးသူတိုင်း မြန်မာကျပ်ငွေပြန်လဲပေးရခြင်း ကို ကြောက်ရွံ့ခြင်း ဟူသော နှစ်ပိုင်းဖြစ်သည် ။ မည်သည့်နိုင်ငံ၏ အစိုးရမဆို မိမိငွေလာပေးတိုင်း ဒေါ်လာငွေ ပြန်ပေးရခြင်းကိုသာ စိုးရွံ့ထိတ်လန့်မှုရှိမည်ဖြစ်ပြီး ။ ဒေါ်လာ ငွေလာပေးတိုင်း မိမိငွေ ပြန်ပေးရခြင်းကိုမှု တုံလှုပ်လိမ့်မည်မဟုတ် ပါ ။ မြန်မာနိုင်ငံအတွက်မူ ပိုမိုမှန်ကန်ပါလိမ့်မည် ။ ယနေ့အချိန် ဒေါ်လာနှုန်းကျပါက ငွေလဲနှုန်း( ဖလုတ်) နှုန်းရှင်လွှတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည် ။ အပိုင်း(၃) ပြည်သူခံစားရမှုအပိုင်း ပြည်သူများကို အဆင့် (၄) ဆင့်ခွဲခြားသတ်မှတ်နိုင်ပါသည် (က) စီးပွါးရေးသမား ပို့ကုန်လုပ်ငန်းရှင်ကြီးများ (ခ) ဒေါ်လာစား ပြည်တွင်းပြည်ပ အလုပ်သမားများ (ဂ) ဒေါ်လာမကိုင်ဘူးသော လူလတ်တန်းစားများ (ဃ) ဒေါ်လာမကိုင်ဘူးသော အခြေခံလူတန်းစားများ (က) စီးပွါးရေးသမား ပို့ကုန်လုပ်ငန်းရှင်ကြီးများ ထိခိုက် / ဆင်ပိန်ကျွဲကြီးကြီး ဖြစ်မည် / ယာယီ အလုပ်ထိုင်း /မငတ် /တိုင်းပြည်ဆူဖို့မကြံရွယ် / ဆူဆူပူပူမဖြစ် / နိုင်ငံတည်ငြိမ်မြဲ / စောင့်ဆိုင်းချိန်ကို စောင့်ဆိုင်းနိုင် ။ ( ဒေါ်လာဈေးကျယုံမျှဖြင့် မဖြစ်ဟုဆိုတာ ဖြစ်သည်အခြား ကိစ်္စကြောင့် ဟူမူမပြော တတ် ) (ခ) ဒေါ်လာစား ပြည်တွင်းပြည်ပ အလုပ်သမားများ ထိခိုက် / အလုပ်ပြုတ်နိုင်/ မငတ်သေး တိုင်းပြည်ဆူဖို့မကြံရွယ် / ဆူဆူပူပူမဖြစ် / နိုင်ငံတည်ငြိမ်မြဲ / စောင့်ဆိုင်းချိန်ကိုစောင့်ဆိုင်းနိုင် ။ ( ဒေါ်လာ ဈေးကျယုံမျှဖြင့် မဖြစ်ဟုဆိုတာ ဖြစ်သည်အခြား ကိစ်္စကြောင့် ဟူမူမပြော တတ် ) (ဂ) ဒေါ်လာမကိုင်ဘူးသော လူလတ်တန်းစားများ မခံစားရသေး နားထဲတွင်တော့ ကြားမိသည် ။ လူလတ်တန်းစားအနေဖြင့်မျှခြေကိုခံစားနေရ ။ အရောင်းအ၀ယ် အလုပ်အကိုင် ထိုင်းမည် ယိုးဒယားမုန့်တွေ ဈေးသက်သာလို့ဝယ်စား နေကြသည် ။ ( ယခုဒေါ်လာဈေးပြန်တက်သွားပြီ မုန့်တွေဈေးပြန်ကြီးသွားပါပြီ ) (ဃ) ဒေါ်လာမကိုင်ဘူးသော အခြေခံလူတန်းစားများ မထိ မသိ မကြား ငရဲကလာသူပြာပူမကြောက် ၀ဒ်ဆစ် လူနာဆောင်အမှတ်(၆)စာအုပ်ထဲက အဆီတုံးသတ်္တ၀ါကြီးလိုဖြစ်နေသည် ရှိရင်စားသည် မရှိရင်မစား အတုံးအခဲ သေလောက်အောင် ၀ုန်းဒိုင်း မငတ် / မငတ် ဆိုလို့ အခြား ဆီဦးထောပတ်တွေ စားနေသည်မထင်နှင့် အနံ့မကောင်းသော ငါးပိကြမ်း (မြန်မာ နှာခေါင်းနှင့် အနံ့မွှေးသော ငါးပိ က သီးသန့်ရှိသေးသည် တစ်ပိဿာ ၃၀၀၀ ကျပ် ) အနံ့မကောင်းသောငါးပိကြမ်း ကိုဝါးပင်ပေါက်( မျှစ် မဟုတ်ပါ ချက်ချင်း သွားခုတ်လာတဲ့ ၀ါးပင်ပေါက် အစို့ မျှစ်ဘ၀ ရောက်ဖို့ စိမ်တာပြုတ်တာမလို ) ပြုတ်တို့ စားလျှင် မစ်္စတာကွင်တားနားကို အနိုင်နပန်းလုံးဖို့ခွန်အားရှိပါသည် ။ (မယုံစမ်းကြည့်ပါ) မြန်မာနိုင်ငံတွင် အများဆုံး ရိုက်ထုတ်လည်ပတ်ငွေကို မကြာမှီတွက်ချက်ပြပါဦးမည် (မှတ်ချက်အများဆုံးရိုက်ထုတ်ထားနိုင်ချေကိုတွက်ချက်ပြပါမည်) အပိုင်း(၄) ယုံကြည်ရမှု (က) အစိုးရ / နိုင်ငံရေးသမားများ (ခ) ပညာရှင် (ဂ) စီးပွါးရေးလုပ်ငန်းရှင်ကြီးများ (ဃ) မီဒီယာ ၄င်းတို့ ပေးသော မက်ဆေ့ခ်ျကို အဘယ်မျှယုံကြည်ရပါမည်နည်း ထိုသူတို့သည် လူတွေဖြစ် သည် ။ လူဖြစ်သော ကြောင့် - (၁) မှားတတ်သည် (၂) ဖားတတ်သည် (၃) ကြောက်တတ်သည် (၄) ကိုယ်ကျိုးစီးပွါးကို တနည်းနည်းဖြင့် ကြံဖန်နိုင်လောက်အောင် ဥာဏ်ကောင်းသည် ။ မှတ်ချက် ကျွန်တော့်ကိုလည်း ယုံကြည်ရန်မလို ။ မိမိဘာသာချင့်ချိန်ရန် ။ ထို့ပြင် ပို့ကုန်ခွန်လျှော့ချရေးမူဝါဒသည် မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်လာသည် ။ သွင်းကုန်တွေ ဈေးမကျသေး တာတွေ့ရမည် သွင်းကုန် ယှဉ်ပြိုင်ခွင့်မမျှတသေးကြောင်းမြင်ရမည် ။ လက်ဝါးကြီးအုပ်ထားကြောင်းပေါ်လာသည် ။ ဆိုကြပါစို့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရှိသူတွေ ကားသွင်းလို့ရသည်ဆိုပါစို့ ကျွန်တော့်လယ်သမားတွေ ထွန်စက်သွားဝယ်ဖို့နိုင်ငံခြားငွေ မရှိ ။ မြန်မာကျပ်ငွေတွေ - တရားဝင် စပါးရောင်းပြီး အစိုးရထံမှာ ဒေါ်လာနှင့်လာလဲမည် ထိုဒေါ်လာတစ်ထပ်ကြီး နှင့် လယ်သမားအစုအဖွဲ့က ထွန်စက်တွေဝယ်မည် ။ ရပါပြီလား ။ နိဂုံးချုပ် - တရားခံတွေပေါ်ပေါက်ခြင်း ထို့အပြင် ယခု ဒေါ်လာဈေးကျသဖြင့် မကိုက်ပါဆိုသူတွေ - ယခင်အချိန်က ဒေါ်လာဈေး တက်သဖြင့် ကိုက်သည်ဟုပေါ်ပေါက်သည် ။ ထပ်ဆင့်ပေါ်ပေါက်လာသည်က ဟိုးယခင်အစဉ်အဆက် တရားမ၀င်ငွေလဲ နေခဲ့ကြပါ သည်ဟု ၀န်ခံရာ ရောက်သည် ဖမ်းလိုကဖမ်းနိုင်ပါပြီ ။ သက်သေထင်ရှားရှိလေပြီ ။ မုန်တိုင်းကြောင့်ပေါ့ကွာ အပျော်စီးခရီးသွားသင်္ဘောကြီးတစ်စင်းမောင်းနှင်နေသည် ။ သင်္ဘောပေါ်တွင် အပန်းဖြေ ပျော်ပွဲရွှင်ပွဲမျိုးစုံ ပါလာ သည် ။ ထိုအထဲတွင် မျက်လှည့်ပွဲတစ်ခုလည်းတင်ဆက်သည် ။ မျက်လှည့်ပွဲကြည့် ပရိတ်သတ်ထဲတွင် အလွန်စကားတတ်သော ကြက်တူရွေးတစ်ကောင်ပါ လာသည် ။ မျက်လှည့်ဆရာ လုပ်သမျှ ကြက်တူရွေးကဖော်ကောင်လုပ်သဖြင့် မျက်လှည့်ပွဲကြည့် ပရိတ်သတ် တဝေါဝေါပွဲကျနေ သည် ။ ဥပမာ မျက်လှည့်ဆရာက - ပန်းသီးကို ဖျောက်ပြလျှင် - ကြက်တူရွေးက - ပန်းသီးက သူ့ဂျိုင်းကြားမှာ - - ဦးထုပ်ထဲက ခိုတွေထုတ်ပြလျှင် - သူ့ ဦးထုပ်ကအပေါက်ကြီး ခုံအောက်ကနှိုက်တာ စသဖြင့် ဖော်ကောင်လုပ်နေသဖြင့် ပရိတ်သတ်မှာတဝေါဝေါဖြစ်နေသည် ။ ထိုစဉ် လေပြင်းမုန်တိုင်း မိသဖြင့် သင်္ဘောပျက်ဆီးနစ်မြုပ်သွားသည် ။ ဖြစ်ချင်တော့ ကြက်တူရွေး နှင့် မျက်လှည့်ဆရာတို့ ပျဉ်ချပ်တစ်ချပ်တွင် အတူပါလာသည် ။ ကြက်တူရွေး - ဟေ့လူ ခင်ဗျားကို ကျုပ်အရှုံးပေးပါပြီဗျာ သင်္ဘောကို ဘယ်မှာဖွက်ထားသလဲမြန်မြန်ပြောစမ်းပါ ။ ဟူသတတ် ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ဒုတိယအကြိမ်အာရှစီးပွားဖြစ်စိုက်ပျိုးရေး(အစည်းအဝေး)သို့ ပေးပို့လိုသောမြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲ   မှ ထွက်ပေါ်လာသောသဘောထားမှတ်ချက်များ

၁။         ဒေသတွင်း မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နိုင်ငခြင်း မရှိသေးသော ကာလအတွင်း  အသစ်ထပ်မံငှားရမ်းခြင်း ရောင်းချခြင်းကို ပြုလုပ်ဆောင်ရွက်ခြင်း မပြုရန်။
၂။         မြေလွတ်မြေလပ်နှင့်မြေရိုင်းများပမာဏကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အများပြည်သူသို့ ထုတ်ပြန်ပေးရန်။ (စာရွက်စာ တမ်းကြေးငွေပေးသွင်းပြီး ရယူ ခွင့်ပြုရန် နှင့် ထုတ်ပြန်ပေးရန်။
၃။         မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေကို အများပြည်သူသိရှိရန် နိုင်ငံတော်ပြန်တမ်းအနေဖြင့် နိုင်ငံတော် ပိုင်သတင်းစာတွင် ထုတ်ပြန်ပေးရန်။
၎။         နိုင်ငံသား/နိုင်ငံခြားသားများအား လုပ်ပိုင်ခွင့်ပေးရာတွင် သဘာ၀၀န်းကျင်ထိခိုက်မှုမရှိစေရန် စနစ်ကျသော EIA, SIA, HIA Report များဖြင့် ချိန်ညှိစီမံခန့်ခွဲရန်။
၅။         မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းဥပဒေပုဒ်မ-၂၅ နှင့်အညီ အငြင်းပွားမှုကိုတိတိကျကျဖြေရှင်းရန်။
            (ဥပဒေပုဒ်မ- ၂၅နှင့်အညီ ညှိနှိုင်းခြင်းမပြုဘဲ ဒေသခံများအား တရားစွဲဆိုမှုပြုလုပ်နေခြင်းအား ရပ်ဆိုင်းရန်။ ယင်းဥပဒေ အရ အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်းဥပဒေကို တရားမျှတစွာ ပြဌာန်းပေးရန်။
၆။         မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းပြုလုပ်ရာတွင် ဒေသခံများ၏ သဘောထားစစ်တမ်းကောက်ယူ၍ ဒေသခံများ နှင့်ပြင်းထန်သောပဋိပက္ခများဖြစ်ပေါ်လာပါက မပြေလည်သမျှ ကာလ ပတ်လုံး အကောင်အထည်ဖော်ခြင်းကို ဆိုင်းငံ့ထား ရန် ။
၇။         မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေများကို မိခင်ဥပဒေနှင့်ကွဲလွဲခြင်းမရှိစေရေးအတွက် လွှတ်တော်တွင် ပြန်လည်သုံးသပ်ရန်။
၈။         ဒေသခံဟူသည်မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အတွင်း (၂၀)နှစ်အထက်နေထိုင်နိုင်ငံသား(သို့) တိုင်းရင်းသား သူများဟု သတ်မှတ်ပြီး အဆိုပါ ပုဂ္ဂိုလ်များအတွက် မြေယာရယူလုပ်ကိုင်လိုမှုရှိပါက ဦးစားပေးရန်။
၉။         ဒေသခံများမြေယာရယူရန်နည်းဥပဒေများနှင့်အညီ ရေးဆွဲထားသော်လည်း အဆင့်ဆင့်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသဆိုင်ရာဝန်ထမ်းများ၏ အဂတိလိုက်စားမှု ရှိနေခြင်းသည် ဒေသခံတို့မြေယာရယူရာတွင် အဓိကအတား အဆီးဖြစ် သဖြင့် တိတိကျကျဖော်ထုတ်အရေးယူရန်။
၁၀။       ဒေသခံတွေကို နည်းပညာ၊ အတတ်ပညာနှင့်အရင်းအနှီးများကို တိုက်ရိုက်ကူညီထောက်ပံ့ရန်။
 SNLD မှ ဦးခွန်ထွန်းဦး ကိုယ်တိုင်တက်ရောက် အားပေးခဲ့ပါသည်။

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati