ဒုတိယအကြိမ်အာရှစီးပွားဖြစ်စိုက်ပျိုးရေး(အစည်းအဝေး)သို့ ပေးပို့လိုသောမြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသောသဘောထားမှတ်ချက်များ
၁။ ဒေသတွင်း မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နိုင်ငခြင်း မရှိသေးသော ကာလအတွင်း အသစ်ထပ်မံငှားရမ်းခြင်း ရောင်းချခြင်းကို ပြုလုပ်ဆောင်ရွက်ခြင်း မပြုရန်။
၂။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများပမာဏကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အများပြည်သူသို့ ထုတ်ပြန်ပေးရန်။ (စာရွက်စာ တမ်းကြေးငွေပေးသွင်းပြီး ရယူ ခွင့်ပြုရန် နှင့် ထုတ်ပြန်ပေးရန်။
၃။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေကို အများပြည်သူသိရှိရန် နိုင်ငံတော်ပြန်တမ်းအနေဖြင့် နိုင်ငံတော် ပိုင်သတင်းစာတွင် ထုတ်ပြန်ပေးရန်။
၎။ နိုင်ငံသား/နိုင်ငံခြားသားများအား လုပ်ပိုင်ခွင့်ပေးရာတွင် သဘာ၀၀န်းကျင်ထိခိုက်မှုမရှိစေရန် စနစ်ကျသော EIA, SIA, HIA Report များဖြင့် ချိန်ညှိစီမံခန့်ခွဲရန်။
၅။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းဥပဒေပုဒ်မ-၂၅ နှင့်အညီ အငြင်းပွားမှုကိုတိတိကျကျဖြေရှင်းရန်။
(ဥပဒေပုဒ်မ- ၂၅နှင့်အညီ ညှိနှိုင်းခြင်းမပြုဘဲ ဒေသခံများအား တရားစွဲဆိုမှုပြုလုပ်နေခြင်းအား ရပ်ဆိုင်းရန်။ ယင်းဥပဒေ အရ အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်းဥပဒေကို တရားမျှတစွာ ပြဌာန်းပေးရန်။
၆။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းပြုလုပ်ရာတွင် ဒေသခံများ၏ သဘောထားစစ်တမ်းကောက်ယူ၍ ဒေသခံများ နှင့်ပြင်းထန်သောပဋိပက္ခများဖြစ်ပေါ်လာပါက မပြေလည်သမျှ ကာလ ပတ်လုံး အကောင်အထည်ဖော်ခြင်းကို ဆိုင်းငံ့ထား ရန် ။
၇။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေများကို မိခင်ဥပဒေနှင့်ကွဲလွဲခြင်းမရှိစေရေးအတွက် လွှတ်တော်တွင် ပြန်လည်သုံးသပ်ရန်။
၈။ ဒေသခံဟူသည်မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အတွင်း (၂၀)နှစ်အထက်နေထိုင်နိုင်ငံသား(သို့) တိုင်းရင်းသား သူများဟု သတ်မှတ်ပြီး အဆိုပါ ပုဂ္ဂိုလ်များအတွက် မြေယာရယူလုပ်ကိုင်လိုမှုရှိပါက ဦးစားပေးရန်။
၉။ ဒေသခံများမြေယာရယူရန်နည်းဥပဒေများနှင့်အညီ ရေးဆွဲထားသော်လည်း အဆင့်ဆင့်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသဆိုင်ရာဝန်ထမ်းများ၏ အဂတိလိုက်စားမှု ရှိနေခြင်းသည် ဒေသခံတို့မြေယာရယူရာတွင် အဓိကအတား အဆီးဖြစ် သဖြင့် တိတိကျကျဖော်ထုတ်အရေးယူရန်။
၁၀။ ဒေသခံတွေကို နည်းပညာ၊ အတတ်ပညာနှင့်အရင်းအနှီးများကို တိုက်ရိုက်ကူညီထောက်ပံ့ရန်။
SNLD မှ ဦးခွန်ထွန်းဦး ကိုယ်တိုင်တက်ရောက် အားပေးခဲ့ပါသည်။
Tags:
ထုတ်ပြန်ချက်
Leave a comment