သို့
 နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့
 နေပြည်တော်
 နေ့စွဲ ။ ။ ၂၉.၅.၂၀၁၂
အကြောင်းအရာ ။ ။ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး လိုခြင်း အိတ်ဖွင့်ပေးစာ

 ဖော်ပြပါကိစ္စနှင့် စပ်လျဉ်း၍ လယ်သိမ်းခံ လယ်သမားများအရေး လိုက်ပါကူညီဆောင်ရွက်နေ သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တောင်သူလယ်သမား၊ နိုင်ငံတော်နှင့် လုပ်ငန်းရှင်များကြား ဖြစ်ပေါ် လျက်ရှိသော ကိစ္စများကို ကြားဝင်ဆောင်ရွက်ရာတွင် ဥပဒေလမ်းကြောင်းအတိုင်း လိုက်ပါဆောင် ရွက်ခဲ့သော် လည်း အဆင်မပြေမှုများ ကြုံတွေ့ရပါသည်။
တိုက်ပွဲဟု ခေါင်းစဉ်တပ်၍ နစ်နာသူလယ်သမားများဘက်မှ ရေဆုံးရေဖျား တိုက်ရန်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ခြင်း နှစ်မျိုးရှိရာအနက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကိစ္စတွင် လုပ်ငန်းရှင်နှင့် အောက်ခြေ ယန္တယားများ၏ လှည့် ပတ်မှုကြောင့် အဆင်မပြေမှုများရှိခဲ့ပါသည်။ ခရိုနီများကို အတင်းကာရော ဆန့်ကျင်နေခြင်း မဟုတ်ခြင်းသည် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၏ သ ဘောထားအ စစ်အမှန်ဖြစ်သည်။ နစ်နာသူနှင့် လုပ်ငန်းရှင်ကြား ပြေလည်မှု တစ်စုံတရာ ရရေးကိုသာ ရှေးရှု၍ လယ်သမားများအရေး လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပေါ်လျက်ရှိသော ဥပဒေမဲ့ဆုံးဖြတ်ချက်များဟု သံသယဖြစ်ဖွယ် ကိစ္စများအတွက် နိုင်ငံတော် သမ္မတကြီး၏ အကြံပေးအဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်း အဖြေ ရှာ လိုပါသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ သို့ ဆက်သွယ်ရန် - 098610719


PDP Open Letter 2
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

နေမျိုးဝေမှာတမ်း

nay myo wai
ဇေကမ္ဘာနဲ့ ရွှေနံ့သာ လယ်သမားများကိစ္စမှာ ကိစ္စမှာ ကျွန်တော်ထောင်ကျ တဲ့အထိ သေဆုံး တဲ့အထိ ရေဆုံး ရေဖျားလိုက်ပါဆောင်ရွက်မှာပါ။ အကယ်၍များ ကျွန်တော် ထောင်ကျသွားတာ သော်လည်းကောင်း၊ အသက်သေဆုံးသွားတာသော်လည်းကောင်း ဖြစ်ခဲ့ရင် ထောင်ကျသွားတဲ့အတွက် ကျွန်တော့်လွတ်မြောက်ရေး မလုပ်ပါနဲ့၊ သေဆုံးသွားခဲ့ရင် ကျွန်တော်ကို ၀မ်းနည်းခြင်း အထိမ်းအမှတ်တွေ မလုပ်ပါနဲ့။ ဒီလိုမတရားမှုတွေ ပပျောက်အောင် အဲဒါတွေကို အနိုင်ရ အောင် တိုက်ကြပါလို့ အလေးအနက် မှာကြားလိုပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြားသိရတဲ့အချိန်မှာ မျက်ရည်ကျလောက်အောင် ခံစားမိပါတယ်။ ကျွန်တော် ထောင်အလွန်ကြောက်ပါတယ်။ ဒါပေမယ့် အခုတော့ မကြောက်တော့ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အယုံအကြည်မရှိကြောင်းလည်း တစ်ပါတည်း ပြောဆိုပြီး ဖြစ်ပါတယ် ခင်ဗျာ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
 ရက်စွဲ ။ ။ ၂၈ - ၅ - ၂၀၁၂ 
အကြောင်းအရာ ။ ။ လယ်ယာမြေအငြင်းပွါးမှုဆုံးဖြတ်ချက်ကို အိတ်ဖွင့်မေးမြန်းခြင်း
၁ ။ ၂၀၁၂ ခုနှစ် မေလ (၂၇) ရက် ရက်စွဲဖြင့် ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဦးကျော်စိန်ပါ လယ်သမား များအား သီးစားလုပ်ပိုင်ခွင့်ကိစ္စနှင့်ပတ်သက်၍ စာတစ်စောင်ပေးပို့ခဲ့ပါ သည် ။
၂ ။ အဆိုပါစာအရ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၁ ရက် ၊ (၅) လ ၊ ၂၀၁၂ ရက်စွဲပါစာအမှတ် ၂/၃ - ၂ (၁)/စီးပွါး ကို အဓိကရည်ညွှန်း ၍ ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်း ခရိုင် ရွှေနံ့သာကျေးရွာအုပ်စု ကွင်းအမှတ် ( ၅၃၁/၅၃၃ ) ရှိ လယ်မြေ (၈၁၅) ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၂) ဆုံးဖြတ် ချက်အပိုဒ် (၅၄)အရ ဇေကမ္ဘာကုမ္ပဏီကို သီးစားလုပ်ကိုင်ခွင့်(လယ်လုပ်ပိုင်ခွင့်) ကိုချထားပေးခဲ့ပါသည် ။
၃ ။ အဆိုပါ မှုခင်းဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် - (က) မြေယာမှုခင်း ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းမရှိ ၊ (ခ) နှစ်ဘက် ခေါ်ယူကြားနားခဲ့ခြင်းမရှိ ၊ (ဂ) သက်သေခံ အချက်အလက် အထောက်အထားများ ကိုအ ခြေခံ၍ သုံးသပ်ပြီး ဆုံးဖြတ်ကြောင်းမသိရ ၊ (ဃ) လယ်ယာမြေဥပဒေ အဟောင်း(သို့တည်းမဟုတ်) နည်းဥပဒေမထွက် သေးသော ဥပဒေအသစ် - မည်သည့် ဥပဒေကို အခြေခံချမှတ်ဆုံးဖြတ်ကြောင်း မသိရ ။
 ၄ ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ လေးနက်စွာမေးမြန်း လိုသည် မှာ -
(က) ဘာ့ကြောင့် မြေယာမှုခင်း ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းမရှိရပါသနည်း
 (ခ) ဘာ့ကြောင့် နှစ်ဘက် ခေါ်ယူ ကြားနား မှု မလုပ်ခဲ့ရပါသနည်း (ဂ) မည်သည့် သက်သေခံ အချက်အလက် အထောက်အထားများ ကိုအခြေခံ၍ သုံးသပ်ပြီး ဆုံးဖြတ် ခဲ့ပါသနည်း
 (ဃ) လယ်ယာမြေဥပဒေအဟောင်း(သို့တည်းမဟုတ်) နည်းဥပဒေမထွက်သေးသော ဥပဒေအသစ် - မည်သည့် ဥပဒေကို အခြေခံ၍ချမှတ်ဆုံးဖြတ်ခဲ့ပါသနည်း
(င) နှစ်ပေါင်း (၂၀) ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့သော လယ်သမားများကို ဥပဒေနှင့်အညီချထားပေးခြင်းမရှိဘဲ ဤလယ်ယာ မြေပေါ်တွင်တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်း အလျှင်းမရှိသော ဇေကမ္ဘာကုမ္ပဏီအားမည်သည့်အတွက်ကြောင့် သီးစား လုပ်ကိုင်ခွင့်ချထားပေးရပါသနည်း
(စ) အမှန်တကယ် စပါးစိုက်ပျိုးခြင်းမရှိသည့်အပြင် စိုက်ပျိုးပြီးဖြစ်သည့် စပါးများကိုပင် ဖျက်စီးသူဖြစ်ခြင်း၊ ရေ၀င်ရေထွက် မြောင်းများကို စက်အင်အားသုံး ပိတ်ဆို့ကာ နွေစပါးစိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိအောင်ပြုလုပ်သည်ကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ သိရှိခဲ့ပါ၏လော့
ဟူသောမေးခွန်းများကိုပြန်လည်ဖြေကြားရှင်းလင်းပေးစေလိုပါသည် ။
၅ ။ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် နိုင်ငံရေးပါတီများ ၀ိုင်းဝန်းမေးမြန်းကြပါရန်လည်း အထူးလှုံ့ဆော်လိုက် ပါသည် ။
 နေမျိုးဝေ
 ဥက္ကဌ 
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Open Letter to Yan Gon Devision
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများ နှင့် ပါတီအားလိုလားထောက်ခံသူများအား သဘောထားမှတ်ချက်တောင်းခံခြင်း
(၁) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြားစာတစ်စောင် ၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။
 (၂) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေ ချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိပေးညွှန်ကြားခြင်း " ဟု ခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ ရက်စွဲပါစာအမှတ် ၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။
 (၃) စာပါအကြောင်းအရာအပြည့်အစုံမှာ -
 (က) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက န/သ - ၀၆၈ ဖြင့် ၃၀-၆-၂၀၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဇေကမ္ဘာကုမ္ပ ဏီနှင့် ရွှေနံသာလယ်သမားများပြဿ နာခေါင်းစဉ်ဖြင့် ဖြန့်ဝေခဲ့သောစာစောင်သည် ပြန်ကြားရေး ၀န်ကြီးဌာနကထုတ်ဝေထားသည့် ညွှန်ကြားချက်(၄၂)ပါ စည်းကမ်းချက်များနှင့်ငြိစွန်းသဖြင့် ပါတီစာစောင် ထုတ်ဝေသူ ဦးတင်မောင်အေးနှင့် ပါတီဥက္ကဌ ဦးနေမျိုးဝေတို့ကို ၈-၇-၂၀၁၁ ရက်နေ့တွင် စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနသို့ခေါ်ယူ၍ ညွှန်ကြားချက်(၄၂)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုး မှတ်တမ်းတင်ခဲ့ပါကြောင်း ရည်ညွှန်းစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အသိပေးတင်ပြ လာပါသည် ။
(ခ) ထပ်မံ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ၂၇-၃-၂၀၁၂ ရက်နေပတွင်ထုတ်ဝေသော စာစဉ်(၁၅) တွင် သက်ဆိုင်ရာပါတီ၏ မူဝါဒ ၊ သဘောထား ၊ မဲဆွယ်စည်းရုံးညခင်းဆိုင်ရာ အကြောင်းအချက်များ မဟုတ် သည့် ပါတီနိုင်ငံရေးနှင့် မသက်ဆိုင်သော ထားဝယ်ရေနက်ဆိပ် ကမ်းအရှုပ်တော်ပုံ ခေါင်းစဉ်ဖြင့် ထားဝယ် အထူးစီးပွါးရေးဇုန်တည်ဆောက် မှုတွင် မြေယာအရောင်း အ၀ယ်သမားများ၏ အရှုပ်တော်ပုံများ၊ မြေသိမ်း လျော်ကြေးပေးခြင်းအပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် ရာအိမ်မှူးများ၏ မမှန်မကန်ဆောင်ရွက်နေမှုများ ၊ ထားဝယ်ဒေသခံများ၏ ထုတ်ဖော်ပြောကြားချက်များကို စုစည်းဖော်ပြထားခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်(၄၂)ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၈-၇-၂၀၁၂ ရက်နေ့တွင် ပါတီစာစောင်ထုတ် ဝေသူဦးတင်မောင်အေးအား၊ စာပေစိစစ်နှင့်မျတ်ပုံတင်ဌာန သို့ ခေါ်ယူ၍ နောက်ဆုံးအကြိမ် ၀န်ခံကတိ လက်မှတ် ရေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ရကြောင်း ရည်ညွှန်းစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့အသိပေးတင်ပြလာပါသည် ။
(ဂ) နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့် ရှောက်ရေး တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေးနှင့် လူမျိုးရေးသို့မဟုတ်ဘာသာရေး သို့မဟုတ်လူတစ်ဦးချင်းသို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေးတို့ကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီးဖြစ်ပါသည် ။
(ဃ) ထို့အပြင် ယင်းဥပဒေပုဒ်မ ၂၄ အရ ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရမည်ဖြစ်ပြီး နည်းဥပဒေ ၁၅(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိလျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်းပြဌာန်းထားပါသည် ။
 (င) သို့ဖြစ်ပါ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ထုတ်ဝေသော ဖော်ပြပါပါတီစာစောင်များသည် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်(၄၂)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေကို ချိုးဖောက်ရာရောက်သော ရေးသားဖော်ပြချက်များပါရှိသဖြင့် နောင်အလားတူ ဥပဒေချိုး ဖောက်မှုမျိုးမဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် သတိပေးညွှန်ကြား ပါသည် ။
 ဥက္ကဌ(ကိုယ်စား)
 ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်
 မိတ္တူကို
 ပြန်ကြားရေးဝန်ကြီးဌာန
တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး
 နိုင်ငံရေးပါတီများအားလုံး ----- ကို ပေးပို့ကြောင်းပါရှိပါတယ် ။
 (၄) သို့ဖြစ်ပါသောကြောင့် ဤစာကိုထုတ်ပြန်၍မိတ်ဆွေများနှင့် ပါတီဝင်များအားသဘောထားမှတ်ချက် တောင်းခံရခြင်းဖြစ်ပါသည် ။ ကျွန်ုပ်တို့ပါတီအနေဖြင့် ပါတီ ထူထောင် စဉ်ကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြ၍ မှတ်ပုံတင်လျှောက် ထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ၊ သဘော တရား ၊ လုပ်ငန်းစဉ်နှင့်ဖွဲ့စည်းပုံစာအုပ် စာမျက်နှာ ၁၀ တွင် ဖော်ပြထားသော လုပ်ငန်းစဉ်များနှင့် ကိုက်ညီစွာ လုပ်ဆောင်နေခြင်းသာဖြစ်ပါသည် ။ ပါတီ၏ လုပ်ငန်းစဉ်ထဲတွင် - - အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စုဆောင်းရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်းလုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။ ဟု ဖော်ပြပါရှိပါသဖြင့် ကျွန်ုပ်တို့ တင်ပြရေးသားစေသာ အထက်ပါစာအုပ်နှစ်အုပ်ဖြစ် သည့် ဇေကမ္ဘာကုမ္ပဏီ နှင့်ရွှေနံ့ သာလယ်သမားများပြဿနာ စာအုပ်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံစာအုပ်တွင် အထက် ဖော်ပြပါ ကျွန်ုပ်တို့ ပါတီ၏ လုပ်ငန်းစဉ်များအတိုင်းသာဖြစ်ပါသည် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျွန်ုပ်တို့ ပါတီထူထောင်စဉ်ကာလ ဤစာအုပ်နှင့် မှတ်ပုံတင်လာရောက်လျှောက်ထားစဉ်တွင် ဖတ်ရှုလေ့လာပြီး သဘောတူကြည်ဖြူသဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ပါသည် ။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပုဒ်မ (၄၂) အရ ဟု ထောက်ပြပြီး ကျွန်ုပ်တို့မှ တိတိကျကျထောက်ပြသော ပြုပြင်ပြောင်းလဲဖွယ်ရာကိစ္စများကို လိုအပ်သလို ကောက်ချက်ဆွဲစေခြင်းငှာ မသင့်ဟု ထင်မြင်ယူဆပါသည် ။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးလုပ်သည်ဆိုရာတွင် အလုပ်နှစ်မျိုးသာရှိပါသည် ။ ပထမအလုပ်မှာ ကျွန်ုပ်တို့ မကြိုက်မနှစ်သက်သော မူဝါဒများကိုပြုပြင်ပြောင်းလဲရန်ကြိုးပမ်းလုပ်ဆောင်ခြင်းနှင့် ကျွန်ုပ်တို့ ကြိုက်နှစ်သက်သော မူဝါဒများတည်မြဲရန် ကြိုးပမ်းခြင်းဖြစ်ပြီး ဒုတိယအလုပ်မှာ အစိုးရ၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဟူသော ယန္တယားများ တိမ်းစောင်းမှားယွင်းပါက ပြုပြင်ထောက်ပြရန်သာဖြစ်ပါသည် ။ ထိုသို့ထောက်ပြရန်အတွက် ဦးဖြူမှားနေပါက ဦးဖြူမှားနေပါသည် ဟုထောက်ပြခြင်း ၊ ဦးမဲ လာဘ်စားပါက ဦးမဲလာဘ်စားနေပါသည်ဟု ထောက်ပြခြင်းသည် နိုင်ငံကို တည်ဆောက် ပြုပြင်နေခြင်းသာဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည် ။ သို့သော် ကျွန်ုပ်တို့သည်လည်း လူသားများသာ ဖြစ်သဖြင့် အဂတိတရားလိုက်စားနိုင်ပါသည် ။ ထို့ကြောင့် ကျွန်ုပ်တို့ လွဲမှားဖော်ပြခြင်းအတွက်သာ အပြစ်ဒဏ်ခံရမည်မှာ ထိုက်တန်ပြီး ကမန်ုပ်တို့မှ မှန်ကန်တိကျစွာထောက်ပြနေခြင်းကို အပြစ်ပေးနိုင်သော ဥပဒေပုဒ်မများဖြစ်ပါက လုံးဝ မလိုလားအပ်သော ဥပဒေများသာဖြစ်ပါသည် ။ သို့ပါသောကြောင့် ကျွန်ုပ်တို့ရေးသားသော ကိစ္စများ၏ မှန်ကန်မှုကို တာဝန်ယူပါ သည် ။ မှားယွင်းပါက ပြစ်ဒဏ်ပေးပါ ။ လိုအပ်သော ပြန်ကြားရေးဆိုင်ရာ ဥပဒေများပြုပြင်ပြောင်းလဲပါဟု အကြံပြုလိုပါသည် ။
 (၅) မိတ်ဆွေများ ညီနောင်ပါတီများ နှင့် ပါတီဝင်များခင်ဗျား ဤကိစ္စနှင့်ပတ်သက်သော သဘောထား အမြင်များကို အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလိပ်စာများ သို့ အကြောင်းပြန်ကြားပေးစေလိုပါသည် ။ နေမျိုးဝေ ဖုန်း 098610719 , naymyowai@gmail.com အောက်တွင် ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာနိုင်ရန်တင်ပြပါသည် ။ (ဂ) လုပ်ငန်းစဉ် ကျွန်ုပ်တို့ပါတီသည် မတူကွဲပြားခွင့်ရှိခြင်းကိုတန်ဖိုးထားလေးစားသည်နှင့်အညီ ပါတီတွင်းစည်းမျဉ်း စည်းကမ်းများတွင် တမူထူးခြားစွာ ပါဝင်မည့် ကိစ်္စရပ်မှာ အခြားပါတီ များနှင့်ဆက်ဆံရေးပင်ဖြစ်ပေသည် ။ ပါတီဝင်တိုင်းသည် အခြားပါတီများမှ ပါတီဝင်များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေး နိုင်ခွင့်ကိုအထူး အားပေး သွားမည် ။ ပါတီစည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ တည်ငြိမ် အေးချမ်းစွာ ရှင်းလင်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး အခြားနိုင်ငံရေးအင်အားစုများအားလုံးအပေါ်ပြိုင်ဘက်ဟူသော သဘော ထားမျိုး မရှိခြင်းသည် ကျွန်ုပ်တို့ ပါတီလုပ်ငန်းစဉ်များအားလုံး၏ အခြေခံစည်းမျဉ်းဖြစ်ပေသည်။ ကျွန်ုပ်တို့သည် အသစ်ပေါ်ထွန်းလာသော ပါတီဖြစ်သည်သည်နှင့်အညီ ၂၀၁၀ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်အရွေး ချယ်ခံနိုင်ရေး ဟူသော ကိစ်္စ နှင့် ပါတီဝင်ဦးရေသတ်မှတ်ချက်ပြည့်မီရေး ဟူသောကိစ်္စသည် လုပ်ငန်းစဉ် တစ်ခုအဖြစ် ပါဝင်သော်လည်း ကျွန်ုပ်တို့၏ အရေးကြီးဆုံးအမြဲ တမ်းလုပ်ငန်းတစ်ခုမဟုတ်ပေ ။ (ပါတီဝင်ဦးရေကိုလည်း ကျွန်ုပ်တို့ ပါတီသည် နိုင်ငံရေး နယ်တွင် ခြေချနိုင်ယုံ နှင့် နိုင်ငံနယ် နမိတ်တစ်နံတစ်လျားတွင် ကွန်ယက်သဖွယ် ချိတ်ဆက်နိုင် ယုံပမာဏကိုသာ အများဆုံး အနေဖြင့် စုဆောင်း မည်ဖြစ်ပေသည် ။ နိုင်ငံရေးပါတီဝင်များ အလွန်အမင်း ဖောင်းပွပါဝင်နေခြင်းကို ကျွန်ုပ်တို့မလိုလား ပေ ။ နိုင်ငံရေး အခြေအနေကို သိရှိခံစား နားလည်နိုင်သောရေချိန်ရှိသူ များပြားလာစေ ရမည်ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်သာ နိုင်ငံသားတို့၏ ဘ၀ကို မြုပ်နှံစေ လိုသည်မှာ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်ပေသည် ။ နိုင်ငံရေးနိုးကြားလျှက် ကုန်ထုတ်လုပ်ငန်းထဲတွင် ရှိနေစေလိုခြင်းဖြစ်ပါသည် ။ ကုန်ထုတ်လုပ်ငန်း အတွင်းရှိနေသောနိုင်ငံသားများနိုင်ငံရေးအခြေအနေကို လွယ်ကူစွာ အစဉ်သတိပြုမိ နားလည်သုံးသပ်နိုင် စေရေးကိုသာ ဦးတည်ပါသည် ။ ) အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများ ကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စုဆောင်းရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန်္တရား အဖွဲ့အစည်းများ သို့ ပေးပို့ကူညီခြင်း လုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။ လက်ရှိမူဝါဒ ရေးဆွဲချမှတ်သူများဆိုရာတွင် ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ အရွေးချယ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ မည်သည့် ပါတီမှ ဖြစ်စေ၊ တစ်သီး ပုဂ်္ဂလဖြစ်စေ အရွေးချယ်ခံရသော ကိုယ်စားလှယ် လောင်းများအားလုံး၏ အချက်အလက်စုစောင်း ရှာဖွေပေးသော အဖွဲ့အစည်း တစ်ခု ဖြစ်စေရမည်မှာ ကျွန်ုပ်တို့ ရည်ရွယ်သည့် ပင်မလုပ်ငန်းစဉ်ဖြစ်ပါ သည် ။ ကျွန်ုပ်တို့ပါတီသည် လူထု အများ စီတန်းလှည့်လည်၍ ကျွေးကြော်အော်ဟစ်သည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို မယုံကြည်ပေ ။ ကျွန်ုပ်တို့သည် ပြည်သူလူထုကို စာပေ၊ သတင်းမီဒီယာမျိုးစုံတို့မှနေ၍ အသိတရားပေးခြင်း ၊ မူဝါဒချမှတ်သူများ၏ လွဲချော်မှား ယွင်းမှု ဟု ကျွန်ုပ်တို့ ထင်မြင်ပါက ကျွန်ုပ်တို့ ၏ အယူအဆထင်မြင်ချက်များကို မီဒီယာမျိုးစုံတို့မှ နှိုင်းယှဉ်တင်ပြဆွေးနွေးစေခြင်း စသော လုပ်ငန်းစဉ်များကို သာ ယုံကြည်ပေသည် ။ လတ်တလော ပေါ်ပေါက်လာသော ပြဿနာများ ကို ဆွေးနွေးအဖြေရှာရာ၌လည်း အစားထိုးဖြေ ရှင်းနည်းကို မဖော်ပြ နိုင်ဘဲလျှက် ကျွန်ုပ် တို့ ဝေဖန် ထောက်ပြ လိမ့်မည် မဟုတ်ပေ ။ ထို့အပြင် ကျွန်ုပ်တို့ ဝေဖန်ထောက်ပြသော အစား ထိုးဖြေရှင်းနည်းများကို မဖြစ်မနေ ကျင့်သုံး ရမည်ဟု ဆိုလိုနေသည်မဟုတ်ပေ ။ တည်ဆဲ လွှတ်တော် အဖွဲ့ဝင်များ ဆွေးနွေး ညှိနှိုင်း မဲခွဲဆုံးဖြတ်မှု၏ အဖြေကိုသာ ကျွန်ုပ်တို့ ကြည်ဖြူစွာလက်ခံမည် ။ သို့သော် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များကိုကား ကျွန်ုပ်တို့မှ မီဒီယာတွင် လွတ်လပ်စွာ ဆက်လက် ဆွေးနွေးပေလိမ့်မည် ။ ဤသည်တို့မှာ ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များဖြစ်ပေသတည်း ။

 နေမျိုးဝေ 
ဥက္ကဌ 
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ယနေ့ ၁၄.၅.၂၀၁၂ မှာ တွေ့ဆုံဖို့ အမေရိကန်သံရုံးကိုယ်စားလှယ်တစ်ဦးက ဆက်သွယ်လာတာကြောင့် သံအမတ်ရဲ့ နေအိမ်ကို ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး အပါအ၀င် လယ်သမား တွေပါ တပုံတခေါင်း သွားရောက်ခဲ့ကြပါတယ်။ သံအရာရှိတွေကလည်း လယ်သမားတွေရော အားလုံးကိုအထဲကို ပျူပျူငှာငှာ ဖိတ်ခေါ်ပြီး လက်ရှိဖြစ်နေတဲ့ ကိစ္စတွေကို သူတို့ကြားသိထားတာတွေနဲ့ ထွက်ပေါ်လာတဲ့ ဥပဒေတွေအပေါ်မှာပါ ကိုယ့်အမြင် သူ့အမြင်တင်ပြကြပါတယ်။
PDP ကတော့ ထွက်ပေါ်လာတဲ့ လယ်ယာမြေဥပဒေမှာ ပါတီမထောင်ခင်ကတည်းက ရေးဆွဲအကြံပြုထားတဲ့ အချက်တွေနဲ့ ကိုက်ညီတာကြောင့် တစ်ရာ ရာခိုင်နှုန်းထောက်ခံတယ်လို့ ပဲပြောခဲ့ပါတယ်။ အဲဒီအထဲမှာ ဥပဒေပညာရှင်တွေ အနေနဲ့ ထောက်ပြစရာတွေ ပါဝင်နေတဲ့အတွက် ဥပဒေပညာရှင်တွေဖြစ်တဲ့ ကိုဖိုးဖြူ၊ ကိုညီညီထွေးတို့ကတော့ ထောက်ပြခဲ့ပါတယ်။ PDP အနေနဲ့ကတော့ ဥပဒေတွေမှာက လယ်သမားတွေ အတွက် အခွင့်အရေးရှိတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိတာ စိုးတယ်လို့လည်း ပြောခဲ့တယ်။  နိုင်ငံရေးသတ္တိနည်းတဲ့သူတွေအကြောင်းလည်းပြောခဲ့ပါတယ်။ သူတို့တွေက တော့ လယ်ယာမြေဥပဒေအပေါ်မှာ လယ်သမားတွေရဲ့ အမြင်ကိုလည်း မေးတယ်။ လယ်သမားတွေကို ဥပဒေနဲ့ ရင်းနှီးဖို့ ကိုယ်တိုင်သတင်းစာကိုင်ပြီး ရှင်းပြရတဲ့အကြောင်း ပြောတော့ ကိုညီညီထွေးက သူ့အနေနဲ့လည်း လယ်သမားတွေကို သင်တန်းသဘောမျိုး ပို့ချဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။

နိုင်ငံရေးအကြောင်းတွေ စီကာပတ်ကုံးပြောရရင် အချိန်တော့ အတော်ပေးရမယ်။ ဒါတောင်မှပဲ ကွန်မြူနစ်အကြောင်းနဲ့ ကပီတယ်လင်ဇင် အရွေ့ကို အကျယ်ဖွဲ့ခဲ့ရပါသေးတယ်။ နိုင်ငံတကာ အနေနဲ့ ဘာတွေ ၀ိုင်းဝန်းကူညီဖို့ လိုသလဲဆိုတော့ အမေးကိုရတော့ ကျွန်တော်အနေနဲ့က ခရိုနီတွေ သိမ်းပိုက် နေတာများတယ်။ သူတို့နဲ့ အပြိုင် လယ်သမားတွေဘက်ကလည်း ကုမ္ပဏီထောင်ဖို့ စီစဉ်ဖြစ်ကြောင်းနဲ့ တကယ်လို့သာ အကူအညီပေးနိုင်မယ်ဆိုရင်တော့ စက်မှုလယ်ယာတည်ထောင်ရာမှာ လိုအပ်မယ့် စက်ယန္တရားတွေ အကြွေးစနစ်နဲ့ ရောင်းချပေးတာမျိုး၊ ကူညီဆောင်ရွက်ပေးသင့်တယ် ဆိုတာလောက်ပဲ တောင်းဆိုခဲ့ပါတယ်။ လယ်သမားတွေ လည်း ကူမယ့်သူ ကယ်မယ့်သူရတော့ အားတက် ရှာမယ်ပေါ့။
ခရိုနီ ခရိုနီနဲ့ ပြောခဲ့ရတာ အကြိမ်ပေါင်းမနည်းဘူး။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာကိုလည်း လက်တွေ့ တကယ် မကျင့်သုံးသေးတဲ့အကြောင်း ပြောဖြစ်ခဲ့တယ်ဗျ။ သူသိချင်တာလေးတွေပြော ကိုယ်လိုအပ်တဲ့အပိုင်း ကိုလည်း ပြော ဒါလောက်ပါပဲ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati