သို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ရက်စွဲ ။ ။ ၂၈ - ၅ - ၂၀၁၂
အကြောင်းအရာ ။ ။ လယ်ယာမြေအငြင်းပွါးမှုဆုံးဖြတ်ချက်ကို အိတ်ဖွင့်မေးမြန်းခြင်း၁ ။ ၂၀၁၂ ခုနှစ် မေလ (၂၇) ရက် ရက်စွဲဖြင့် ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဦးကျော်စိန်ပါ လယ်သမား များအား သီးစားလုပ်ပိုင်ခွင့်ကိစ္စနှင့်ပတ်သက်၍ စာတစ်စောင်ပေးပို့ခဲ့ပါ သည် ။
၂ ။ အဆိုပါစာအရ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၁ ရက် ၊ (၅) လ ၊ ၂၀၁၂ ရက်စွဲပါစာအမှတ် ၂/၃ - ၂ (၁)/စီးပွါး ကို အဓိကရည်ညွှန်း ၍ ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်း ခရိုင် ရွှေနံ့သာကျေးရွာအုပ်စု ကွင်းအမှတ် ( ၅၃၁/၅၃၃ ) ရှိ လယ်မြေ (၈၁၅) ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၂) ဆုံးဖြတ် ချက်အပိုဒ် (၅၄)အရ ဇေကမ္ဘာကုမ္ပဏီကို သီးစားလုပ်ကိုင်ခွင့်(လယ်လုပ်ပိုင်ခွင့်) ကိုချထားပေးခဲ့ပါသည် ။
၃ ။ အဆိုပါ မှုခင်းဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် - (က) မြေယာမှုခင်း ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းမရှိ ၊ (ခ) နှစ်ဘက် ခေါ်ယူကြားနားခဲ့ခြင်းမရှိ ၊ (ဂ) သက်သေခံ အချက်အလက် အထောက်အထားများ ကိုအ ခြေခံ၍ သုံးသပ်ပြီး ဆုံးဖြတ်ကြောင်းမသိရ ၊ (ဃ) လယ်ယာမြေဥပဒေ အဟောင်း(သို့တည်းမဟုတ်) နည်းဥပဒေမထွက် သေးသော ဥပဒေအသစ် - မည်သည့် ဥပဒေကို အခြေခံချမှတ်ဆုံးဖြတ်ကြောင်း မသိရ ။
၎ ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ လေးနက်စွာမေးမြန်း လိုသည် မှာ -
(က) ဘာ့ကြောင့် မြေယာမှုခင်း ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းမရှိရပါသနည်း
(ခ) ဘာ့ကြောင့် နှစ်ဘက် ခေါ်ယူ ကြားနား မှု မလုပ်ခဲ့ရပါသနည်း (ဂ) မည်သည့် သက်သေခံ အချက်အလက် အထောက်အထားများ ကိုအခြေခံ၍ သုံးသပ်ပြီး ဆုံးဖြတ် ခဲ့ပါသနည်း
(ဃ) လယ်ယာမြေဥပဒေအဟောင်း(သို့တည်းမဟုတ်) နည်းဥပဒေမထွက်သေးသော ဥပဒေအသစ် - မည်သည့် ဥပဒေကို အခြေခံ၍ချမှတ်ဆုံးဖြတ်ခဲ့ပါသနည်း
(င) နှစ်ပေါင်း (၂၀) ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့သော လယ်သမားများကို ဥပဒေနှင့်အညီချထားပေးခြင်းမရှိဘဲ ဤလယ်ယာ မြေပေါ်တွင်တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်း အလျှင်းမရှိသော ဇေကမ္ဘာကုမ္ပဏီအားမည်သည့်အတွက်ကြောင့် သီးစား လုပ်ကိုင်ခွင့်ချထားပေးရပါသနည်း
(စ) အမှန်တကယ် စပါးစိုက်ပျိုးခြင်းမရှိသည့်အပြင် စိုက်ပျိုးပြီးဖြစ်သည့် စပါးများကိုပင် ဖျက်စီးသူဖြစ်ခြင်း၊ ရေ၀င်ရေထွက် မြောင်းများကို စက်အင်အားသုံး ပိတ်ဆို့ကာ နွေစပါးစိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိအောင်ပြုလုပ်သည်ကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ သိရှိခဲ့ပါ၏လော့
ဟူသောမေးခွန်းများကိုပြန်လည်ဖြေကြားရှင်းလင်းပေးစေလိုပါသည် ။
၅ ။ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် နိုင်ငံရေးပါတီများ ၀ိုင်းဝန်းမေးမြန်းကြပါရန်လည်း အထူးလှုံ့ဆော်လိုက် ပါသည် ။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Open Letter to Yan Gon Devision
Tags:
အိတ်ဖွင့်ပေးစာ
Leave a comment