အခန်း ( ၁ )
ပဋိပက္ခများကို ခွဲစိတ်ကြည့်ခြင်း
အလွန်ကြီးကျယ်မြင့်မြတ်လှသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကို ဆွေးနွေးသည့်အခါ ခေါင်းစဉ်ပိနေ သည့်ဘ၀မျိုးကို ရောက်ကောင်းရောက်နိုင်ပါသည် ။ သို့ဖြစ်၍ ငြိမ်းချမ်းရေးအတွက် အခုအခံများကို တစ်စစီ ဖြတ်တောက် ဆွေးနွေးမည်ဖြစ်ကြောင်းကြိုတင်အသိပေးပါရစေ ။ငြိမ်းချမ်းရေးဟုဆို လျှင် လက်နက် ကိုင်အဖွဲ့အစည်းများ လက်နက်များဟူ၍မြင်ကြ လေ့ရှိပါသည် ။ လက်နက်များသည် အကျိုးတရားများ သာဖြစ်ပါသည် အကြောင်းတရားများမဟုတ်ပါ။ အကြောင်းတရား အစစ်သည် အမြင်မတူမှုသာဖြစ်ပါသည် ။ ရခိုင်မှဓါတ်ငွေ့ကို ပြည်ထောင်စု အစိုးရကအလုံးစုံစီမံမည်ဟူသော အမြင် နှင့် ရခိုင်ဒေသအတွက် ထက်ဝက်ပေးရမည် ဟူသော အမြင်နှစ်ခုမတူမှု ။ ကချင်ပြည်နယ်မှကျောက် တွင်းများ/ သစ်များကို ပြည်ထောင်စုအစိုးရမှအလုံးစုံ စီမံခန့်ခွဲ မည်ဟူသောအမြင်နှင့် ကချင်ပြည်နယ်ရံပုံငွေအတွက်လည်း အချို့ အ၀က်ပေးသင့်သည် ဟူသော အမြင် နှစ်ခုမတူညီမှု ။မော်လမြိုင်မှအုပ်ချုပ်ရေး တာဝန်ယူ ထားသော ၀န်ထမ်းများ အဂတိလိုက်စားသည်ဟူသော အမြင်နှင့် မဆိုးပါဘူး ၀န်ထမ်းကောင်းတွေဖြစ်ပါတယ်ဟူသော အမြင် နှစ်ခု မတူညီမှု ။ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရပ်ကျေးအုပ်ချုပ်ရေးတွေအဖြစ်မှန်ဖုံးကွယ်တင်ပြသည် ဟူသော အမြင် နှင့် ငါ့လူတွေမှန်တယ်ဟူသော အမြင်နှစ်ခုမတူညီမှု ။မြ၀တီမှာ ဥပဒေမဲ့မြေသိမ်းတာ ဘယ်လိုမှတိုင်လို့မရဘူး ဆိုသော အမြင်နှင့် ဘာလို့မရ မှာလည်းကော်မရှင်ရှိတယ် သေခြာတိုင်ရင်ရတာ ပေါ့ဆိုသော အမြင်နှစ်ခုမတူညီမှု ။နောင်ချိုမှာတပ်ကသိမ်းထားတဲ့ မြေတွေ ပိုနေပါတယ် လို့တင်ပြချက် နှင့် တပ်ရင်းမှူးပြောတော့ကွက်တိဘဲ ဟူသည့် အမြင်နှစ်ခုမတူညီမှု ။ကျနော်တို့ဒေသကို လမ်းကောင်း ကောင်းဖောက်မပေးဘူး သယံဇာတတွေတော့ ထုတ်ထုတ်သွား တယ်ဟူသောအမြင် နှင့် မလိုအပ်လို့ မဖောက်ပေးသေးတာ/ ရံပုံငွေမရှိလို့ မဖောက်သေး တာဟူသောအမြင်နှစ်ခုမတူညီမှု ။ အုပ်ချုပ်ရေးတွေက ဘယ်လိုတိုင်တိုင်လုပ်မပေးဘူး ဆိုသောအမြင် နှင့် တိုင်တာစနစ်မကျ လို့ပါ ဟူသော အမြင်နှစ်ခု မတူညီမှု ။ဒေသခံမြေယာတွေကို ဒေသအပြင်က လာလုနေတယ် ဟူသောအမြင် နှင့် ဒေသဖွံ့ဖြိုးအောင် လုပ်ပေးတာပါ ဟူသောအမြင်နှစ်ခုမတူညီမှု ။အမြင်မတူမှုတွေကနေပြီး ငြိမ်းချမ်းရေး ပျက်ပြားစေတဲ့ကိစ္စတွေကိုဖြစ်ပေါ်လာစေပါတယ် ။ အားကြီးသူအမြဲမှန်သည်ဟူသော ဆုံးဖြတ်ချက်များ အတည်ဖြစ်နေလျင် - အားစုကြသည်မှာ ဓမ္မတာသဘောသာဖြစ်သည် ။ အစွယ်ရှိလျင်အစွယ်အားကိုးသည် ဦးချိုရှိလျင်ဦးချိုအားကိုးသည် ဟူသော သဘောအရ မိမိတို့ရနိုင်လောက်သော အင်အား အထောက်အပံ့ကို စုဆောင်းကြစမြဲ သာဖြစ်ပါသည် ။ သို့သော်လူသား၏ပင်ကိုသဘာဝအရ တောတိုး၍ကိုင်ရသောသေနတ်ကိုပစ်ချ၍ မှန်ခန်းတွင်းထိုင် ကွန်ပျူတာကီးဘုတ်ကို ကိုင်ချင်ကြစမြဲသာဖြစ်ပါသည် ။ ငြင်းခုန်ဆွေးနွေး နိုင်သည့် ကစားကွင်းများ ဆိတ်သုဉ်း လေသမျှ ကီးဘုတ်ကိုင်လက်များ သေနတ်ကိုင်ကြရသည်သာဖြစ်ပါသည်။ငြင်းခုန်ဆွေးနွေးနိုင်သော အခြေအနေများဖန်တီးပေးခြင်း - လူထုဆန္ဒဖော်ထုတ်နိုင်သော အခြေအနေများ ဖန်တီးပေးခြင်းသည် သေနတ် ကိုင်လက်များကို ကွန်ပျူတာကီးဘုတ်ကိုင် လက်များအဖြစ် တစ်ဆင့်ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပါသည် ။ လက်တွေ့ အခြေအနေတွင် ရန်ကုန်မန္တလေးနှင့် အချို့သောမြို့ကြီးများတွင်သာ လူထုဆန္ဒ ဖော်ထုတ်ရန် ခွင့်ပြုပြီးကျန်ဒေသများတွင်ခက်ခဲနေဆဲဖြစ်ပါသည် ။ အမှန်မှာ လက်နက်ကိုင်ဧရိယာနှင့် နီးစပ်သော ဒေသများတွင် တစ်ဖက်ထွက်ပေါက် ကိုပိုမိုခွင့်ပြုမှသာ လက်နက်ကိုင်အခြေအနေမှ စကားပြောငြင်းခုန်သောအခြေအနေသို့ ကူးပြောင်း နိုင်မည်ဖြစ်ပါသည် ။လူထုနှင့် တိုက်ရိုက်ဆက်စပ်နေရသော မြို့နယ် နှင့် ရပ်ကျေး အုပ်ချုပ်ရေးများ၏ အဂတိလိုက်စားမှု ဒဏ်ကိုလည်း ဗဟိုအစိုးရသည်သာ တာဝန်ခံရစမြဲဖြစ်ပါသည် ။ ဒေသတွင်းအဂတိ လိုက်စားမှုများလျော့ချနိုင်သည့်အချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ပိုမိုတိုး တက်လာမည်သာဖြစ်ပါသည် ။ လက်နက်ကိုင်ခြင်းသည် အကျိုးတရား သာဖြစ်ပြီး စွန့်လွှတ်စေသောအကြောင်း ခံများကိုလှစ်ဟပြခြင်းဖြစ်ပါသည် ။ (PDF ဖိုင် ရယူ၍ အစအဆုံး ဖတ်ရှုနိုင်ပါသည်)

0 Comments