ပီဒီပီ ဥက္ကဌ ဦးနေမျိုးဝေ မြေယာမတရားမှု များကို လိုက်လံတိုက်ပွဲဝင်နေပါတယ် ။ အမှန်က ပီဒီပီ နှင့် နေမျိုးဝေ ဟာ ဆန်စင်ရာကျည်ပွေ့လိုက်ရတဲ့လုပ်ငန်းမျိုးကိုသိပ် မလုပ် ချင်ပါဘူး -
နိုင်ငံရေးပြဿနာများကို စိစစ်ရာ (၁) မူဝါဒ ပြဿနာ ၊(၂) ယန်္တယား ပြဿနာ နှင့် (၃) မူဝါဒမှား ယွင်းမှုကြောင့် ပေါ်ပေါက်လာရတဲ့ ယန်္တယားပြဿနာ လို့ သုံးမျိုးတွေ့ ရပါတယ် ။
မြေယာပြဿနာတွေကတော့ မူဝါဒမှားယွင်း မှုကြောင့် ပေါ်ပေါက်လာရတဲ့ ယန်္တယားပြဿနာတွေ ဖြစ်ပါ တယ် ။
မူဝါဒမှားယွင်းတယ်ဆိုတာက မြေယာတွေမှာ လက်ငုတ်လုပ်ကိုင်သူတွေအနေနဲ့ သူလုပ်နေပါတယ် - သူစိုက်ပျိုးနေပါတယ် - သူလုပ်နေတာ ဘယ်လောက် ကြာခဲ့ပါပြီလို့ သက်သေခံပြစရာမယ်မယ်ရရမရှိတာ - နှစ်စဉ် နှစ်စဉ် မြေစာရင်းနဲ့ရပ်/ကျေးအုပ်ချုပ်ရေး အဆင့်ထံကနေပြီး လုပ်ပိုင်ခွင့်လျှောက်ယူရတာမျိုးဖြစ်တယ် ။
အဲသလို ရပ်ကျေးအဆင့်လောက်ကမြေယာကို အငှားချတာ ၊ ခွဲဝေတာ မျိုးတွေလုပ်နိုင်တော့ ရပ်ကျေး အဆင့်လောက်မှာရှိတဲ့ တာဝန်သိမှု တာဝန် ယူမှု တာဝန်ခံမှု အဆင့်နိမ့်ကျတာနေစပြီး ၊ အကျင့်ပျက်ချစားပြီး တစ်နိုင်ငံ လုံးမှာ မြေယာမတရား မှုတွေ ဖြစ်လာတော့တာပါဘဲ ။
ပီဒီပီ ဥက်္ကဌ အနေနဲ့ မဖြစ်မနေ လိုက်ပါတိုက်ပွဲ ၀င်ပေးရပေမဲ့စိန်ခေါ်မှုတွေကတော့အများကြီးဖြစ်ပါတယ် ။ လက်သဲဆိတ်လက်ထိပ်နာနိုင်တဲ့ ပါတီတွေ ၊ ဓနအင်အား ချမ်းသာလွန်းတဲ့ ခရိုနီတွေ ၊ လာဘ်စား ထားမိတဲ့ ၀န်ထမ်းတွေ ၊ အပင်းမိထားတဲ့ မီဒီယာ သမားအချို့ နဲ့ ဥာဏ်ရည်မမှီ ဘဲ ၀င်တိုက်ချင်တဲ့ စိတ်နောက်ဥာဏ်ပျောက် သူရဲကောင်း တွေရှိနေတာကြောင့်တိုက်ပွဲဟာဘေးကျပ် နံကျပ်ရှိလွန်း လှပါတယ် ။
ထားပါတော့ ဘယ်လောက်ဘဲ ဘေးနံကျပ်ပါစေ အမှန်တရားအတွက် ၊ ၀ါသနာအတွက် တိုက်နေရလေတော့ အခက်အခဲဟာ ပျော်စရာဖြစ်လာပါတယ် ။
ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ထုတ်ပြန်ရပါလိမ့် မယ် ။ အဲဒီစည်းကမ်းကတော့ ““တိုက်ပွဲတွင်းမှာဒီမိုကရေစီ မရှိဘူး””ဆိုတာပါဘဲ ။
ကျနော့်ကို တိုက်ပွဲရဲ့ ဘယ်အဆင့်နေရာကနေ တိုက်ဖို့ ငှားမှာလည်းဆိုတာကို ပွဲကန်ထရိုက်တွေ - ဒုက်္ခ သည်တွေ - ရွာသားတွေ အားလုံးက သတ်မှတ်ကြဖို့ လိုပါတယ် ။
ကျနော့်ကို မှတ်တမ်းတင်သူ နေရာကို နေရာယူ ပေးဖို့လည်း ငှားနိုင် သုံးနိုင်ပါတယ် ။ အရှုံးအနိုင်အတွက် တာဝန်ပေါ့ပါတယ် ။ ဒါပေမဲ့ ဦးဆောင်တိုက်ပေးရမဲ့ နေရာအတွက် ငှားမယ်ဆိုရင်တော့ အစီအစဉ်တွေကို ကျနော်ချမှတ်တဲ့အခါ တသွေမတိမ်းလိုက်နာ ပေးကြဖို့ လိုပါတယ် ။ ““တိုက်ပွဲတွင်းမှာဒီမိုကရေစီမရှိပါဘူး””
ဒါပေမဲ့ ကျေလည်တဲ့အထိ ကျနော်ရှင်းပြသင့်တဲ့အထိ ရှင်းပြပါ့မယ် ။ နောက်ပြီး ကျနော့်လုပ်ဆောင်ချက်ကို မကြိုက်တော့ရင် ကျနော့်ကို ချက်ချင်း ဖယ်ထုတ်ကြပါ ။ ဖယ်ထုတ်ခွင့်လည်းရှိပါတယ် ။ ကျနော့်ကို ဦးဆောင်ဆက် တိုက်ခိုင်းထားပြီး ကျနော့်စကားနားမထောင်ရင်တော့ ကျနော့်တိုက်ပွဲအောင်မြင်ဖို့အတွက် ကျနော်အားထုတ်ရတာ ခက်လှပါတယ် ။
အဲဒါကြောင့် အားလုံးကိုမေတ်္တာရပ်ခံချင်တာကတော့ မည်သူမဆို မတရားမှု ဖြစ်စဉ်တစ်ခုကို ဦးဆောင်တိုက်ကြ ပါ ။ ဦးဆောင်တဲ့သူ - မည်သူမဆို ကျနော့်ကို ကျရာတာဝန် တစ်ခုပေးပါ အရာအားလုံးနာခံပါ့မယ် ။
ဒါမှမဟုတ် ကျနော် ဦးဆောင်တိုက်ရမယ်ဆိုရင်တော့ ကျနော့်ကိုအကြံပေးပါ။ဆွေးနွေးပါ။ကျနော်ဆုံးဖြတ်ပါ့မယ် ။ ကျနော်ဆုံးဖြတ်ပီးရင် လိုက်လုပ်ကြပါ ။
ဒီစာက ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုနဲ့ သွေဖီတဲ့စာ မဟုတ်ပါဘူး။ တိုက်ပွဲ သဘာဝနဲ့ ခေါင်းဆောင်ရဲ့ ဗျူဟာဆင်မှု ကို သိမြင်နိုင်စွမ်းဗဟုသုတအားနဲသူ ကျေးရွာသားများကြား အောင်မြင်ရေးစည်းမျဉ်းတစ်ခုချပြလိုက်ခြင်းသာဖြစ်ပါတယ် ။
““ တိုက်ပွဲတွင်းမှာဒီမိုကရေစီမရှိပါ ဘူး””

နေမျိုးဝေ
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment