မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေး

မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သောထောက်ထားဆင်ခြင်စရာများ
 မေးမြန်းဆွေးနွေးခြင်း
ရည်ရွယ်ချက်

- လွှတ်တော်တွင်းရေးဆွဲနေသော မြေယာဥပဒေကြမ်းအသစ် ကို ပံ့ပိုး ဖြည့်စွက်လိုခြင်း
- နိုင်ငံလုံးချီ မြေယာ မှုခင်းများကို လူထု ဟစ်တိုင်အနေဖြင့် ထုတ်ဖော်တိုင်ကြားခြင်း

မြေယာဥပဒေကြမ်းကိုပံ့ပိုးခြင်း
(က) ထောက်ထားဆင်ခြင်စရာသွင်းအားစုအချက်အလက်များ
(ခ) ဥပဒေကြမ်းတွင်ပါသင့်သည့်အချက်များ

(က)ထောက်ထားဆင်ခြင်စရာသွင်းအားစုအချက်အလက်များ

အခန်း(၁)ပြည်သူ နှင့် နိုင်ငံတော်
အခန်း(၂)မြေယာ နှင့် လယ်သမားအရေးမတူညီပုံ
အခန်း(၃)မြေယာနှင့်နိုင်ငံရေးဘောဂဗေဒ
အခန်း(၄)မြေယာပြဿနာများ
အခန်း(၅) မြေယာကဏ္ဍ နှင့် ဘေးထွက် ပတ်သက်မှုများ

(ခ) ဥပဒေကြမ်းတွင်ပါသင့်သည့်အချက်များ
အခန်း(၆) မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေး ဆိုင်ရာ တင်ပြခြင်း

အခန်း(၁)ပြည်သူ နှင့် နိုင်ငံတော်
(က) ပြည်သူနှင့်နိုင်ငံတော် အဆက်အစပ်
(ခ) နိုင်ငံတော် လုံခြုံရေးနှင့်မြေယာကဏ္ဍ
(၁) နယ်နိမိတ်
(၂) စားနပ်ရိက္ခာ

(က) ပြည်သူနှင့်နိုင်ငံတော် အဆက်အစပ်¬
နိုင်ငံတော်ဆိုတာ -
နယ်နိမိတ်သတ်မှတ်ချက်အပေါ် ပြည်သူအများ နေထိုင် တဲ့အ၀န်းအ၀ိုင်း တစ်ခုဘဲဖြစ်ပါတယ် ။
နိုင်ငံတော်အစိုးရ ဆိုတာ -
နိုင်ငံတော် အုပ်ချုပ်ရေး တာဝန်ကိုယာယီရယူထားတဲ့ အဖွဲ့အစည်း သာဖြစ်ပါတယ် ။ နိုင်ငံ နယ်နိမိတ် နှင့် ပြည်သူတွေ ကသာ ထာဝရ ဖြစ် ပါတယ် ။
နိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ မြေထု ၊ ရေထု ၊ လေထု ကို နိုင်ငံသား အချင်းချင်း တရားမျှတစွာ သုံးဆောင် ခံစားစေဖို့ကို နိုင်ငံတော်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး တို့က တာဝန်ယူရတာ ဖြစ်ပါတယ် ။
နိုင်ငံသားတိုင်းဟာ မိမိတို့ နိုင်ငံ နယ်နိမိတ် အတွင်း အခြေချနေ ထိုင်ရန် နေစရာရယူခံစားစေဖို့ တရားမျှတ တစ်ပြေးညီဖြစ်တဲ့ ဥပဒေများ ပြဌာန်း သတ်မှတ် နိုင်စေရပါမယ် ။

ကျွန်ုပ်တို့လိုလားမှု

- မြေလွတ်မြေလပ်များကို နိုင်ငံသား အိုးမဲ့အိမ်မဲ့များအိုးအိမ် အခြေချ နေထိုင်ရန် အတွက်တရား မျှတစွာပြဌာန်း ပေးနိုင်ရပါမယ် ။ ဦးစားပေး အစီအစဉ် တွေနဲ့အိုးအိမ်ရှိပြီး သားသူတွေကို အကြိမ်ကြိမ် ချထား ပေးနေတာမျိုး မရှိသင့် တော့ပါဘူး ။

- တည်ဆဲမြို့ရွာတွေဟာလိုအပ်ချက်အရ တောတောင်များ ကိုခုတ်ထွင် ရှင်းလင်း ပြီး ပြည်သူ အများ အိမ်ယာဆောက် လုပ်နေထိုင်ခြင်း ကနေစတင်ပေါ်ပေါက် လာခြင်းသာဖြစ်ပါတယ် ။

- အလိုရမက်ဖြင့် တောတောင်များကိုကျူးကျော်ခြင်း ၊ မလိုအပ်ဘဲ မြို့ရွာများတိုးချဲ့ခြင်း ၊ နိုင်ငံပိုင်မြေယာ အမြောက် အများကို ဈေးပေါပေါ ဖြင့်လက်ဦးမှုရယူ သိမ်းပိုက်ခြင်း တို့ ကိုတားမြစ်နိုင်ရပါမယ် ။


(ခ) နိုင်ငံတော် လုံခြုံရေးနှင့်မြေယာကဏ္ဍ
- နိုင်ငံတော်ရဲ့ (မြေထု၊ရေထု၊ လေထု) မြေယာနယ်နိမိတ် ဆုံးရှုံးမှု မဖြစ်ခြင်း
- နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသုံးရပ်ကို နိုင်ငံသားမဟုတ် သူများ ၀င်ရောက် စီမံခန့်ခွဲမှုမပြု လုပ်နိုင်ခြင်း
- နိုင်ငံအတွင် မျှတဖူလုံငြိမ်းချမ်း နေခြင်း

(၁) နယ်နိမိတ်
နိုင်ငံတော်၏နယ်နိမိတ်ဆုံးရှုံးပုံဆုံးရှုံးနည်း
- နိုင်ငံ၏နယ်နိမိတ်တနံတလျားကိုသိမ်းယူပြီး ထင်သလို စီမံခန့်ခွဲခံရခြင်း
- နိုင်ငံ၏မြေဧရိယာအချို့လက်လွတ်ဆုံးရှုံး သွားပြီး မြေပုံ ပြောင်းလဲရေး ဆွဲခံရခြင်း
- နိုင်ငံခြားသားများအနေဖြင့် နိုင်ငံ၏မြေယာများကို တနည်း နည်းဖြင့် နေထိုင်အသုံး ပြုခွင့် ရယူလိုက်ခြင်း

(၂) စားနပ်ရိက္ခာ
နိုင်ငံတော်၏လုံခြုံရေးထဲမှာ စားနပ်ရိက္ခာကိုထည့်သွင်းရပါမယ်
- စားနပ် ရိက္ခာ ပြတ်လပ်မှုဟာ အခြေခံ အကျဆုံး ပြဿနာဖြစ်ပါတယ် ။
- လူများစု စားနပ် ရိက္ခာပြတ်လပ်ခြင်း ဖြစ်ပေါ်ပါက နိုင်ငံတော်လုံခြုံရေးကို ပြင်းထန်စွာ ထိခိုက် စေပါတယ် ။

အခန်း(၂)မြေယာ နှင့် လယ်သမားအရေးမတူညီပုံ
(က) တည်ဆဲမြေယာဥပဒေအဟောင်း
- ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ
- ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ
- ၂၀၁၁ ခုနှစ်ထုတ် အထူးစီးပွါးရေးဇုန်ဥပဒေ
- ၂၀၁၁ ထုတ်ထားဝယ် အထူးစီးပွါး ရေးဇုန်ဥပဒေ
အားလုံးဟာ ၁၉၅၃ ခုနှစ်လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက် ဥပဒေ ပါ အချက်တွေကို အခြေခံရေးဆွဲ ထားကြောင်း တွေ့ရပါမယ် ။
အနာဂတ်အတွက်မြေယာ ဥပဒေများအကြောင်းဆွေးနွေးလျှင် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကို ကိုင်စွဲဆွေးနွေး ရပါသဖြင့် လယ်သမား အရေးကိုပြောဆို ဆွေးနွေး သည်ဟုထင်မြင်ယူဆရဖွယ် ရှိပါ တယ် ။
အားလုံးကိုသိရှိစေလိုတာကတော့မြေယာ ဥပဒေအကြောင်း ဆွေးနွေး ခြင်းဟာ လယ်သမားအရေးတစ်ခု တည်းကို ဆွေးနွေးတာ မဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအချက် တစ်ခုကို ဆွေးနွေးခြင်းဖြစ်တယ်လို့ - ပြောလိုတာပါဘဲ ။

(ခ) လူများစုအသက်ရှင်ရပ်တည်မှု
ကမ္ဘာဦးရှေးလူတွေ အသက်ရှင်ရပ်တည်ရန်အတွက် သဘာဝ အလျောက် သစ်သီးသစ်ဥ သားကောင် နှင့် ငါးများကို -
““ ရှာဖွေ ”” စားသောက်ကြသည် ။ ထိုမှတဆင့်
““ထုတ်လုပ်”” စားသောက်မှုအဆင့် ကိုတိုးတက်လာသည် ။
““စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု””သည် - လူတွေ အခြေတကျဖြစ်ဖို့ မြို့ပြ ပေါ်ထွန်းဖို့ဟူသော ကနဦးဖွံ့ဖြိုးမှုသာဖြစ်ပါတယ် ။

ကျွန်ုပ်တို့မြန်မာနိုင်ငံ အနေနှင့် ယနေ့အချိန်အထိစိုက်ပျိုးထုတ်လုပ် မှုကို ““အဓိက / အထူး / လူအများစု ”” ထုတ်လုပ် လုပ်ကိုင် အသက်ရှင် နေကြခြင်းသည်ပင်လျင် အလွန်ဝမ်းနည်းဖွယ် ကောင်းသော နှောင့်နှေးမှု ကြီးဖြစ်ပါတယ် ။

(၁) ထုတ်လုပ်မှု
စီးပွါးရေးတိုးတက်မှုဖြစ်စဉ်ကြီးတွင်
(၁) ရှာဖွေစား သောက်ခြင်း
(၂) ထုတ်လုပ်စား သောက်ခြင်း
(၃) အလုပ်ခွဲခြား လုပ်ကိုင်ခြင်း
( ၄ ) လဲလှယ်ခြင်း
( ၅ ) ကြားခံငွေကြေးကို တီထွင်သုံး စွဲခြင်း
(၆) ငွေကြေးကို သက်မဲ့ကျေးကျွန်အဖြစ်စေခိုင်းခြင်း
( ၇ ) မရှိကို အရှိပြု၍ ငွေကြေးကို ပဉ္စလက်ဆန်စွာ ဖန်တီး၍ ထုတ်လုပ်မှု ဖြစ်စဉ် ကို မောင်းနှင်ခြင်း
ထိုသို့ စီးပွါးရေးတိုးတက်မှုဖြစ်စဉ်ကြီး၏ အဆင့် (၂) မှာပင်ကာလ အတန်ကြာအောင်ရပ်တန့် နေတဲ့နိုင်ငံမျိုး မဖွံ့ဖြိုးမတိုးတက် ခြင်းဟာ - ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး ။ မြေဧရိယာအလိုက် ကုန်ထုတ် လုပ်မှု တန်ဖိုးအချိုးက အဆင့် နိမ့်နေမှာမလွဲပါဘူး ။
ကုန်ထုတ်လုပ်မှုတန်ဖိုးအချိုးကိုမမြှင့်တင်ဘဲနိုင်ငံချမ်းသာ မယ်လို့ယုံကြည် တာ ရူးမိုက်လွန်းပါတယ် ။
ကျွန်ုပ်တို့နိုင်ငံရဲ့ လူများစုဟာ ကုန်ထုတ်လုပ်မှုအချိုးနိမ့်တဲ့ မြေယာ အခြေ စိုက်စီးပွါးရေးဘ၀ သာဖြစ်နေတာကို လေ့လာ တွေ့ ရှိရပါတယ် ။
(၂) စားသုံးမှု
လူတိုင်းသည် -
ကုန်စည်နှင့်ဝန်ဆောင်မှု အမျိုးမျိုးကို စားသုံးနေ ကြပြီး
ကုန်စည်နှင့်ဝန်ဆောင်မှု တစ်မျိုးမျိုးကို ထုတ်လုပ် နေကြပါတယ် ။

ထုတ်လုပ်မှုနည်းပါး = စားသုံးမှု ချို့ငဲ့
( ၀င်ငွေနည်း - ထို့ကြောင့် - စားသုံးနိုင်မှုနည်း - ပြည်တွင်း ၀ယ်လိုအားကျ - ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါး )

အခန်း(၃) မြေယာနှင့်နိုင်ငံရေးဘောဂဗေဒ
(က) နိုင်ငံရေးဘောဂဗေဒအမြင်
ကျွန်ုပ်တို့နိုင်ငံ၏လူအများစုသည် - ကျေးလက်လူနေမှုဘ၀တွင် ကျင်လည်ကြပြီး - စိုက်ပျိုး ထုတ်လုပ်ခြင်းကို လုပ်ကိုင်
အမြောက်အများထုတ်လုပ်မှုမရှိ / အလုပ်ခွဲခြား လုပ်ကိုင်ခြင်းမရှိ / ငွေပင်ငွေရင်း ဆပွါးမြုပ်နှံနိုင်စွမ်း မရှိ
- ခေတ်မမီသောလယ်ယာထုတ်လုပ်မှုကို ခေတ်မီလယ်ယာ ထုတ်လုပ် မှုအဖြစ်သို့ ပြုပြင်ပြောင်း လဲရမည့်အပြင်
- လယ်ယာလုပ်ငန်းခွင် ကနေပြီး လူသားအရင်းအမြစ် အမြောက် အများ ကို စုပ်ယူထားသည့် ပုံစံမျိုး မဖြစ်ရန်လိုသည် ။

(၁) အရင်းအနှီးသေနှင့်ငွေဖြစ်မြန်မှု
““အက်ဆက်”” ဆိုတဲ့ ပိုင်ဆိုင်မှုတွေကို အသုံးမချကြဘဲ သိမ်းဆည်းထား ““စုဆောင်း”” ထားတဲ့သူတွေဟာ အရင်းရှင်တွေထက်ဆိုးဝါး တဲ့သူ တွေဖြစ်တယ်
ပိုင်ဆိုင်မှုတွေကို ပစ်စလက်ခတ်မထားပဲ / သိမ်းမထား ဘဲ / နှပ်မထားဘဲ အသုံးချကြဖို့ တိုက်တွန်း ချင်
- အဲသလို နှပ်ထားတာမျိုးကို အရင်းအနှီးသေလို့ခေါ်ဆိုတာဘဲဖြစ်ပါ တယ် ။ တကူးတက နှပ်ထားတဲ့သူမျိုးဟာ ပိုမိုအပြစ်ရှိ
- တခါတရံကြတော့ ကိုယ်က နှပ်ထားချင်တာမဟုတ်ဘူး - တည်ဆဲ မူဝါဒတွေအရ ငွေဖော်လို့မမြန် ၊ ငွေဖော်လို့မရဖြစ်ပြီး အရင်း အနှီးသေ ဖြစ်နေ တာမျိုး
( ဥပမာ - ပေါင်လို့ ရောင်းလို့ ငှားလို့မရ ) ဒါမျိုးဖြစ်စဉ်ကိုတော့ ငွေဖြစ်မမြန်ဘူးလို့ခေါ်
(၂) လက်ဝဲလက်ယာအမြင်များ
လက်ဝဲအထိုင်စဉ်းစားနည်း အောက်မှာတော့
- တစ်ဦးချင်းပိုင်ဆိုင်ခွင့်တွေကိုမပေးချင်
- နိုင်ငံတော် ပိုင် ၊ လူ့အဖွဲ့အစည်းပိုင် ၊ အများပိုင် စတာတွေ
- အဖိနှိပ်ခံလူတန်းစားဘက်ကရပ်တည်ချင်
လက်ယာအထိုင်စဉ်းစားနည်း အောက်မှာတော့
- ပုဂ္ဂလိက ဦးစားပေး ကိုယ်ရကိုယ်ယူ
- မိမိကြိုက်တာ မိမိ ( လုပ်ချင် ၊ ယူချင် ၊ စဉ်းစားချင် ၊ ခံစားချင် )
- ကိုယ့်သမိုင်းကိုယ်ရေး

အရှေ့တိုင်းစဉ်းစားနည်းအောက်မှာတော့
- ကိုယ်ကျင့်တရားကောင်းသူတွေဖြစ်စေချင်
- ကိုယ့်ကျင့်တရားကောင်းသူ အနစ်နာခံလိုသူတွေမွေးဖွါးဖို့လုပ်
- လူကောင်း သူကောင်းကို ချီးမြှောက်ဖို့ကြိုးပမ်း
အနောက်တိုင်းစဉ်းစားနည်းအောက်မှာတော့
- ကောင်းရင်ထောက်ခံ မကောင်းရင်ကန့်ကွက်
- ကောင်း/မကောင်းသိအောင် စောင့်ကြည့်
- သိအောင် / မြင်အောင် - မပြနိုင်ရင် မကောင်းသူဟုသတ်မှတ်

ဆော့ခရိတ်္တိ(ဆိုကရေးတိ)အထိုင်စဉ်းစားနည်းအောက်မှာ
- လူပီပီလွတ်လပ်စွာဖွံ့ဖြိုးလာစေချင်
- ကိုယ်ကျင့်တရားကောင်းသူတွေဖြစ်လာစေရန် - လှုံ့ဆော်နည်းကိုသုံး -
ဖိအားပေးနည်းကိုမသုံး
ပလေးတိုးအထိုင်စဉ်းစားနည်းအောက်မှာ
- လူကိုပုံစံသွင်းရန်အားထုတ် အများဆိုင်လူသားတွေဖြစ်လာရန်ကြံ
- ကိုယ်ကျင့်တရားကောင်းသူတွေဖြစ်လာစေရန် - ပုံစံသွင်းနည်းကိုသုံး -
ပုဂ္ဂလိကခံစားမှုကိုပယ်

မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးပြဿနာတွင်အရေးအကြီးဆုံးသော အချိုး အကွေ့ပြဿနာမှာ ကျွန်ုပ်တို့၏ အမြင်များသာ ဖြစ်ပါသည်
ကျွန်ုပ်တို့သည် လက်ဝဲ ဆန်သော စီးပွါးရေးစီမံခန့်ခွဲမှုများကို ယုံကြည် နေသေးသလော သို့မဟုတ် လွတ်လပ်သော ဈေးကွက်ကို ယုံကြည်ပါ သလော ဟု ဆန်းစစ်ရပေတော့မည်
မြေယာကို ပေါင်နှံရောင်းချငှားရမ်းခွင့်ပေးမည်ဟုစဉ်းစားပါက မြေရှင် အရင်းရှင် စနစ်ကြီးစိုးမည်ဟု ကြောက်လန့် နေတုံးပင်ရှိသေးသည် ကိုတွေ့ရမည်
လုပ်ငန်းရှင်ကြီးတစ်ဦးတည်းအမြောက်အများထုတ် လုပ်ခြင်းနှင့်လုပ်ငန်းအသေး စားများဖောင်းပွ နေခြင်းနှစ်ခု တွင် - ကုန်ထုတ်စွမ်းအားမတူလုပ်ငန်းခွင်သာယာမှု မတူကြောင်း သိရမည်
စဉ်းစားရာမှာ နိုင်ငံရေးသမားတို့၏ တာဝန်ယူ နိုင်မှုကို ချန်လှပ် မထားရန်အရေးကြီးသည်
ဝင်ငွေခွဲဝေဖြန့်ဖြူးမှုညီမျှရေး ( ဥပမာ - အနိမ့်ဆုံးလစာ သတ်မှတ် ခြင်း ) လုပ်ငန်းခွင်သာယာမှုရှိရေး ( ဥပမာ- အလုပ်ရုံအဆင့် အတန်း/ အကာအကွယ်ပစ္စည်းသုံးစွဲမှု ) အလုပ်သမားအခွင့်အရေး ( ဥပမာ - ထိခိုက်အာမခံ / နားနေခွင့် / မီးဖွားခွင့် စသည် ) စားသုံးသူအခွင့်အရေး ( ထုတ်လုပ်သူပေးသော ကတိ ကိုတည်ရန် ဥပဒေနဲ့ထိန်း ) ဒါမျိုးတွေ သည် အရင်းရှင်စနစ်၏ ရိုင်းစိုင်းမှုများကို ထိန်းကြောင်းနိုင်သော လက်နက် ကိရိယာများဖြစ်ပါတယ် ။
(၃) ဂရိတ်ရီဆက်ရှင်း နှင့် ကိန်းမျဉ်း
လွန်ခဲ့သောနှစ်တွေကအမေရိကန်စီးပွါးပျက်ကပ် ဂရိတ်ရီဆက်ရှင်းကြောင့် အလုပ်ပြုတ်တဲ့သူတွေစဉ်းစားပါဦး ၊ အမေ ရိကန်တွေ ငွေကို ဖွမထားရင် အရင်ထဲက သူတို့ အလုပ်ရကြမှာ မဟုတ်ဘူး ။ ကျနော်တို့ကြောက်တာက ကျနော်တို့လိုနိုင်ငံတွေရဲ့ ငွေသေနေမှုကိုဘဲ ။ ပိုင်ဆိုင်မှုမရှိတာလဲမဟုတ် လည်ပတ်နှုန်းနှေးလွန်းလို့ ပစ်္စည်းရှိရက်နဲ့ မလုပ်နိုင်မကိုင်နိုင်ဖြစ်နေကြ တာဘဲ ။
မဉ်္ဇိမ ပဋိပဒါ ပြောရရင် ငွေ သိပ်လည်နေရင် အန်္တရာယ်ကြီး လွန်း သလိုသေနေတာဟာလဲမွဲဆေးဖော်သလိုပါဘဲ ။ မြန်မာပြည်မှာ ငွေဟာ သေနေတယ် ။ အရင်းအနှီးဟာသေနေတယ် ။ လမ်းတစ်လျှောက် ပြေးနေတဲ့ အရင်းတွေဖြစ်အောင်နဲနဲ ပိုဖွပေးဖို့လို တယ် ။ မကြောက်ကြပါနဲ့ ။ ““ လှံဖျားပုဇင်းနားနေတာဖြစ်တယ် ”” ““ကျီးကန်းက ချေးပါ စရာမလိုပါဘူး””
လက်ဝဲသန်သူတွေက ဂရိတ်ရီ ဆက်ရှင်းကို အကြောင်းပြုပြီး ဈေးကွက်စီးပွါးရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီ ကို သံသယ နဲနဲဝင်လာကြတယ် အဲဒါကြောင့် - အောက်မှာ ကိန်းမျဉ်းလေးတစ်ခုနဲ့ ရှင်းပြချင်ပါတယ် -
ဝဲယာကိန်းမျဉ်း


(ဒီနေရာမှာ အထူးပြောချင်တာတစ်ခုရှိပါတယ် - အဲဒါကတော့ - အချို့ပညာရှင်တွေဟာလက်ဝဲလေ သံလိုက်ပြီး နိုင်ငံတော်ပိုင်စကား တွေပြောပေမဲ့ ခရိုနီတွေ က ဒေသခံ တောင်သူ လယ်သမား တွေရဲ့ မြေယာကို မတရားနည်းနဲ့ အရယူတာတွေကို မဖော်ထုတ် ကြဘူး လိုက်ပါ တိုက်ပွဲမ၀င်ကြဘူးဆိုတာပါဘဲ ။ အဲဒီလူတွေဟာ ပညာရှင် အစစ် မဟုတ်ဘူးလို့ ကျွန်တော်တို့က သတ်မှတ်တယ် ။ နှာတစ်ဘက် စေး နေတဲ့ သူတွေဖြစ်တယ် ။ ခရိုနီတွေရဲ့ သူလျှိုဒလန် တွေ အမြှီးစား ဘက် ခေါင်းစားဖက်ဖြစ်တယ် ။ )
- တချို့ကတော့ မြေယာမတရားသိမ်းယူမှုတွေကို လိုက်ပါ တိုက်ပွဲဝင်နေကြပြီး - ရိုးရိုးသားသား ယုံကြည်တာက လယ်မြေတွေ ကို ရောင်းခွင့်မပေးချင်ဘူး -
(ဒါပေမဲ့ - လယ်မြေဘ၀မှာ ကျွန်တော်တို့ လယ်သမား တွေ ရောင်းခွင့် မရကြတာသာအဖတ်တင်ပြီး - လယ်မြေကို အခြားနည်း အသုံးပြုဖို့ နည်းလမ်းစုံသုံးပြီး ရောင်းစားတဲ့ ခရိုနီတွေရဲ့လှည့်ကွက် တစ်ခုဖြစ်တဲ့ လယ်မြေတွေ လျော်ကြေးပေးဖို့ ဈေးချိုသွားစေတာဘဲ ဖြစ်နေတာကို မမေ့ဖို့လိုတယ် ။)
တန်းတူယှဉ်ပြိုင်ခွင့်ရှိတဲ့ လွတ်လပ်ညီမျှတဲ့ ဈေးကွက် စီးပွါးရေး စနစ်ရှိရာ လက်ယာဘက်ကို ကူးပြောင်းရင်း လူ့အခွင့် အရေး၊ အလုပ် သမား အခွင့်အရေး၊ လယ်သမားအခွင့်အရေး ၊ ကျောင်းသား အခွင့် အရေး ၊ ကျား/မ တန်းတူရေး ၊ စတာတွေ ဘက်က ရပ်ခံချိန်ညှိ ရမယ်လို့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားပါတယ် ။


(ခ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် မြေယာကဏ္ဍ

(၁) ဖွံ့ဖြိုးရေးသတိ
မြေယာမှ စွန့်ခွါရမှုမျိုးမှာ ဒေသခံတွေ ကို -
(၁) ““ထိုက်တန်စွာ ပေးလျော်ဖြည့်ဆည်းမှုမရှိခြင်း””
(၂)““အသစ်ပေါ်ပေါက်လာသော အလုပ်အကိုင်အခွင့်အလမ်းမျိုးစုံကို ဒေသခံတို့ ၀င်ရောက် လုပ်ကိုင်နိုင်စွမ်း မရှိခြင်း””

(၃) ““ဒေသခံတို့၏ရှိရင်းစွဲလုပ်ငန်းများကိုပါ ယှဉ်ပြိုင် ၀ါးမြိုခံရခြင်း ””ဆိုတာတွေလည်း -
ဖြစ်လာနိုင်ပါတယ် ။ အဲသလိုဆိုရင် ဒေသခံတွေဟာ အကြီးအကျယ် ထိခိုက် နစ်နာ ကြရပါတော့တယ် ။

(၂) စက်မှုကဏ္ဍ နှင့် မြေယာပြဿနာ
စက်ရုံအလုပ်ရုံတွေ ဘယ်ပေါ်မှာတည်ဆောက်ကြမှာတုံး။ မြေကြီး ပေါ်မှာ သာတည် ဆောက်ကြရပါမယ် ။ မြေကြီးပေါ်မှာ ဘယ်လို ပိုင်ဆိုင်မှု အမျိုးအစား သက်သေခံမှု အမျိုးအစားတွေနဲ့ စာချုပ်ချုပ်ဆို တည်ဆောက် ကြမလဲ ။ ဘယ်လိုမြေယာပေါ်လစီရှိမှ စက်ရုံအလုပ်ရုံတည် ဆောက်ရန် လွယ်ကူမလဲ ။ စက်မှုကဏ္ဍကို ဆွဲဆောင်နိုင်မလဲ -
(၃) မြေယာကိန်းသေဖြစ်မှု
တောတွေပြုတ်လျှင် လယ်တွေတိုးသည် ။ လူတွေတိုး လျှင် လယ်တွေဆုတ်သည် ။ လူတွေတိုးလာတော့ ထမင်းစားဖို့ပါးစပ်ပေါက်ကလည်း တိုးလာ ပါတယ်။ အိမ်ယာဆောက်ဖို့ လယ်မြေတွေကိုလည်းဖျက်ရ ။ စားနပ်ရိက္ခာ မလောက်ငှ ၊ တောတွေခုတ်ပြီး လယ်တွေဖြစ် အောင်လုပ် ကြရပြန်ပါတယ် ။ တောတွေကလည်း ခုတ်ချင် တိုင်းခုတ်မရတော့ပါဘူး ။ ခုတ်စရာ ကုန်ပါပြီ ။
လက်ကျန်တောတွေသည် သဘာဝထိန်းရန်အတွက်ပင် မလုံလောက်ချင်တော့ တောကိုခုတ်လယ်မြေဧရိယာတိုးချဲ့ပြီး စားနပ်ရိက္ခာ ဖြေရှင်းဖို့ စဉ်းစားလျှင် မမှန်တော့ပါဘူး ။
(၄) ပြန့်ကျဲလူနေမှုအနာရောဂါ
- မြေ က - မတိုး ၊ လူ က - တိုး
- သေးလွန်းလျှင်မလှ
- လယ်ယာမြေ ဧရိယာ နှစ်ကြိမ်တိုး
- ဗြဲလယန်း ပြဿနာ
- ဗြဲလယန်း ကျန်းမာရေး
- ဗြဲလယန်း ပညာရေး
- ဗြဲလယန်း လျှပ်စစ်


(၅) ပြန့်ကျဲအနာရောဂါကိုကုသနည်း
စုစည်းမည့် အာဏာ နှစ်မျိုး
- အမိန့်အာဏာနဲ့စုခြင်း
- ဈေးကွက်ကို လူမိုက်ငှားနည်း
- ဘေးထွက်ဆိုးကျိုးမရှိအောင်ကန့်
- တို့ပိုင်တဲ့မြေ
- မတရားသဖြင့်မဟုတ် တရားသဖြင့် ၀ယ်ရောင်းကြရန်လို
- ရင်းနှီးမြုနှံသူနှင့် ကုန်ထုတ်လုပ်သူ

အခန်း(၄) မြေယာပြဿနာများ
(က) မြေယာသိမ်းဆည်းမှုနှင့်ဥပဒေအဟောင်း
အတွဲ(၁) မရေရာသောဥပဒေ + လာဘ်စားသည့်ဝန်ထမ်း + သူဌေး
အတွဲ(၂)မရေရာသောဥပဒေ + လာဘ်စားသည့်ဝန်ထမ်း + တောသားငမွဲ



(ခ) မြေယာသိမ်းဆည်းမှုဥပမာများ
မြေယာမတရားရယူမှုတွေမှာ အဆင့် ( ၃ ) ဆင့်ရှိပါတယ်
(၁) နိုင်ငံသားအားလုံးပိုင်မြေယာများကို မတရား ရယူမှု
(၂) လက်ငုတ်လုပ်ကိုင်သူရှိရာမြေယာများကို မတရားရယူ သိမ်းဆည်းမှု
(၃) မက်လုံးနှင့် ကြိုက်ဈေးပေး၍ မြေယာများဝယ်ယူမှု

မြေယာသိမ်းဆည်းမှုဥပမာများ
(၁) ဇေကမ္ဘာနှင့်ရွှေနံသာ
(၂) ဇေကမ္ဘာနှင့်နိဒုံ
(၃) ချောင်းသာနှင့်မေဖလားဝါး
(၄) မြန်မာဘီလီယံဂရုနှင့်ညောင်တုံး
(၅) ရွှေသံလွင်နှင့် မြ၀တီကရင်စု
(၆) တညင်ရေနက်ဆိပ်ကမ်းနှင့်(၂၁)ရွာ
(၇) နိုင်ငံပိုင်သံမဏိစက်ရုံနှင့်မြောင်းတကာ
(၈) ရွှေဟိန်းထက်နှင့်သင်္ဃန်းကျွန်းကြီး
(၉) ကုန်သွယ်လယ်ယာနှင့် ဆိပ်ကြီးခနောင်တို (ပန်းပင်ချောင်ရွာ)

အခန်း(၅) မြေယာကဏ္ဍ နှင့် ဘေးထွက် ပတ်သက်မှုများ
(က) ပညာရေးအပေါ်ထိခိုက်ပတ်သက်ခြင်း
(ခ) ကျန်းမာရေးအပေါ်ထိခိုက်ပတ်သက်ခြင်း
(ဂ) လူဝင်မှုကြီးကြပ်ရေး မှ မြေယာကိုထိခိုက်ခြင်း
(ဃ) ဈေးကွက်ဝေစုပြဿနာ
(၁) ဈေးကွက်ဝေစုအားနည်းချက်ကိုအမှန်မြင်ရန်လို
(၂) ကျွန်ုပ်တို့၏အားသာချက်
(င) အကြံပြုခြင်း

အခန်း(၆) မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေး ဆိုင်ရာ တင်ပြခြင်း

(က) လိုလားချက်များ
(၁) မြေယာကို လက်ကိုင်ထားဖို့ ဂရန် (စာရွက်စာတမ်းအထောက်အထား) ပေးနိုင်ရပါမယ် ။
(၂) ပေါင်နှံ၊ ရောင်းချ ၊ ငှားရမ်းခွင့် ရှိရပါမယ် ။
(၃) နိုင်ငံခြားသားကို ဂရန်မပေးရပါဘူး
(၄) အရင်းအနှီးသေမြေယာတွေမဖြစ်ဖို့ မြေခွန်တိုးမြှင့်ရပါမယ် ။
(၅) မြေအမျိုးအစားခွဲခြားသတ်မှတ်ရပါမယ် ။
(၆) မြေအမျိုးအစားပြောင်းလဲအသုံးပြုခြင်းကိုကန့်သတ်ရပါမယ် ။
(၇) တစ်ဦးတည်းပိုင်ဧရိယာကိုကန့်သတ်ထိန်းချုပ်ရပါမယ်
(၈) စိုက်ပျိုးသီးနှံကိုလွတ်လပ်စွာ စိုက်ပျိုးခွင့်ရှိရပါမယ်
(၉) မြေယာအမွေဆက်ခံခွင့်အတွက် နိုင်ငံခြားသားမဖြစ်စေရပါဘူး
(၁၀) နိုင်ငံတော်ကသိမ်းဆည်းရင် ထိုက်တန်တဲ့လျော်ကြေးပေးနိုင်ရပါမယ်
(၁၁) ဒေသခံလက်ငုတ်လုပ်ကိုင်သူတွေဟာ ပထမဦးစားပေးအကျိုးခံစားစေရပါမယ်
(၁၂) လိုအပ်ချက်အရကျူးကျော်မိသူ နဲ့ မတော်လောဘကြောင့်လက်ဝါးကြီးအုပ်သူခွဲခြားနိုင်ရပါမယ် ။

(ခ) ဥပဒေအသစ်အဆိုပြုလိုခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှတင်သွင်းလိုသည့်၂၀၁၁ ခုနှစ်မြေယာဥပဒေကြမ်း

(ဂ) ၀မ်ကျားပေါင်သဘောထား (အင်တာနက်)
လယ်ယာတွေကိုကာကွယ်ရေးဟာ ဥပဒေအရ လယ်သမားတွေရဲ့ အခွင့် အရေးဖြစ်တယ် လို့ဆိုပါတယ်။ လယ်ယာတွေကို တခြားကိစ္စအတွက် အသုံး ပြုမယ်ဆိုရင်အာဏာပိုင် တွေအနေနဲ့ အကျိုးအမြတ်တွေကို လယ်သမားတွေ ကို များများပိုပြီး ခွဲဝေပေးရလိမ့်မယ်လို့ ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ပြောဆို လိုက်ပါတယ် ။




These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment